မြင်ရန် မျက်လုံးများ
မောဘတောင်ကုန်းမှနေ၍ ဂတိထားတော်မူသောပြည်သို့ ပထမဆုံးအကြည့်တစ်ချက် နှင့်ပင် စိတ်ပျက်ဖွယ်ကောင်းလှသဖြင့် “ဒီမြင်ကွင်းက ဣသရေလလူတို့ရောက်လာတုံးက မြင်ကွင်း နဲ့တော်တော်ကွာသလား” ဟု ယေရိခေါမြိုကသို့ လှမ်းကြည့်ရင်း ဧည့်လမ်းညွှန်ကို မေးမိသည်။ ယော်ဒန်မြတ် အရှေ့ဘက်ခြမ်းမှကြည့်လျှင် အံ့ဩလောက်အောင် ကွဲပြားမည်ဟု မျှော်လင့်ငြား လည်း ဧည့်လမ်းညွှန်က “မထူးပါဘူး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်း ဒီမြင်ကွင်းမျိုးဘဲ” ဟု ဖြေသည်။ “ဣသရေလလူတွေကရော၊ ဒီနေရာကိုရောက်တော့ ဘယ်လိုမြင်ခဲ့သလဲ” ဟုရှင်း အောင်ထပ်မေးရာ သူမက “ကမ္ဘာမြေမျက်နှာပြင်ပေါ်က အိုအေစစ်ကြီးလို့မြင်တာပေါ့”ဟုဖြေသည်။
ထိုအခါမှ ကျွန်ုပ်သဘောပေါက်ခဲ့ရသည်။ ကန္တာရလွင်တီးခေါင်ကြီးကို ရေအေးဗူးနှင့်၊ အဲယားကွန်းကားနှင့် ဇိမ်ကျကျဖြတ်ခဲ့ရသည့် ကျွန်ုပ်အဖို့ အိုအေစစ်က အံ့ဩစရာမဟုတ်ပါ။ သို့သော် ဣသရေလလူတို့က ပူပြင်းခြောက်သွေ့ကန္တာရအတွင်းနှစ်ပေါင်းများစွာလှည့်လည်ခဲ့ရရာ၊ အစိမ်းရောက်ဖျော့ဖျော့လယ်ကွင်းကို အဝေးမှမြင်တွေ့ရခြင်းက လန်းဆန်းစေသော၊ အသက် ဆက်ရန်ရေရရှိခြင်း အဓိပ္ပါယ်ဖြစ်သည်။ ဣသရေလလူတို့ ရေငတ်ချိန်၌ ကျွန်ုပ်က လန်းဆန်းနေ သည်။ သူတို့ပင်ပန်းနွမ်းနယ်ချိန်တွင် ကျွန်ုပ်က သက်တောင့်သက်သာရှိနေသည်။…
ရှာဖွေလျက်ကယ်တင်
New South Wales ဒေသမှ အုပ်ချုပ်ရေးမှူး Lachlan Macquarie(1810-1821) သည် ၀န်းကျင်သစ်၌ လူတို့နေသားကျအောင် လုပ်ဆောင်တတ်သူဖြစ်သည်။ “အခွင့်ထူးခံ လူအုပ်စု” (လာရောက် အခြေချသူလူလွတ်၊ အစိုးရ၀န်ထမ်း၊ စစ်မှုထမ်းစသည့်) တို့က အကြောင်းတစ်စုံတစ် ရာကြောင့်ဖြစ်စေ၊ အကြွင်းမဲ့ဖြစ်စေ “လွတ်ငြိမ်းချမ်းသာခွင့်ရသည့် ရွေ့ပြောင်းခံရသော အကျဉ်း သားများ” အုပ်စုကို ပယ်ထား၊ ပထားသည်။ ထိုအခါ အုပ်ချုပ်ရေးမှူး Macquarie က ၎င်းတို့ကို တန်းတူလူမှုခံစားခွင့် ခံစားရအောင် အားပေးလုပ်ဆောင်ခဲ့သည်။
ယေရိခေါမြို့ရှိ အပယ်ခံ အခွန်ခံဇက္ခဲကို သခင်ယေရှုစိတ်ဝင်စားကြောင်းပြပြီး၊ ကယ်တင် ခြင်းအကြံအစည်ကို လက်ခံသူဖြစ်စေခဲ့သည် (လုကာ၊ ၁၉း၁-၁၀)။ သူ့အလုပ်အကိုင်ကြောင့် လူအများ၏ ဘေးဖယ်မုန်းတီးခြင်းခံရသူ ဇက္ခဲသည် သခင်ယေရှုကို မြင်တွေ့လိုစိတ်ပြင်းထန်လှသ ဖြင့် တစ်ချက်လောက်မြင်ရအောင် သစ်ပင်ပေါ်တတ်ကြည့်ခဲ့သည်။ သခင်ယေရှု ထိုနေရာသို့ ဖြတ် လာစဉ် ဇက္ခဲ၏ စိတ်ဆန္ဒကိုသိရှိပြီး…
ချုပ်နှောင်ခံရစဉ် နှစ်သိမ့်မှုများ
၁၆၇၅ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ မက်ဆဲချူးဆက်ပြည်နယ်၊ လန်ကတ်စတာဒေသမှ ကိုလိုနီမိသားစု (၅၀) တို့သည် ဒေသခံအမေရိကန်လူရိုင်းတို့ ရွာကို ၀င်စီးမည့် အန္တရာယ်ကြောင့် ကြောက်ရွံနေကြသည်။ ပြူရီတန် သင်းအုပ်ဆရာ ဂျိုးဇက်ရိုလင်စန် မှာ ဇနီးသည် မေရီ နှင့်ကလေး များကို ချန်ရစ်ကာ အစိုးရထံ အကူအညီတောင်းခံရန် ဘောစ်တွန်မြို့သို့ရောက်နေသည်။ နေထွက် လာချိန်၌ သူတို့တိုက်ခိုက်ခံရပြီး၊ လူအချို့အသတ်ခံရသည်။ မေရီနှင့် အသက်ရှင်ကျန်ရစ်သူ အချို့တို့မှာမူ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရလေသည်။
မေရီသည် သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသူတို့၏ ကြင်နာမှုနှင့်ရက်စက်မှု နှစ်မျိုးစလုံး ကို ခံစားရသည်။ လူရိုင်းများမှာ လာရောက်အခြေချနေထိုင်သည့် မေရီတို့၏ ဘာသာရေး ကိုင်း ရှိုင်းသည့် အလေ့အလာကို သတိပြုမိပြီး သူတို့ သိမ်းဆည်းထားသော ကျမ်းစာအုပ်ကို သူမအား ပေးလေသည်။ နောက်ပိုင်းတွင် သူမ၏ မှတ်စုစာအုပ်၌ “ပူပင်သောကရောက်နေတဲ့ ကျွန်မလက် ထဲကို…
အောင်နိုင်သူနှင့် အရှုံးသမား
အမျိုးသားအားကစားအဖွဲချုပ်၏ ရှုံးထွက်ဘောလုံးပွဲစဉ်အပြီးတွင် ချီကာဂို ဘဲစ် အဖွဲ့ကို အောင်နိုင်သွားသည့် ဂရင်းဘေးပက်ကာစ်အဖွဲ့သည် ပျော်ရွှင်စွာ အောင်ပွဲဆင်နွဲနေကြသည်။ ကျွန်တော့်သမီး လီစာသည် (၄)နှစ်အရွယ် သူ့သမီးဖြစ်သူ အယ်လီနာ ငိုနေကြောင်းကို သတိပြုမိ သည်။ မိဘနှစ်ပါးလုံးက ဘယ်အသင်းနိုင်နိုင် အရေးမထား ဂရုမစိုက်သဖြင့် ဤအဖြစ်က ထူးဆန်း နေသည်။
အယ်လီနာအား ဘာကြောင့်ငိုသနည်း ဟုမေးသောအခါ “ဘဲစ် အဖွဲ့အတွက် စိတ်မ ကောင်းလို့ပါ။ သူတို့ကို ကြည့်ရတာအတော့်ကို ၀မ်းနည်းနေသလိုပဲ” ဟုပြန်ဖြေခဲ့သည်။
မူကြိုအရွယ် ကလေးငယ်ထံမှ သနားခြင်းဂရုဏာအကြောင်းကို ကျွန်ုပ်တို့ မည်သည့် သင်ခန်းစာ ရရှိနိုင်မည်နည်း။ အောင်မြင်မှုသာလျှင် အရေးကြီးပြီး ရှုံးနိမ့်သူက အပယ်ခံရ၊ အမေ့ ခံရ၊ အပုပ်ချ၊ မကောင်းပြောခံရသော လောကကြီး၌ မေတ္တာဂရုဏာကို လူတို့အလိုရှိကြောင်း ဤ အချက်ကို သိမှတ်ရန် လိုသည်။ ဆုံးရှုံးမှုနှင့် လုံးပန်းနေရသူတို့နှင့်အတူ ဝေမျှခံစားရန်…
အလွန်အံ့ချီးအံ့ဩဖွယ်
၂၀၁၁ ခုနှစ်၊ ဩဂုတ်လ၌ နာဆာအဖွဲ့မှ ဟာဘယ်မှန်ပြောင်းမှ တစ်ဆင့် ပို့လွှတ်လိုက် သော ပုံရိပ်ကြောင့် လူတို့ပြုံးမိသည်။ ကြယ်စုကြီးနှစ်ခု တွေ့ဆုံတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာ သော ပုံရိပ်မှာ အင်္ဂလိပ် အာမေဋိတ် သင်္ကေတ (!)အမှတ်အသားနှင့်တူနေသည်။ နောက်ဆုံးဖော် ပြချက်အရ စကြ၀ဋ္ဌာ၌ ကြယ်စုပေါင်း ၁၀၀ ဘီလီယံရှိကြောင်း၊ ကြယ်စုတစ်ခုစီ၌ ကြယ်ပေါင်း သောင်း၊ ထောင်ချီရှိနေပြီး၊ ကြယ်စုသစ်များကိုလည်း ထပ်မံတွေ့ရှိရပြန်သည်။
ထိုအာမေဋိတ် သင်္ကေတကိုမြင်သောအခါ ကျွန်ုပ်တို့၏ အံ့ဖွယ်ဖန်ဆင်းရှင်ကို ဆင်ခြင် သတိရမိသည်။ “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြောခဲ့၏။” ဟု(ဆာ-၁၉း၁)၌ ဆိုထားသည်။ သို့သော် သူကိုယ်တိုင်ကား ဖန်ဆင်းထားသော ကောင်းကင်ထက် သာ၍ကြီးမြတ်သည်။ ရှောလမုန်မင်းကြီးသည် ဘုရားသခင် ကျိန်းဝပ်ရာ ဗိမာန်တော်ကြီးကို တည် ဆောက်ပြီးစီးသွားသောအခါ ဤသို့ ဆုတောင်းခဲ့သည်။ “သို့ရာတွင် ဘုရားသခင်သည် မြေကြီး ပေါ်မှာ ဧကန်အမှန်…
အမြဲတမ်း
“အမြဲတမ်း”နှင့်“ဘယ်တော့မှ” ဟူသော စကားနှစ်ခွန်းကို ကျွန်တော် နှစ်ခြိုက်လှသည်။ ထို စကားလုံး၌ မျှော်လင့်စရာအကြောင်း များစွာရှိသည်။ အမြဲတမ်းပျော်ရွှင်ပြီး၊ ဘယ်တော့မှ မကျဆုံး သည့်ဘ၀ ပိုင်ဆိုင်ရေးကိုသာ ကျွန်တော်တွေးလိုသည်။ လက်တွေ့ဘ၀တွင်မူ အမြဲမပျော်ရွှင်နိုင်ပါ။ မျှော်လင့်ထားသောအရာများလည်း ဖြစ်မလာပါ။ ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ ယေရှုရှိကြောင်း ပေးထားသော ဂတိတော်ကို မဆင်ခြင်ပါက ထိုစကားနှစ်လုံးနှင့် အထိုက်အလျောက် ရုန်းကန်ကာ ဘ၀ရှင်သန်စရာအကြောင်းရှိသည်။
မိမိဖာသာ ဘ၀ရှင်သန်ဖို့အရေး စိုးထိတ်ပူပန်နေသူ တပည့်တော်များအား သခင်ယေရှုက “ငါသည်လည်း...သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်”(မ ၂၈း၂၀) ဟု ပြောခဲ့သည်။ ဟေဗြဲဩ ၀ါဒစာကို ရေးသားသူကလည်း “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား” ဟု ဆိုခဲ့သော သခင်ယေရှု၏ ဂတိစကားကို မမေ့ရန်သတိပေးသည် (ဟေဗြဲ ၁၃း၅-၆)။ တမန်တော်ရှင်ပေါလုက လည်းထပ်မံ၍ သေခြင်း၏အလွန်၌ ယုံကြည်သူများသည် “သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရ ကြ”…
အကြွင်းမဲ့ သန့်စင်ပြီ
လွန်ခဲ့သည့်နှစ်က ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူယသည့် သူငယ်ချင်းက သူ့ရောဂါအခြေအနေကို ပြောပြသည်။ သူ့မျက်နှာပေါ်၌ မြင်ရသော အပြုံးက သူရခဲ့သည့် ၀မ်းသာစရာသတင်း၏ သက်သေပင်။ တစ်နှစ်တာအတွင်း ဆေးစစ်ချက်များက “ရောဂါ ကင်းစင်ပြီး” ဟူသည့် အဖြေသို့ ညွှန်ပြနေကြောင်း ဆရာဝန်မှ မှတ်ချက်ချ အတည်ပြုပေးသည်။ ဤစကားလေးက မည်သည့်ထူးခြားမှုကို ဖြစ်စေသနည်း။
ကျွန်တော်သူငယ်ချင်းအတွက်မူ လွန်ခဲ့သောကာလများအတွင်း သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရောဂါဆိုးကြီးသည် သူ့ခန္ဓာကိုယ်မှ လုံးဝရှင်းသွားပြီဟု အဓိပ္ပါယ် သက်ရောက်သည်။ သူ့ရောဂါ လုံးဝရှင်းသွားပြီဟု သိရ၍ အကျွန်ုပ်တို့လည်း ၀မ်းမြောက်သည်။
ဗာသရှေဘနှင့် မှားယွင်းဖောက်ပြန်ပြီးနောက် ဒါဝိဒ်မင်းသည် သူ့စိတ်နှလုံးကို သန့်စင်ရန် ဆန္ဒရှိခဲ့သည်။ သူ့အပြစ်မှ ကင်းစင်စေရန် သူမျှော်လင့်ပြီး “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံ တည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” ဟုတောင်းလျှောက်ခဲ့သည်။ သူနှင့် ကျွန်ုပ်တို့အတွက်သတင်းကောင်းမှာ ကျွန်ုပ်တို့၏ အပြစ်ကို…
အသက်တာပြောင်းလဲစေသော ရွေးချယ်မှု
သခင်ဘုရား ရှင်ပြန်ထမြောက်ရာနေ့သည် ၀တ်ပြုကိုးကွယ်ရန်နှင့် ငြိမ်ဝပ်စွာနေရန် ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်ခြင်းကြောင့် ၁၉၂၄ ခုနှစ် အိုလံပစ်ပွဲတော်တွင် အပြေးချန်ပီယံ အဲရစ်လစ်ဒယ်သည် တနင်္ဂနွေနေ့၌ ကျင်းပမည့်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အလွယ်လေး ငြင်းပယ် ခဲ့သည်။
အိုလံပစ်ပွဲ မတိုင်မီနှစ်က ကျောက်မီးသွေးတွင်းလုပ်သားများရှေ့၌ သူ၏ယုံကြည်ချက်နှင့် ပတ်သက်၍ ပြောပြရန် တောင်းဆိုခံရရာ သူအလွန်စိတ်ဒုက္ခရောက်ရသည်။ “ကျွန်တော်ရဲ့ဘ၀ တစ်ခုလုံး ပြည်သူတွေကို အလုပ်အကျွေးပြုခဲ့တယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ဦးဆောင်မှုက ဆန့်ကျင်ဘက်လမ်းကြောင်းဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်ရှေ့ဆက်မသွားနိုင်ဘဲ ရပ်လိုက်တယ်။ ဒီအချိန်မှာဘဲ ခရစ်တော်ထံ အားလုံးပုံအပ်ဖို့ နောက်ဆုံးဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို အမှုတော်မှာ သူခိုင်းတယ်ဆိုရင် လိုအပ်တဲ့အစွမ်းသတ္တိအားလုံးကို သူထောက်ပံ့လိမ့်မယ်။ တကယ်ပါဘဲ။ ရှေ့ဆက်လှမ်းတော့ ဘုရားသခင်က အစွမ်းပေးပြီးသားပါပဲ” ဟု သူပြောကြားခဲ့သည်။
ထိုသို့ လူပရိသတ်ရှေ့ သူ့ယုံကြည်ချက်ကို ဝေမျှရန် ကမ်းလှမ်းချက်ကို လက်ခံပြီး နောက်တစ်နေ့မှာပင် အဲရစ်သည် တရုတ်ပြည်ရှိ…
အကျင့်ကျင့်သော ယုံကြည်ခြင်း
လေးဖက်နာရောဂါကြောင့် အီလီနွိုင်းမြို့၏ဆောင်းဒဏ်ကို မခံနိုင်သဖြင့် ရောဂျာသည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ တစ်နေ့၌ သူ့အဖွားနှစ်သက်သော “သင်၏ဖြစ် တည်မှု” ဟူသည့်သီချင်းကို သူပြန်သတိရမိသည်။ “သင့်စကားသံထက် သင်၏ဖြစ်တည်မှုက ကျယ်စွာမြည်ဟီးသဖြင့် သင့်စကားကို လောကကြီးမှမကြားနိုင်။ သင့်စကားကိုနားမထောင်ဘဲ သင်မည်သို့ လျှောက်လှမ်းနေသည်ကိုသာ စောင့်ကြည့်နေ။ သင့်အပြုအမူကို သူတို့နေ့တိုင်း စစ်ကြောနေ” ဟူ၍ဖြစ်သည်။
သို့နှင့် မိုင်ဝက်အကွာအဝေးခန့်တွင် နေထိုင်သူ အိမ်ယာမဲ့များအားကျွေးမွေးပြုစုရန် ဤ သီချင်းက ရောဂျာကို နှိုးဆော်ခဲ့ပြီး၊ နံနက်တိုင်း မိသားစု(၄၅)စုကို ပူနွေးသောအစာများ ကျွေး မွေးခဲ့သည်။ နှစ်များကြာပြီးနောက် အိမ်ယာမဲ့ အမျိုးသမီးတစ်ဦးက ယေရှုကို ကယ်တင်ရှင် အဖြစ် သိကျွမ်းလာကာ ယေရှု၏မေတ္တာကို သူ့အားမိတ်ဆက်ပေးခြင်းအတွက် ရောဂျာကို ကျေးဇူးတင် စကားဆိုရန် သူ့ကိုလာရှာသည်။
ယာကုပ်ဩ၀ါဒစာ၌ အကျင့်အားဖြင့် မပြနိုင်သော ယုံကြည်ခြင်းသည် အသေဖြစ်ကြောင်း ရှင်းလင်းစွာ ပြောထားသည် (၂း၁၇)။ ဤနေရာ၌…
သတိပြုမိပါစေ
ဈေးဝယ်ပြီး ငွေရှင်းရန် တန်းစီစောင့်ဆိုင်းနေစဉ် မည်မျှကုန်ကျမည်ကို ခန့်မှန်း တွက်ချက်ရင်း တစ်ဖက်ကလည်း သားငယ်အားလည်း အဝေးသို့ ဟိုဟိုဒီဒီ လျှောက်မသွားအောင် ထိန်းနေစဉ် ကျွန်မရှေ့မှ အမျိုးသမီးသည် ၀ယ်ထားသမျှ ပစ္စည်းအားလုံးချန်ထားပြီး ထွက်ပေါက် သို့ တရွေ့ရွေ့ ထွက်သွားကြောင်း ကျွန်မ သတိပြုမိလိုက်သည်။ ကောင်တာမှ စာရေးက အမျိုး သမီး၌ ငွေရှင်းရန် ငွေမလောက်ကြောင်း ပြောပြသည်။ ကျွန်မသာ စောစောသတိပြုမိလျှင် ထို အမျိုးသမီးအား ကူညီပေးနိုင်မည်ဟု တွေးကာ မသက်မသာ ခံစားလိုက်ရသည်။
ရုသ၀တ္တု၌ ဘောဇသည် သူ့လယ်ကွက်၌ ကောက်သင်းကောက်နေသည့် ရုသ၏ သောက ဒုက္ခကို သတိပြုမိသည် (၂း၅)။ သူမသည် မကြာသေးမီက ယောက်ျားဆုံးသွားပြီး၊ သူနှင့်သူ့ ယောက္ခမနှစ်ဦးအတွက် ၀မ်းစာကို ရှာဖွေစားသောက်နေရကြောင်းလည်း ဘောဇ သိရှိရသည်။ သူ့ကို ကွယ်ကာရန် လိုအပ်ကြောင်း ဘောဇမြင်ပြီး သူ့အလုပ်သမားများအား…