တစ်ကျော့ပြန် ပြောင်းလဲခြင်း
ဘီလ်သည် ကျွန်တော်ကျမ်းစာကျောင်းတက်စဉ်က သိရှိခဲ့သည့် သူငယ်ချင်းတစ်ဦး ဖြစ် သည်။ သူသည် မကောင်းမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သောဘ၀မှ ခရစ်တော်ထံ ပြောင်း လဲလာသူဖြစ်ပြီး၊ သူ့အကြောင်းကို ဤသို့ပြောပြပါသည်။ “သူများမိန်းမကို ဘေးမှာထားပြီး ဘရန်ဒီအရက်သောက်လို့ လမ်းမတစ်လျှောက် ကားမောင်းလာတယ်။ လမ်းသွားလမ်းလာတွေကို ခရစ်တော်အကြောင်း သက်သေခံနေတဲ့ ခရစ်ယာန်တစ်ချို့ကိုတွေ့တော့ သူတို့အနား ကားမောင်း သွားပြီး`အရူးတွေ´လို့အော်ခဲ့တယ်။ ဒါပေမယ့် နောက်သီတင်းပတ် အနည်းငယ်ကြာပြီးနောက် ဘုရားကျောင်းထဲမှာ ဒူးထောက်ပြီး သခင်ခရစ်တော်ကို ကယ်တင်ပိုင်ရှင် သခင်အဖြစ် ခေါ်ဖိတ် လက်ခံနေတဲ့ ကိုယ့်အဖြစ်ကိုတွေ့လိုက်ရတယ်။” အသက်ရှင်မှု ပုံစံဟောင်းကို စွန့်ပစ်ပြီး ခရစ်တော်၌ အသစ်သော အသက်တာကို ကြုံတွေ့ခံစားခဲ့ရပြီး၊ ဘီလ်၏ ပြောင်းလဲခြင်း ထွက်ပေါ် လာသည်။ ၎င်းသည် အသက်တာ ပြောင်းလဲ တစ်ကျော့ပြန်ခြင်း ဖြစ်သည်။
သန့်ရှင်းသော ၀ိညာဉ်တော်တို့ထိပြီး အစပြုသော စစ်မှန်သောနောင်တ၌ အမှန်ပြောင်းလဲ ခြင်းပါဝင်သည်။…
ရွှေကျင်ခြင်း
အလာစကားသို့ အပန်းဖြေခရီးထွက်စဉ်က၊ အယ်ဒိုရာဒို ရွှေတွင်းသို့ သွားရောက်လည် ပတ်ခဲ့သည်။ ရှေးခေတ် လူတို့ ရွှေရှာစဉ်က ရွှေကျင်ပုံကျင်နည်း သရုပ်ပြမှုများကို ကြည့်ရှုပြီးနောက် ကျွန်မတို့ လက်တွေ့ရွှေကျင်ကြသည်။ လူတိုင်းကို ဒယ်ပြားတစ်ခု၊ သဲနှင့်ကျောက်တုံးများပါသော အိတ်တစ်လုံးစီပေးသည်။ သဲနှင့် ကျောက်တုံးများကို ဒယ်အိုးပြားထဲ လောင်းချပြီး ရေလောင်း ထည့်က ဒယ်ပြားကို စက်ဝိုင်းပုံလှည့်ပေးရသည်။ ရွံ့နှင့်သဲများအပေါ်သို့ ကြွလာပြီး အချိန်စီးသော ရွှေများ အနယ်ထိုင်သွားစေရန်ဖြစ်သည်။ ကျွမ်းကျင်သူများကို ကြည့်ပြီး လိုက်လုပ်သော်လည်း မရပါ။ အဘယ်ကြောင့်ဆိုသော် တန်ဖိုးရှိသည့်အရာကိုလွှင့်ပစ်မိမည်ကို စိုးရိမ်ပြီး တန်ဖိုးမရှိသည့် ကျောက်ခဲသဲများကို လွှင့်ပစ်ရန် တုံ့ဆိုင်းနေခြင်းကြောင့်ပါ။
အမှန်တကယ်တန်ဖိုးရှိသောအရာကို ရှာမတွေ့နိုင်အောင် လက်ဝယ်ရှိသောအရာများက ဟန့်တားကြောင်း ဤအမှုက သတိပေးနေ၏။ ဤအဖြစ်နှင့်ကိုက်ညီနေသော သူဌေးလေးတစ်ဦးကို ယေရှုတွေ့ကြုံခဲ့ရသည်။ သူ၏လောကီစည်းစိမ်များက ၀ိညာဉ်ရေးရတနာထက်ပင် အရေးကြီးနေ သည်(လု ၁၈း၃၀)။ “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။” ဟုယေရှုရှင်…
သင်တို့ ပြည့်စုံသည် တိုင်အောင်
စင်္ကာပူတွင် နေထိုင်သောမိတ်ဆွေတစ်ဦးက ရှေးယခင် တရုတ်လူမျိုးတို့ နှုတ်ခွန်းဆက်ပုံ ကို ပြောပြရာ၊ `နေကောင်းလား´ဟု နှုတ်ဆက်ခြင်းထက် `ဗိုက်ကားနေအောင် ထမင်းစားပြီးပြီး လား´ ဟု နှုတ်ဆက်ကြသည်။ အစာရေစာရှားပါချိန်၊ နောက်ထပ်ထမင်းတစ်နပ်ကို မည်သို့စား သောက်ရမည်ကို မသိဖြစ်နေချိန်တွင် ဤနှုတ်ဆက်စကား စတင်ပေါ်ပေါက်လာခြင်း ဖြစ်မည်။ အစားအသောက်ရှိချိန်၌ ဗိုက်ဝအောင် စားထားရန် အကြံပေးချက်က ကောင်းပါသည်။
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူ ၅၀၀၀ ကို အံ့ဩဖွယ် သခင်ယေရှုက ကျွေးမွေးပြီး နောက်(ယော၆း၁-၁၃)၊ သခင့်နောက်လိုက်သော လူထုကြီး၏ လိုချင်တပ်မက်စိတ်များလာသည် (း၂၄-၂၆)။ ပျက်စီးတတ်သော ကာယအစာအတွက် အလုပ်လုပ်ရန်မဟုတ်ပါ။ “လူသားသည် သင် တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှါ ကြိုးစားကြလော့။.... ငါသည် အသက်မုန့်ဖြစ်၏။ ငါထံသို့လာသော သူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေမငတ်ရ”(း၂၇၊၃၅)…
ဝမ်းမြောက်စွာဖြင့် အကောင်းဆုံး အစေခံပါ
လွန်ခဲ့သော ၉ နှစ် ဤနေ့၌ မိတ်ဆွေကောင်းတစ်ဦးသည် နေ့လည်ခင်းလေ့ကျင့်ခန်း ယူရန် ထွက်သွားပြီးနောက် ပြန်မလာတော့ပါ။ Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)၏ အယ်ဒီတာ ချုပ်ဖြစ်သူ ကတ်ဒီ ဟန်းသည် ထိုနေ့၌ နှလုံးရောဂါဖောက်ကာ ကွယ်လွန်သွားသည်။ သူနှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးသော ကျွန်တော်တို့မှာ သူနှင့်ပတ်သက်သော အမှတ်တရများကို ရုံးခန်းတွင် ထားရှိဆဲပါ။
ကျွန်တော့်ရုံးခန်းနံရံပေါ်၌ ကတ်ထံမှ နောက်ဆုံးရရှိသော မှတ်စုတိုလေးကို ရေး၍ ကပ် ထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ၊ ကောင်းမွန်စွာ ဖော်ပြနိုင်အောင် ကြိုးပမ်းရသည့် စာတည်းတစ်ဦး၏စေ့စပ်မှုကို ၎င်းကအမှတ်ရစေသည်။ အခြားသောလုပ်ဖော် ဆောင်ဖက်တဦးကလည်း သူမကို ကတ် နောက်ဆုံးရေးပေးသည့် စာရွက်ခေါက်လေးကို ကပ်ထား သည်။ ကတ် သည် ဘ၀ကိုအားရရွှင်လန်းစွာ ခံစားဝမ်းမြောက်ကြောင်း အမှတ်ရစေသည်။
ကတ်အကြောင်းပြန်ပြောဖြစ်တိုင်း၊ သူ့ကို သတိရကြောင်း ပြောတိုင်း၊ကောင်းသည့်ကိစ္စကို သူရှာဖွေလုပ်တတ်သည့်အကြောင်း၊ သူ၏နှစ်လိုဖွယ်…
ပုံမှန်ဘ၀သစ် အစပြုခြင်း
စိတ်ဒဏ်ရာရသူများ၊ ကြေကွဲဝမ်းနည်းခြင်းများ၌ စောင်မလမ်းပြသူ သင်းအုပ်တစ်ဦးက နာကျင်ခံစားသူများ၏ အကြီးဆုံးအခက်အခဲမှာ လတ်တလောဆုံးရှုံးမှုအတွက် စိတ်ကြေကွဲရခြင်း မဟုတ်ဟု သုံးသပ်ခဲ့သည်။ ရှေ့ဆက်ရမည့် ယခင်ကနှင့်မတူတော့သည့်ဘ၀ကို လိုက်လျောညီ ထွေအောင်နေထိုင်ရခြင်းက ၎င်းတို့အတွက် အကြီးဆုံးပြဿနာဖြစ်သည်။ တစ်ချိန်က ပုံမှန်ဖြစ် အသားကျနေမှုမျိုးကို ဘယ်တော့မှ ပြန်မရနိုင်ပြီ။ သို့ဖြစ်၍ ကူညီမစသူများအနေဖြင့် ကြေကွဲ နာကျင်သူများ “ပုံမှန်ဘ၀သစ်စတင်” နိုင်အောင် ကြိုးစားရာ၌ ကူညီရန်ဖြစ်သည်။ ပုံမှန်ဘ၀သစ်၌ ကျန်းမာရေး၊ အဖိုးတန်ပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင်ကောင်းကောင်းတို့ ပါရှိချင်မှ ပါရှိ တော့မည်။ ချစ်ရသူ ဆုံးပါသွား၍ သူမရှိတော့သည့် ဘ၀ကို နေထိုင်ရခြင်း ဖြစ်ကောင်းဖြစ်မည်။ ထိုသို့သော် ကြီးလေးသည့်ဆုံးရှုံးမှုများက မိမိမကြိုဆို မလိုချင်သောဘ၀ ဖြစ်လင့်ကစား ယခင်နှင့် မတူတော့သည့် ဘ၀ကို ရှင်သန်ရန် ဖိအားပေးနေတော့၏။
“ပုံမှန်ဘ၀သစ်အစပြုရန်” ကျွန်ုပ်တို့ကြုံလာရစဉ် မိမိခံစားရသမျှကို မည်သူမျှ နားမလည် ဟု အလွယ်တကူပင်တွေးမိသည်။ သို့သော်…
ခွင့်မပြု/ အခွင့်မရှိ
စက္ကူစက်ရုံမှ အနားယူသောအခါ အဖေ့ကို သမ္မာကျမ်းစာအုပ် လက်ဆောင် ပေးကြသည်။ ၎င်းကို သန့်ရှင်းသော သမ္မာကျမ်းစာ ဟု ရိုက်နှိပ်ထားသော သစ်ကတိုးသားဗူးထဲထည့်ထားသည်။ “သန့်ရှင်သော” ဟူသည့် စကားလုံးကြောင့် ၎င်းကို ကျွန်မကိုင်တွယ်ခွင့်မရှိဟု ကျွန်မယူဆခဲ့သည်။ သို့ငြားလည်း ဗူးအတွင်းသို့ ကျွန်မချောင်းကြည့်ခဲ့သည်။ ကျမ်းစာအုပ်၏ အလယ်တည့်တည့်တွင် သခင်ယေရှုကားစင်တင်ခံရသည့် ပုံပါရှိသည်။ ထိုပုံနှင့်တွဲလျက် ယော ၃း၁၆ ကျမ်းပိုဒ်ကို ပုံနှိပ် ထားပြီး၊ အနီရောင်ဖလင်ပြားဖြင့် ဖုံးထားသောကြောင့် သွေးထွက်ပြီး ကိုယ်တော်သေဆုံးသည့် အဓိပ္ပါယ်ဟု ကျွန်မယူဆမိသည်။
ရံဖန်ရံခါ မည်သူမျှ မရှိသည့် အချိန်တွင် စင်ပေါ်မှ သန့်ရှင်းသောကျမ်းစာအုပ်ကို ညင်သာ စွာထုတ်၊ ဗူးကိုဖွင့်၍ ကားတိုင်ထက်ရှိ ယေရှု၏ပုံကိုကြည့်၊ ကျမ်းပိုဒ်ကိုဖတ်၊ ပြီးနောက် ဤပုဂ္ဂိုလ် အကြောင်း၊ ဘာကြောင့်အသေခံရသနည်း၊ သူ့မေတ္တာက ကျွန်မအတွက်ရောပါလား။ သူ့မေတ္တာ ခံစားဖို့ ကျွန်မ၌ အခွင့်မရှိဖြစ်နေသလား စသည်ဖြင့်တွေးမိသည်။…
ကောင်းကင်ထက်မှ မှေးစက်အိပ်ပျော်ခြင်းမရှိသူ
လေယာဉ်ပျံများ၌ အန္တရာယ်အရှိဆုံး အခြေအနေတစ်ခုမှာ မြေပေါ်ဆင်းသက်သည့် အချိန် ဖြစ်သည်။ လေယာဉ်က မြေပြင်နှင့် နီးကပ်လာလေ လေယာဉ် ယာဉ်ကြော အသွားအလာ ပိုကျပ် လာသည်။ မြေပြင်ရှိ ရာသီဥတုမှ ပေ ၃၀၀၀၀ အထက်ရှိ ရာသီဥတုထက် ပိုဆိုးသည်။ ထို့အပြင် လေယာဉ်ပြေးလမ်း၌ လမ်းရှင်းချင်မှရှင်းမည်။ သို့ဖြစ်၍ လေယာဉ်မှူးများသည် လေယာဉ်အစီး တိုင်းထိခိုက်မှုမရှိဘဲ ဆိုက်ရောက်နိုင်အောင် လေယာဉ် အသွားအလာ ထိန်းချုပ်ခန်းမှ ပေးပို့သော အချက်အလက်အသေးစိတ်ကို အမှီပြုကာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရသည်။ လေယာဉ် ထိန်းချုပ်ခန်းမရှိပါက အခြေအနေရှုပ်ထွေးကာ ဧကန်မုချပရမ်းပတာဖြစ်မည်ပင်။ ထိုကြောင့် ခရီး သည် အပြည့်တင်ဆောင်လာသော လေယာဉ်မှ ထိန်းချုပ်ခန်းသို့ သတင်းပို့သော်လည်း ပြန်လည် တုံ့ပြန်မှုမရသောအခါ လေယာဉ်မှူးကြီးအလွန် ထိတ်လန့်သွားမည်ပင်။ စင်စစ်ထိန်းချုပ်ခန်း၌ တာဝန်ကျသူမှာရှိနေသော်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေ၍ လေယာဉ်နှင့်တကွ ခရီးသည်များ ပျက်စီးဆုံးရှုံးမည့် အခြေဆိုက်သွားခြင်းဖြစ်သည်။ သို့သော်…
အန္တရာယ်များသောလုပ်ငန်း
၂၀၁၀ ခုနှစ်၌ ကမ္ဘာနှင့်အ၀ှမ်း ငွေကြေးကြပ်တည်းကပ်ဆိုက်၍ ဘဏ်လုပ်ငန်းကြီးတစ်ခုမှ ၎င်းတို့ ရောင်းချလိုက်သော ရင်းနှီးမြှပ်နှံမှုလက်မှတ်များသည် အန္တရာယ်များပြီး၊ ၀ယ်ယူသူများကို လိမ်ညာမှုအတွက် အမှုဆောင်အရာရှိများမှာ စစ်ဆေးမေးမြန်းခံရသည်။ အမြတ်များများရမည်ဟု ဂတိပြုသည့် တစ်ချိန်တည်းမှာပင် ရင်းနှီးမြှပ်နှံမှုများက ရှုံးမှာသေချာပြီး၊ လက်မှတ်ဝယ်ယူသူများ အတွက် ဘာမှကျန်မည် မဟုတ်ကြောင်းကို သူတို့သိနေကြသည်။
လိမ်ညာလှည့်စားခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ သခင်ယေရှုက စာတန်၌ “သစ္စာ တရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ ...မုသားစကား၌ ကျင်လည်သောသူဖြစ်၏” (ယော ၈း၄၄)ဟု သရုပ်ဖော်ထားသည်။ ကျွန်ုပ်တို့၏ ၀ိညာဉ်ရန်သူက ထာဝရဆုံးရှုံးမည်ကို သိ လျက်နှင့် “လက်ရှိဘ၀အတွက်သာ ရှင်သန်ပါ” ကျွန်ုပ်တို့ကို ပြောသည်။
သခင်ယေရှုက သူ့တပည့်တော်များကို ကြွယ်ဝပြီး လွယ်ကူချောမွေ့သည့် အသက်တာ ပေးမည်ဟု ပြောမထားသော်လည်း မိမိကိုယ်ကိုစွန့်လွတ်ပူဇော်ရန်နှင့် ကိုယ်တော်၏ သဏ္ဍာန်ကို ယူတင်ဝတ်ဆောင်ရန် သူတို့ကိုခေါ်ယူတော်မူ၏။ မိမိသည် အသတ်ခံရပြီး သေခြင်းမှ ရှင်ပြန်ထ…
ဘုရားသခင်၏ပုံ
တစ်နေ့သ၌ ကျွန်မ၏ သားငယ်သည် လိမ္မော်ရောင် မှင်တံဖြင့် ဖခင်ဖြစ်သူ၏ ပုံဆွဲပါသည်။ လမ်းလျှောက်ကာစ သားလေးက မျဉ်းရှည်ရှည်နှစ်ချောင်းပေါ်တွင် စက်ဝိုင်းတစ်ဝိုင်း ဆွဲကာ ထိုစက်ဝိုင်းထဲ၌ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ရေးဆွဲထားသည်။ (မျဉ်းရှည်များက ခြေထောက်ဟု ကျွန်မကိုပြောသည်။) သားလေး၏ အားထုတ်မှုအတွက် အမှတ်ကောင်းကောင်း ရရှိခဲ့သော်လည်း မျက်လုံးပြာပြာ၊ ယုံကြည်ချက်အပြည့်ရှိသောအပြုံး၊ ငွေရောင်ဆံနွယ်ပိုင်ရှင် ကျွန်မ၏ခင်ပွန်း၊ သူ့ ဖခင်၏ပုံစံကိုဖြင့် စိုးစင်းမျှပင် အမိအရ မဆွဲနိုင်ပါ။
ဘုရားသခင်၏ သားသမီးများအနေဖြင့် တစ်ခါတစ်ရံ၌ ကောင်းကင်ဘုံရှင် အဖဘုရားသ ခင်၏ပုံကို မှားယွင်းစွာရေးဆွဲဖန်တီးကြသည်။ ကျွန်ုပ်တို့၏ အသက်တာထဲရှိ မှားယွင်းသော အကျင့်များကို ကိုယ်တော်ပြုပြင်ပေးသောအခါ ချစ်စရာ မကောင်းသူအဖြစ် ဘုရားသခင်အား ရှုမြင်တတ်သည်။ ဆုံးမချက်ကြောင့် နာကျင်ရ၍ (ဟေဗြဲ ၁၂း၁၁)၊ ဘုရားသခင်၏ ပြုပြင်ပေးမှုကို ဘုရား၏ လက်စားချေခြင်း (သို့) ဘုရားသခင်၏ အမျက်တော်သက်ရောက်ခြင်းဟု…
အရာခပ်သိမ်း၏ သီအိုရီသဘောတရား
သိပ္ပံပညာရှင်များက “အရာခပ်သိမ်း၏သီအိုရီသဘောတရား”ကို စူးစမ်းရှာဖွေ နေကြ သည်။ ယင်းသီအိုရီကိုတွေ့ရှိပြီးဟု ရူပဗေပညာရှင် ဘရိုင်ယန်ဂရင်းက ယူဆသည်။ သူသည် “The Elegant Uni_verse: Superstrings, Hidden Dimensions, and the Quest for the Ultimate Theory” ဟူသောစာအုပ်ကို ရေးသားခဲ့သည်။ ၎င်း၏ “string theory” မှာ ရှုပ်ထွေး သည်။ သူက အရာခပ်သိမ်း၏ အသေးငယ်ဆုံးသော အပိုင်း၌ တုန်ခါနေသော အမျှင်များ ပါဝင်ဖွဲ့ စည်းထားသည်ဟု အဆိုပြုထားသည်။ သူ၏ သီအိုရီကို “ကမ္ဘာကြီး၏တည်ဆောက်မှု အခြေခံ အင်္ဂါရပ် တစ်ခုစီကို ဖြေရှင်းပြမည့် အခြေခံဖွဲ့စည်းပုံ” ဟု ဖော်ညွှန်းထားသည်။
နှစ်ပေါင်းများစွာ ကတည်းကပင် အတွေးအခေါ်ပညာရှင် နယူတန်မှစ၍ အိုင်းစတိုင်း၊ ဟော် ကင်း၊ ထို့နောက် ဂရင်းတို့သည် ၎င်းတို့၏ဘ၀…