သို့သော်လည်း ဘုရားသခင်သည်
ကျွန်မကောလိပ်ကျောင်း တက်စဉ်က ကျွန်မ၏သင်းအုပ်ဆရာ ဟောင်းဝပ်စပ်ဒင် ဟောကြားခဲ့သည့် မှတ်သားဖွယ် တရားဟောချက်များစွာအနက်၊ “သို့သော်လည်း ဘုရားသခင် သည်” ဟူသောခေါင်းစဉ်နှင့် တရားဟောချက်တစ်ပုဒ်မှာ စွဲကျန်နေပြီး၊ ကျမ်းစာ၌ “သို့သော်လည်း ဘုရားသခင်သည်” ဟူသောကျမ်းပိုဒ်ကို ဖတ်မိတိုင်း ခေတ္တရပ်၍ ဆင်ခြင်စရာ ဖြစ်ခဲ့သည်။
“သင်တို့သည် ကျွန်ုပ်ကိုညှင်းဆဲမည် ကြံစည်ကြသော်လည်း ဘုရားသခင်သည် ယနေ့ဖြစ်သည် အတိုင်း လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏” (က ၅၀း၂၀)။
“.... သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်(သော်လည်း) ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏၀ိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်” (ဆာ ၄၉း၁၄-၁၅)။ “အကျွန်ုပ်၏ အသားနှင့် နှလုံးသည် ပျက်ကြပါ၏ သို့သော်လည်း ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ဖြစ်တော်မူ၏။” (ဆာ ၇၃း၂၆)။…
ပြန်လည်ခေါ်ယူသည့် သတိပေးချက်
၂၀၁၀ ခုနှစ်က မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီမှ အမျိုးမျိုးသောချို့ယွင်းချက်များ ကြောင့် မယုံနိုင်စရာ ကားအစီးသန်း ၂၀ ကျော်မျှကို ပြန်သိမ်းခဲ့သည်။ ထိုမျှလောက်များသည့် ချို့ယွင်းသောကားများ လမ်းမပေါ်တွင်ရှိနေခြင်းက ကြောက်ခမန်းလိလိအံ့ဖွယ်ပင်။ သို့သော် ကား ပိုင်ရှင်အချို့က ၎င်းကိုစိတ်မ၀င်စားခြင်းကစိတ်ပူစရာပါ။ ယဉ်လုံခြုံစိတ်ချရေး ဗဟိုဌာနမှ အမှု ဆောင်ဒါရိုက်တာတစ်ဦးက ယာဉ်ပိုင်ရှင်များအား “အခမဲ့ပြုပင်ပေးတာပါ။ ပြင်လိုက်တော့ အသက် အန္တရာယ်စိတ်ချရတာပေါ့”ဟု သတိပေးငြားလည်း လူ ၃၀% ခန့်မျှက ဘာမှအရေးယူဆောင်ရွက်မှု မရှိခဲ့ပါ။
ထို့နည်းတူ လူသားတစ်ရပ်လုံးအား “ပြန်လည်ခေါ်ယူသည့်သတိပေးချက်”ကို လူများစွာတို့ လျစ်လျူနေကြသည်။ ကားချို့ယွင်းချက်က ထုတ်လုပ်သူများ၏ အားနည်းချက်အမှား ဖြစ်သော် လည်း၊ လူသားမျိုးနွယ်၏ချို့ယွင်းချက်က ဖန်ဆင်းသူ၏ အမှားကြောင့်မဟုတ်ပါ။ ကိုယ်တော်၏ ဖန်ဆင်း ခြင်းက “အလွန်ကောင်းသည်” (က ၁း၃၁)။ သို့သော် လူတို့၏ဒုစရိုက်အပြစ်က ဖျက်ဆီး ၀င်ရောက်ခဲ့သည်။ ဘုရားသခင်က “သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍…
သတင်းဆိုး သတင်းကောင်း
မကြာသေးမီက အလွန်ခက်ခဲဆိုးဝါးသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီး တစ်ဦးနှင့် စကားပြောခဲ့ရသည်။ ခံစားရသည့် ဖိစီးမှုများကြောင့် သူ့ကျန်းမာရေး ထိခိုက်ကာ ဆရာ ၀န်ကို မကြာခဏသွားတွေ့ရသည်။ သို့ငြားလည်း ထိုနာကျင်ခံစားရသည့် အခြေအနေများသည် ဆရာဝန်အား ခရစ်တော်အကြောင်း ဝေငှပြောပြနိုင်သော အခွင့်အရေးအဖြစ် အသုံးချနိုင်ခဲ့ ကြောင်း အပြုံးဖြင့် သူမက ဆိုသည်။
ဖိလိပ္ပိဩ၀ါဒစာစောင်တွင် ရှင်ပေါလုသည် ထောင်ကျနေသည့် အခြေအနေဆိုးကို ဧ၀ံ ဂေလိတရား ဝေငှဟောကြားရန် အခွင့်အဖြစ် အသုံးချခဲ့ကြောင်း တွေ့ရသည်။ ယေရှုအကြောင်း ဟောပြောခြင်းကြောင့် ရှင်ပေါလု ဖမ်းဆီးချုပ်နှောင်ခံရသဖြင့် ဖိလိပ္ပိအသင်းသားတို့ ၀မ်းနည်း ခံစားရသည်။ သို့သော် ရှင်ပေါလုက သူချုပ်နှောင်ခံရခြင်းအမှုသည် ဧ၀ံဂေလိတရားကို ပြုစုရာ ရောက်ကြောင်း ပြောကြားခဲ့သည်။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့် သူအကျဉ်း ချခံရခြင်းဖြစ်ကြောင်း နန်းတော်တစ်ခုလုံးသိကြသည်။ သူ့ကို ၂၄ နာရီ မပြတ် စောင့်နေကြသည့်…
ဒဏ္ဍာရီမဟုတ်ပါ
ကျွန်တော်က သမိုင်းရာဇ၀င်အကြောင်းများကို စွဲမက်နှစ်ခြိုက်သဖြင့် အင်္ဂလန်ဘုရင်ကြီး အာသာ အကြောင်း အထူးတင်ဆက်မှုကို စိတ်ဝင်စားစွာ ကြည့်ရှုသည်။ ထိုတင်ဆက်မှု တစ်ခုစီ၌ ဘုရင်အာသာအကြောင်း၊ သူ၏ သူရဲကောင်းများနှင့် ၎င်းတို့၏ စားသောက်ပွဲကြီး အကြောင်းများ သည် ခိုင်လုံသော သမိုင်းအထောက်အထား၊ မျက်မြင်သက်သေများမရှိကြောင်း၊ သမိုင်းပညာရှင် တို့ ၀န်ခံပြောဆိုကြသည်။ ထိုအကြောင်းအရာကို ဒဏ္ဍာရီ(သို့) စိတ်ကူးယဉ်မှုဟု သာ အဖန် တလဲလဲ ရည်ညွှန်းသည်။ ထိုဇာတ်လမ်းသည် အခြားသောအကြောင်းအရာ ဇာတ်လမ်းများမှ ဟိုတစ်ချက် ဒီတစ်ချက် ကောက်နုတ်စုစည်းပြီး ရာစုနှစ်တစ်လျောက် ပြောဆိုလာ သည့် ဒဏ္ဍာရီ သာဖြစ်ဟန်တူသည်။
သို့သော် ဧ၀ံဂေလိ သတင်းကောင်းမှာ ဒဏ္ဍာရီ၌ အခြေမပြု မှန်ကန်ကြောင်း အတည် ပြုနိုင်သည့် အချက်အလက် အထောက်အထားများ၌ အခြေပြုသည့် တစ်မူထူးခြားသည့် ဇာတ်ကြီး ပါ။ လူသမိုင်း၌ အရေးကြီးဆုံးသော သခင်ယေရှု၏ ထမြောက်ခြင်းအကြောင်း…
အင်္ဂါဂြိုလ်
“အင်္ဂါဂြိုလ်မှ အဏုဇီဝရုပ်များက ကမ္ဘာဂြိုလ်ပေါ် ပြုတ်ကျလာပြီး...ထိုအဏုဇီဝ၏ မျိုးဆက် များ ယခုတိုင်ရှိနေသည်။ ထိုမျိုးဆက်မှာ ကျွန်ုပ်တို့ပင်ဖြစ်သည်။” ဟု အာကာသယာဉ်မှူး တစ်ဦး က အင်္ဂါဂြိုလ်၌ သက်ရှိတို့ အစပြုဖြစ်တည်ပုံနှင့် ကမ္ဘာဂြိုလ်သို့ ရောက်လာပုံကို ထင်ကြေးပေး သည်။
ကျမ်းစာမှ ရှင်းလင်းပြသည့် လူသတ္တ၀ါသက်ရှိအပင်များကို ဘုရားသခင်က အထူးဖန်ဆင်း ခြင်း အကြောင်းကို သိပံ္ပပညာရှင်အချို့က မယုံကြည် မလက်ခံဘဲ၊ ကမ္ဘာမြေမှ သက်ရှိများ၏ အစ ကို အာကာသပြင်ပ၌ ရှာဖွေကြသည်။ သို့သော် ထိုအဏုဇီဝများက အင်္ဂါဂြိလ်ပေါ်၌ မည်သို့ အစပြုရှင်သန်နိုင်ပါမည်နည်း။ ကမ္ဘာဂြိုလ်သည် သက်ရှိတို့ ရှင်သန်နိုင်မည့် အတုမရှိသော တစ်ခု တည်းသောကမ္ဘာမြေဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းကာ သက်ရှိများကို နေရာချထားခြင်းဖြစ် ကြောင်း ယုံကြည်လက်ခံရန် ဘာကြောင့် ခက်ခဲနေရသနည်း။ ဤမေးခွန်းက ပို၍ အရေးကြီးပါ သည်။
ဘုရားသခင်၏နှုတ်မိန့်ဖြင့်…
အသံတိတ် အားပေးသူများ
အသံတိတ် မြင်ကွင်း နောက်ကွယ်မှ အားပေးတတ်သူများ၏ ဆုကျေးဇူးကို ကျွန်မသဘော ကျဆုံးပါ။ ကျွန်မဆေးရုံမှ ဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင် (ကျွန်မထက် ရက်အနည်းငယ်စောပြီး ခွဲစိတ်ကုသမှုခံယူခဲ့သည့်) သူငယ်ချင်း ဂျက်ကီ က ဘုရားသခင်၏ ဂတိတော်များပါသည့် စာအုပ် ကို ပေးပို့ခဲ့သည်။
ကျွန်မ၏ဦးလေး`ဘော့´ကလည်း ကင်ဆာရောဂါဌာန၌ သူ့ကို ဂရုစိုက်ကြသည့် ၀န်ထမ်း များကို အလွန်ကျေးဇူးတင်လျက်၊ ၄င်းတို့၏ ကြီးကြပ်ရေးမှူးများထံသို့ ၎င်းတို့ကို ချီးမွမ်းအမွမ်း တင်သည့် စာတိုလေးများရေသားပေးပို့ခဲ့သည်။
ကျွန်မ၏တစ်ဝမ်းကွဲညီမ`ဘရန်ဒါ´ကလည်း လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကလေးဆုံးပါး သည့် အတွေ့အကြုံကို ဖြတ်သန်းခဲ့ဖူး၍ ယခုတွင် သူမ၏အသံတိတ် ဂရုဏာပြသော လုပ်ရပ်များ ကို လူများစွာတို့ တန်ဖိုးထားနှစ်သက်ကြသည်။
များသောအားဖြင့် ရုပ်ပိုင်းစိတ်ခံစားမှုပိုင်း၌ ပြင်းထန်နာကျင်စွာ ခံစားဖူးသူများက အခြား သူများကို အထူးအားပေး မစနိုင်သူများဖြစ်သည်။
တမန်တော်ဝတ္တု၌ သက်သာစေခြင်း၏သားဟု…
ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲခြင်း
အမေရိကန်ပြည်တွင်းစစ်ကာလ တောင်ပိုင်းနှင့်မြောက်ပိုင်း ပြည်နယ်တို့၌ အမုန်းတရားက ခိုင်မာစွာ အမြစ်စွဲနေသည်။ ဥပမာပြရလျှင် သမ္မာတလင်ကွန်းမှာ တောင်ပိုင်းသူပုန်များအပေါ် ရက်ရောမေတ္တာပြခြင်းအတွက် ဝေဖန်ခံရသည်။ စစ်ဖြစ်လျှင် ရန်သူကို အပြတ်ချေမှုန်းရမည်သာ ဖြစ်ကြောင်း ဝေဖန်သူများက သမ္မတကြီးအား သတိပေးပြောဆိုကြသည်။ သို့သော် သမ္မတကြီးက “ရန်သူကို မိတ်ဆွေဖြစ်စေတဲ့အခါ ရန်သူကို ချေမှုန်းပြီးသားပဲ” ဟု လိမ္မာစွာ တုံ့ပြန်ဖြေကြား ခဲ့သည်။
သမ္မတကြီး၏စကားက အမြော်အမြင်နှင့် ပြည့်စုံပြီး သခင်ယေရှုသွန်သင်ခဲ့သည့် တောင် ပေါ်ဒေသနာကို နည်းအသွယ်သွယ်ဖြင့် ထင်ဟပ်ပြနေသည်။ “ငါပညတ်သည်ကား သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှင်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့”(မ ၅း၄၄-၄၅)။
ဘ၀၌ ဆက်ဆံရခက်သောလူများ…
ရည်ရွယ်ချက်ကို သတိရပါ
ဂျိုးမောရစ်ပြုလုပ်သည့် ရေခဲမုန့်များမှာ ချော့ကလက်၊ စတော်ဘယ်ရီ မှအစ လက်ဖက်စိမ်း ရေခဲမု့န်အထိ အမျိုးစုံလှသည်။ တက္ကဆက်ပြည်နယ်ရှိ အရသာကောင်းမွန်ခြင်း၊ ဆန်းသစ်ခြင်း၊ ပုံစံအမျိုးမျိုးရှိခြင်း စသည့် နာမည်ကောင်းရထားသည့် နာမည်ကျော် ရေခဲမုန့်ကုမ္ပဏီမှ ရေခဲမုန့် ပြုလုပ်သူသုံးဦးအနက် ဂျိုးမောရစ်မှာ တစ်ဦးအပါအ၀င်ဖြစ်သည်။ သူ့အနေဖြင့် ရေခဲမုန့် လုပ်ရ သည့် ရည်ရွယ်ချက်ကို ဘယ်တော့မှမမေ့ပါ။
ဝါရင့်ဝန်ထမ်းတစ်ဦးက “ဘာကြောင့် ရေခဲမုန့်လုပ်လဲ၊ ဒီမုန့်က လူကိုပျော်ရွင်စေတယ်။ လူတွေပျော်ရွှင်အောင် ငါတို့လုပ်ဆောင်မယ်” ဟု အစဉ်သတိပေးကြောင်း ဂျိုးမောရစ်က သတင်း ထောက် ရီကာဒို ဂျန်ဒါရာ အားပြောပြသည်။ ဤရည်ရွယ်ချက်အတိုင်း ဂျိုးမောရစ် ရေခဲမုန့် ပြုလုပ် ပါသည်။
ယေရှုနောက်လိုက်များအနေဖြင့် မိမိ၏ရည်ရွယ်ချက်ကို သတိရရန် အထူးအရေးကြီး ကြောင်း ကျွန်ုပ်တို့သိပြီးသားပါ။ မိမိ၏ရည်ရွယ်ချက်ကို မေ့လျော့ပါက ကျွန်ုပ်တို့လည်း မည်သူ အကြီးမြတ်ဆုံးနည်းဟု ငြင်းခုံလျက် အချင်းချင်းဒေါသထွက်ကာ စိတ်ဝမ်းကွဲကြသည့်…
ဘုရားသခင်၏ အိမ်တော်၌ စိုက်ပျိုးသောသူ
စာရေးဆရာ ဒွန်ဂိုးသည် သက်ကြီးပိုင်းလူကြီးများနှင့် မပြတ်တွေ့ဆုံးမေးမြန်းခန်းများ ပြုလုပ်ပြီးနောက် Until the Singing Stops: A Celebration of Life and Old Age in America ဟူသည့် သက်ကြီးပိုင်းဘ၀အကြောင်း စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။
ဆရာဒွန်ဂိုးက သူ့အဖွားကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး အဖွားနှင့်ပတ်သက်သော အမှတ် တရများကြောင့် အခြားသက်ကြွယ်လူကြီးများနှင့် တွေ့ဆုံကာ လေ့လာသင်ယူရန် အကြောင်းဖြစ် လာသည်။ မစ်ဇူရီပြည်နယ်၌ တွေ့ဆုံမေးမြန်းရန်အသွား ဖုန်ထူသည့်တောလမ်း၌ သူလမ်းပျောက် သွားသည်။ သို့နှင့် လယ်တောတစ်ခုသို့ဝင်ပြီး လမ်းမေးရာ ဆယ်ကျော်သက် လူငယ်လေးတစ်ဦး ထွက်လာပြီး သူပြောသမျှနားထောင်ပြီးနောက် ပခုံးတွန့်ကာ `မသိဘူး´ ဟု ဖြေလိုက်သည်။ ထိုကြောင့် ကားဆက်မောင်းထွက်လာပြီး နောက်ထပ်မိုင် အနည်းငယ်အရောက်တွင် ကားရပ်ပြီး ဆင်းမေးပြန်သည်။ ထိုလယ်တောရှိ လယ်သမားအဖိုးအိုက စေတနာအပြည့်နှင့် အပြည့်အစုံ လမ်းညွှန်ပြပေးခဲ့သည်။…
ဆင်းရဲဒုက္ခရောက်ချိန်များ
“မာဖီ နိယာမ”ကို သင်မကြားဖူးပါက `မှားတတ်တယ်ဆိုရင် မှားကိုမှားပြီးမှတ်´ ဟူသည့် ယူဆချက်ကိုဖြင့် သင်ကြုံကောင်းကြုံဖူးနိုင်၏။
လူအများက လက်ခံသည့် မာဖီနိယာမ အားဖြင့် ယေရှုက တပည့်တော်များအား “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူချက်ကို သတိရမိသည် (ယော ၁၆း၃၃)။ တနည်းဆိုရလျှင် ထိုစကားကို ယုံကြည်လက်ခံရမည်။ မနှေးအမြန်ဆိုသလို ဆင်းရဲဒုက္ခရောက်ချိန်များ ကျွန်ုပ်တို့ရင်ဆိုင်ရမည်။ ဘ၀၌ထိုသို့ဖြစ်ရန် မူလက ဘုရားသခင်၌ ရည်ရွယ်ချက်မရှိခဲ့ပါ။ သို့သော် ဧဒင်ဥယျာဉ်ရှိ စာတန်၏ ဖြားယောင်းမှုသို့ လူသားတို့ကျဆင်းခဲ့ ပြီးနောက် ကမ္ဘာဂြိုလ်ပေါ်၌ ရှိသမျှ အရာများအားလုံးသည် အပြစ်၏ချည်နှောင်မှုထဲ ကျရောက် သွားသည်။ ရလဒ်ကား ထိုအချိန်မှစ၍ အစီအစဉ်မကျ၊ လုပ်ဆောင်ချက်များ လွဲချော်ခဲ့ရတော့ သည်။
ဘ၀၌ ဆင်းရဲဒုက္ခ ခံစားရခြင်းကို အထင်အရှားတွေ့မြင်ရပြီး ငြိမ်သက်ခြင်းကို မရနိုင် မခံစားရခြင်းကလည်း အမှန်အကန်ပါ။ သခင်ယေရှုက…