စောင့်ကြည့်ခြင်းနှင့်စောင့်စားခြင်း
ဟေရှာယ အခန်းကြီး ၁၈ တွင် တစ်ကမ္ဘာလုံးတွင် ဘုရားသခင်၏ လူမျိုးတော်ကို စစ်တိုက်ရန် ပြင်ဆင်နေကြပုံပေါ်နေကြောင်းဖတ်ရှုရသည်။ ထိုအခြေအနေတွင် အနန္တတန်ခိုးရှင်၏ တုံ့ပြန်မှုက `ငါသည် (ငြိမ်ဝပ်စွာ) ကျိန်းဝပ်၍ ငါနေရာမှ ကြည့်ရှုမည်´ (း၎) ဟု မိန့်တော်မူသည်။ ဘုရားသခင်ငြိမ်နေခြင်းက တစ်ဖက်မှ လျှံဝှက်ကြံစည်မှုကို လက်ခံသည့် သဘောပေါ်ကောင်းပေါ်နေမည်။ သို့သော် ထိုသို့မဟုတ်ပါ။ ထိုတုန့်ပြန်ပုံက ဘုရားသခင်သည် သူ့အချိန်၌ သူ့အကြံအစည်အတိုင်း အချိန်မှန်၊ အချိန်မှီဆောင်ရွက်မည်ဖြစ် ကြောင်း သတိပေးချက်ဖြစ်၏။
ဟောဟန် ၁၁း၃၉ တွင် လာဇရုသေဆုံးပြီးနောက် ယေရှုက အဘယ်ကြောင့် (၄)ရက်စောင့်ခဲ့သနည်း။ သတိမထား၊ မသိလိုက်ခြင်းလား၊ စင်စစ်သခင်ဂရုစိုက်ပါသည်။ သခင်က သူ လှုပ်ရှားရမည့် အချိန်မှန်၊ သူ သွန်သင်လိုသည့် သင်ခန်းစာအတွက် အချိန်မှန်ကို စောင့်နေခြင်းဖြစ်သည်။
ကျမ်းစာထဲတွင် ဘုရားသခင်ဖက်မှ `နှောင့်နှေးဆိုင်း´ ထားမှုများကို ကျွန်ုပ်တို့ဖက်က ကြည့်လျှင်…
မသုံးရသေးသော ဂီယာများ
ကျွန်တော်ပထမဦးဆုံးပိုင်ဆိုင်သည့် စက်ဘီး၌ ဂီယာတစ်ခုရှိသည်။ ကျွန်တော်အမြန်သွားမလား၊ အနှေးသွားမလား၊ တောင်ပေါ်တတ်မလား၊ တောင်အောက်ဆင်းမလား၊ ထိုဂီယာကို ဘက်စုံသုံးနိုင်သည်။ နောက်ဒုတိယ စက်ဘီးတွင်မူ ဂီယာ(၃)ခုပါသည်။ မြေညီလမ်းအတွက်၊ ကုန်းတက်အတွက်၊ ကုန်းဆင်းအတွက် ဖြစ်သည်။ တတိယမြောက်စက်ဘီးတွင် ဂီယာ(၁၀)ခုပါပြီး ပို၍ရွေးချယ်စရာများပါသည်။ ဂီယာအများကြီး ပါသော်လည်း၊ စက်ဘီးတိုင်း ဂီယာအားလုံးကိုအသုံးမပြုပါ။ အချို့ဂီယာက တောင်တတ်ရန်အစမှာ အသင့်တော်ဆုံးဖြစ်ပြီး၊ အချို့ကအရှိန်မြန်ရန်၊ အချို့က စိန်ပြေနပြေစီးရန်ဖြစ်သည်။ ဂီယာအားလုံးကို အသုံးမပြုခြင်းကြောင့် ထိုဂီယာများကို မလိုအပ်ဟုမဆိုနိုင်ပါ။
ဝိညာဉ်ရေးရာ ဆုကျေးဇူးနှင့် စွမ်းရည်များသည်လည်း ထိုသဘောအတိုင်းဖြစ်ပါသည်။ တစ်ချိန်က လုပ်ခဲ့ဖူးသည့် အလုပ်ကို ယခုတွင် အသုံးခံခွင့်မရဟု ကျွန်မခံစားရချိန်၌ အသုံးမ၀င်၊ အသိအမှတ်ပြုမခံရလေ ခြင်းဟု ဖြစ်နေမည့်အစား ယခုလက်ရှိအသုံးပြုနိုင်သည့် ဂီယာလေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက် သည်။ အဘယ်ကြောင့်ဆိုသော် လတ်တလော၌ ယခုမလိုအပ်သေးသည့် စွမ်းရည်များသည် နောင်ဘယ်တော့ မှ မလိုအပ်ဟု မပြောနိုင်ပါ။…
မကြာမီသေးက ဘုရားသခင်ကျွန်ုပ်အတွက် ဘာပြုခဲ့သလဲ
မိမိပြုမိမှားခဲ့သည့်အရာအတွက် ဘုရားသခင်က ဘယ်လိုမှခွင့်မလွတ်ဟု တထစ်ချ ယုံကြည်နေသူတစ်ဦးကို ကျွန်တော်တွေ့ဖူးသည်။ အဖိုးအိုတစ်ဦးက သူ့ကိုခေါ်ယူစောင့်ရှောက်ထားပြီး နှစ်အတန်ကြာတွင် ထိုလူရွယ်သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသည်သာမက နှုတ် တော်ထွက်စကားကို ဆာငတ်စွဲလန်းသောကြောင့် ကျွန်တော်ဝမ်းမြောက်ခဲ့ရသည်။ နောက်သုံးနှစ် အကြာတွင် သူနှင့်စကားပြောဖြစ်ရာ၊ စိတ်ဓါတ်နိုးကြားတတ်ကြွမှုကို ညည်းတွားမြည်တမ်းခြင်းများက နေရာယူသွားကြောင်း ကျွန်တော်သတိထားမိ၏၊ “ဘုရားသခင်ဟာ သူ့သားသမီးတွေ ဒုက္ခဆင်းရဲနဲ့ ချောင်ပိတ်ရုန်းကန်နေရချိန်မှာ ဘာဖြစ်လို့ လူဆိုးတွေကို အောင်မြင်ကောင်းစားခွင့်ပေးထားတာလဲ၊ ကျွန်တော် နားမလည်နိုင်ဘူး” ဟုဆိုသည်။ (သူအပါအ၀င်ဟုလည်း ဆိုချင်ပုံရသည်။) သူ၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ၀မ်းမြောက်ခြင်းကိုညည်းတွားခြင်း က ၀ါးမြိုသွားခြင်းဖြစ်သည်။
ခရစ်တော်၏ ကျေးဇူးတော်ကို သူအဘယ်မျှလိုအပ်သည်ကို ကျွန်ုပ်တို့မေ့တတ်သကဲ့သို့ သူလည်း မေ့သွားခြင်းပါ။ ခရစ်တော်ကို သူပထမဦးဆုံးအကြိမ်လက်ခံယုံကြည်စဉ်က ရရှိခံစားခဲ့ရသည့် ကျေးဇူးတရားများ က ယခုပျောက်ဆုံးလေပြီ။ ဤအဖြစ်က သခင်ယေရှုသည့် စပျစ်ဥယျာဉ်၌ လုပ်ဆောင်သူတို့ အကြောင်းပုံဥပမာ ကို သတိရစေပါသည်(မ၂၀း၁-၁၆)။…
အစဦးမတိုင်မီ
ကျွန်တော့်သား စတိဗ် ဆယ်ကျော်သက်အရွယ်က “အဖေ တကယ်လို့ဘုရားက ထာဝရကာလပတ်လုံး တည်ရှိခဲ့တယ်ဆို စကြ၀ဠာကြီးကို မဖန်ဆင်းခင်က ဘုရားသခင် ဘာလုပ်နေလဲ” ဟုမေးပါသည်။ ကျွန်တော် မိဘ ဖြစ်ထိုက်မဖြစ်ထိုက် စစ်ကြောလိုက်သည့် မေးခွန်းပင်။ ကောင်းကင်နှင့်မြေကြီးကို ဘုရားမဖန်ဆင်းမီ ကမ္ဘာကြီး၌ ဘာဖြစ်ခဲ့သလဲ (က ၁း၁)။ ၄င်းမတိုင်မီ ဘုရားသခင်၏ ထူးခြားသော ဂုဏ်တော်များအနက် တစ်ခုဖြစ်သည့် “ဥာဏ်ပညာတော်၊ အမြော်အမြင်” သည် တည်ရှိကြောင်း ကျွန်ုပ်တို့သိသည်။ ဥာဏ်ပညာတော် အမြော်အမြင်ကို သု ၈း၂၃ တွင် လူပုဂ္ဂိုလ်အသွင်ဖြင့် “မြေကြီးမဖြစ်မီ … ငါသည် ဘိသိက်ခံပြီး” ဟူ၍ ကိုယ်စားပြုထားသည်။
ကမ္ဘာမြေကြီး သူ့နေရာနှင့်သူ မရှိခင်ကတည်းက ကျေးဇူးတော်အားဖြင့်ရသည့် ခရစ်တော်၏ ကယ်တင်ခြင်းအစီအစဉ်ကိုလည်း ကျွန်ုပ်တို့သိသည်။ (၂တိ ၁း၉) ၌ “ရှေးကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်” ဟူ၍…
မပို-မလို
ကျမ်းစာမှ သတင်းစကားများကို တလွဲခံယူမိရန် လွယ်ကူကြောင်း ရေးသားချက်ကို ကျွန်တော် မကြာမီက ဖတ်ခဲ့ရသည်။ ဘုရားသခင်ဆိုလိုသည့် အကြောင်းအရာကို ပြောပြသွန်သင်ရန် အခွင့်ပေးရမည့် အစား လူအချို့က မိမိ၏ယုံကြည်ခံယူချက်သည်မှန်ကန်ကြောင်း ကျမ်းစာက ထောက်ခံသည့် သဘော ဆွဲယူရန် ကြိုးစားသည်။ အကြောင်းကိစ္စတစ်ခုကို အချို့ကကျမ်းစာကိုသုံးကာ တစ်ဖက်သတ်ကာကွယ်ပြီး အချို့က ထိုကိစ္စကို ကျမ်းအထောက်အထားဖြင့် ထိုးနှက်သည်။ ထိုလူနှစ်စုလုံးသည် မိမိ၏ အမြင်ရှုထောင့် ကို ပံ့ပိုးရန် ကျမ်းစာကို ကိုးကားခြင်း ဖြစ်သောကြောင့် မည်သူမျှမမှန်နိုင်ပါ။
ကျမ်းစကားများကို ထပ်မံဖြည့် ထပ်မနုတ်ဘဲ အရှိအတိုင်းပြောရန် အလွန်အရေးကြီးပါသည်။ အကယ်၍ မှားပြီးတလွဲခံယူမိမည်ဆိုလျှင် တစ်ဆင့်ပြန်တင်ပြမှုလွဲမှားပြီး ဘုရားသခင်၏ သဘောတော်များကိုပါ မှားပြီးဖော်ပြမိလိမ့်မည်။ ထို့ကြောင့် ရှင်ပေါလုက တိမောသေကို “သင်မူကား ၀န်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့” ဟု စိန်ခေါ်ခဲ့သည်။ ရှက်ကြောက်စရာမရှိဘဲ…
ချိုင့်ဝမ်းတစ်လျှောက် စောက်ရှောက်သူ
“ငါက ကောင်းကင်နိုင်ငံသွားရမှာကို စိတ်ချလို့၊ သေချာလို့ သေခြင်းကိုမကြောက်ဘူး။ ဒါပေမယ့် သေရမှာဆိုတဲ့ဖြစ်စဉ်ကိုကြောက်တယ်။” ဟု လူတစ်ချို့၏ စကားကို ကျွန်တော်သွားဖူးသည်။ ဟုတ်ပါသည်။ ခရစ်ယာန်ဖြစ်သောကြောင့် ကောင်ကင်နိုင်ငံသို့ ဦးတည်နေခြင်ငြားလည်း သေခြင်းကိုကြောက်ကောင်းကြောက် နေမည်။ ၄င်းကိုဝန်ခံရန် ရှက်စရာမလို။ ဝေဒနာခံရမှာ၊ မိမိချစ်ခင်ရသူသေဆုံးသွား၍ဝေးကွာရမှာ၊ မိသားစု အတွင်းချွတ်ခြုံကျမှာ၊ လေကနှင့်ဆိုင်သည့် အခွင့်အရေးများကိုရှုံးမှာကို စိုးရိမ်ခြင်းသည်သဘာဝကျပါသည်။
ခရစ်၏ယာန်များသေခြင်းကို ဘာကြောင့်ကြောက်စရာမလိုသနည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်သေခြင်းကို အောင်ခဲ့ပြီးဖြစ်၍ ခရစ်တော်နှင့်အတူရှိသည့် ကျွန်ုပ်တို့လည်း ရှင်ပြန်ထမြောက်မည်။ ထိုကြောင့် ရှင်ပေါလုက ၁ ကော ၁၅း၅၆-၅၇ တွင် “သေမင်း၏လက်နက်ကား ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်ခြင်းအခွင့် ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
စင်စစ်သေခြင်းတရားဟူသည် ခရစ်တော်နှင့်တစ်သက်လုံးနေရအောင် ကျွန်ုပ်တို့ကို ကြိုဆိုပို့ဆောင်နေ ခြင်းဖြစ်သည်။ သေမင်း၏…
ခြံစည်းရိုးမှ သင်ခန်းစာများ
မတ်လတွင် လေတဟူးဟူးတိုက်ပြီး ခြံစည်းရိုးပြိုသွားရာ မကြာသေးသည့် ယခင်လကမှ ဆောက်ထား ခြင်းဖြစ်၍ ဆောက်ပေးခဲ့သူကို ကျွန်တော်ပထမဆုံးအပြစ်တင်မိသည်။ နောက်မှ သေချာစွာစဉ်းစားကြည့်ရာ ကျွန်တော့်အမှားဖြစ်ကြောင်းသိလိုက်ရသည်။ ခြံစည်းရိုးကို ကွန်ကရစ်တိုင်နှင့်အစားထိုးစရာမလိုကြောင်း “ခြံစည်းရိုးတိုင်အသစ်ကို တိုင်အဟောင်းနဲ့ပဲ တွယ်ကပ်ထားလိုက်သည် အဆင်ပြေပါလိမ့်မယ်” ဟုပြောခဲ့သည် လေမလာခင်အထိအဆင်ပြေခဲ့ပါသည်။
နှုတ်ထွက်တရားစကားကို နားခံခြင်းကျောက်အုတ်မြစ်၌ ကျွန်ုပ်တို့၏ အသက်တာကို တည်ဆောက်ရန် လိုအပ်ကြောင်း ယေရှုက အလေးပေးပြောကြားခဲ့သည်။ “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား ၍ နားထောင်၏ ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက်သော ပညာရှိနှင့်တူကြောင်းငါပုံပြမည် မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော် ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ပဲနေ၏ ထိုသူသည် သဲပေါ်မှာအိမ်ဆောက် သော လူမိုက်နှင့်တူကြောင်းငါပုံပြမည်” (မဿဲ ၇း၂၄-၂၆)။ လေနှင့်မိုးတိုက်ခတ်လာချိန်တွင် ကျောက်ပေါ် ဆောက်သော အိမ်သည်သာလျှင်တည်၏။
ဘုရားစကားကိုကြားရန် အရေးကြီးပါသည်။…
ပြောင်းဖူးနန်းတော်
Mitchell Corn Palace ၏ နံရံထက်၌ အလွန်လှပသည့် နံရံဆေးရေးပန်းချီများကို နှစ်စဉ်နှစ်တိုင်း ခင်းကျင်းပြ သထားသည်။ ငှက်များ အုပ်စုလိုက်ပျံသန်းနေပုံ၊ အနောက်အရပ်သို့ မျက်နှာမူနေ့သည့် မြင်းလှည်းကုန်တွဲများ၊ အမေရိကန်တိုင်းရင်းသားတို့၏ သားရေ၊ သစ်ခေါင်းများနှင့် ကာမိုးထားသည့် တဲ့ပုံများပါရှိသည်။ ဤနံရံပန်းချီတိုင်းကို ဂျုံ၊ ပြောင်း၊ မြက်များဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အပြင်ဖက်၌ရှိသော ပြောင်းများကို ကျေးငှက်များ လာရောက်စားသောက်သဖြင့် နှစ်စဉ်အသစ်ပြန်လုပ်ရသည်။
သခင်ယေရှုက ငှက်နှင့်မျိုးစေ့များ အကြောင်းနှင့်ပတ်သက်၍ ပုံဆောင်ချက်ကို (မာ ၄း၃-၄၊ ၈) ၌ ပြောဆိုခဲ့သည်။ “နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ကောက်စားကြ၏။ … အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။
ခရစ်တော်က “တရားစကားကို…
အလုပ်လုပ်သောအသင်းတော်
ကျွန်တော်တို့ဇနီးမောင်နှံ၏ နှစ် ၅၀ ရွှေရတု မင်္ဂလာနှစ်ပတ်လည်အဖြစ် နော်ဝေးပြည်ရှိ ချောက်ကမ်း ပါးများကြား ပင်လယ်ရေ၀င်လမ်းတစ်လျှောက် အပျော်စီးသင်္ဘောဖြင့် ခရီးထွက်ခဲ့ပြီး ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော်တို့ မြောက်ဖက်သို့ခရီးပြုရင်း မြို့ရွာပေါင်းများစွာတွင် ရပ်နားကြသည်။ ရံဖန်ရံခါ ဘုရားကျောင်း အချို့သို့လည်း သွားရောက်ခဲ့ကြရာ၊ ၁၂ ရာစုခန့်က ဘုရားကျောင်းတစ်ကျောင်းကို “အခုထိ အလုပ်လုပ်နေတဲ့ အသင်းတော်” ဟု ဧည့်လမ်းညွှန်က ဂုဏ်ယူစွာပြောခဲ့သည်။ ထို့ကြောင့် “ဘာကိုဆိုလိုတာလဲ” ဟု မေးလိုက်ရာ သူမက ၄င်းသည် ပြည်သူပိုင် ဘုရားကျောင်းဖြစ်ပြီး အစိုးရခန့်ထားသည့် သင်းအုပ်က အချိန်တန် လစာထုတ်ရုံသာရှိကြောင်း၊ ဘုရားရှိခိုအစည်းအဝေးကို မည်သူမှ မတတ်ကြဟု ပြောပြသည်။ ဤ ဘုရားကျောင်း၌ လူမရှိလည်း ဘုရားသခင်ကို သစ္စာရှိစွာ ပုံမှန်ဝတ်ပြုလျက်တက်ကြွနိုးထစွာနှင့် နှစ်ပေါင်း ၁၀၀၀ ကျော်မျှ ဆက်ကပ်အစေခံပါသည်တကား။
ချက်ခြင်းဆိုသလို ဗျာဒိတ်အခန်းကြီး ၂ နှင့် ၃…
ကြောက်စိတ်မွှန်မလား၊ ဆုတောင်းမှာလား။
သီလရှင်ကျောင်း၌ တစ်ဦးတည်းနေထိုင်သည့် ၈၅ နှစ်အရွယ်အဘွားအို တစ်ဦးသည် ဓါတ်လှေကား၌ ၄ ညနှင့် ၃ရက်ကြာ ပတ်မိနေခဲ့သည်။ သူ့ထံ၌ ရေတစ်ခရား၊ တရုတ်နံနံတစ်စည်းနှင့် ချောင်းဆိုးပျောက်ဆေးရည် အနည်းငယ်ပါသွား၍ တော်တော့သည်။ ဓါတ်လှေကားပွင့်အောင်၊ ဖုန်းလိုင်းမိအောင်ကြိုးစားရင်း၊ မအောင်မြင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ဓါတ်လှေကားထဲမှ သူ့ကိုကယ်ထုတ်ခဲ့ပြီးနောက်တွင် သူက “ကြောက်စိတ်မွှန်မှာလား၊ ဆုတောင်းမလား၊ တစ်ခုခုတော့လုပ်ရမှာပဲ” ဟု စီအဲန်အဲန်သတင်းဌာနသို့ ပြောကြားခဲ့သည်။ စိတ်ဒုက္ခရောက်နေချိန်တွင် ဘုရားသခင်ကို ခိုလှုံရင်း သူမကို လာကယ်မည့်အချိန်ကို စောင့်စားနေခဲ့သည်။
အာသမင်းလည်းကြောက်နေမှာလား။ ဆုတောင်းနေမှာလား၊ ဆိုသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည် (၂ရာ ၁၄)။ အင်အားသန်းနှင့်ချီရှိသည့် ကုရှတပ် (အီသီယိုးပီးယား)၏ တိုက်ခိုက်မှုကို ခံရချိန်တွင် အာသမင်းသည် ကြီးမားသော စစ်တပ်နှင့်ရင်ဆိုင်ခဲ့ရသော်လည်း၊ စစ်နည်းဗျူဟာအပေါ် အမှီမပြု ထိတ်လန့်ပြီး နှိမ့်ချခြင်းနှင့် ဆုတောင်းခဲ့သည်။ အာသမင်းသည် ဘုရားအပေါ်အကြွင်းမဲ့ ပုံအပ်အမှီပြုကြောင်း…