နက်နဲဆန်းကြယ်၍ မျက်မြင်မရသော
အမေရိကန်ပြည်ထောင်စုတစ်လွှားနှင့် ကမ္ဘာတစ်ဝှမ်းတွင် မကြာခဏဆိုသလိုပင် မည်သူ မျှ မျက်စိဖြင့် မမြင်နိုင်သည့် အရာတစ်ခုခုကြောင့် ကြီးလေးသော သက်ရောက်မှုကို ကြုံတွေ့ခံစား ကြရသည်။ သာဓကအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အမေရိကားမြို့များစွာသည် လေဆင်နှာမောင်း ဒဏ်ခံရပြီး ၀န်းကျင်နှင့် စီးပွားရေးလုပ်ငန်းများ ဖရိုဖရဲဖြစ်သွားသည်။ ဟာရီကိန်းမုန်တိုင်းရာသီတွင် တစ်နာရီ မိုင် ၁၀၀ ထက်ပိုသော လေများက ကျွန်ုပ်တို့တည်ဆောက်ထားသော အရာများကို ဖျက်ဆီးရန် ခြိမ်းခြောက်နေ၍ ထိတ်လန့်ရပါသည်။
၎င်းသည် မျက်မြင်မရသော စွမ်းအားတစ်ခု၏ အကျိုးဆက်ပါ။ အလံများ၊ ပစ္စည်းအပိုင်းအစ များ လွှင့်ပြန့်လှုပ်ရှားမှုအားဖြင့် လေ၏သက်ရောက်မှုကို မြင်နိုင်သော်လည်း `လေ´ဆိုသည့်အရာ ကို မမြင်ရပါ။ ၎င်းသည် နက်နဲဆန်းကြယ်စွာ မျက်မြင်မရ လှုပ်ရှားလျက်ရှိပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဤကဲ့သို့ပင် လှုပ်ရှားနေသည်။ တမန်တော် ၂ တွင် ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်နှင့် ပြည့်ခြင်းအမှုကို ယုံကြည်သူများတွေ့ကြုံကြ ရသည်။…
သာယာချိုမြိန်သော အိပ်စက်ခြင်း
ဓါတ်ပုံဆရာမ Anne Geddes သည် အိပ်ပျော်နေသော ကလေးငယ်ပုံများဖြင့် အနုပညာ တစ်ခုကို ဖန်တီးခဲ့သည်။ အိပ်မောကျနေသော ကလေးငယ်၏ပုံထက် ပိုကောင်းသော ငြိမ်းချမ်းရေး ပုံရိပ်မရှိပါ။ သူမ၏ ဓါတ်ပုံများမှာ ကြည့်ရှုသူများကို ပြုံးပန်းဝေစေပါသည်။
သို့သော် ခဏတာမှေးစက်ချိန်များနှင့် ညအိပ်ချိန်အကြား ကလေးငယ်များကို ထိန်းသိမ်း ဂရုစိုက်ရခြင်းမှာ အလွန်ပင်ပန်းသော၊ နားချိန်မရှိ တရစပ်တာဝန်ပင်ဖြစ်ပါ၏။ ဘာမှ နားမလည် လုပ်ချင်ရာလုပ်တတ်၍ မထင်မမှတ်ဘဲ မျက်စိတမှိတ်အတွက် အသက်အန္တရာယ်ကြုံရတတ်သည်။ သူတို့နောက် တကောက်ကောက်လိုက်ရ၊ ပျော်အောင်လုပ်ပေးရ၊ ကာကွယ်ပေးရ၊ ကျွေးမွေးရ၊ အ၀တ်လဲပေးရ၊ သတိနှင့်စောင့်ကြပ်လမ်းပြရ၊ စကားများနေသည့် မောင်နှမအချင်းချင်းကြား ဖြန်ဖြေရ အလုပ်ရှုပ်သည့်တစ်နေ့တာအဆုံးတွင် မိဘများမှာအိပ်ချိန်ကို စိတ်စောနေကြပါပြီ။ ကစားစရာများသိမ်းပြီး ည၀တ်စုံလဲပြီးနောက် အိပ်ချင်နေသော ကလေးငယ်များမှာ အရှိန်ကျလာ ကာ မိခင်ဖခင်အနီး အိပ်ရာဝင်ပုံပြင်နားထောင်ရန် တိုးဝှေ့ပြီး နောက်ဆုံးတွင် အိပ်ပျော်သွားပါ၏။ မိဘများက သူတို့ ကလေးများအိမ်မက်ကမ္ဘာ၌…
မသေချာတာ မေးခွင့်ရှိသည်။
စိုးကြောက်မှုနှင့် သံသယများ စိတ်၌ ခိုဝင်လာခြင်းက သဘာဝတရားပါ။ “တကယ်လို့ ကောင်းကင်ဘုံမရှိခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ” “ဘုရားသခင်ထံရောက်နိုင်ဖို့ ယေရှုက တစ်ခုတည်း သောလမ်းလား” “ဘ၀ကို ဘယ်လိုရှင်သန်ခဲ့လဲဆိုတဲ့အချက်က ဘ၀အဆုံးနိဂုံးမှာ အရေးပါ သလား။” ထိုမေးခွန်းများကို ပြီးပြီးရော သာမန်ကာလျှံကာ မဖြေအပ်ပါ။
ပရောဖက်တို့တွင် အကြီးမြတ်ဆုံးသူဟု သခင်ယေရှုခေါ်ဆိုသော ဗတ္တိဇံယောဟန်သည် ခေါင်းဖြတ်အသတ်မခံရမှီ အချိန်လေး၌ သူသိလိုသောအရာရှိသည်(း၁၉)။ သူအမှုဆောင်ရွက်ခြင်း အချည်းအနှီးမဖြစ်ကြောင်း ယေရှုသည်ကြွလာတော်မူသော မေရှိယ ဟုတ်မဟုတ် အသေအချာ သူသိလိုသည်။
ယေရှု၏ တုံ့ပြန်မှုက နှစ်သိမ့်သက်သာရာဖြစ်ပြီး ကျွန်ုပ်တို့လည်း နမူနာယူနိုင်သည်။ ဗတ္တိဇံ ဆရာယောဟန် သံသယစိတ်ရှိခြင်းကို လှစ်မလျူမရှု၊ မဝေဖန်ဘဲ ယေရှုက သူပြုသောအမှု နိမိတ် လက္ခဏာများကိုပြညွှန်ခဲ့သည်။ ယောဟန်၏တပည့်များမှာ အံ့ဖွယ်ရာများကို ကိုယ်တိုင်လက်တွေ့ မြင်ခဲ့ရပြီး ရှင်းလင်းသော စိတ်ချမှုဖြင့် သူတို့ ဆရာထံပြန်သွားကြသည်။ ထိုမျှမက ယေရှုက ကယ်တင်ရှင်…
နောက်ကွယ်၌ မည်သူရှိသနည်း
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်ဒေသ၌ ကျင်းပသော ယဉ်ကျေးမှုရိုးရာပွဲ၌ အံ့မခန်းသော သံစုံ တီးဝိုင်းတင်ဆက်မှုကို ခံစားကြည့်ရှုခဲ့ရသည်။ ပွဲမပြီးဆုံးမီတွင် ပရိသတ်ထဲမှ လူ ၂၀၀ ကို ၀ါးဖြင့်ပြုလုပ်သည့် တူရိယာလေးဝေပေးပြီး ရှေ့မှ ဦးဆောင်သူ၏ စည်းချက်အတိုင်း ထိုတူရိယာကို လှုပ်ခါရန် သင်ကြားပေးသည်။ ခဏလေးအတွင်းမှာပင် ထိုတီးဝိုင်း၌ မိမိပါဝင်နေရသကဲ့သို့ ခံစားလာရပြီး ကောင်းစွာ ပါဝင်လုပ်ဆောင်နိုင်ခြင်းကြောင့် ဂုဏ်ယူမိသည်။ ထိုနောက်တွင် မိမိက တော်နေ၊ ကောင်းနေ၍ မဟုတ်ဘဲ၊ ရှေ့မှ ဦးဆောင်သူကိုသာ ချီးမွမ်းထိုက်ကြောင်း ကျွန်ုပ်သဘော ပေါက်မိသည်။
ထိုနည်းအတိုင်း ကျွန်ုပ်တို့လည်း ဘ၀၌ အဆင်ပြေချောမွေ့နေလျှင် ဂုဏ်ယူဝါကြွား လိုက် ရန်လွယ်ကူသည်။ “ကိုယ်ကတော်လို့၊ ကိုယ့်အရည်အချင်းနဲ့ အောင်မြင်တာ” ဟု တွေးမိအောင် သွေးဆောင်ခံရသည်။ ထိုအချိန်မျိုးတွင် နောက်ကွယ်မှ ကျွန်ုပ်တို့ကို လှုံ့ဆော်အားပေးသူ၊ အန္တရာယ်များကို ဆီးတားပေးသူ၊ မစသူ ကွယ်ကာသူ ကောင်းမြတ်သော…
နှံ့ပြားဟောပြော ဧ၀ံဂေလိတရား
“viral video” ဆိုသည်မှာ အင်တာနက်ပေါ်တင်လိုက်သည်နှင့် ဆက်သွယ်မှုရှိလျှင် ရှိသလို တစ်ဦးမှတစ်ဦးသို့ လျှင်မြန်စွာ ဖြန့်ပြီးသားဖြစ်သွားသည့် ဗီဒီယိုရိုက်ချက်အတိုလေးကို ရည်ညွှန်းပါသည်။ ထိုဗီဒီယိုက ဟာသများ၊ တိုက်တွန်းလှုံ့ဆော်သော အကြောင်းအရာများ၊ တွေးတောဆင်ခြင်စရာများဖြစ်ပြီး လျင်မြန်ုစွာ ပြန့်သွားကာ လူသန်းပေါင်းများစွာက ကြည့်ရှုနိုင်သည်။ ၎င်းသည် ကြော်ငြာသမား၏ ရည်မှန်းချက်ဖြစ်ပြီး၊ ဈေးကွက်ရှာဖွေမှု ကျွမ်းကျင်သူ မဆိုစလောက်ကသာ အောင်မြင်မှုရရှိသည်။
လက်စီ ခဲမ် ဆိုသူက realnetworksblog.com ၌ အောက်ပါအတိုင်း ရေးသားသည်။ “တစ်စုံတစ်ရာကို တောမီးလောင်သလို အမြန်ပြန့်သွားအောင် ဘယ်လိုလုပ်မလဲ၊ အဖြေကတော့ လုပ်လို့မရဘူးဆိုတာပါဘဲ။ အဲဒါကို စီစဉ်လို့မရဘူး။ လူတိုင်းက လုပ်မဲ့ကိစ္စလည်း မဟုတ်ဘူး၊ အဲဒီတစုံတရာက တော်တော့်ကို အံ့ဩစရာကောင်းနေမှဘဲ ပြန့်သွားလိမ့်မယ်။”
ယေရှုခရစ်တော်၏ ဧ၀ံဂေလိသတင်းကောင်းသည်လည်း လူတစ်ဦးမှ အခြားသူတစ်ဦး ဆီသို့ ထိုနည်းအားဖြင့် နှံ့ပြားသွားသည်။ ကနဦးအသင်းတော် ခေါင်းဆောင် သတေဖန်သည် သူ့ယုံကြည်ခြင်းကြောင့်…
နောက်လှည့်ကြည့်
`အကျွန်ုပ်ကို ကိုင်မြဲမေတ္တာတော်´ ဓမ္မသီချင်းကိုရေးသားသူအဖြစ် လူသိများသူ ဂျော့မက်သ်စင် သည် “Ignored Blessings” `လျစ်လျူခံရသည့် ကောင်းကြီးများ´ သီချင်းကို လည်းရေးစပ်ပြီး၊ သူကျော်လွန်ဖြတ်သန်းခဲ့သည့် ဘ၀ခရီးကို ပြန်ပြောင်းဆင်ခြင်ခဲ့သည်။ ထိုသို့ ပြန်ပြောင်းကြည့်မှ ကောင်းကင်ဘုံရှင်အဖဘုရားသခင်သည် လမ်းတစ်လျှောက် သူ့ကိုပို့ဆောင်ခဲ့ ကြောင်း သိနားလည်ရသည်။
ကျွန်ုပ်တို့တစ်ယောက်စီတိုင်းအတွက် မိမိပြေးရမည့်လမ်း၊ ခရီးစဉ်ကို ဘုရားသခင် ဆွဲထား ပြီးသားဖြစ်သည်(တ ၂၀း၂၄၊ ၂တိ ၄း၇)။ ထိုခရီးကို ကောင်းကင်ဘုံမှ တရားဝင်ခွင့်ပြုထားပြီး ဖြစ်သည်။ ထိုခရီးသည် ဘုရားသခင်၏ အမြင့်ဆုံးသော အကြံအစည်တော်၌ အစပြုသည်။
သို့သော် ကျွန်ုပ်တို့၏ရွေးချယ်မှုကလည်း ဆီလျော်ဆက်စပ်မှုရှိပါသည်။ နေ့စဉ် ဆုံးဖြတ်ချက် ကြီးငယ် မဟူကိုချပြီး ဘ၀ခရီးဆက်သည်။ အချို့ဆုံးဖြတ်ချက်က ဘ၀ကို ပြောင်းလဲ စေသည့်အထိ အကျိုးသက်ရောက်မှုရှိသည်။
ဘုရားသခင်၏ အချုပ်အခြာအာဏာပိုင်မှုလား။ ဤတွင် လူသား၏ရွေးချယ်မှုလားဟု ဝေခွဲ မရဖြစ်ခြင်းအပြင် မိမိပြေးရမည့်လမ်းကို…
ရပ်
ကိစ္စများမြှောင် လူ့ဘောင်ဘ၀၀ယ် လုပ်စရာ၊ သွားစရာ၊ တွေ့စရာကိစ္စများမပြီးနိုင်ဟု ထင်ရသည်။ အဓိပ္ပါယ်ရှိရှိလုပ်စရာ ဘာမှမရှိသောဘ၀ကို မည်သူမျှမလိုချင်ပါ။ ထို့ကြောင့် လုပ်စရာရှိတာ မြန်မြန်လုပ်ရန် မြန်ဆန်မှုသဘောက ကျွန်ုပ်တို့လိုအပ်သည့် ငြိမ်သက်မှုကို လုယူ လေပြီ။
ကားမောင်းရာ၌ ရပ်ရန်၊ အရှိန်လျှော့ရန် သတိပေးချက် ဆိုင်းဘုတ်များရှိရာ၊ ၎င်းတို့က ကျွန်ုပ်တို့ဘေးကင်း လုံခြုံရေးအတွက် အရှိန်မြင့် လီဗာကို တစ်ချိန်လုံးနင်းထားရန် မလိုကြောင်း သတိပေးနေသည်။ ဘ၀အသက်တာကဏ္ဍတိုင်း၌လည်း ထိုသို့သတိပေးချက်များကို ကျွန်ုပ်တို့ လိုအပ်သည်။
ငြိမ်ဝပ်ငြိမ်သက်စွာ နေရမည့်အချိန်သည် အရေးကြီးကြောင်း ဆာလံဆရာကောင်းစွာ သဘောပေါက်သည်။ ဘုရားသခင် ကိုယ်တော်တိုင်က သတ္တမမြောက်နေ့တွင် ငြိမ်ဝပ်စွာ နေပါသည်။
ဟောပြောသွန်သင်စရာ၊ အနာရောဂါများ ကုသပေးရန် ကိစ္စများစွာရှိလည်း ယေရှုသည် လူပရိသတ်အပေါင်းတို့မှ ဖယ်ခွါပြီး ခေတ္တနားနေသည် (မ ၁၄း၁၃၊ မာ ၆း၃၁)။ ဘ၀၌ သောက ပူပန်စရာများကို ကြိုတွေးပြီး…
ကျွန်တော့်သူငယ်ချင်း ၀ီလျံ
ဂျာမေးကားနိုင်ငံ ကော့စ်ဒေသရှိ မသန်စွမ်း ကလေး များဂေဟာသို့ ရှောက်ရှိချိန်အထိ ဘောလုံးကစားသမား တစ်ယောက်ကို တွေ့ရမည်ဟုမထင်ခဲ့ပါ။ ဆယ်ကျော်သက် လူငယ်သီချင်း အဖွဲ့ နှင့် အခြားမိန်းကလေးအဖော်များက ကလေးများကို ပွေ့ဖက်သူဖက်၊ မေတ္တာပြသူပြ၊ အတူကစားသူကစားနှင့် အသီးသီးရှိနေချိန် ကျွန်တော်လည်း ၀ီလျံ အမည်ရှိ သူငယ်လေးအနီးသို့ ရောက်သွားသည်။
ဝီလျံ၏ ကျန်းမာရေးအခြေအနေကို ကျွန်တော်အတိအကျမသိပါ။ ကျွန်တော်အထင် သူက ဦးနှောက်လေဖြတ်ထားပုံရသည်။ ကျွန်တော့်လက်၌ ပိုက်ထားသောဘောလုံးကို သူ့ထံပုတ်ပေး လိုက်သည်။ ဘောလုံးက သူ့လက်မှလွတ်ကျသွားသည်။ ဘောလုံးကို ကျွန်တော်ပြန်ကောက်ပြီး သူ့ကိုထပ်ပေးရာ ၀ီလျံက ဘောလုံးကို သူလိုချင်သောပုံစံရအောင် ဖြည်းဖြည်းကြိုးစားကိုင်သည်။ ထိုနောက် လက်ရန်းကိုမှီပြီး ခန္ဓာကိုယ်အနေအထားကို ထိန်းညှိရပ်ကာ မှင်သက်ဖွယ်ကောင်း လောက်အောင် ဘောလုံးကိုလှည့်ပြသည်။ နောက်ထပ် ၄၅ မိနစ်ကြာအထိ သူနှင့်ကျွန်တော် ဘောလုံးပစ်တမ်းကစားသည်။ သူကပစ် ကျွန်တော်ကဖမ်းနှင့် ၀ီလျံမှာ ရယ်ပြီးရင်းရယ်ကာ သဘောကျနေသည်။…
မီးရှုးမီးပန်းနှင့် လွတ်ခြင်းအခွင့်
အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို ရောင်စုံမီးရှုးမီးပန်းများစွာနှင့် ဆင်နွဲခွင့်ရသော ကြောင့် တရုတ်လူမျိုးမိတ်ဆွေများ၏ တီထွင်ဥာဏ်စွမ်းကို ကျေးဇူးတင်ချီးမွမ်းမိပါသည်။
နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်သီချင်းကို သီဆိုနေချိန်တွင် ကောင်းကင်ယံ၌ ပုံသဏ္ဍာန် အမျိုးမျိုးနှင့် မီးပန်းများကို ပစ်ဖေါက်သည်။ မီးရှုးမီးပန်းများကို ကြည့်ရှုခံစားရင်း ဖေါက်ခွဲရေး ပစ္စည်းအများစုသည် မီးရှုးမီးပန်းများကဲ့သို့ မလှပဘဲ သေစေနိုင်လောက်သည့် အန္တရာယ်ရှိကြောင်း တွေးမိသည်။ ပစ္စည်းနှစ်ခုစလုံး၌ ပါဝင်အသုံးပြုထားသည့် ပစ္စည်းများက တူသော်ငြားလည်း တစ်ခုက သတ်ဖြတ်ဖျက်ဆီးရန် ရည်ရွယ်ပြီး၊ ကျန်တစ်ခုက ဖျော်ဖြေရေးပစ္စည်းပါ။ ဤတင်စားချက် အားဖြင့် တစ်စုံတစ်ခုကို ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်မျိုးစလုံးအတွက်ပါ အသုံးပြုနိုင်ကြောင်း နားလည်ရသည်။ အန္တရာယ်ရှိသောအရာသည် စွမ်းရည်ဆုကျေးဇူးရှိသူ၊ သတိရှိသူ၊ သူတစ်ပါးကို ဂရုစိုက်သူ၏လက်ထဲ၌ အလွန်မွန်မြတ်သည့် အံ့မခန်းအရာများဖြစ်လာသည်။ သို့သော် တစ်ဖက် တွင် အန္တရာယ်ရှိသောအရာက ဆိုးကျိုးဖြစ်သွားတတ်ခြင်းကလည်း အမှန်တရားပင်။
မီးရှုးမီးပန်းများနှင့် ဆင်နွဲနေသည့် လွတ်လပ်မှုကို အကောင်းအတွက်ရော အဆိုးအတွက်ပါ အသုံးပြုနိုင်ပါသည်။…
အီးမေးလ် ဆုတောင်းချက်
မကြာမီက ကျွန်တော့်သူငယ်ချင်းတစ်ယောက်မှာ ခြေသလုံးနှင့်ဖနှောင့်ရှိ အရွတ်အကြော များ အလွန်နာကျင်မှုဒဏ်ကြောင့် ခွဲစိတ်ကုသခဲ့ရသည်။ ဆုတောင်းပေးနေသည်ဟု သူ့ကို ကတိ ပေးပြီးနောက် သူ့ကိုတစ်ခုခုရေးပေးပြီး အားပေးသင့်သည်ဟု စိတ်၌နှိုးဆော်ခံရသဖြင့် အောက်ပါ စာကို အီးမေးလ်ဖြင့် ပို့လိုက်သည်။
“အသက်ရှင်သောဘုရားသခင်၊ ကိုယ်တော်၏ အချုပ်အခြာအာဏာဖြင့် အသက်တာ၏ ဖြစ်စဉ်များကို ထိန်းချုပ်ထားသောကြောင့် ကျေးဇူးတင်ပါ၏။ ကိုယ်တော် ချစ်သောအစေခံ အမှုဆောင်၏ကိုယ်စား ကျွန်ုပ်ဆုတောင်းသည်မှာ သူ့ကိုလူတို့ကြံစည် မမှီနိုင်သော ငြိမ်သက်ခြင်း ကိုပေးပါ။ ဆရာဝန်များအတွက်လည်း ဆုတောင်းပါ၏။ သူတို့၏ကုသခွဲစိတ်မှုစွမ်းရည်ကို အသုံးချပြီး အကောင်းဆုံးရလဒ် အောင်မြင်မှုကိုဖြစ်စေပါ။ ကိုယ်တော်၏ အနာငြိမ်းခြင်း လက်တော်သည် သူ့ကိုတို့ထိပြီး သခင်၏အမှုတော်၌ အချိန်ပြည့် ပြန်ပါဝင်နိုင်ရန် သက်သာခွင့်ကို ပေးပါ။ ယေရှုနာမဖြင့် ဆုတောင်းပါ၏။ အာမင်”
တမန်တော်ကြီးရှင်ပေါလုသည် အခြားသောယုံကြည်သူများကို ခွန်အားပေးရန် ဆုတောင်း စာများကို ရေးသားခဲ့သည် (ဖိ ၁း၉-၁၁၊ ကော…