အမျိုးအစား  |  Uncategorized

ချစ်မေတ္တာကြောင့်

လွန်ခဲ့သောနှစ်က နှင်းလျှောစီးဘောင်းဘီ၊ လက်ကောက်၊ အွန်လိုင်းမှ စာဖတ်နိုင်သော Kindle Readerကို ခရစ္စမတ်လက်ဆောင်အဖြစ် ကျွန်မ ရရှိခဲ့သည်။ သို့သော် မြေး (၉) ယောက်နှင့် ကစားရချိန်၊ ကျွန်မတူမတို့ လင်မယားနှင့် ၄င်းတို့၏ တစ်နှစ်ခွဲ သမီးလေးတို့နှင့်အတူ ခရစ္စမတ်အကြို ၀တ်ပြုစည်းဝေး တက်ရောက်ချိန်၊ ရောဂါခံစား နေရ သည့် အငြိမ်းစားယူသွားသည့် လုပ်ဖော်ဆောင်ဖက် ဇနီးမောင်နှံတို့ထံ သွားရောက် လည်ပတ်ချိန်၊ မိတ်ဟောင်းဆွေဟောင်းများနှင့်အတူ ခရစ္စမတ်ပွဲ ဆင်နွှဲရချိန်၊ ကျွန်မချစ်ရသူများနှင့် ခရစ္စမတ် ဇာတ်လမ်း ဖတ်ချိန် စသည်တို့ကို ကျွန်မ အနှစ်သက် ဆုံးဖြစ်သည်။ ၄င်းတို့မှာ ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် ဝေမျှကြသည့် ချစ်မေတ္တာကြောင့် ရရှိသည့် အထူးလက်ဆောင်များ ဖြစ်သည်။
ခမည်းတော် ဘုရားသခင်သည်လည်း လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်က ချစ်မေတ္တာကြောင့် ဤကမ္ဘာကြီးအတွက် လက်ဆောင်တစ်ခုပေးပို့ခဲ့သည်။…

သွား ... ရှေ့ဆက်သွား!

မီးစိမ်းသွားသဖြင့် ကားတစ်စီးမှာ တုံ့ဆိုင်း သွားသည်ကို လမ်းဆုံမှ ကျွန်တော်လှမ်းမြင်သည်။ ထိုစဉ် ဘယ်ကမှန်းမသိ၊ “သွားပါ၊ လုပ်စမ်းပါ၊ သွားစမ်းပါ” ဆိုသည့်အသံကြီး ထွက်ပေါ်လာသည်။ ဒေါသတကြီး အော်သံကြီးကြောင့် ယာဉ်မောင်းက အလန့်တကြားဖြစ်သွားပြီး “ဘယ်ကလာတဲ့ အသံ ပါလိမ့်”ဟု စိတ်ရှုပ်သွားသည်။ သူ့နောက်မှ ကားတွင် အခြားယာဉ်မောင်းများကို အော်ဟစ်ရန် အသံချဲ့ စက် တပ်ဆင်ထားသည်ကို ကျွန်တော်တွေ့လိုက် ရသည်။ ချီတုံချတုံဖြစ်နေသည့် ယာဉ်မောင်းလည်း သူ့စိတ်ကို စုစည်းပြီး မောင်းထွက်သွားသည်။ ဒေါသ ထွက်နေသည့် ယာဉ်မောင်း၏ ရိုင်းပြမှု၊ စိတ်မရှည်မှု ကိုကြည့်ပြီး ကျွန်တော်အတွေးနယ်ချဲ့မိသည်။
တစ်ခါတစ်ရံ ဘုရားသခင်ကို ဒေါသထွက်တတ်သူ၊ စိတ်မရှည်သူ၊ အော်လံနှင့်အော်ရန် အသင့်ရှိသူဟု လူတို့ ထင်တတ်၊ တွေးတတ်ကြသည်။ ဘုရားသခင်က လူများကို ကြည့်နေပြီး အမှားလုပ်သည်နှင့် အပြစ်ပေးရန် အသင့်ရှိနေသည် ဟု ထင်မှတ်ကာ ကြောက်ရွံ့နေကြသည်။…

ကလေးမျှသာ

Darrell Blizzard သည် အထက်တန်း ကျောင်းအောင်ပြီးနောက် သူကြီးပြင်းခဲ့သည့် မိဘမဲ့ ဂေဟာမှထွက်ကာ အမေရိကန်လေတပ်ထဲ ၀င်ခဲ့ သည်။ ဒုတိယကမ္ဘာစစ်ကြီး အရှိန်ကောင်းနေချိန်၊ မကြာမီမှာပင် သူသည် အသက်ပိုကြီးပြီး အတွေ့ အကြုံ ရှိသူများကိုသာ ပေးအပ်လေ့ရှိသည့် တာဝန် ၀တ္တရားများကို ပေးအပ်ခံရသည်။ နှစ်အတော် ကြာပြီးနောက် သတင်းထောက်ကို သူက ဤသို့ ပြောပြသည်။ “အင်ဂျင်လေးလုံးတပ် (ဘီ - ၁၇) ဗုံးကြဲ လေယာဉ်ရဲ့ လေယာဉ်မှူးမဖြင်ခင်က မြည်း လေးကောင်နဲ့ လယ်ထွန်ခဲ့ရတာဟာ ကျုပ်အတွက် အကြီးကျယ်ဆုံးကိစ္စပါပဲ” ဟု ပြောခဲ့သည်။ ယခု သူ အသက် ၈၀ ကျော်ပြီဖြစ်သည်။ ‘အဲဒီ လေယာဉ် တွေကို မောင်းတဲ့အချိန်တုန်းက ငါတို့ ကလေးသာသာပဲ ရှိသေးတာ’ဟု ပြောသည်။
သမ္မာကျမ်းစာထဲတွင်လည်း အသက်ငယ်စဉ်မှာပင် ခရစ်တော်နောက် ရဲဝံ့စွာ…

အားပေးမှုဟု မထင်ရသော

တိုက်တွန်းအားပေးမှုကို သင်ရှာဖွေ နေပါသလား။ သင့်ထံ ဦးတည်လာနေသည့် သတင်းဆိုးများကြား၌ သင့်စိတ်ဓာတ်ကို မြှင့်တင် ပေးမှု လိုအပ်နေပါသလား။ ဆာလံဆရာ ဒါဝိဒ်က ကျွန်ုပ်တို့ အကောင်းမမြင်သည့် စကားလုံး အချို့ မှတဆင့် မထင်မှတ်သော နည်းလမ်းများဖြင့်ကျွန်ုပ် တို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါသည်။ (ဆာ ၁၉) ကို ဖတ်လျှင် နည်းဥပဒေသနှင့် ရှင်သန်ရမည့် ဘ၀စံနှုန်းများနှင့် ရရှိမည့် ကောင်းကျိုးရလဒ်များကို ဘုရားသခင်က ရှင်းလင်းစွာ ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ ၄င်းကို တိုက်တွန်းအားပေးမှုဟု မထင်ရပါ။ အဘယ်ကြောင့်ဆိုသော် လူအချို့က ဘုရားသခင်၏စံချိန်စံညွှန်းသည် အလွန် တင်းကြပ်သော၊ ကျွန်ုပ်တို့၏ ၀မ်းမြောက်မှုများကို လုယူသောအရာဟု ထင်မြင်ကြသည်။
“ထာဝရဘုရား၏တရားတော်” “သက်သေခံတော်မူချက်” “နည်းဥပဒေသ” “ပညတ်တော်” ”ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘော” “စီရင်တော်မူချက်” (း၇-၉) စသည့် စကားလုံးများကို ဆာလံဆရာက ဘုရားသခင်၏ စံချိန်စံညွှန်းအဖြစ် အသုံးပြု…

အတားအဆီးနှင့် ကောင်းချီးများ

ယောဟန်အခန်းကြီး (၄)တွင် ရေတွင်းမှ ရှမာရိအမျိုးသမီးကိုကြည့်ပြီး သခင်ယေရှု ဘာမြင်ခဲ့ သနည်း။ လူအများက သူ့ကိုမေတ္တာထားပြီး လက်ခံ မှုကို သူတောင့်တနေကြောင်း၊ ၎င်းကို သူခံစား သိရှိ ရန် အမှန်ပင် လိုအပ်နေကြောင်း သခင်သိလိုက် သည်။ သူတစ်ဦးတည်းသာ ပေးနိုင်သည့် စိတ်နှလုံး အသစ်ကို လိုအပ်နေသူအား သခင်တွေ့ခဲ့သည်။
တပည့်တော်များအားလုံးက စားစရာ အစာ ၀ယ်ရန် ထွက်သွားကြခြင်းက တိုက်ဆိုင်မှုမဟုတ်ပါ။ အမျိုးသမီး ဖြစ်သည်သာမက (တစ်ပါးအမျိုးသား)ရှမာရိသူ၊ နာမည်ပျက်ရှိသူနှင့် စကားမပြောရန် သခင့်ကို ၄င်းတို့က သတိပေးခဲ့ပါလိမ့်မည်။
သို့သော် သခင်ယေရှုသည် ဤတွေ့ဆုံမှု ကို အကြောင်းပြု၍ “သက်စမ်းရေ” ဟူသည့် သမ္မာတရားဖြင့် ထိုအမျိုးသမီးကို ကျေးဇူးပြုခဲ့သည် (ယော ၄း ၁၀)။ ထိုသို့ အပြန်အလှန်စကားပြောကြပြီး စိမ်းကားရန်လိုမှု တံတိုင်းဟောင်း၊ ကျား၊ မ…

လက်ကိုဖွင့်၍ မတွန့်တိုပဲ ကူညီပါ

အိုးအိမ်မဲ့သူတစ်ဦးသည် ကျွန်မတို့၏ ဒေသခံစာကြည့်တိုက်၌ အချိန်ဖြုန်းလေ့ရှိသည်။ တစ်နေ့တွင် ကျွန်မစာရေးရင်း နေ့လည်စာအဖြစ် ကြက်ဆင်သားနှင့် အသားညှပ်ပေါင်မုန့် တစ်ဝက် စားပြီးသောအခါ ထိုအိုးအိမ်မဲ့လူ၏ မျက်နှာကို စိတ်ထဲ မြင်ယောင်လာမိသည်။ မိနစ်အနည်းငယ် အကြာတွင် ကျွန်မ မစားရသေးသော အပိုင်းကို သူ့အား ပေးရာ ထိုသူ လက်ခံခဲ့သည်။
ကျွန်မကြုံခဲ့ရသော ဤအဖြစ်အပျက်လေး အားဖြင့် ကျွန်မတို့အား အဖဘုရားသခင် ပေးသမျှ အရာများဖြင့် အကြောင်းမလှသူများအား ပို၍ ကူညီရန် လိုအပ်ကြောင်း ပြန်လည်ဆင်ခြင်မိသည်။ နောက်ပိုင်း၊ ဤအကြောင်းအရာကို ဆင်ခြင်ရင်း ဆင်းရဲသားများ၏လိုအပ်မှုကို ဖြည့်ဆည်းရန် မောရှေ၏ ညွှန်ကြားမှုများကို စဉ်းစားဆင်ခြင်မိသည်။ မောရှေက ဣသရေလလူများအား “ဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ၊ လက်ကိုလည်း မပိတ်ရ၊ လက်ကို ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်” ဟု (တရား…

မျက်မှောက်ခေတ်၏ သဘောထား

ခေတ်ကာလတိုင်း၌ သူ့ခေတ်နှင့်သူ လူ့ဘောင်ယဉ်ကျေးမှုကို လွှမ်းမိုးသော အတွေး အခေါ်၊ စိတ်ကူးစိတ်သန်းနှင့် တန်ဖိုးထားမှုများရှိ သည်။ ခေတ်တခေတ်၏စိတ်ဓာတ်၊ သဘောထား ခံယူချက်က လူထုတစ်ရပ်လုံးကို လွှမ်းမိုးသွားသည့် သဘောရှိပြီး၊ (စာရိတ္တ အကျင့်စရိုက်ဆိုးများနှင့် ပတ်သက်၍ မထူးဆန်းတော့သည့်ပမာ) နောက်ဆုံး ခေတ်၏ တန်ဖိုးထားမှု အခြေအနေကို လက်ခံလိုက် ရတော့သည်။
ရှင်ပေါလုက ထိုယိုယွင်းမှုကို “လောကီ တရား” ဟုခေါ်ဝေါ်သုံးနှုန်းထားသည်။ ဧဖက်မြို့မှ ယုံကြည်သူများ၏ အသက်တာအကြောင်း ဖော်ပြ ရာ၌ ၄င်းတို့သည် ခရစ်တော်နှင့်မတွေ့မီက“လောကီ တရားသို့လိုက်၍... ဒုစရိုက်အပြစ်၌ ကျင်လည်ကြ ၍... ထိုဒုစရိုက်အပြစ်၌ သေလျက်နေသည်”ဟု ဆိုခဲ့သည်။ ထိုသို့လိုက်ပါခြင်းဖြင့် စာတန်၏ဆိုးညစ်သော တန်ဖိုးထားမှုနှင့်ခံယူချက်များ ကြောင့် ဘုရားသခင်ကို မကိုးစား၊ အမှီမပြုသော ဘ၀ပုံစံဖြစ်သွားသည်။
ဤလောကကမ္ဘာ၌ ရှင်သန်နေထိုင်ရန် သခင်အလိုရှိပါသည် (ယော ၁၇း၁၅)။ ထို့ကြောင့် လောက၏လွှမ်းမိုးမှုနှင့်မလွတ်ကင်းနိုင်ပါ။ သို့ငြားလည်း…

မျှော်လင့်ခြင်းကို လိုအပ်သည်။

အာဒံနှင့်ဧ၀အတွက်မျှော်လင့်ခြင်း မလို အပ်ပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့လိုသော အရာဘာမှမရှိ၊ ၄င်းတို့သည် ပျော်ရွှင်ကြည်နူးစွာ ဖြင့် အဖဘုရားသခင်ပေးသနားသည့် ကောင်း သော အရာများကို ရရှိခံစားလျှက် ကျေနပ်စွာ ဘ၀အစပြုခဲ့သည့်နည်းတူ၊ ဘ၀သည် ဤအတိုင်း ဆက်လက်ဖြစ်နေမည်ဟု ထင်နေသည်။သို့သော် ကောင်း၊ မကောင်း ခွဲခြားသိနိုင်သောဥာဏ်ကို ထာဝရဘုရားမပေးပဲ ထိမ်ချန်ထားသည်ဟု မြွေ၏ လှည့်ဖြားစကားကို ယုံ၍ မြွေ၏လှည့်ဖြား မှုနောက် လိုက်မိသောကြောင့် ဆိုးဝါးသော အခြေအနေသို့ ရောက်ခဲ့ကြသည်(ကမ္ဘာ၊၂း ၁၇, ၃း ၅)။ မြွေ၏ဖြားယောင်း လှည့်ဖြားမှုအောက်သို့ ဧ၀ တစ်ခါတည်းကျသွားသည့်နည်းတူ အာဒံလည်း လှည့်စားမှုနောက်ပါသွားသည်(၃း ၆)။ သူတို့လိုချင်သော “အသိဥာဏ်” ကိုသူတို့ရရှိခဲ့သည်။ သို့သော်လည်း သူတို့၌ရှိသော “အပြစ်ကင်းခြင်း” ကို သူတို့ဆုံးရှူံးခဲ့ရသည်။ အပြစ်ကင်းခြင်းသဘောကို ဆုံးရှူံးခဲ့သောကြောင့် ၄င်းတို့အတွက် မျှော်လင့်ခြင်း လိုအပ်လာသည်။ ၄င်းတို့၏…

ဘုရားသခင်အတွက် ကျွန်ုပ်တို့သည် အရေးပါသူလား။

“ကိုယ်တော်၏ မိုးကောင်းကင်ကို........ အကျွန်ုပ် ဆင်ခြင်သော် လူသည် အဘယ်သို့သော သူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူ ရသနည်း။” ဟု ဆာလံဆရာက ရေးသားခဲ့သည် (ဆာ ၈း၃-၄)။ ဓမ္မဟောင်းကျမ်းပါ အကြောင်းအရာ များက ဤမေးခွန်းနှင့် ဆက်စပ်နှီးနွယ်နေပါသည်။ အဲဂုတ္တပြည်၌ ညှင်းဆဲကျွန်ပြုခံရသည့် ဟေဗြဲလူ များက ဘုရားသခင်သည် ၄င်းတို့ကို စိတ်ဝင်စား ကြောင်း မောရှေစိတ်ချသလို ၄င်းတို့က မယုံနိုင်။ ဒေသနာဆရာ၏ “ဘာအရေးပါလို့လဲ” ဟူသော မေးခွန်းက အထက်ပါမေးခွန်းထက် ပိုဆိုးသည်။ ညီလာခံတစ်ခု၌ “ငါသည် ကိုယ့်လက်ဝါး၌ သင့်ကိုစာထိုးပြီ” (ဟေရှာ ၄၉း၁၆) ခေါင်းစဉ်ဖြင့် ပို့ချရန် ကျွန်တော်ဖိတ်ကြားခံရစဉ် အထက်ပါ မေးခွန်းနှင့်သံသယကို သဘောကျလျက် စိတ်ဝင်စားသွားသည်။ ဗာဗုလုန်သို့ ကျွန်ပြု ဖမ်းဆီးခေါ်ဆောင်ခံရမည်ဟု ပရောဖက်ဟေရှာယကြိုတင်ဟောကြားချက်ကြောင့် ဟေဗြဲ လူတို့၏သမိုင်းကြောင်း၌ နိမ့်ပါးသောအခြေအနေသို့ကျပြီး ဆင်းရဲသောကရောက်ကြ သည်။ သူတို့က…

ကျွန်ုပ်တို့၏ဆုတောင်းချက် ဘုရားရှင်၏အလိုတော်

လက်ရေးဆုတောင်းချက်လေးက ဖြစ်နိုင်ချေမရှိဟု ထင်ရပြီး ကြေကွဲဖွယ် မေတ္တာရပ်ခံထားသည်။ “ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။ ကျွန်မရဲ့ဘက်စုံအာရုံကြောစနစ်ပျက်စီးပြီး ကြွက်သားအားနည်းတယ်၊ အစာမျိုချဖို့ ခက်တယ်၊ ပိုပြီး နာလာတယ်၊ အမြင်အာရုံလျှော့လာတယ်။” ထိုအမျိုးသမီး၏ရုပ်ခန္ဓာပိုင်းမှာ ယိုယွင်းနေပြီး၊ ဆုတောင်းပေးရန် တောင်းပန်းနေလည်း သူစိတ်ပျက်နေကြောင်း ခံစားရသည်။
သို့သော် ခန္ဓာပျက်စီးယိုယွင်းမှုများကို အောင်နိုင်သော ခွန်အားမျှော်လင့်ချက်ရှိသည်။ “မင်္ဂလာရှိသော ကယ်တင်ရှင်သည် အကြွင်းမဲ့ထိန်းချုပ်တော်မူကြောင်း ကျွန်မသိပါတယ်။ သခင်ရဲ့အလိုတော်က ကျွန်မအတွက်အရေးကြီးဆုံးပဲ” ဟု ဆက်ရေးထားသည်။
ကျွန်ုပ်၏ဆုတောင်းပေးမှုကို သူလိုအပ်ကောင်းလိုအပ်မည်။ သို့သော်သူ၌ရှိသော ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားထားသည့်စိတ်ကို ကျွန်ုပ်လိုအပ်နေပါသည်။ ရှင်ပေါလုက “ကိုယ်၌စူးသောဆူး” ဟုခေါ်သော သူ့အခက်အခဲများမှ သက်သာခွင့်ရရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ရာ၊ ဘုရားသခင်က သူ့ကိုသင်ကြားခဲ့သော အမှန်တရားကို ထိုအမျိုးသမီးက အကောင်းဆုံး ထင်ဟပ်ပြလေပြီ (၂ကော ၁၂း၇)။ ရှင်ပေါလုတောင်းခံခဲ့သော သက်သာခွင့်သည် မဖြစ်နိုင်သည်သာမက ကောင်းကင်ဘုံရှင်အဖကလည်း တောင်းဆိုမှုကို လုံးဝပယ်ချသည်။ ရှင်ပေါလု၏အစဉ်သဖြင့်…