အမျိုးအစား  |  Uncategorized

အတားအဆီးများအတွက် ကျေးဇူးတင်

လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသမျှ နှစ်များတစ်လျှောက် ဘုရား၏ ပညတ်တော်ကို စောင့်ထိန်းခြင်းကြောင့် ဘ၀၌ ဒုက္ခရောက်ခဲ့ရသည့် လူတစ်ဦးဦးကို မတွေ့ဖူးခဲ့သေးပါ။ မည်သူမျှ မစွက်ဖက်နိုင်သော ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်ကို အသားပေးသည့် ယနေ့မျက်မှောက်ခေတ် ၌ ဘုရားသခင်၏ နည်းလမ်းအတို်င်း နာခံ အသက်ရှင်ခြင်းအကြောင်း ပြောကြပြီဆိုလျှင် လူ့ အခွင့်အရေးကို ချိုးဖောက်သည့်ပမာ ယူဆရှုမြင် ကြသည်။ ဘုရားသခင်၏ ကန့်သတ်တားဆီးမှု အကြောင်း အကောင်းဖက်မှ ဘက်လိုက်ပြောမည့် သူ မည်သူကိုမဆို အခွင့်မပေး၊ ကန့်ကွက်တားဆီး ကြ သည်။ ဤသို့ လွတ်လပ်မှုနှင့် ပတ်သက်၍ ရူးသွပ် ကြသော်လည်း ကျွန်ုပ်တို့၏ လူမှုအသိုင်းအ၀န်း သည် အဓိပ္ပါယ်မဲ့ အချည်းနှီး အနတ္တဖြစ်မှု၊ စိတ်ပျက် အားလျော့မှုများနှင့် တရွေ့ရွေ့ယိုယွင်းလာကြောင်း ကျွန်ုပ်တို့ မသိဘဲမနေသင့်ပါ။
ဘုရားသခင်၏ လူများအနေနှင့် ကန့်သတ်တားဆီးမှုများနှင့် စပ်လျဉ်း၍ ထင်ရှား…

လေနှင့်မီး

ရံဖန်ရံခါ မီးစလိုက်တိုင်း လေတိုက်သည် နှင့် မီးငြိမ်းသွားသည်။ သို့သော် လေတိုက်နေလျှင် ရှိရင်းစွဲ မီးစကို ဆက်ပြီး တောက်လောင်စေသည်။ ထို့ကြောင့် ပထမအခြေအနေတွင် လေက ကျွန်မ၏ အကြံအစည်ကို ပျက်စေသောကြောင့် လေသည် မကောင်းဟု ကျွန်မဆိုပြီး၊ ဒုတိယအခြေအနေတွင် ကျွန်မဖြစ်စေလိုသည့်အတိုင်း ဖြစ်မြောက်အောင် လေက အကူအညီပေး၍ကောင်းသည်ဟု ကျွန်မဆို ပါမည်။
မိမိအပေါ် သက်ရောက်မှုကို လိုက်ပြီး၊ ကျွန်မတို့ တစ်စုံတစ်ရာကို ဆုံးဖြတ်သတ်မှတ် တတ်ကြောင်း ဤဆန့်ကျင်ဘက်သဘောတရားက ဖော်ပြနေသည်။ မိမိ၏အကြံအစည်ကို ပျက်စေလျှင်၊ မိမိကို ကသိကအောင့်ဖြစ်စေလျှင် လူ (သို့) အခြေအနေတစ်ရပ်ရပ်ကို မကောင်း၊ ဆိုးသည်ဟု ကျွန်မတို့ ပြောတတ်ပြီး၊ မိမိနှင့် သဘောတူညီလျှင်၊ မိမိကို ထောက်ခံလျှင် ကောင်းသည်ဟု ကျွန်မတို့ သတ်မှတ်တတ်သည်။
သို့သော် ကောင်းခြင်း၊ ဆိုးခြင်းကို ဘုရားသခင်သာ သတ်မှတ်ဆုံးဖြတ်သည်။ ထိုသို့ဆုံးဖြတ်ရာ၌်…

အောင်မြင်ရေးဗျူဟာ

ယခင်အထက်တန်းကျောင်း ဘက်စကက် ဘောနည်းပြအဖြစ် ဆောင်ရွက်စဉ်က ကျွန်တော် အမှားကြီးတစ်ခု ပြုခဲ့မိသည်။ ကျွန်တော့်အဖွဲ့မှ ကစားသမားအချို့ကို အခြားပြိုင်ဖက်အဖွဲ့အား လိုက်လံ ချောင်းမြောင်းစေခြင်းပါ။ “ဒီအဖွဲ့ကို အသာလေး (အလွယ်လေး) ကစားနိုင်ပါတယ်”ဟု ပြန်လာ သတင်းပေးကြသည်။ စိတ်ချမှုလွန်ပြီး ထို အဖွဲ့ကို ကျွန်တော်တို့ရှူံးခဲ့သည်။ ထိုအဖြစ်မျိုးကို သင်အကျွမ်းဝင်သိပါသလား။ ထိုအခြေအနေ သည် ယောရှုက အာဣမြို့ကို စုံစမ်းရန် သူလျှိုစေ လွှတ်သည့် အဖြစ်နှင့်တူပါသည်။ သူလျှိုများက ရန်သူ၏ အခြေအနေကို တစ်လွဲသုံးသပ်မိခဲ့သည်။
ညံ့ဖျင်းသော သုံးသပ်ချက်ကြောင့် အာဣမြို့တိုက်ပွဲတွင် ပေးဆပ်ရသည့် အရှူံး က ကြီးမားသည်။ ဣသရေလတို့ စစ်ရှူံးပြီး လူ ၃၆ ဦး အသတ်ခံရသည်။ သင်ခန်းစာ ယူစရာများစွာရှိသည်ဟု ကျွန်တော်ယူဆမိပါသည်။
အာဣမြို့မတိုင်မီက၊ ယေရိခေါတိုက်ပွဲတွင် ယောရှုသည် ဘုရားသခင်၏ တိုက်ပွဲ ဗျူဟာကို သိရှိထားခြင်းကြောင့် အောင်ပွဲခံနိုင်ခဲ့သည်။…

သန့်ရှင်းသောလက်

ယနေ့မျက်မှောက်၌ ဘယ်နေရာသွားသွား လက်ဆေးရန် ပြည်သူလူထုကို လှုံ့ဆော်အားပေး သည့် အမှတ်အသားများကို တွေ့ရမည်။ ရောဂါပိုး မွှားများ ခြိမ်းခြောက်မှု၊ ကူးစက်တတ်သော ဗိုင်းရပ်စ် များ၏ အန္တရာယ်များကြောင့် ကျန်းမာရေးဝန်ထမ်း များက ဆေးကြောသန့်စင်မှုမရှိသောလက်များသည် ရောဂါပိုးမွှားများကို ပျံ့နှံ့ကူးစက်စေသည့် တစ်ခုတည်းသော အကူပစ္စည်းဖြစ်ကြောင်း မပြတ် သတိပေးသည်။ထိုသို့ အမှတ်အသားများပြပြီးသတိ ပေးနှိုးဆော်မှုအပြင် အများသုံးအိမ်သာများတွင် ရောဂါပိုးမွှားနှင့်ဘက်တီးရီးယားများကို ကာကွယ် ရေးအတွက် လက်သန့်ဆေးရည်များကိုပါ ထားရှိ ပေးထားသည်။
ဒါဝိဒ်မင်းကလည်း လက်သန့်ရှင်းခြင်းရှိရန် အရေးကြီးကြောင်း မိန့်ကြားခဲ့သည်။ သို့သော် အထက်ပါ ရည်ရွယ်ချက်နှင့်တစ်ခြားစီဖြစ်သည်။ လက်သန့်ရှင်းခြင်းရှိခြင်းသည် ၀တ်ပြု ကိုးကွယ်ရာ၌ ဘုရားသခင်၏မျက်မှောက်သို့ဝင်နိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း၊ “ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာဌာန တော်၌ အဘယ်သူသည် ရပ်ရမည်နည်း။” ဟုမေးပြီး “သန့်ရှင်းသောလက်နှင့်ဖြူစင်သော နှလုံးရှိသောသူ” ဟု ပြန်ဖြေထားသည်။ ဤနေရာတွင် သန့်ရှင်းသောလက်ဟုဆိုရာတွင် တစ်ကိုယ်ရေသန့်ရှင်းခြင်းကို မဆိုလိုဘဲ၊…

ဘုရားသခင်ထံမှ သတင်းစကား

၁၉၇၁ ခုနှစ်က `ရေး ထောမ် လင်းစန်´သည် လူနှင့် ကွန်ပြူတာတို့ ချိတ်ဆက် အလုပ်လုပ်နိုင်မည့်နည်းကို စမ်းသပ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် နက်ဝေါ့ဆက်သွယ်မှုမှ တဆင့် ရုံးတွင်းရှိ အခြားဌာနသို့ သတင်းတစ်ခု ပို့ပေးခြင်း ဖြင့် ပထမဆုံးသော အီးမေးလ် ပို့နိုင်ခဲ့သည်။ယခု တွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက်နေ့စဉ် အီးမေးလ်စာပေါင်း ကုဋေချီ၍ ဆက်သွယ်ပို့နေကြပြီ ဖြစ်သည်။
ထိုစာများတွင် မိသားစုနှင့် မိတ်ဆွေများ ထံမှ လာသည့် အရေးကြီးသောစာများ ရှိသကဲ့သို့ အရေးမပါသည့် ကြော်ငြာများ၊ ဖျက်ဆီးမည့် ဗိုင်း ရပ်စ် များလည်းပါသည်။ အီးမေးလ် အသုံးပြုရာ၌ အခြေခံ စည်းမျဉ်းတစ်ရပ်မှာ စာပို့သူကို မယုံကြည် ရလျှင် စာကို မဖွင့်ရန်ဖြစ်သည်။
ဘုရားသခင်ကသားတော်အားဖြင့် သတင်းစကားပါးခဲ့ရာ ပေးပို့သူ ဘုရားသခင် ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် သူ့လူများထံ ပရောဖက်များအားဖြင့်…

ကျေးဇူးတော်နှင့်ပြည့်ဝသော အချိန်

အင်္ဂလန်နိုင်ငံ `ကိမ်းဘရစ်´ ဒေသ ရှိ`ကင်း´ကောလိပ် ဘုရားကျောင်း၏ ခရစ္စမတ် အကြိုဝတ်ပြုခြင်း အစီအစဉ်ကို ဘီဘီစီမှ တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်သည် ရေဒီယိုအသံလွှင့်အစီအစဉ်ကို နှစ်စဉ် ကျွန်တော် နှစ်ခြိုက်စွာ နားထောင်သည်။ သင်ခန်းစာ (၉)ခု၊ ခရစ္စမတ်သီချင်းများသီဆိုခြင်း နှင့်အတူ ကျမ်းစာဖတ်ရွတ်ခြင်း၊ ဆုတောင်းခြင်း၊ တေးဂီတ သံစုံများဖြင့် စိတ်နှလုံးကို နှိုးဆော်သည့် ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်ဖြစ်သည်။ တစ်နှစ် တွင်မူ အစီအစဉ်ကြေငြာသူက ခံ့ညားသောဘုရား ကျောင်းမှ ထွက်ခွာသွားသည့် ဧည့်ပရိတ်သတ်များ အား `ကျေးဇူးတော်နှင့်ပြည့်ဝသော အချိန်လေးမှ ထွက်ခွာပြီး လက်တွေ့ဘ၀ထဲသို့ ပြန်သွားကြပြီ´ ဟု သရုပ်ဖော်လိုက်၍ ကျွန်တော် အံ့သြသွားသည်။
ပထမဆုံးသော ခရစ္စမတ်အချိန်ကလည်း ထိုသို့ဖြစ်ခဲ့သည် မဟုတ်ပါလား။ ကယ်တင်ရှင်ခရစ်တော်သခင် ဖွားမြင်တော်မူကြောင်း ကောင်းကင်တမန်များ၏ ကြွေးကြော် သံ နှင့်အတူ ကောင်းကင်ဗိုလ်ခြေတို့၏ ဘုရားသခင်အား ချီးမွမ်းမြွက်ဆိုခြင်းကို သိုးထိန်းများ ကြားသိခဲ့သည်…

ခရစ္စမတ်မှာ လုပ်ကျွေးပြုစုပါ

မက်သျူး လစ်ထ်က ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စု၌ ပထမဆုံးဆင်နွှဲသည့် ခရစ္စမတ်ပွဲတော် အကြောင်းကို Christmas 1945 စာအုပ်တွင် ရေးသားခဲ့သည်။ `နယူးယော့ဒေးလီ နယူးစ်´သတင်းစာ၌ ခရစ္စမတ်နေ့တွင် တိုက် သင်္ဘော ၄ စင်း၊ လက်နက်တင်သင်္ဘော ၆ စင်း၊ စစ်သည်တင် သင်္ဘော ၇ စင်း၊ ဖျက် သင်္ဘော ၂၄ စင်း ပါဝင်သည့် စစ်သင်္ဘောအုပ်စုကို နယူးယော့ ဆိပ်ကမ်းတွင် တွေ့ရလိမ့်မည်ဟု သတင်းပေး ထားသည်။ သို့သော် စစ်ဆင်ခြင်းထက် စစ်သင်္ဘော အုပ်စုမှ ဆင်းရဲနွမ်းပါးသော ကလေး ၁၀၀၀ ကို အစာကျွေးမွေးခဲ့သည်။
ကလေးများ၏ ကိုယ်တိုင်းကို ကြိုတင်ရယူ ချုပ်လုပ်ထားသည့် မိုးပြာရောင်ကုတ်အင်္ကျီနှင့် သိုးမွှေးဦးထုပ် လက်ဆောင်ထုပ်များက ကုန်းပတ်ပေါ်တွင် အသင့်စောင့်ကြိုနေသည်။ ဤစစ်သင်္ဘောများက ကရုဏာများ သယ်ဆောင်လာသည့် သင်္ဘောများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလောကကမ္ဘာ၌…

မိုးကောင်းကင်မှဖွင့်လှစ်ပြသော

ဘုရားသခင်၏ အံ့ဖွယ်လက်ရာတော်များ ကို ခံစားမိန်းမောရန် ညအလှကောင်းကင်ကို ကြာ ရှည်စွာ ကြည့်နေရန်မလို၊ အပြောကျယ်သည့် နဂါး ငွေ့တန်း၊ တိမ်ခိုးဝေနေသည့် အာကာသတစ်ခွင်လုံး သည် သခင်ယေရှုအားဖြင့် တည်လျက်ရှိသည့် ရင်သပ် ရှုမောဖွယ် ဖန်ဆင်းခြင်းကို (ကော ၁း၁၆-၁၇) ဖော်ပြသတိပေးနေ၏။ ဘုရားသခင်၏ ဖန်ဆင်း ခြင်းတန်ခိုးတော်ပြသသည့်ရုံ၌ ကျွန်ုပ်တို့မှာ ရှေ့ဆုံး တန်းမှကြည့်နေရသကဲ့သို့ ဖြစ်သည်။
သို့သော် ခံစားရသည့် ဤညအလှက သားတော်ကို ဤလောကသို့စေလွှတ်ခဲ့ရာ၌ ပြသ ခဲ့သည် ဘုရား၏ ဘုန်းအသရေနှင့် နှိုင်းမယှဉ်သာ ပါ။ သိုးထိန်းများ သိုးကျောင်းနေကြစဉ်၊ ကောင်းကင် ၌ ရုတ်တရက် ထွန်းလင်းလျက်၊`ကောင်းကင်ဘ၀ဂ်ဝယ် ဘုန်းကြီးစေသတည်း´ (လု ၂း၁၄) ဟု ကောင်းကင်တမန်များက ချီးမွမ်းမြွက်ဆိုကြသည်။ အရှေ့အရပ်၌ဘုရားသခင်က ကြယ်ကြီးတစ်လုံးကိုထွန်းလင်းစေလျက် ဗက်လင်မြို့သို့ပို့ဆောင်လမ်းပြစေသဖြင့် တိုင်းတစ်ပါးမှ မာဂုပညာရှိများက ပေါ်ထွန်းမူသော ရှင်ဘုရင်ကို လာရောက်…

ချိုသာသောစကား

စကော့စ်သည် သူ့ယောက္ခမ `ကဲန်နှင့် ဖစ်လစ်´ ဇနီးမောင်နှံတို့၏ ဆက်ဆံရေးကို အထူး နှစ်သက်သဘောကျသည်။ ထို့ကြောင့် တစ်နေ့တွင် ၄င်းတို့၏ အိမ်ထောင်ကို ဘယ်အရာက အဆင်ပြေ စေသနည်းဟု မေးခဲ့သည်။ `ကဲန်´ က `ချိုအောင် လုပ်ပေးဖို့လိုတာပေါ့´ ဟုဖြေခဲ့သည်။
ကျွန်မ၏ မိတ်ဆွေတစ်ဦးကလည်း ‘တစ်ဦး နှင့်တစ်ဦးအပေါ် ကောင်းကောင်း ဆက်ဆံဖို့သတိရ ကြပါ´ ဟု ကျွန်မတို့ လင်မယားနှင့်အခြား မိတ်ဆွေ များထံ စာရေးပေးပို့သည်။
ထိုအကြံဥာဏ်နှစ်ခုလုံးက ကြင်နာခြင်း အကြောင်းဖြစ်သည်။ နေ့စဉ်ဘ၀၏ ဖိစီးမှုသောက များကြောင့် ကျွန်မတို့မှာ မိမိ၏ အိမ်ထောင်ဖက်နှင့် အခြားသူတို့အပေါ် အကဲဆတ်၊ စိတ် မရှည် သည်းမခံနိုင်ခြင်းများ ခံစားရလျက်၊ ဘာမဟုတ်သည့် အသေးမွားကိစ္စများအတွက် စိတ်အနှောင့်အယှက်ဖြစ်သည်။ ဝေဖန်စကားနာထိုးမိသည်။ မစဉ်းစားမဆင်ခြင်ဘဲ အကြင်နာ စာနာမှုမဲ့သော စကားများဖြင့် ထိုးနှက်မိသည်။
သုတ္တံကျမ်း၌ အခြားသူများအား…

လက်ဆောင်

ခရစ္စမတ်ကို လက်ဆောင်ပေးသည့်အချိန် ဟူ၍ ကျွန်ုပ်တို့အဓိပ္ပာယ်ဖွင့်ကြသည်။ မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများ နှစ်သက်မည်ဟု ထင်သည့် လက်ဆောင်များကို ကျွန်ုပ်တို့ကြိုးစားရှာဖွေကြသည်။ သို့သော် လက်ဆောင်အားလုံးက မတူညီကြပါ။ ဥပမာ - လေ့ကျင့်ခန်းလုပ်သည့် စက် (သို့) အလေးချိန် လျှော့ချနည်းစာအုပ် စသည့် လက်ဆောင်များက ပရိယာယ်နှင့် ၀ိတ်လျော့ရန် ရည်ရွယ်ချက်နှင့် ပေးသည်။ အချို့လက်ဆောင်မှာ ပေးသူကိုယ်တိုင်က မိမိလိုချင်နှစ်သက်သော လက်ဆောင်ကို ပေးခြင်းဖြစ်သည်။ သို့သော် ကျွန်မ တို့ကို ချစ်ပြီး ကျွန်မတို့ ဘာလိုချင်သည်ကို သိသူက ပေးသည့် လက်ဆောင်မှာ အကောင်းဆုံးလက်ဆောင် ဖြစ်သည်။
မနှစ်က ခရစ္စမတ်တွင် ကျွန်မ၏သင်းအုပ်ဆရာ `ဂျင်းမ် ဆမ်ရာ’က ခရစ်တော် ကြွလာခြင်းကို အခြားတစ်နည်းဖြင့် စဉ်းစားဆင်ခြင်ရန် စိန်ခေါ်ခဲ့သည်။ ယေရှုသည် ကျွန်ုပ် တို့ကို ဘုရားသခင်ပေးသည့် ပြီးပြည့်စုံသော လက်ဆောင်တစ်ခုဖြစ်ကြောင်း ကျွန်မတို့…