ဆုတောင်းခြင်းဖြင့် ၀န်းရံထား
ကျွန်မ သူငယ်ချင်း မဲလီဇာ၏ ၉ နှစ် သမီး စစ်ဒ်နီလေး ကီမိုဆေးသွင်း ကုသမှုခံယူရန်နှင့် ရိုးတွင်းခြင်ဆီအစားထိုးရန် ဆေးရုံတတ်နေရချိန်က သူ့ကို ကျွန်မအိမ်မက်မက်ခဲ့သည်။ အိမ်မက် ထဲ၌ စစ်ဒ်နီက ဆေးရုံပင်မဆောင်၌ မိဘများနှင့်အတူရှိနေပြီး ဘေးပတ်လည်ရှိ အခန်းများတွင် မိသားစုနှင့် မိတ်ဆွေများက သူဆေးသွင်းကုသမှု ခံယူနေစဉ်တွင် မပြတ်ဆုတောင်း ပေးနေကြ သည်။
လက်တွေ့တွင်မူ စစ်ဒ်နီလေးပတ်ဝန်းကျင်၌ မိသားစုနှင့် မိတ်ဆွေများရှိမနေပါ။ သို့သော် ၀ိညာဉ်ရေးအရ ပြောရလျှင် စစ်ဒ်နီလေးအနီး၌ ဆုတောင်းခြင်းနှင့် မေတ္တာများဖြင့် ၀န်းရံလွမ်းခြုံ နေ၏။
တမန်တော်ရှင်ပေါလုသည်လည်း သူ့ကို ဆုတောင်းခြင်းဖြင့် ၀န်းရံထားစေလိုပုံရသည်။ အသင်းတော်များသို့ သူရေးသားသော စာအများစုတွင် သူ့အဖို့ ထာဝရဘုရားထံ ဆုတောင်းရန် ပန်ကြားထားသည်။ ( ၂ကော ၁း၁၁၊ဧ ၆း၁၈-၂၀၊ ကော ၄း၂-၄၊ ဖိလေ ၁း၂၂)။ ရောမမြို့ရှိ ယုံကြည်သူများအားလည်း…
ငါ၌တည်နေ
နှစ်စဉ် အင်္ဂလိပ် ဘောလုံးရာသီ၏ အထွတ်အထိပ်အချိန်မှာ နောက်ဆုံး FA Cup ဗိုလ်လုပွဲနေ့ဖြစ်သည်။ ထိုနေ့တွင် စိတ်လှုပ်ရှားစရာ၊ ပွဲတော်ပမာပျော်ရွှင်စရာ၊ ပြိုင်ဆိုင်စရာများနှင့် သက်ဝင်နေသည်။ သို့သော်ပြိုင်ပွဲ အစပြုပုံက ကျွန်တော့်ကို အဖမ်းစားဆုံးပင်။ ပြိုင်ပွဲကို “Abide With Me” ဟူသော ဓမ္မတေးဖြင့် အစပြုကြသည်။
ကျွန်တော်အနေဖြင့် အထူးအဆန်းဖြစ်ရပါသည်။ ဘောလုံးနှင့် ထိုဓမ္မတေး ဘာဆိုင်သ နည်း။ ထိုအကြောင်းကိုစဉ်းစားရင်၊ ခရစ်တော်နောက်လိုက်များအတွက် ကစားခုန်စားသည်ဖြစ်စေ၊ ဈေးဝယ်ထွက်သည်ဖြစ်စေ၊ အလုပ်ခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ အရာခပ်သိမ်း ပတ်သက်ဆက် နွယ်မှုရှိပါသည်။ အသက်တာ၌ ဘုရားသခင်၏ မျက်မှောက်တော်နှင့် ကင်းလွတ်သည့် ကဏ္ဍ တစ်ခုမျှမရှိပါ။ မိမိထံ၌ ကိုယ်တော်တည်ရှိနေရန် တောင့်တလိုလားသော ဆန္ဒက ကျွန်ုပ်တို့ အတောင့်တအပ်ဆုံးသော ဆန္ဒဖြစ်သင့်ပါသည်။ စင်စစ် ကောင်းကင်ဘုံရှင် ခမည်းတော်ဘုရား သခင်၏ အတူရှိနေခြင်း မျက်မှောက်တော်သည် ကျွန်ုပ်တို့တောင်းဆိုရခြင်းမဟုတ်ဘဲ၊ ကိုယ်တော်…
မဟာအမှားများမှ အံ့ဩဖွယ်ရာများသို့
အနုပညာဖန်တီးရှင် James. Hubbell က “အမှားတွေဆိုတာ လက်ဆောင်တစ်ပါးပဲ” ဟုဆို၏။ သူသည် အလုပ်တစ်ခုလုပ်တိုင်း တစ်စုံတစ်ရာအမှားဖြစ်ပေါ်လာပါက ထိုအလုပ်ကို အစမှ ပြန်မလုပ်ပါ။ ထိုအမှားကို အသုံးပြု၍ ပို၍ကောင်းသည့် အရာတစ်ခုကို လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေသည်။ မမှားသင့်သောအမှား(သို့) ဆိုးဝါးသေားအမှားများကို ကျွန်ုပ်တို့ မရှောင်နိုင်။ အမှားများကို ဖုံးကွယ်ခြင်း၊ ကြိုးစား၍ အမှားပြန်ပြင်ခြင်း၊ အပြစ်ကို တောင်းပန်ရန် ကြိုးစားခြင်း စသည်ဖြင့် တစ်နည်းမဟုတ်တစ်နည်း အမှားများနှင့် ပတ်သက်နေကြသည်။
သို့သော် ဘုရားက ကျွန်ုပ်တို့ကို စွန့်ပစ်ပြီး အစက ပြန်မစပါ။ သူသည် ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်လျက် ပို၍ ကောင်းမွန်လာအောင် ပြုလုပ်ပေးသည်။
တမန်တော်ပေတရုသည် လက်တလော၌ အကောင်းဆုံးဟုထင်ရသည့် ဘယ်အရာကို မဆိုပြုလုပ်လိုသည်။ သူ့ကို `စိတ်မြန်လက်မြန်အမှားသမား´ ဟုဖော်ညွှန်းကြသည်။ ယေရှုအဖမ်း ခံရပြီးနောက် သူသည်ကြောက်ရွံ့သဖြင့် ယေရှုကိုမသိပါဟု သုံးကြိမ်တိုင်ငြင်းခဲ့ပြီး…
ဒိုရီယန်ဂရေး
ဗစ်တိုးရီးယားခေတ်မှ “The Picture of Dorian Gray” (ဒိုရီယန်ဂရေး ရုပ်ပုံလွှာ) ၀တ္တုတွင် တစ်ပါးသူတို့အား မိမိ၏ အပြင်ပန်းသဏ္ဌာန် ကို မြင်သာအောင်ပြပုံပြနည်းမှာ မိမိ၏ အတွင်းလူနှင့်မတူညီဘဲ တစ်ခြားစီဖြစ်နိုင်ကြောင်းကို သရုပ်ဖော်တင်ပြထားသည်။ နုပျိုချောမော ရုပ်ဖြောင့်သည့် ဒိုရီယန်ဂရေးသည် သူ၏ပုံတူပန်းချီကားကို ရေးဆွဲစေပြီးနောက် သူသည် အရွယ် အိုမင်းလာမည့်အရေးကို အလွန်ပူပင်စိုးကြောက်ခဲ့ပြီး သူ့အစား သူ့ပုံတူပန်းချီကားက အစားထိုး အိုမင်းသွားလျှင်ကောင်းမည်ဟု ဆန္ဒဖြစ်ခဲ့လေသည်။ မကြာမီပင် သူတောင့်တသည့် ဆန္ဒပြည့်စုံ ခဲ့သည်။ သူကိုယ်တိုင်မူကား နုပျိုဆဲဖြစ်သော်လည်း ပဋိပက္ခဖြစ်နေသော သူစိတ်ဝိညာဉ်ကို ကြေးမုံပမာထင်ဟပ်ပြနေသည်။ သူ့ပုံတူပန်းချီကားမှာ သူပြုသည့် အပြစ်တစ်ခုစီကြောင့် အိုစာလာ သည်။ ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ၏ အပြင်ပန်းသွင်ပြင်က သူ၏ယိုယွင်းနေသော နှလုံးသားနှင့် လိုက်ဖက်မှုမရှိခဲ့ပါ။
ထိုနည်းတူ ယေရှုသည် ဖာရိရှဲတို့ သူတော်ကောင်းဖြစ်ဟန်ဆောင်ခြင်းကို ပြစ်တင်ခဲ့သည်။ ဖာရိရှဲများစွာတို့က သူတစ်ပါးအထင်ကြီးအောင်ကြွားဝါရခြင်းကိုဂုဏ်ယူတတ်ကြ၏။ သို့သော်…
ဘ၀၌အကောင်းဆုံးသော အရာများ
“ဘ၀၌ အကောင်းသောအရာများကို အခမဲ့ရရှိသည်” ဟု ရှေးဆိုရိုးစကားတစ်ခုရှိသည်။ ၎င်းမှာ အတော်လေးပင် မှန်ကန်ပါ၏။ သို့သော် အချို့သူတို့က ဘ၀၌ အကောင်းဆုံးသော အရာများမှာ တန်ဖိုးကြီးမားသည်။ ရှားပါပြီး ရှာရခက်သောအရာများ ဖြစ်ကောင်းဖြစ်မည်ဟု ယုံကြည် ကြသည်။ မကြာသေးမီက “ဘ၀၌ အကောင်းဆုံးသောအရာများမှာ ရုပ်ဝတ္တုပစ္စည်းများ မဟုတ်ပါ” ဟူသည့် ရေးသားချက်ကို မြင်ခဲ့ရပြီးနောက် ကျွန်တော်ပြုံးရင်း အတွေးဝင်သွားပါ၏။ ၎င်းသည် အလွန်ကောင်းသော ဖွင့်ဆိုချက်ပါ။ ဘ၀ရှိအရေးကြီးဆုံးအရာများသည် လူသားများနှင့် ဘုရားသခင်ထံ၌ အမှီသဟဲပြု ချည်နှောင်ထားကြောင်း၊ မိသားစု၏တန်ဖိုး၊ မိတ်ဆွေများ၏တန်ဖိုး၊ ယုံကြည်မှု၏တန်ဖိုးများအားဖြင့် ထိုအချက်ကို သဘောပေါက်ရသည်။
ရှောလမုန်မင်းကြီးသည် “မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ် အားဖြင့်လွန်ကဲ” သောကြောင့် အရေးပါ/အဓိကကျသော အကြောင်းအရာများကို မိန့်မြွက်ရန် (အမှန်ပင်) အရည်အသွေး ပြည့်မီသူဖြစ်သည်။ သူမည်သို့ အကြံပြုသနည်း။ “ငွေရတတ်ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို…
ပြဿနာက ဘာလဲ
မြက်ခင်းပြင်၌ တစ်ခုခုဖြစ်နေသည်။ ဘာကြောင့်မှန်းမသိသော်လည်း တစ်စုံတစ်ခုကြောင့် ပျက်စီးမှန်း သိနေပါသည်။
တွေ့ပါပြီ။ အရင်းစစ်တော့ တရားခံက ပွေးကောင်များပါ။ ပိုးမွှားများကို လောဘတကြီး ရှာဖွေစားသောက်တတ်သည့် ထိုသတ္တ၀ါငယ်လေးများသည် လှပညီညာသော မြက်ခင်းအောက်၌ သွားလာကာ အစာရှာဖွေကြသဖြင့် မြက်ခင်းပြင် ဗြောင်းဆန်ပျက်စီးရတော့သည်။
ဣသရေလလူတို့သည်လည်း ဖုံးကွယ်ထားသော ကိစ္စရပ်တစ်ခုကြောင့် ပြဿနာတတ် ခဲ့ရပြီး (ယောရှု ၇)၊ ဘာကြောင့်ဖြစ်ရသည်ကို အဖြေရှာမရပါ။ သူတို့မသိသည့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားမှုကြောင့် ကြီးမားသော ဆုံးရှုံးမှုဖြစ်ရလေသည်။
ယောရှုသည် လူ ၃၀၀၀ ရှိသောတပ်ဖွဲ့ကို အာဣမြို့သို့ စေလွှတ်ရာမှ ပြဿနာ ဘွင်းဘွင်း ကြီး ပေါ်လာပါသည်။ ထိုတပ်ဖွဲ့သည် အာဣမြို့၏သေးငယ်သောအင်အားကို အနိုင်ယူရမည့် ပြည့်စုံ သင့်တင့်သောအင်အားရှိသည့် စစ်တပ်အင်အားဖြစ်သင့်သော်လည်း အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့၏။ ဣသရေလလူတို့ကို ဖရိုဖရဲရှုံးနိမ့်စေပြီး၊ အာဣတပ်က လူ ၃၆ ယောက်ကိုသတ်၍ လိုက်လံချေမှုန်းသဖြင့် ဣသရေလလူတို့…
နှုတ်ထွက်စကား
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်နှင့် အသိအမြင်တိုးတတ်မှု ဆိုင်ရာ သိပံ္ပပညာရှင် ဒေါက်တာ Ded Roy သည် လူသားများတွင် ဘာသာစကားမည်သို့မည်ပုံရရှိ လာသည်ကို လေ့လာရန် သူ့သားငယ်လေး၏ ပထမဆုံး သုံးနှစ်တာကာလကို အသံဖမ်းမှတ် တမ်းပြုထားသည်။ ၎င်းတို့အိမ်၌ အသံဖမ်းပစ္စည်းများတပ်ဆင်ကာ နာရီပေါင်း ၂၀၀,၀၀၀ ကျော် ကြာသည့် ဗီဒီယိုမှတ်တမ်းအချက်အလက်များကို စုဆောင်းခဲ့သည်။ အသံဖမ်းထားသည်တို့ကို စုဆောင်း၊ အကျဉ်းချုံး၊ တည်းဖြတ်လိုက်သောအခါ`ဂါးဂါး´ ဟူသည့် ကလေးငယ်အသံမှ `ရေ´ဟူသော စကားလုံးထွက်ပေါ်လာသည်ကို သူတို့ကြားခဲ့ရလေသည်။
တစ်စုံတစ်ယောက်က သင့်အိမ်၌ သုတေသန အစီအစဉ်တစ်ခု ဆောင်ရွက်လိုခဲ့သော် (ထိုအစီအစဉ်က) သင်၏ ပြောစကားတစ်လုံးချင်းစီကို မှတ်တမ်းယူထားပြီး ခွဲခြမ်းစိတ်ဖြာမည်ကို သိထားပါက ထိုအစီအစဉ်၌ သင်ပါဝင်လုပ်ဆောင်လိုပါမည်လား။ ထိုလေ့လာမှုက ဘယ်အရာကို ဖော်ပြနေမည်နည်း။ သုတံ္တကျမ်း ၁၈ တွင် ပညာမဲ့သော နှုတ်ထွက်စကားအချို့ကို ဖော်ပြထား ပါသည်။ သုတ္တံဆရာက…
အိမ်တံခါးများဖွင့်လျက်
Outlive Your life စာအုပ်ရေးသားသူ Max Lucado က “မိမိအိမ်ကို ဖွင့်ပေးခြင်းသည် သီးသန့် အသိုက်အမြုံလေးကို ဖြစ်ပေါ်စေသည်” ဟုရေးသားဖော်ပြသည်။ လက်တင်စကားလုံး တစ်ခုတည်းမှ “ဧည်ဝတ်ကျေပွန်မှု” နှင့် “ဆေးရုံ” hospitality & hospital ဟူသော အသုံးအနှုန်းတို့ ဆင်းသက်လာခြင်းမှာ မတော်တဆတိုက်ဆိုင်မှုမဟုတ်ပါ။ ထိုစကားလုံး ၂ လုံးသည် “အားရရွှင်လန်းကျန်းမာခြင်း” ဟူသော တူညီသည့် အကျိုးရလဒ်သို့ ရှေ့ရှုနေပါသည်။ တစ်ဦးတစ်ယောက်အတွက် သင့်တံခါးကို ဖွင့်ပေးသောအခါ “သင်သည် ကျွန်ုပ်အတွက်၊ ဘုရားသခင်အတွက် အရေးပါသူဖြစ်ကြောင်း” သတင်းပေးလိုက်ခြင်းပင်ဖြစ်၏။ သင့်ဖက်က ခဏတဖြုတ် ၀င်ရောက်ရန် ပြောနေခြင်းဟု သင်တွေးကောင်းတွေးမည်။ သို့ရာတွင် တဖက်သားက “ငါဟာ သူ့အိမ်ကို သွားထိုက်တဲ့သူပါ” ဟူ၍ ကြားသည်။
အာကုလနှင့်ပြစ်ကိလ တို့သည် တမန်တော်ရှင်ပေါလုကို အိမ်တံခါးဖွင့်လျက် ဖိတ်ခေါ်ချိန် က ရှင်ပေါလု…
သင်ခန်းစာနှစ်ခုရခဲ့သည်။
ကျွန်တော်သည် နေ့စဉ်ခွန်အားစာစောင်အတွက် ဥပဒေကို လိုက်နာရန် အရေးကြီးသည့် အကြောင်း စာမူတစ်ပုဒ်ရေးပြီးနောက်ပိုင်းတွင် မိုင်(၈၅၀) သွားရမည့်ခရီးကို စထွက်ခဲ့သည်။ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းရန်လည်း စိတ်ဆုံးဖြတ်ခဲ့သည်။ နယူးမက်ဆီကို ဒေသရှိ မြို့ငယ် လေးမှအထွက်တွင် လမ်းစည်းကမ်း ဆိုင်းဘုတ်များကို ကြည့်ရန်ထက် အသားညှပ်ပေါင်မုန့်ကို ဖြည်စားရန် အလုပ်ရှုပ်နေခဲ့သည်။ သို့နှင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းမိပြီး ဒဏ်ငွေ ဆောင်ရန် ဆင့်ခေါ်စာကိုရရှိခဲ့၏။ ဂရုမစိုက် သတိမထား၊ အမှုမထားခြင်းကြောင့် ဒဏ်တပ်ခံခြင်း သည် စည်းမျဉ်းဥပဒေကို တမင်မျက်ကွယ်ပြု ချိုးဖေါက်သကဲ့သို့ပင် ထပ်တူပေးဆပ်ရကြောင်း ထိုနေ့အတွက် ပထမဆုံး သင်ခန်းစာရခဲ့သည်။ ခရီးဆက်ရန် မိုင် ၇၀၀ ကျန်နေသေးသည်။
ဒုတိယအနေဖြင့် မိမိစိတ်ဆုံးဖြတ်ချက် ချထားသည့်အရာကို အမြဲပင် စမ်းသပ်ခံရကြောင်း သင်ခန်းစာရခဲ့သည်။ ဘုရားသခင်၏ လူမျိုးတော်များ ကတိထားရာပြည်သို့ဝင်ရန် ပြင်ဆင်စဉ် မောရှေက သူတို့အား “သင်၏ ထာဝရဘုရားသည် သင့်ကို…
လေ့လာစရာ ပုရွက်ဆိတ်ကမ္ဘာ
Mark Moffett ရေးသားသည့် “Adventures Among Ants: A Global Safari with a Cast of Trillions” စာအုပ်တွင် ငယ်စဉ်ကလေးဘ၀ကတည်းက ပုရွက်ဆိတ်များကို စိတ်ဝင်စားခဲ့ ကြောင်း ပြန်ပြောင်းတင်ပြထားသည်။ သူကြီးပြင်းလာသည့်တိုင် ထိုစိတ်ဝင်စားမှုမှာ ပျောက်မသွား ပါ။ သူ့စိတ်ကို လွှမ်းမိုးထားသောအရာက သူ့ကို ဟားဗက်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ရယူခဲ့ သည့်အထိ တွန်းပို့ခဲ့သည်။ ထိုနောက်တွင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူစိတ်ပါဝင်စားခဲ့သည့် ထိုအကြောင်းအရာဘာသာရပ်ကို ကမ္ဘာအနှံ့ခရီးဆန့်ကာ စွန့်စားလေ့လာမှုပြုခဲ့သည်။ သူ၏ လေ့လာမှုမှ ထိုအလုပ်ကြိုးစားသောသတ္တ၀ါလေးများအကြောင်း အလွန်အံ့ဩဖွယ်သိမြင် နားလည် ခဲ့ပါ၏။
ပုရွက်ဆိပ်ကမ္ဘာမှ အံ့ဩဖွယ်ရာအကြောင်းအရာ အချို့တို့ကို Moffett ရှာမတွေ့မီ ရှေးကာလများကပင် ဤသေးငယ်သော ပိုးမွှားလေးများ၏ ထိုးထွင်းဥာဏ်နှင့် အလုပ်ကျင့်ဝတ် များကို ကျမ်းစာတော်မြတ်တွင် မှတ်ချက်ပြုထားခဲ့သည်။ ပညာကြီးမားသော ရှောလမုန်မင်းကြီးက ပျင်းရိသူများအတွက်…