တစ်ဦးကိုတစ်ဦး မြှင့်တင်ပေးခြင်း
အင်တာနက် လူမှုကွန်ယက် ဆက်သွယ်ရေးမှာ တိုးတက်ကျယ်ပြန့်လာသည်။ နေရာဒေသ လွန်စွာဝေးကွာနေလည်း အွန်လိုင်းမှ မိတ်ဆွေများ၏ အတွေးအမြင်များ၊ ၎င်းတို့၏ ဂရုစိုက် နားထောင်ပေးမှုများကို လူတို့ရရှိနိုင်သည်။ ဘလောက်၊ ထွစ်တာ၊ အီးမေးလ်နှင့် ၀ဘ်ဆက်သွယ်မှု များက ၀ိညာဉ်ရေး လမ်းညွှန်မှုများ ရယူနိုင်အောင်၊ ပေးဝေနိုင်အောင် ထပ်မံ၍ လမ်းဖွင့်ပေးသည်။
သို့ငြားလည်း လမ်းပြညွှန်မှုအတွက် ရင့်ကျက်သော ယုံကြည်သူများနှင့် လူချင်းတွေ့ဆုံ ခြင်းသည်လည်း တန်ဖိုးရှိပါသည်။ ဧလိရှဲက ဧလိယနောက်လိုက်သည် (၃ရာ ၁၉း၂၁)။ ပေါလု သည် တိမောသေအား “ယုံကြည်ခြင်းအားဖြင့် သားစစ်” တစ်ဦးကဲ့သို့ လမ်းညွှန်သွန်သင် ခဲ့သည်(၁တိ၁း၂)။ ၀ိညာဉ်ရေးရာ ကြီးထွားမှုကို တိုးပွားစေမည့် လမ်းညွှန်သွန်သင်မှုကွန်ယက် တည်ဆောက်ရန်လည်း တိမောသေကို နှိုးဆော်တိုက်တွန်းခဲ့သည် (၂တိ ၂း၂)။ “အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊အိပ်လျက် ထလျက် ရှိသည်ဖြစ်စေ” တစ်နေ့တာလုံး သားသမီးများကို သွန်သင်ရန် မိဘများကို…
ဆုချီးမြင့်ခြင်းမခံရသော
အများသောအားဖြင့် ကျွန်ုပ်တို့သည် မိတ်ဆွေသူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ကျောပုတ်၍ အားပေးခြင်း၊ သူရဲကောင်းပမာအားပေးခြင်း၊ လက်ခုပ်တီး၍အားပေးခြင်း၊ စိတ်ရင်း နှင့်ချီးမွမ်းခြင်း စသည်တို့ကို ဆုလဘ်အဖြစ် ရယူလိုကြသည်။ သို့သော် သခင်ယေရှုပေးမည့် ပို၍ အရေးပါသောဆုလဘ်ကမူ ကျွန်ုပ်တို့ကို သေခြင်းအလွန်၌ စောင့်ဆိုင်းနေသည်။ လျှို့ဝှက်စွာပြု သည့် အပြောင်မြောက်ဆုံးသော လုပ်ရပ်တို့ကို အခြားသူတို့မမြင်၊ ကိုယ်တော်သာ မြင်တော်မူ သည်။ ရှင်းရှင်းဆိုရလျှင် ကောင်းကင်နိုင်ငံ၏ မှာတမ်းမှာ “အခြားသူများအတွက်မဟုတ်၊ ဘုရားသ ခင် အတွက်သာ အသက်ရှင်ပါ” ဟူ၍ဖြစ်သည်။
လောကရှိစည်းစိမ်များထက်သာ၍ ကောင်းသောဘဏ္ဍာကို ကျွန်ုပ်တို့ကောင်းကင်ဘဏ္ဍာ အဖြစ် သိုထားပြီး(မ ၆း၂၀)၊ ထိုဘဏ္ဍာမှာ ခံစားရသည့် ဆင်းရဲဒုက္ခများအတွက် ဘုရားသခင်က ပြန်ပေးဆပ်သော ဆုလဒ်ဖြစ်သည်ဟု ခရစ်တော်သွန်သင်သည်။ တမလွန်အသက်တာနှင့် ပတ် သက်၍ ဓမ္မဟောင်းကျမ်း၌ သာမန်ကာလျှံကာ အရိမ်အမြွက်မျှသာ ဖော်ပြခဲ့သော်လည်း သခင် ယေရှု “ဖြောင့်မတ်သော…
ဟဲမန်၏ ရိုးသားမှု
ဆာလံ ၈၈ ကို ရေးသားခဲ့သူ ဆာလံဆရာ ဟဲမန်(Heman)ကို အလွန်အံ့ဩချီးမွမ်းမိသည်။ သူ၏ဘ၀ကြမ္မာက စိတ်သောကဖြစ်ဖွယ် ဆင်းရဲဒုက္ခအတိဖြစ်သည်။ “အကျွန်ုပ်၏၀ိညာဉ်သည် ဒုက္ခနှင့်ပြည့်၍”ဟု ညည်းတွားခဲ့သည် (း၃)။ ဆင်းရဲဒုက္ခတို့ကြောင့် သူစိတ်ပျက်နေသည်။
ဟဲမန်သည် ကျန်းမာရေးချို့ယွင်းခြင်း၊ အတိဒုက္ခရောက်ခြင်းများကို ပြန်လည်ဆင်ခြင်ရာ သူ့ပတ်လည်၌ အခက်အခဲနှင့် အထီးကျန်မှုကိုသာ မြင်ရသည်။ ဖြေသိမ့်စရာကလည်း နတ္တိ၊ “ဒုက္ခ ဝေဒနာကို ခံရ၍သေဆဲရှိပါ၏” ဟုညည်းညူခဲ့သည်(း၁၅)။ သူ့ဘ၀က ရေစုန်မျောလျက်(း၅)၊ မှောင်မိုက်ဖုံးလွှမ်း၍(း၆)၊ ဖိစီးနှိပ်စက်ခံရပြီး၊ စွန့်ပစ်ခံနေရသည်(း၅-၇၊၁၄-၁၅)။ လိုဏ်ခေါင်း၏ အစွန်းတစ်ဖက်၌ အလင်းရောင်ကို မတွေ့ရသကဲ့သို့ သူ၏၀မ်းနည်းမှု၊ သောကအတွက် ဖြေသိမ့်မှု ကို မတွေ့ရပါ။
ဟဲမန်၏ ရိုးသားမှုကို နှလုံးသား၌ နွေးထွေးစွာခံစားရပြီး၊ အခက်အခဲနှင့် မကြုံခဲ့ဘူးပါဟု ဆို သည့် ယုံကြည်သူများကို မသင်္ကာမကင်းဖြစ်မိသည်။ စင်စစ် ဒုက္ခရောက်သည့်အကြောင်း တစ်နေ့ လုံး ညည်းညူသူအနား မည်သူမျှ…
လူ့အသိုက်အမြုံထဲ နေထိုင်ရာဝယ်
Texas Ranger ဘေ့စ်ဘောအသင်းမှ ကစားသမားတစ်ဦးဖြစ်သူ ဂျို့ရှ် ဟဲမီတန်သည် မူးယစ်ဆေးဝါးနှင့် အရက်စွဲသည့် ဝေဒနာနှင့် အပြင်းအထန်လုံးပမ်းခဲ့ရသည်။ ထိုကြောင့် ၂၀၁၀ ခုနှစ်က သူ့အသင်းအောင်ပွဲခံပြီး ဂုဏ်ပြုပွဲ အစီအစဉ်တက်ရောက်ရန် စိတ်ပူခဲ့သည်။ အရက် ပြတ်ခါစ အရက်သမားတစ်ဦးက `ရှန်ပိန်အရက်´မိုးရွာမည့်ပွဲကို မတက်သင့်ဟု သူခံယူထားသည်။ သို့သော် အလွန်စိတ်ချမ်းမြေ့စရာ အကြောင်းအရာ ဖြစ်ပျက်ခဲ့သည်။ သူ့သူငယ်ချင်းများက ရှန်ပိန် အစား ဂျင်းဘီယာကို စီစဉ်ခဲ့သဖြင့် ဟဲမီတန်သည် ထိုဂုဏ်ပြုပွဲ၌ ပါဝင်နိုင်ခဲ့သည်။ ထိုအကြောင်း အရာက မိမိအရေးထက် အခြားသူ၏လိုအပ်ချက်ကို အလေးထားသည့် တမူထူးသည့် လူ့အသိုက် အ၀န်းလေးကို သရုပ်ဖော်နေသည်။
တမန်တော်ရှင်ပေါလုက ဖိလိပ္ပိအသင်းသားတို့အား မိမိတို့၏ အရေးထက် အခြားသူများ၏ အရေးကို ပို၍အလေးထားရန် သွန်သင်ရာ၌ အထက်ပါသဘောကိုပင် ရည်ညွှန်းသည် (ဖိ ၂း၃-၄)။ ခရစ်တော်၌ တစ်ပေါင်းတစ်စည်းဖြစ်ခြင်းဖြင့် ဖိလိပ္ပိ အသင်းသားတို့သည်…
သူတို့ကြည့်နေကြသည်
အပတ်စဉ် ရှုံးပွဲဆက်နေသည့် ဘောလုံးအသင်း၏ အခြေအနေမှာ ဆိုးဝါးလှသည်။ ပွဲစဉ် အားလုံးနီးပါး ရှုံးနိမ့်နေသော်လည်း အသင်းကို ကြိုးကြိုးစားစား ဆက်ကစားရန် မည်သို့အားပေး သနည်းဟု သတင်းထောက်တစ်ဦးက ထိုအသင်းမှ ကြေးစားကစားသမားကို မေးမြန်းခဲ့သည်။ “ဒီပွဲကို ကျုပ်အဖေနဲ့အမေ ကြည့်နေကြတယ်ဆိုရင် ကျုပ်အစွမ်းရှိသမျှနဲ့ အကောင်းဆုံးကစားမယ် ဆိုတာ ယုံလိုက်စမ်းပါ” ဟု ပြန်ဖြေခဲ့သည်။ အရှုံးအနိုင်ထက်ပို၍ အရေးကြီးသောအရာရှိကြောင်း သူအသိအမှတ်ပြုသည်။ လူအများက ကြည့်ရှုနေကြောင်း အဖြစ်မှန်က အကောင်းဆုံးကစားသမား ရန် သူ့ကို တွန်းအားပေးသည်။
လက်တွေ့ကျသည့် ထိုအဖြစ်မှန်ကို ယေရှုက တောင်ပေါ်ဒေသနာ၏ အစပိုင်းတွင် ကျွန်ုပ်တို့ကို သတိပေးနေသည်။ ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ပြုသမျှကို ကြည့်ကာ ကျွန်ုပ် တို့၌မြင်ရသော အသက်တာအားဖြင့် ဘုရားသခင်ကို မှတ်ချက်ပေးကြောင်း အသိရှိရပါမည်။
ကိုယ်တော်က “သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင် ဘုံ၌ ရှိတော်မူသော…
မီးပလပ်ခေါင်းထိုးပါ
•
ကျွန်တော့်ဇနီးက အိမ်၌ ကွန်ပြူတာသုံးရင်း ဘက်ထရီအားနည်းပြီး ကွန်ပြူတာ ပိတ်သွား တော့မည်ကို ရုတ်တရက် သတိထားမိသည်။ မီးခလုတ်၌ ပလက်ထိုးထားသော်လည်း အဘယ် ကြောင့် ဘက်ထရီက အားကုန်ရသနည်း။ ကွန်ပြူတာကြိုးမှတဆင့် လျှပ်စစ်အိတ်စတန်းရှင်းကြိုး ကို စစ်ဆေးကြည့်သောအခါ ၀ါယာကြိုးက နံရံရှိ ပလက်ပေါက်၌ တပ်ထားခြင်း မဟုတ်ဘဲ သူ့ ပလက်ပေါက်၌ ပြန်တပ်လျက်သားတွေ့လိုက်ရသည်။ သူမ ရီရီမောမောဖြင့် “၀ိညာဉ်သဘောတွေ ပါတယ်နော်” ဟုဆိုသည်။
သူမပြောသကဲ့သို့ပင် ဟေရှာယ ၄၀း၂၇-၃၁ မှ ဘုရားသခင်၏ တန်ခိုးတော်အကြောင်း ဖော်ပြချက်ကို ကျွန်တော်သတိရဆင်ကြည့်မိသည်။ ဟေရှာယက “အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင်” (း၂၈)ထံတော်မှ စစ်မှန်၍ အဆုံးမရှိသောစွမ်းအား အရင်းအမြစ်ကို ရယူသင့်ကြောင်း ဖော်ပြထားသည်။ ထို့နောက် သူက အင်အားယုတ်လျော့သူတို့အား ဘုရားသခင်က အားမာန်အသစ်ပေးမည်ကို မျှော်လင့်စောင့်ဆိုင်း ရန်လည်း အားပေးထားသည်…
မျှော်လင့်ခြင်းနှင့် အိမ်မက်များ
၁၉၆၀ ခုနှစ်က ကျွန်ုပ်တို့၏ကျောင်းမှ အထက်တန်းကျောင်းသားများ အားလုံးသည် Project TALENT ဟူသည့် ပါရမီ (ပင်ကို စွမ်းရည်)ကို စစ်သည့် သုတေသနစီမံချက်၌ ပါဝင်ကာ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုစွမ်းရည် စစ်ဆေးသည့် စာမေးပွဲကို ဖြေရသည်။ ထို့ပြင် အနာဂတ် အတွက် မိမိ၏အစီအစဉ်၊ မျှော်လင့်ချက်၊ စိတ်ကူးအိမ်မက်များကို ဖော်ပြရသည်။ အထက်တန်း ကျောင်းသားများ၏ ပါရမီစွမ်းရည် စစ်ဆေးမှုကြီး ဖြေဆိုကြသည့် နိုင်ငံတစ်ဝှမ်းလုံးရှိ အထက်တန်း ကျောင်းပေါင်း ၁၃၀၀ မှ ကျောင်းသားပေါင်း ၄ သိန်းတွင် မိမိလည်း အပါအ၀င်ဖြစ်သည်ကို ကျွန်ုပ် တို့ မသိခဲ့ပါ။ ထိုနှစ်က မည်သူမျှကျောင်းမတက်၊ စာမသင်ရ၍ ငါတို့ဘ၀တော့ ဘယ်ပုံဘယ် အခြေဆိုက်မလဲဟု တွေးကောင်းတွေးမိကြမည်။ တာရှုမြို့သား ရှောလုသည်လည်း လူငယ်တစ်ဦး ဖြစ်သည့်အလျောက် သူ၏ရည်ရွယ်ချက်မှာ ခရစ်တော်၏နောက်လိုက်များကို ဖျက်ဆီးရန်ဖြစ်သည် (တ ၇း၅၈-၈း၃၊…
ပြီးပြည့်စုံရာ
ကျွန်ုပ်တို့၏ မိတ်ဆွေတစ်ဦးသည် တက်မေးနီးယားရှိ ဟောဘတ်မြို့သို့ ဘာကြောင့် သွား မြဲသွားနေသနည်း ဟုသိလိုလှသည်။ မကြာမီက သူနှင့် အတူလိုက်ပါရန်ပင် ဖိတ်ခေါ်သဖြင့် အတူ သွားဖြစ်ခဲ့သည်။ လေယာဉ်ကွင်းမှ ကားဖြင့် ထွက်ခွါကာ တံတားတစ်စင်းကိုကျော်ပြီး၊ မြို့တော်နှင့် ဆင်ခြေဖုံးရပ်ကွက်များကို ဖြတ်သန်းလာခဲ့ရာ၊ ဘာမှထူးထူးခြားခြားမရှိ။ ဆက်ပြီး တောင်အောက် အနိမ့်ပိုင်းတွင် ကမ်းခြေကောက်ကြောင်းကိုတွေ့ရသည်။ ထိုမြင်ကွင်းလည်း သာမန်ပင်။
သို့သော် မက်စောက်သော လမ်းမကို ဖြတ်ကျော်က ခရီးဆုံးသော် ထိုမြို့၏ ကြီးကျယ် ခမ်းနားသော ရှုမျှော်ခင်းကို ရှင်းလင်းစွာမြင်တွေ့လိုက်သည်။ ကျွန်ုပ်တို့ဖြတ်ကျော်ခဲ့သော မွဲ ခြောက်ခြောက်တံတားပင် လွန်စွာလှပနေပါသည်။ ယခုမှ သူမ မကြာခဏ လာရောက်လည်ပတ် ခြင်းကို နားလည်ခဲ့ရသည်။
ဟေဗြဲ ဩ၀ါဒစာ အခန်းကြီး ၁၁ ရှိ ယုံကြည်ခြင်းအရာ၌ ဦးဆောင်ခဲ့သူတို့၏ အသက် တာများ၌ ဇောက်ထိုးပြောင်းဆန်သော အခြေအနေ၊ ငြီးငွေ့ဖွယ်အခြေအနေနှင့်လည်း…
ထိုတံတိုင်းကိုဖြိုချလိုက်ပါ
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က အရှေ့ဂျာမနီ၌ နေထိုင်သူတို့အတွက် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ထူထောင်ခဲ့သော အတားအဆီးကို ဖော်ပြရန် အသုံးပြုသော စကားလုံး မှာ တံတိုင်းကြီးဖြစ်သည်။ ထိုရက်စွဲက အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ဟူ၍ ကွဲစေသော ကွန်ကရစ်တံတိုင်းကြီးကို စတင်တည်ထောင်သော ရက်စွဲပါ။ နောက်ဆုံးတွင် ထိုတံတိုင်းကြီးမှာ သံဆူးကြိုးများနှင့် တစ်ဖက်သို့ ကျော်မ၍မသွားနိုင်သော အတားအဆီးဖြစ်သွားသည်။ သို့သော် ၁၉၈၉ ခုနှစ်တွင် နိုင်ငံနှစ်ခုကြား ကာဆီးထားသော ထိုတံတိုင်းကြီး ဖြိုချလိုက်သည်။
ထိုနည်းတူ ဘုရားသခင်နှင့်လူတို့ကြားရှိ တံတိုင်းကြီးကိုလည်း ဖယ်ရှားရန်လိုအပ်ပါသည်။ ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧ၀တို့ ဘုရားသခင်အား ပထမဆုံးနာခံရန် ပျက်ကွက်သောအခါ ထိုတံတိုင်းကြီးဖြစ်ပေါ်လာသည်(က၊၃)။ ထိုမနာခံမှုသဘောကို ကျွန်ုပ်တို့က ဆက်ပြီး ပြုနေဆဲဖြစ် သည်။ ထိုပိတ်ဆီးနေသော တံတိုင်းကြီးကို သင်မြင်ယောင်ကြည့်ပါ။ ဟေရှာယအနာဂတ္တိကျမ်း ၅၉း၂ တွင် “သင်တို့…
သံသယများနှင့်ယုံကြည်ခြင်း
သခင်ယေရှုကို ယုံကြည်သူတစ်ဦးက ရံဖန်ရံခါ သံသယပွားလျှင် ဘုရားသခင်ကို အစေခံ ရာ၌ ထိရောက်မှုရှိပါမည်လား။ လူအချို့က ရင့်ကျက်သော ယုံကြည်ခြင်းဟူသည် ဘယ်သော အခါမျှ ယုံမှားသံသယမဖြစ်ဟု ထင်မှတ်ထားကြသည်။ သို့သော် ကျွန်ုပ်တို့၌ ယုံကြည်ခြင်းကို တည်ဆောက်ပေးသော အတွေ့အကြုံများရှိသကဲ့သို့ ခေတ္တမျှ သံသယ၀င်စေသည့် အတွေ့အကြုံ များလည်း ရှိနေနိုင်ပါသည်။
တပည့်တော် သောမသည်လည်း သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းသတင်းကို ပထမတွင် သံသယ၀င်ခဲ့သည်။ သူက “လက်တော်၌ သံရိုက်ရာချက်ကို မမြင်...ရလျှင် အကျွန်ုပ်မယုံ” (ယော ၂၀း၂၅) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် သောမအား အပြစ်မတင်ခဲ့ပဲ သူတောင်းဆိုသော အ ထောက်အထားကို ပြခဲ့ပါသည်။ ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်ကို မြင်ရပြီးနောက် အံ့ဩစွာ “အကျွန်ုပ်၏အရှင်၊အကျွန်ုပ်၏ဘုရားသခင်ပါတကား” (၂၀း၂၈) ဟုဆိုခဲ့သည်။ ထိုအဖြစ် အပျက်အပြီးတွင် ဓမ္မသစ်ကျမ်း၌ သောမ၏အကြောင်းကို ထပ်မံဖော်ပြခြင်း မရှိပါ။
မည်သို့ပင်ဖြစ်စေ…