လိုအပ်ချက်မမီခြင်း
၁၉၇၀ နှစ်များကာလက အမေရိကန်နိုင်ငံ၌ မော်တော်ဆိုင်ကယ်ဖြင့် ခုန်ကျော်ဖြတ်သည့် စတန့်အားကစားမှာ ခေတ်စားလူကြိုက်များခဲ့သည်။ သို့သော် ၁၉၇၄ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့က လူတို့၏စိတ်ဝင်စားမှု အမြင့်ဆုံးရောက်ခဲ့ပြီးနောက် ပြန်ကျဆင်းသွားသည်။ ထိုနေ့က အိုင်ဒါဟိုပြည်နယ် Snake River Canyon ပင်လယ်ကွေ့၌ ကြည့်ရှုသူလူပေါင်းများစွာ စုရုံးလျက် အထူးတီထွင်တည်ဆောက်ထားသည့် Evel Knivel တစ်ယောက် ထိုချောက်ကမ်းပါးကို ကျော်နိုင် မကျော်နိုင် စောင့်ကြည့်ကြသည်။ သို့သော် ထိုစတန့် မအောင်မြင်ခဲ့ပါ။ ခရီးတစ်ဝက်တစ်ပျက်၌ လေထီးဖွင့်ပြီး ဆင်းသက်ခဲ့ရသည်။ ကြည့်ရှုသူအချို့က “အကွာအဝေး ဘယ်လောက်အထိ ခုန်နိုင်ခဲ့သလဲ” ဟုမေးကြသည်။ သို့သော်၎င်းသည် အဓိကမကျပါ။ သူ့ရည်မှန်းချက်အတိုင်း ချောက်ကမ်းပါးကို ကျော်ဖြတ်ခြင်း အစီအစဉ် မအောင်မြင်ဟူသောအချက်သာ ရလဒ်ဖြစ်သည်။
ဤအဖြစ်အပျက်က ဒုစရိုက်အပြစ်တရား၏ သဘောသရုပ်ကို ဖော်ပြနေသည်။ ရော ၃း၂၃ တွင် ရှင်ပေါလုက “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌…
သတိပေးအမှတ်တံဆိပ်
ယနေ့မျက်မှောက်ကာလ၌ စက်ပစ္စည်းသစ်များမှအစ ကစားစရာအဆုံး သတိပေးစာတန်းများကို နေရာတိုင်း၌ တွေ့ရသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းများ၌ပင် ဖြစ်နိုင်ချေရှိသည့် အမှားများအတွက် သတိပေးချက် သေးသေးလေးဖြစ်ဖြစ် ရိုက်နှိပ်ဖော်ပြကြသည်။
နှုတ်ကပတ်တော်၌လည်း ၀ိညာဉ်ကျမ်းမာရေးအတွက် အန္တရာယ်ဖြစ်စေမည့်အရာများကို နိုးဆော်သတိပေးသည်။ “ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော် မူသောအရာ ခုနှစ်ပါး”(သု ၆း၁၆)ဟု ဖော်ပြချက်က ကျွန်ုပ်တို့အတွက် အချက်ပြသတိပေးသည့် မီးနှယ် ကျွန်ုပ်တို့အာရုံကို ချုပ်ကိုင်သည်။ ထိုအချက်များတွင် မာနထောင်လွှားခြင်းနှင့် မရိုးသားခြင်း သဘောသို့ ယိုင်နေသည့် ပျက်စီးခြင်းသဘောကို သတိပေးထားသည်။ ထိုအပြစ်ဒုစရိုက်များက လောက၌ ပေါင်းသင်းဆက်ဆံရေးကို ဖျက်ဆီးပစ်ပြီး ကိုယ်တော်ကို ၀မ်းနည်းစေပါသည်။ ဆက်လက်၍ “အပြစ်ကို ပြတတ်သော ဩ၀ါဒစကားသည် အသက်လမ်းဖြစ်၏” (း၂၃) ဟု ဆိုထားရာ၊ တစ်နည်းဆိုရလျှင် သခင်၏သတိပေးချက်များသည် ဘ၀အသက်တာ၌ ပျော်ရွှင်စရာများကို ဖယ်ရှားပစ်ရန် မရည်ရွယ်ဘဲ အသက်ကို စောင့်ထိန်းကွယ်ကာရန်ဖြစ်ကြောင်း နားလည်ရပါသည်။…
ကောင်းကင်ကမျက်လုံး
ကား၊ လေယာဉ်၊ စက်တပ်လှေ စသည့်ယာဉ်များကို မပြတ်လမ်းညွှန်ပြမည့် “ကောင်းကင်မှ မျက်လုံး” စနစ်ကို တီထွင်ရသည်မှာ ရှုတ်ထွေးခက်ခဲလှသည်။ ဥပမာ လူအများနှင့် ကျွမ်းဝင်ပြီးသားဖြစ်သည့် ဂျီပီအက်စ် စနစ်တွင် မိုင်(၁၂၅၀၀)အကွာမှ ကမ္ဘာကြီးကို လှည့်ပတ်နေသည့် ဂြိုလ်တုပေါင်း(၂၄)လုံးမှ(၃၂)လုံး အထိရှိသည်။ ထိုဂြိုလ်တုများက ပုံမှန်အရှိန်နှုန်းအတိုင်း ထိန်းချုပ်လှည့်ပတ်နေရသည်။ သို့မှသာ ၎င်းတို့၏ လမ်းညွှန်မှုက တိကျမှုရှိမည်။
မျက်မှောက်ခေတ်၏ ရှုတ်ထွေးခက်ခဲသော ဂျီပီအက်စ်စနစ်သည် ဘုရားသခင် ပြုနိုင်သောအရာနှင့် ယှဉ်လျှင် အသေးအမွှားဖြစ်သည်။ ဣသရေလလူတို့အား ဘုရားသခင်က “သင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်”(ဟေရှာ ၅၈း၁၁) ဟု ကတိပေးထားသည်။ ဆာလံဆရာက သူဘယ်မှာရှိသနည်းကို ဘုရားသခင်မသိဘဲနှင့် ဘယ်အရပ်သို့မှ သူမသွားနိုင်ကြောင်းသိသည်(ဆာ ၁၃၉း၇-၈)။ ဂျီပီအက်စ်စနစ်မပေါ်မီကပင် ဘုရားသခင်သည် “မြေကြီးစက်ပေါ်မှာ ထိုင်၍(ဟေရှာ ၄၀း၂၂) အရာခပ်သိမ်းကိုမြင်တော်မူ၏။”
မိမိအဘယ်မှာရှိရှိ မိမိကိုခြေရာခံလိုက်နိုင်နေသူ ရှိကြောင်းသိရသောအခါ ရှောင်တိမ်းပုန်လို သူအတွက် စိုးရိမ်းစရာ၊ ကြောက်စရာပါ။ သို့သော်…
နေ့ရက်စဉ်တိုင်း
၁၉၂၄ ခုနှစ်က ဂျော်နီအမည်ရှိသော သူငယ်လေးတစ်ယောက်သည် ဘတ်စကတ်ဘော ကစားခြင်းကို ၀ါသနာပါပြီး ရိုးရိုးနယ်ကျောင်းတစ်ခုမှ (၈)တန်းအောင်မြင်ခဲ့သည်။ သူ့ဖခင်က မေတ္တာကြီးမားသူဖြစ်သော်လည်း ငွေကြေးချို့တဲ့သဖြင့် သူ့သားအလယ်တန်းအောင်မြင်သည့် အထိမ်းအမှတ် လက်ဆောင်ပင် မ၀ယ်ပေးနိုင်။ ထိုကြောင့် ကဒ်တစ်ခုပေါ်တွင် သူကိုယ်ပိုင်ကျင့်ဝတ်(၇)ချက်ကို ချရေးကာ ၎င်းကိုနေ့စဉ်လိုက်နာရန် အားပေးပြောပြီး သားကို အမှတ်တရပေးသည်။ ၎င်းအချက်များအနက် (၃)ချက်မှာ (၁) စာကောင်းပေမွန် အထူးသဖြင့် သမ္မာကျမ်းစာကို နက်နဲစွာ ဖတ်ရှုခံယူပါ။ (၂) နေ့ရက်စဉ်တိုင်း၌ အကောင်းဆုံးအသက်ရှင်ပါ။ (၃) ဘုရားသခင်၏လမ်းပြမှုကို တောင်းခံပြီး ခံစားရသော ကောင်းကြီးများအတွက် ကျေးဇူးတော်ချီးမွမ်းပါ။
သခင်ဘုရား၏ ပတ္ထနာတော်တွင် သခင်ယေရှုက ကောင်းကင်ဘုံရှင် အဖထံနေ့စဉ် ချဉ်းကပ်တိုးဝင်ရန် သွန်သင်ထားပါသည်။ ထိုသို့ ချဉ်းကပ်ရာ၌ ပြောပြီးမေ့ ပုံစံမျိုးမဟုတ်ပါ။ ပဌာနာတော်ဆုတောင်းအားဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း(း၉)၊ နိုင်ငံတော်နှင့်အလိုတော်ကိုရှာဖွေခြင်း(း၁၀)၊ ကိုယ်တော်မစပေးသနားမည့်အကြောင်း ကိုးစားခြင်း (း၁၁)၊ ကိုယ်တော်၏ခွင့်လွတ်ခြင်း၊…
ဘုရားသခင်၏ သရုပ်ဖော်ချက်
ကလေးများ၏ ဆုတောင်းချက်ကို ကြည့်ပြီး ဘုရားသခင်အပေါ်ထားရှိသည့် သူတို့၏ သဘောထားကို မြင်ရသည်။ မကြာမီက ကျွန်မဖတ်ခဲ့သည် ဆုတောင်းချက်နှစ်ခုရှိသည်။
“အိုအဖ၊ ကိုယ်တော်က မနာလိုတတ်သောဘုရားဟူသည့် အဓိပ္ပါယ်ကဘာလဲ။ ကိုယ်တော်ဆီမှာ အားလုံးရှိနေတာပဲလို့ ကျွန်တော်ထင်ပါတယ်။”
“အင်္ဂါနေ့တုန်းက ဘုရားဖန်ဆင်းလိုက်တဲ့ နေ၀င်ဆည်းဆာကို မမြင်ဖူးခင်က လိမ္မော်ရောင်နဲ့ ခရမ်းရောင်လိုက်ဖက်တယ်လို့ မထင်မိဘူး။ အရမ်းလှတာဘဲ ကိုယ်တော်ရယ်”
ထိုကလေးငယ်နှစ်ဦးသည် ဘုရားသခင်အား အရာခပ်သိမ်းပိုင်သသူနှင့် လှပသော နေ၀င်ဆည်းဆာကို ဖန်တီးနိုင်သော အရာခပ်သိမ်းဖန်ဆင်းရှင် အဖြစ်မှန်ကန်စွာသိသည်။ သို့သော် ဘုရားသခင်က မိမိကိုယ်ကို မည်သို့ဖော်ပြသနည်း။
ဣသရေလလူတို့အား တော၌ ဦးဆောင်ရတော့မည့် အချိန်တွင် အထက်ပါမေးခွန်းအတွက် အဖြေကို မောရှေအနေဖြင့် လိုအပ်ခဲ့သည်။ ဘုရားသခင်အတူရှိကြောင်း၊ ဦးဆောင်လမ်းပြနေကြောင်း သူအသေအချာသိမှဖြစ်မည်။ ထိုကြောင့် ကိုယ်ကိုထင်ရှားပြရန် မောရှေတောင်းလျှောက်ခဲ့သည်။ (ထွက် ၃၃း၁၃၊၁၈)။ “ထာဝရဘုရားသခင်သည် မိုးတိမ်ဖြင့် ဆင်းသက်၍... ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်း…
ပုန်းစရာနေရာမရှိ
ညော်နံ့ရသည့်အတွက် မီးဖိုချောင်ထဲသို့ ကျွန်မအပြေးသွားလိုက်သည်။ မီးဖိုပေါ်၌ ဘာမှမရှိပါ။ ထိုကြောင့်တစ်အိမ်လုံး အနံ့လိုက်ခံကြည့်သည်။ တစ်ခန်းပြီးတစ်ခန်း၊ အပေါ်အောက်ပါမကျန် လိုက်လံဝင်ကြည့်သည်။ အနံ့ခံရင်း ကျွန်မရုံးခန်း အလုပ်စားပွဲသို့အရောက် စားပွဲအောက်မှ မျက်လုံးအ၀ိုင်းသားနှင့်အကူအညီတောင်းနေသည့် ပြန်လည်စိုက်ကြည့်နေသော ကျွန်မတို့၏ နံစော်နေသည့် ခွေးမလေးမဲဂီကိုတွေ့လိုက်သည်။ အပေါ်ထပ်၌ရှိစဉ်က ရခဲ့သော ညော်နံ့ကဲ့သို့အနံ့က မည့်သည့်အနံ့ဖြစ်ကြောင်း၊ ယခုမှ ထင်ထင်ရှားရှားသိပါပြီ။ ထိုအနံ့ဆိုးမှလွတ်မြောက်ရန် မဲဂီသည် အိမ်ထောင့်စွန်းသို့ ပြေးထွက်ခဲ့သော်လည်း သူ့ကိုယ်မှ ထွက်လာသည့်အနံ့ကြောင့် ပြေးမလွတ်ပြီ။
ခွေးမလေး မဲဂီ၏ အဖြစ်က စိတ်ညစ်ဖွယ်အခြေအနေများမှ လွတ်မြောက်ရန် ကျွန်မ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ခြင်းကို ပြန်ဆင်ခြင်သတိရမိစေသည်။ စင်စစ် ပြဿနာက ကျွန်မ ရင်ဆိုင်နေရသော အရာမဟုတ်ဘဲ ကျွန်မကိုယ်တိုင်က ပြဿနာအရင်းခံဖြစ်နေကြောင်း သိခဲ့ရသည်။ အာဒံနှင့် ဧ၀တို့ သူတို့အပြစ်ကိုဖုံးကွယ်ခဲ့သည့် (က ၃း၈) နည်းအတိုင်း ကျွန်မတို့လည်း ထိုလမ်းစဉ်အတိုင်း လိုက်နေသည်။ စိတ်ညစ်ဖွယ်ရာ အခြေအနေမှ…
ကိုယ်တော်တားမြစ်နေသလား
မာတီက “ဟုတ်ပြီး၊ လိုက်နာရမည့် စည်းကမ်းချက်တွေကတော့ တစ်ယောက်ယောက်က မလုပ်ရဘူး၊ မသွားရဘူးလို့ မပြောသရွေ့ အချိန်မရွေးလုပ်ချင်တာလုပ်လို့ရတယ်။ သွားချင်တာ သွားလို့ရတယ်” ဟု ပြောသည်။
ထိုစည်းကမ်းချက်မှာ ကန်နံဘေးရှိ သူငယ်ချင်း၏အိမ်သို့ ပထမဆုံး သွားလည်စဉ် လိုက်နာရန်ဖြစ်သည်။ မာတီနှင့်ဇနီး လင်းသည် သူတို့၏ဧည့်သည်များ စိတ်ကြိုက်လွတ်လပ်ပေါ့ပါးစွာ နေထိုင်စေသည်။ ဆိပ်ခံဗေါတံတားတွင် လှော်တက်လှေ၊ ရွက်လှေကို တွေ့ရ၍ ညနေခင်း၌ ပျော်ရွှင်ရလိမ့်မည်ကို သိလိုက်သည်။
မာတီက မလုပ်ရန်ပြောသော အရာတစ်ခုသာရှိသည်။ ကျွန်ုပ်တို့ နံဘေးမှဖြတ်ကူးသွားသော ငန်းများကို အစာမကျွေးရန်ပါ။ ကျွန်ုပ်တို့ နံဘေးမှ ဖြတ်သွားသော ငန်းများကိုအစာမကျွေးရန်ပါ။ အကယ်၍ ၎င်းတို့ကို တစ်ကြိမ်အစာကျွေးပြီး နောက်တစ်ကြိမ် မကျွေးတော့လျှင် ရန်မူတော့မည်ကို မာတီက သိသောကြောင့်ပါ။
အာဒံနှင့် ဧ၀တို့သည် ကမ္ဘာဦး အစပြုခဲ့သည့် အလှဆုံးနေရာ၌ နေထိုင်ခဲ့သည်။ ထို့ပြင် လွတ်လပ်ခွင့်ကိုလည်း ရရှိခဲ့သည်။ သို့သော်ဘုရားသခင်က…
ကယ်တင်ရှင်အတွက် သက်စွန့်ဆံဖျား
အခြေခံစစ်ရေး လေ့ကျင့်သည့်ကာလများအတွင်း ဒက်စ်မွန်ဒေါ့စ်၏ အပြုအမူက နည်းပြဆရာ နှင့် ရဲဘော်ချင်းတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ သူက အကြမ်းဖက်မှုနှင့်စစ်ကို ခိုင်မာစွာ ဆန့်ကျင်သူဖြစ်ခြင်းကြောင့် တိုက်ပွဲတွင် လက်နက်ပို့ပေးရန် ငြင်းသည်။ ထိုကြောင့် ရဲဘော်ချင်းက သူ့သတ္တိကို သံသယ၀င်လာသည်။ သို့သော်သူက ဆေးတပ်သားဖြစ်ပြီး၊ ခရစ်ယာန်လည်းဖြစ်လေရာ တိုက်ပွဲများကို ရင်ဆိုင်ရန်အရေးနှင့် စပ်လျဉ်း၍ သောကမရှိခဲ့ပါ။ သို့သော် သူ၏ရည်မှန်းချက်မှာ လူ့အသက်ကယ်ရန်ဖြစ်သည်။
သို့သော် ၎င်းတို့၏တပ်စိတ် အတိုက်ခံရသောအခါ ဒေါ့စ် အပေါ်သံသယအမြင်များပြောင်းသွား သည်။ ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲတွင် သူသည် စက်သေနတ်များပစ်ခတ်မှုကြား တွားသွားကာ ဒဏ်ရာရသူများကို လုံခြုံရာသို့ပို့ပေးသည်။ စိတ်ထဲမှလည်း “ဘုရားသခင်၊ ဒဏ်ရာရတဲ့ ရဲဘော် နောက်တစ်ယောက်လောက်ပဲ ကယ်တင်နိုင်ဖို့ ခွန်အားပေးပါ” ဟုဆုတောင်းသည်။ ဤသို့ဖြင့် သူသည် ဒဏ်ရာရစစ်သည်(၇၀)ကျော် ကုသမှုခံယူနိုင်အောင် တောင်အောက်သို့ပို့နိုင်ခဲ့သည်။ ဤသို့ အားထုတ်မှုကြောင့် ဒက်စမွန်ဒေါ့စ်သည် နိုင်ငံတော်၏အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရသည်။…
သေသည့်တိုင်သစ္စာရှိခြင်း
အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ရှိ The Walker Art Gallery တွင် ရှေ့ဟောင်းပွန်ပေမြို့တော်အား သစ္စာရှိစွာ မတ်တတ်ရပ်လျက်စောင့်ရှောက်နေသော ရောမစစ်သားပုံ ပန်းချီကားတစ်ချပ်ရှိသည်။ ရှေးဟောင်း သုတေသနပြုရှာဖွေတွေ့ရှိသော ရောမစစ်သားတစ်ဦး၏ ရုပ်ကြွင်းကို အခြေပြု၍ ထိုပန်းချီကားကို ရေးဆွဲထားခြင်းဖြစ်သည်။ အေဒီ ၇၉ ခုနှစ်က ဗက်စုဗီးယပ်စ် မီးတောင်ပေါက်ကွဲပြီး တစ်မြို့လုံးချော်ရည်များဖုံးလွှမ်းသွားကာ ထိုမြို့ရှိလူ သတ္တ၀ါအပေါင်းနှင့်တကွ ယဉ်ကျေးမှု အနုပညာ သုခုမများ တခဏချင်း၌ ပျောက်ကွယ်ခဲ့ရသည်။ “သေသည့်တိုင်သစ္စာစောင့်ခြင်း” ဆိုသည့် ပန်းချီးကားက မြို့စောင့်တပ်သားသည် တစ်မြို့လုံး မီးဝိုင်းပြီး အသက်အန္တရာယ်ကြုံရစဉ် ညဖက်အထိ ဆက်လက် တာဝန်ထမ်းဆောင်ကြောင်း သက်သေပြနေသည်။
ခရစ်တော်ကြောင့် ညှင်းဆဲနှိပ်စက်ခံနေရသည့် ပထမရာစု ကနဦး စမုရန အသင်းတော်အား သေသည့်တိုင် သစ္စာစောင့်ရန် စိန်ခေါ်ခံရသည်။ ၀ိညာဉ်ရေး၌ ၎င်းတို့၏ ဆက်ကပ်အပ်နှံမှုကို သခင် မသိဘဲမနေ (ဗျာ ၂း၉)။ ရင်ဆိုင်ခံစားရဦးမည့်…
ကြောက်စိတ်ဝင်ချိန်
ကျွန်တော်ငယ်စဉ်က အိပ်ခန်းထဲ၌ မီးမှိတ်လိုက်သောအခါ ကုလားထိုင်ပေါ် လွှားတင်ထားသည့်အ၀တ်များက နဂါးအသွင်သဏ္ဍာန်ပြောင်းကာ လှုပ်ရှားလာမှာကို ကျွန်တော်အလွန်ကြောက်ခဲ့သည့်အဖြစ်ကို ကျွန်တော်မမေ့နိုင်။ သောကဒုက္ခများက ဘ၀ကို ရိုက်ခတ်လာချိန်၌ ကြောက်ရွံ့စိတ်သည် ရှိအပ်သော မိတ်ဆွေမဟုတ်ကြောင်း အတွေ့အကြုံအရ နားလည်ခဲ့သည်။ ယေရှု၌မျက်မှောက်မပြုလျှင် ကြောက်ရွံ့စိတ်ကရှေ့မဆက်နိုင်အောင် ချိနဲ့စေသည်။ မှန်ရာကိုမလုပ်ရဲအောင် တွန့်ဆုတ်စေသည်။
လှေပေါ်မှ လွင့်စင်ပြုတ်ကျသွားမတတ် ပြင်းထန်စွာတိုက်ခတ်နေသည့် လေမုန်တိုင်းကို တပည့်တော်တို့ ရင်ဆိုင်နေရစဉ် သခင်ယေရှုက ရေပေါ်လမ်းလျှောက်လာရင်း “ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်” ဟုမိန့်တော်မူသည် (မ ၁၄း၂၇)။ တဖန် သခင် ကားတင်သတ်ခံရပြီးနောက် တပည့်တော်များမှာ ကြောက်လန့်စွာဖြင့် အခန်းပိတ်နေကြစဉ် ကိုယ်တော်သည်ကိုယ်ထင်ရှားပြလျက် “အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း” (လု၂၄း၃၈)ဟု မိန့်တော်မူသည်။ ရှောင်လွဲမရသည့် စစ်ကြောမှုများကြုံရမည်ကို သိမှတ်နားလည်းလျက် “သင်တို့သည် လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ” ဟုမိန့်တော်မူသည် (ယော ၁၆း၃၃)။ ဆိုလိုရင်းက…