အမျိုးအစား  |  Uncategorized

တိက်ေသခ်ာပါ။

အရေးကြီးသည့်ခွဲစိတ်မှု မတိုင်မီ တစ်ရက်အလို၌ ကျွန်မ အမှန်တကယ်ကြောက်ရွံ့ နေကြောင်း သူငယ်ချင်း ‘အန်း’ ကို ပြောပြခဲ့သည်။ သူက ‘ဘာကိုကြောက်တာလဲ’ ဟုပြန်မေးရာ၊ ‘မေ့ဆေးပေးပြီးရင် ပြန်မနိုးလာမှာကို ကြောက်တာ’ ဟု ကျွန်မပြန်ဖြေသည်။ ‘အန်း’က ချက်ချင်းပင် “အဖဘုရား၊ ကြောက်ရွံ့နေမှုအားလုံးကို ကိုယ်တော် သိပါတယ်။ ကျေးဇူးပြုပြီး သူ့ရဲ့စိတ်နှလုံးကို ငြိမ်သက်စေကာ သခင့်ရဲ့ ငြိမ်းချမ်းမှုနဲ့ ပြည့်ဝစေပါ။ ထို့ပြင် သူ့ကိုလည်း ခွဲစိတ်မှုပြီးတဲ့အခါ ပြန်နိုးထစေပါ ” ဟု ဆုတောင်းပေးခဲ့သည်။
ဘုရားသခင်သည် သူနှင့်စကားပြောရာ၌ ဤကဲ့သို့ တိတိကျကျပြောခြင်းကို နှစ်သက်သည်ဟု ထင်ပါသည်။ မျက်မမြင်သူတောင်းစား ဗာတိမဲက ခရစ်တော်၏မစမှုကို တောင်းခံရာ ခရစ်တော်က “သင့်ကို ဘာလုပ်ပေးရမလဲ” ဟုမေးခဲ့သည်။ ထိုအခါ သူက “အရှင်ဘုရား၊ ကျွန်ုပ်မျက်လုံးများကို ပြန်မြင်စေပါ” ဟု ပြောခဲ့ပြီး၊ ယေရှုက “သင်သွားလော့၊…

ဖွင့်ထားသောနားများ

မကြာမီက ကျွန်တော့် နားရောဂါကို အငြင်းပွားဖွယ် ဖြစ်နေဆဲ ကုထုံးတစ်ခုနှင့်ကုရန် ဆုံးဖြတ်ခဲ့သည်။ ထိုကုထုံးက ဖယောင်းကို အရည် ပျော်စေပြီး နားထဲထည့်ကာ၊ နားကြားနိုင်စွမ်းကို အတားအဆီး ဖြစ်စေသည့် အညစ်အကြေးများကို ရှင်းလင်းပေးသည့် နည်းဖြစ်သည်။ ၄င်းသည် တစ်မူထူးသည့် စမ်းသပ်မှုဖြစ်သော်လည်း အသံကို ကြည်ကြည်လင်လင်ဖြင့် ပြန်ကြားလိုသဖြင့် ထို စမ်းသပ်မှုကို ကျွန်တော်စမ်းကြည့်လိုခြင်းဖြစ်သည်။
ကောင်းစွာ နားကြားရရန် အရေးကြီး သကဲ့ သို့၊ ဘ၀၌ ဘုရားနှင့်အတူ လျှောက်လှမ်းခြင်းက ပို၍ပင် အရေးကြီးပါသည်။ (ဆာလံ ၄၀း၆)တွင် ဒါဝိဒ်က “ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ” ဟုပြောခဲ့သည်။
“ဖွင့်တော်မူပြီ” ဆိုသည့်စကားလုံးကို “ရှင်းလင်းစေသည်” ဟု အဓိပ္ပါယ် ပြန်နိုင်ပြီး ဘုရားသခင်က ကျွန်ုပ်တို့အပေါ်မည်သို့သော သဘောဆန္ဒရှိကြောင်းကိုလည်း ပြောပြနေသည်။ ဘုရားသခင်က သူ၏နှုတ်ကပတ်စကားတော်အားဖြင့် ပြောသည့်စကားကို ကျွန်ုပ်တို့က…

စွန့်စားထိုက်ပေ

“အိုင်ပက်” အသစ်တစ်ခုရရန် ဘာနှင့်လဲ မည်နည်း။ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက သူ့ကျောက်ကပ်တစ်ခုနှင့် လဲခဲ့သည်။ သူ့အနေဖြင့် “အိုင်ပက်”ကို မ၀ယ်နိုင်၊ သို့သော် အသည်းအသန် လိုချင်သဖြင့် ခွဲစိတ်မှုပြုရန် သူသဘောတူ စွန့်စား ခဲ့သည်။
တမန်တော် “၇” တွင် သတေဖန်သည် အန္တရာယ်များသောစွန့်စားမှုကို ပြုခဲ့သည်။ သို့သော် သူ၏စွန့်စားမှုက ခရစ်တော်၏သတင်းကောင်းကို ပြောကြားရန်အတွက်ဖြစ်သည်။ နိမိတ်လက္ခဏာ များပြနေချိန်၌ သူ့ကိုဖမ်းဆီးခဲ့ကြပြီး၊ ဘုရားနှင့် မောရှေ၏ ပညတ်ကို ပြစ်မှားသည်ဟု မှားယွင်း စွပ်စွဲကာ ယဇ်ပရောဟိတ်မင်းထံ ပို့ခဲ့ကြသည် (တ ၆း ၈ - ၁၄)။ ယဇ်ပရောဟိတ်မင်း၏ မေးခွန်းကို ပြန်ဖြေရာ၌ သတေဖန်သည် သူ့စကားကို ကြားနာ နေသူများ မကြိုက်၊ လက်မခံနိုင်သော တရားတော် ကို ဟောကြားခြင်းဖြင့် သူစွန့်စားခဲ့သည်။ သူက…

ဝမ်းမြောက်ရွှင်လန်းခြင်း

အာဒံနှင်ဧ၀တို့ ဘုရားသခင်စကားကို မနာခံတော့သည့်အခါ ၀မ်းမြောက်မှုများဆုံးရှူံးသွား သည်။ ပိုဆိုးမလာအောင် ဘုရားသခင်က သူတို့ကို ဥယျာဉ်မှ နှင်ထုတ်ခဲ့သည်။ ကောင်းမကောင်း သိကျွမ်းရာ အပင်မှ အသီးကို စားပြီး၊ အကယ်၍ အသက်ပင်မှ အသီးကိုစားလျှင် ဒုက္ခဝေဒနာများ ထဲတွင် သူတို့ထာဝရနေသွားရမည် ဖြစ်သည်။
ဥယျာဉ်ပြင်ပ၌ နေရသည့် ဘ၀ကလည်း မလွယ်ပါ။ အစာအတွက် အာဒံနှင့်ဧ၀တို့ ခက်ခဲ ပင်ပန်းစွာ လုပ်ဆောင်ရသည်။ သေခြင်းတရားက နေရာတိုင်းမှာ ရှိနေပြီး တိရိစ္ဆာန်များလည်း တစ် ကောင်နှင့်တစ်ကောင် သတ်ဖြတ်စားနေကြသည်။ ပိုဆိုးသည်မှာ ၄င်းတို့၏သားဦးက သူ့ညီကို ပြန် သတ်သည်။ ဒီထက်ဆိုးတာ ဘာရှိဦးမည်နည်း။ အပြစ်တရားက သူတို့ဘ၀ကို ထိုးဖောက် ၀င်လာပြီးနောက် ၄င်းတို့၏ ၀မ်းမြောက်မှုများ တဖြည်းဖြည်း ကွယ်ပျောက်သွားခြင်းကို သူတို့မတားဆီးနိုင်ခဲ့ပါ။
သို့သော် ၀မ်းမြောက်မှုကို ပြန်တည်ဆောက်မည့်အစီအစဉ် ဘုရားသခင်၌ ရှိသည်။ သေခြင်းတရားဝင်လာချိန်၌…

၂၇ ရာခိုင်နှုန်း

သမ္မာကျမ်းစာမှ အနာဂတ္တိ ကျမ်းစကားများ အပေါ် လူတို့၏ သဘောထားများမှာ အလွန်ကွဲပြား သည်။ ပရောဖက်ပြုချက်များကို ယုံကြည်သူအချို့က အလွန် စိတ်ဝင်စားပြီး၊ ၄င်းတို့က မျက်မှောက် ကမ္ဘာ့ ရေးရာများကို မပြတ်ပြောဆိုပြီး၊ ထိုအဖြစ်အပျက်များ သည် ခရစ်တော်အချိန်မရွေး တဖန်ကြွလာမူမည့်နိမိတ် လက္ခဏာများဟု ယူဆကြသည်။ အချို့ကမူ ပရောဖက် ပြုချက်များသည် မိမိနှင့် ဘာမှမဆိုင်ဟု တွေးတတ် သဖြင့်၊ ပရောဖက်ပြုချက်များသည် ခရစ်ယာန် အသက်တာနှင့် သက်ဆိုင်ကြောင်းကို မယုံသည့်ပုံ ပေါ်နေသည်။
ထို့ကြောင့် အနာဂတ္တိစကားများသည် အရေး ကြီးပါသလား၊ အောက်ပါအချက်များက မှန်သော အမြင်ရှုထောင့်မှ ကြည့်နိုင်အောင် မစလိမ့်မည်။ သမ္မာကျမ်းစာ၌ ကျမ်းပိုဒ်ပေါင်း (၃၁၁၂၄) ပိုဒ် ရှိသည့် အနက် ပရောဖက်ပြုချက် (၈၃၅၂) ပိုဒ်သာ ရှိသဖြင့် ကျမ်းစာ၏ ၂၇% သာ ရှိပါသည်။
တစ်ဖန်…

“ကျုပ်တီထွင်ထားတာ”

ရူပဗေဒ ပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင် ၀ီလက် အက်စ်၊ ဘွိုင်းသည် ဒစ်ဂျစ်တယ်ကင်မရာရှိ “electronic eye” နှင့် ဟာဘယ် အဝေးကြည့် မှန်ပြောင်းကို ပူးတွဲတီထွင်ခဲ့သူဖြစ်သည်။ တစ်နေ့ တွင် သူသည် ဒစ်ဂျစ်တယ် ကင်မရာအသစ် တစ်လုံးဝယ်ရန် နိုမာစတော့တီမြို့ရှိ ဟယ်လီ ဖက်စ် ကုန်တိုက်သို့သွားခဲ့သည်။ အရောင်းစာရေး က ကင်မရာ၏ ရှုပ်ထွေးနက်နဲသော ဖွဲ့စည်းပုံ သဘောတရားကို ရှင်းပြရန် ကြိုးစားသည်။ သို့သော် ထိုရှုပ်ထွေးမှုကို သူပင် နားမလည်သဖြင့် ဆက်မရှင်းပြတော့ဘဲ ရပ်လိုက်သည်။ ထိုအခါ ဘွိုင်းက “ရှင်းပြဖို့မလိုပါဘူး။ ကျုပ်က အဲဒါကို တီထွင်ခဲ့တာပဲ” ဟု ဗြောင်ဖွင့်ပြောလိုက်သည်။
သူ့မိသားစု၊ သူ့ကျန်းမာရေး၊ သူ့ဥစ္စာ ပစ္စည်းအားလုံးကို နှုတ်ယူခြင်းဖြင့် ယောဘကို စစ်ကြောရန် စာတန်အား ဘုရားသခင်က အခွင့်ပေးခဲ့ပြီးနောက်၊ ယောဘသည် သူမွေးဖွားသောနေ့ကို ကျိန်ဆဲခဲ့သည် (ယောဘ…

ပညာရှိအသိုင်းအ၀ိုင်း

ကယ်လီဖိုးနီးယားရှိ အသင်းတော် တစ်ပါး တွင် ဘုတ်အဖွဲ့ဝင် လူကြီးအဖြစ် ကျွန်တော်ပါဝင် ခဲ့ဖူးသည်။ ကျွန်တော်တို့ အားလုံးထက် အသက်ကြီး သည့် ဘုတ်အဖွဲ့ဝင် ‘ဘော့စမစ်’က မကြာခဏ ဆိုသလို ကျွန်တော်တို့ကို ဘုရားသခင်၏ နှုတ် ကပတ်တော်သို့ ပြန်လှည့်ရန် နှိုးဆော်တတ်သည်။
တစ်ကြိမ်တွင် အသင်းတော်၌ ဦးဆောင် ဦးရွက်ပြုမည့်သူများ ပြတ်လပ်နေမှုကို ဆွေးနွေးရင်း၊ ဖြေရှင်းနိုင်မည့် နည်းလမ်းအမျိုးမျိုးကို တစ်နာရီမက အဖြေရှာကြသည်။ ‘ဘော’့က ဆွေးနွေးမှု တစ် လျှောက် တိတ်ဆိတ်စွာနေခဲ့ပြီး၊ နောက်ဆုံးတွင် “လူကြီးမင်းတို့၊ ပြဿနာအတွက် သခင်ယေရှုရဲ့ ဖြေရှင်းနည်းကို ကျုပ်တို့မေ့နေပါရော့လား။ ကျုပ်တို့ ဘာမှမလုပ်ခင် လုပ်ဆောင်မယ့်သူတွေကို စေလွှတ်ဖို့ စပါးရှင်ကိုဆုတောင်းရမယ်”ဟု အေးဆေးစွာ ဆိုလိုက်သည်။ (လု၊ ၁၀း၂)။ သူ့စကားက ကျွန်တော်တို့ကို စိတ်နှိမ့်ချသွားစေ ပြီး၊ ဘုရားသခင်သည် လုပ်ဆောင်မည့်သူများကို မွေးထုတ်ပြီး လယ်ကွင်းထဲသို့…

မျက်ရည်ခရီးလမ်း

အမေရိကန်နိုင်ငံ၏ သမိုင်းကြောင်းတွင် ၁၉ ရာစုနှစ်က ဒေသခံလူနီ တိုင်းရင်းသားများစွာကို အတင်းအဓမ္မနေရာချ ပြောင်းရွှေ့စေခြင်းဖြစ်ရပ်မှာ အလွန်ရက်စက် ၀မ်းနည်း ကြေကွဲစရာဖြစ်သည်။ တိုးပွား များပြားလာသည့် လူဖြူများကိုယှဉ်ပြီး ရင်ဆိုင်ကာ သဘောတူညီချက် စာချုပ်ကိုဖျက်သိမ်း သည့်ဒေသခံလူနီတိုင်းရင်းသား အနွယ်များကို ၄င်း တို့၏ ဘိုးဘွားနယ်မြေများမှ မောင်းထုတ်ခဲ့သည်။ ၁၈၃၈ ခုနှစ် ဆောင်းရာသီ၌ Cherokeeမျိုးနွယ်စု တို့အား အနောက်အရပ်သို့ မိုင် ၁၀၀၀ ခရီးကြမ်း ကိုအတင်းအဓမ္မနှင်စေခဲ့သည်။ ၄င်းကို“မျက်ရည် ခရီးလမ်း” ဟု လူသိများခဲ့သည်။ ဤမတရားမှု၏ ရလဒ်ကားဤခရီးအတွက် လိုအပ်သော အ၀တ် အစား၊ ဖိနပ်၊ အထောက်အပံ့များ မရှိသောကြောင့် ထောင်နှင့်ချီ၍ လူများစွာ သေဆုံးခဲ့ရသည်။
လောကကမ္ဘာ၌ မတရားမှုများ၊ နာကျင်မှုဝေဒနာများ ဆက်ရှိနေဆဲဖြစ်သည်။ မျက်မှောက်ခေတ်တွင် လူများစွာတို့ကလည်း ၄င်းတို့သည် “မျက်ရည်လမ်းကြောင်း” ၌ သွားနေရပြီး၊ ၄င်းတို့၏မျက်ရည်နှင့် ၀မ်းနည်းကြေကွဲမှုများအတွက်…

စိတ်ခံစားချက်ကို နာကျင်စေခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော် နှင့် လူတစ်ဦးတို့သည် ဂေသရှေမန်ဥယျာဉ်၌ သခင်ယေရှု ဆုတောင်းခြင်းအကြောင်းကို (မ ၂၆) အတူဖတ်ခဲ့သည်။ ထိုအခါ ၄င်းက “ကျုပ်ပြော မယ်ဗျာ။ ကျုပ်သာ ယေရှုနဲ့အတူ ဂေသရှေမန် ဥယျာဉ်ထဲ ရှိနေမယ်ဆိုရင် အိပ်ပျော်သွားစရာ အကြောင်းမရှိဘူး။ ဘယ့်နှယ့်ဗျာ၊ ယေရှုက သူ ဘယ်လောက် စိတ်သောက ရောက်နေတယ်လို့ ပြောနေတဲ့ဟာ၊ ကိုယ်တော်က တကယ်တောင်းပန် နေတာ” ဟု အံ့သြဟန်နှင့်ပြောသည်။
ကျွန်တော်တို့ အလုပ်လုပ်သော အချိန် များပြီး မိသားစုကိုအချိန်ပေးရန် ခက်ခဲသည်။ ဤအခြေအနေကို မိသားစုကလည်း နားလည်ပေး ရသည်။ “ကလေးတွေက သူတို့ပါဝင်ရတဲ့ ကျောင်းကပွဲနဲ့ ကျောင်းလှုပ်ရှားမှုတွေမှာ မိဘတွေ ကို လာကြည့်စေချင်လို့၊ ပရိတ်သတ်ကြားထဲ မိဘကို ရှာခဲ့ရတဲ့အကြိမ် ဘယ်နှစ်ခါလောက်ရှိခဲ့လဲ။ မိဘက ခရီးသွားနေလို့၊ အလုပ် များနေလို့ သားသမီးတွေက သူတို့ပြဿနာတွေကို…

ဘယ်လမ်းသွားမလဲ ?

လမ်းမေးရခြင်းကို ကျွန်ုပ်မကြိုက်ပါ။ ခဏ ကြာလျှင် လမ်းကို တဖြည်းဖြည်း သိလာမည်ဟု ကျွန်တော် အမြဲတမ်းတွေးသည်။ ကျွန်တော့်ဇနီး မာတီကတော့ လမ်းမေးရန် အမြဲလျင်မြန်သည်။ လမ်းမသိကြောင်း ကျွန်တော်ဝန်မခံလိုခြင်းကို သူ သဘောမကျ။ နောက်ဆုံးတွင် မိန်းမကပိုပြီး ဥာဏ်ရှိ သူသာဖြစ်ပြီး၊ သွားရမည့် နေရာသို့ စိတ်မညစ်ရဘဲ အလျင်အမြန် ရောက်ရှိသွားချိန်၌ ကျွန်တော်က လမ်းပျောက်ခြင်းနှင့် အဆုံးသတ်သွားသည်။
ကိုယ့်ဘ၀ကို မိမိဖာသာ ထိန်းကျောင်း လမ်းညွှန်နိုင်လောက်အောင် မိမိကိုယ်ကို တော် သည်၊ တတ်သည်ဟု ကျွန်ုပ်တို့ ထင်မြင်တတ်သည်။ ၄င်းသည် “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ ပို့သော လမ်းတစ်မျိုးရှိ၏” ဟူသည့် (သု ၁၆း ၂၅) မှ ကျမ်းစာ၏ သတိပေးချက်နှင့် ဆန့်ကျင်နေသည်။ “ထာဝရဘုရား၏ လမ်းတော်တို့သည် ဖြောင့်မတ်ခြင်းကြောင့်”(ဟောရှေ ၁၄း၉) အသက်တာ၏…