အမျိုးအစား  |  Uncategorized

နေ့သစ်

နံနက်ဝတ်ပြုချိန်တစ်ခု၌ အစီအစဉ်အစပြုသူက “သည်နေ့အတွက် ကျေးဇူးတင်ပါတယ် ကိုယ်တော်၊ သည်နေ့ဟာ ကျွန်ုပ်တို့ တစ်ခါမှမမြင်ဖူးတဲ့ နေ့သစ်ရဲ့အစ ဖြစ်ပါတယ်။” ဟု အဖွင့် ဆုတောင်းလိုက်သည်။ သူ့ဆုတောင်းက တဲ့တိုးကြီးဖြစ်နေသော်လည်း ကျွန်တော့်အဖို့ အချက်(၂) ချက်ကို တွေးမိသည်။ ရှေးဦးစွာ နေ့ရက်တိုင်းသည် အခွင့်အရေးသစ်ဖြစ်သောကြောင့် ကျွန်ုပ်တို့ မမျှော်လင့်ထားသော ရင်ဆိုင်ရန် မပြင်ဆင်ထားသောအရာများ အပြည့်ပါ။ ထို့ကြောင့် မိမိ၏ အားနည်းချက်ကိုဝန်ခံပြီး ဘုရားအပေါ်အမှီပြုရန် အရေးကြီးပါသည်။ မိမိ၏စွမ်းပကားပေါ် အမှီသဟဲပြုခြင်းထက် ဘုရားသခင်၏ ခွန်အားနှင့်ကျေးဇူးတော်၌ ရှင်သန်ရန် ရွေးချယ်ရပါမည်။
ဒုတိယအချက်အနေဖြင့် နေ့သစ်ဟူသည် ဆုမင်္ဂလာအတွက် ချီးမွမ်းထိုက်ကြောင်း ခံစားမိ သည်။ ဤအချက်က “ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသောနေ့ရက်ဖြစ်၍ ယနေ့ ၀မ်းမြောက်ရွှင်လန်းကြကုန်အံ့”( ဆာ ၁၁၈း၂၄) ဟု ဆာလံဆရာ ၀န်ခံအောင် လှုံ့ဆော်လိုက်ခြင်း ဖြစ်မည်။
စင်စစ် ယနေ့မှာပင် မသိခြင်းများစွာကိုရင်ဆိုင်နေရပါသည်။…

အလှူခံဖလာုး

ကျွန်မ၏ ယခင်သင်းအုပ်ဆရာ အက်ဒံဒေါ့ဆန်သည် အသင်းတော်သို့ ပေးလှူရန် တရားဟောပြောရသည်ကို မနှစ်သက်ကြောင်းပြောလေ့ရှိသည်။ သူ၏ယခင်အလုပ်က ရန်ပုံငွေ ရှာဖွေရသည့်အလုပ် ဖြစ်သောကြောင့် လူများကိုမလိုအပ်ဘဲ ဖိအားပေးရခြင်းကို သူမကြိုက်ပါ။ သို့သော် ကောရိ န္တုဩ၀ါဒစာဒုတိယစာစောင်ကို သင်ကြားပို့ချရင်း အခန်းကြီး ၈၊၉ အရောက်တွင် ပေးကမ်းခြင်းဆိုသည့်ခေါင်းစဉ်ကို ဘယ်လိုမှရှောင်ဖယ်၍မရတော့ပါ။ သူ့ဒေသနာ၌ အသုံးပြုခဲ့ သည့်သာဓကကို ကျွန်မအမြဲအမှတ်ရနေမိသည်။ ကြမ်းပြင်ပေါ်၌ အလှူခံဖလားကိုချ၍ ဖလားထဲ ၀င်ရပ်ပြီး မိမိငွေကြေးထက် မိမိကိုယ်တကိုယ်လုံး ခရစ်တော်ထံ ပေးဆပ်ခြင်းသည်သာလျှင် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဘုရားသခင်ထံပေးလှူရာ၌ ကျွန်ုပ်တို့ထားရှိ ဖော်ပြအပ်သည့်သဘောထားနှင့် လုပ်ရပ်များ ကို ရှင်ပေါလုက ကောရိ န္တုဩ၀ါဒစာဒုတိယစာစောင် အခန်းကြီး(၂)တွင် ရေးသားဖော်ပြခဲ့သည်။
- ရှေးဦးစွာ မိမိကိုယ်ကို ဘုရားသခင်ထံ ပေးအပ်ပါ။ (၃း၅)
- ခရစ်တော် သူ့ကိုယ်သူပေးဆပ်ခဲ့သည့် စံနမူနာကို သတိရလျှက်ပေးလှူပါ။ (၈း၉)
-…

မသိခြင်းနှင့် အပြစ်ကင်းစင်ခြင်း

လူအချို့က ဆရာဝန်ထံ မသွားလို။ သူတို့အထဲ၌ ယိုယွင်းနေသောအရာကို မသိလိုသော ကြောင့်ပါ။ လူအချို့တို့ ဘုရားကျောင်း မတတ်ရသည့်အကြောင်းမှာ ထိုသဘောအတိုင်းပင် ဖြစ်သည်။ သို့သော် မိမိ၏ရောဂါကို လျစ်လျူရှုခြင်းခြင်းဖြင့် ကျန်းမာလာမည် မဟုတ်ပါ။ အပြစ်ကို လျစ်လျူရှုခြင်းမှာလည်း အပြစ်ကင်းစင်ရာ မရောက်ပါ။
ဥပဒေကို မသိခြင်းကြောင့် အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို မည်သူမျှမရနိုင်။ ၎င်းသဘောတရားသည် ရောမဥပဒေ၌ အခြေပြုသည်ဟု ယူဆရသည်။ သို့သော် ထိုအယူအဆမှ အစောပိုင်းကပင် ရှိနှင့်ပြီးသားပါ။ ဣသရေလလူတို့ကို ဘုရားသခင်က ပညတ်တော်များပေးသော အခါ မရည်ရွယ်ဘဲ လုပ်မိသော အပြစ်များအတွက်ပင်လျှင် အပြစ်ဖြေလွှတ်ခွင့် ယဇ်ပူဇော်ကြရ သည် (၀တ် ၄၊ ယေဇ ၄၅း၁၈-၂၀)။
ရောမမြို့မှ ခရစ်ယာန်များကို တမန်တော်ကြီးပေါလု စာရေးပေးရာ၌ သူကမသိ နားမလည်ခြင်းအကြောင်း ဖော်ပြထားသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လူတို့မသိ နားမလည်ပါက မိမိ၏ဖြောင့်မတ်ခြင်းကို အတည်ဖြစ်စေမည်(ရော…

မကြာမီ အကူအညီရတော့မည်

ချီလီနိုင်ငံ၌ မိုင်းတွင်း အလုပ်သမား ၃၃ ဦးတို့ မြေအောက်၌ ပိတ်မိနေစဉ် “သွားပြီ၊ တဖြည်းဖြည်းနှင့် နာကျင်ခံစားရကာ သေရတော့မည်။” ဟု သူတို့ ခံစားခဲ့ရမည်ဟု ကျွန်တော်တွေးမိသည်။ ကယ်ဆယ်ရေးအဖွဲ့က သူတို့ရှိသည့်နေရာကို အတိအကျသိပြီး သူတို့ကိုကယ်ထုတ်နိုင်ရန် အဆင့်ဆင့် စီစဉ်လျက်ရှိကြောင်း သူတို့သိရသောအခါ သူတို့ မည်မျှ ပျော်သွားကြမည်ကိုစဉ်းစားကြည့်ပါ။
ဘ၀တွင် အလွန်ဆိုးဝါးသောနေရာတွင် ကျွန်ုပ်တို့ပိတ်မိနေကြောင်း ခံစားရသည့်အချိန် များရှိပါသည်။ စိတ်ပူပန်၍ တစ်ဦးတည်းရှိနေချိန်၊ စိတ်ပျက်၍ ရွေးချယ်စရာမရှိသောအချိန်၊ ဘ၀တွင် ရင်ဆိုင်နေရသည့် အခြေအနေကို ဘယ်သူမှလည်းနားမလည်နိုင်ပါ။ ထိုအချိန်မျိုးတွင် စာတန်အုပ်စိုးလွှမ်းသော အရပ်၌ ပိတ်မိနေသည့် ရှေးဦး ခရစ်ယာန်များအတွက် ဘုရားသခင်ပေးခဲ့သည့် နှစ်သိမ့်စကားကို သတိရရန်လိုပေသည်။
“သင်၏တည်နေရာကို ... ငါသိ၏” (ဗျာ ၂း၁၃)ဟု သခင်မိန့်ဆိုသည်။ သူတို့၏ အခြေအနေကို ကောင်းကင်ဘုံရှင် ခမည်းတော် သတိမပြုဘဲမနေ။ ၎င်းတို့သစ္စာတည်မှုကြောင့် ကိုယ်တော်က…

အချုပ်အခြာ အာဏာတော်ကိုချီးမွမ်းခြင်း

ဂျိမ်းစ် ဖင်းနီမိုး ကူးပါး ရေးသားသည့် “The Last Of The Mohicans” စာအုပ်မှ ဇတ်ကောင် ဒေးဗစ်ဂါးမွတ် သည် ဘာသာတရားရိုသေကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်ပြီး ဆာလံကျမ်းများကို သံစဉ်ထည့် သီချင်းဖွဲ့ကာ သီဆိုသည်။ မည်သည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရစေကာမူ သူသီချင်းဆို မပျက်ခဲ့ပါ။ အခြေအနေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားကို ယုံကြည်စိတ်ချနိုင်ကြောင်း ဒေဗစ်ဂါးမွတ် ယုံကြည်သည်။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးအာဏာတော်နှင့် လောကကြီးကို ထိန်းချုပ်ထားခြင်း စသည့် ကိုယ်တော်၏ အချုပ်အခြာအာဏာတော်ကို ချီးမွမ်းသည်။
သမ္မာကျမ်းစာမှ ဣသရေလလူတို့၏ဘုရင် ဒါဝိဒ်သည်လည်း အသွေးအသားနှင့် လူပင်ဖြစ်ပြီး ကြိုတင်မပြောနိုင်သော ဘ၀ အခြေအနေမျိုးများ ရင်ဆိုင်ခဲ့ရရာ၊ သူက ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့်တုံ့ပြန်ပါသည်။ သူ့လောက်လွဲချက်ကြောင့် ဂေါလိယ ကျဆုံးပြီး အောင်မြင်မှုရခဲ့သည်။ သူ့အား သတ်ဖြတ်လိုသော ရှောလုမင်းထံမှ ထွက်ပြေးတိမ်းရှောင်ရသည်။…

ဂရုပြုရန် ဆက်ကပ်ပါ၏

ကျွန်တော့် ဇနီး၏မိခင် သေဆုံးပြီး နောက် ပိုင်းလများတွင် ဆုံးပါးသွားသော မိခင်အတွက် မိသားစုနှင့် ထပ်တူခံစားလျက်၊ မိခင်ကို ဂရုစိုက်ပြုစုခဲ့ သည့် နာတာရှည် ဆေးရုံမှ ပေးပို့လာသည့် ကဒ်နှင့် စာများစွာကို လက်ခံရရှိသည်။ စာတစ်ေ စာင်က ကြေကွဲဝမ်းနည်းခြင်းနှင့် ပတ်သက်သော တည်ဆောက် စရာအေ တွးများကို ဖော်ပြ ထားသည်။ နောက်စာတ စ်စောင်ကမူ “သင်တို့၏မိခင် မွေးနေ့ရောက်တိုင်း ကျွန်ုပ်တို့ သူ့ကိုသတိရပြီး သင်တို့မိသားစုအတွက် ဆုတောင်းသတိရပါ၏။” ဟုဆိုသည်။ ၀မ်းနည်းကြေကွဲခြင်းဟူသည် ဆက်တိုက်ဖြစ်ပေါ်သော ဖြစ်စဉ်ဖြစ်ပြီး၊ အကူအညီနှင့် ပံ့ပိုးမှုများကို အဆက်မပြတ်လိုအပ်ကြောင်း ချစ်စရာ ကောင်းသော စောင့်ရှောက်မှုပေးသူများက သိသည်။ သူတို့ ပြုလေရာရာတွင် နက်နဲသော ဂရုဏာကို ပေါ်လွင်စေပါသည်။
ပေါလုက ၀ိညာဉ်သဘောရှိသော အသက်တာကို ဖော်ပြရာ၌ “ထမ်းရွက်စရာ ၀န်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို…

ထောင့်ကပ် ချောင်ပိတ်မိခြင်း

တစ်ခုသော တနင်္ဂနွေ နံနက်တွင် ဆရာ ဒီအယ်လ်မူးဒီက ချီကာကို မြို့အိမ်တစ်အိမ်သို့ ၀င်ပြီး ဥပုဒ်စာဖြေကျောင်းသို့ သွားရန် ကလေးများကို သွားခေါ်သည်။ ထိုစဉ် လူသုံးဦးက သူ့ကို အခန်းထောင့်၌ ချောင်ပိတ်ကာ ခြိမ်းခြောက်သည်။ “ဒီမှာ၊ ကျုပ်ဆုတောင်းဖို့အခွင့်ခဏပေးပါ” ဟု မူးဒီက ပြောလိုက်ရာ၊ သူတို့က သူ့ကို ဘုရားသခင်ထံ ဟစ်အော်ခွင့်ပြုလိုက်သည်။ မူးဒီက သူတို့အတွက် စိတ်အားထက်သန်စွာ ဆုတောင်းပေးရာ သူတို့ထွက်သွားကြတော့သည်။
ကျွန်တော်သာ မူးဒီ၏နေရာ၌ရှိနေပါက အကူအညီပေးရန် အော်ခေါ်ပြီး တံခါးပေါက်ကို ရှာကောင်းရှာမိမည်ပင်။ တပည့်တော်များကို သခင်ယေရှု မိန့်ကြားသည့် “သင်တို့ကို ကျိန်ဆဲသောသူများအား မေတ္တာပို့ကြလော့”(လု ၆း၂၈) ဟူသည့်စကားအတိုင်း ကျွန်တော် နာခံနိုင်ပါမည်လား။
မိမိကို နှောင့်ယှက်သူများအတွက် ဆုတောင်းပေးခြင်းသည် “မိမိကိုမုန်းသောသူတို့အား ကျေးဇူးပြုနိုင်သော နည်းတစ်နည်း” ဖြစ်သည်(း၂၇)။ ခရစ်ယာန်များ လူကောင်းများကို ဂရုဏာပြခြင်းသည် ထူးခြားသော အမှုမဟုတ်ပါ။…

သက်သက်လွတ်အစာကို ရှာဖွေခြင်း

ဂျိမ်းစ် မှာ နှလုံးရောဂါခံစားနေရပြီး သူ့ ဇနီးသည် ဘက်ကီမှာ ခင်ပွန်းနှင့် သူ့ကိုယ်သူကိုပါ ကောင်းမွန်စွာမစောင့်ရှောက်နိုင်တော့သဖြင့် သူတို့နေထိုင်ရန် ဘိုးဘွားရိပ်သာကို စတင်စုံစမ်းရှာဖွေကြသည်။ ကက်တီက ရိပ်သာ တစ်ခုစီသို့ ရောက်တိုင်း“အစားအသောက်က သတ်သတ်လွတ်လား” ဟု မေးသည်။ ဂျိမ်းစ် က အစာမျိုသည့်အခါ အခက်အခဲရှိသဖြင့် ဂျိမ်းစ်အတွက် သူစိတ်ပူခြင်းဖြစ်သည်။ ရိပ်သာအတော်များများ၌ သက်သက်လွတ် အစာမချက်၊ နောက်ဆုံး၌ သက်သက်လွတ်အစာရနိုင်သည့် ခရစ်ယာန် ဘိုးဘွားရိပ်သာတစ်ခုကို တွေ့ရှိခဲ့သည်။
သူတို့မှာ ယုံကြည်သူများမဟုတ်သည့်အပြင် တစ်ခါတစ်ရံ ခရစ်ယာန် အိမ်နီးချင်းများနှင့်ပင် ခရစ်တော်အကြောင်း အငြင်းပွားလေ့ရှိသည်။ သို့ငြားလည်းဟင်းသီးဟင်းရွက်ကို ကြိတ်စစ်၍ု ချက်ပြုတ်ပေးသော အစားအသောက်ကြောင့် ခရစ်ယာန်ဘိုးဘွားရိပ်သာကို ဂျိမ်းစ်နှင့် ဘက်ကီတို့ရွေးချယ်လိုက်သည်။ သူတို့ ဘုရားကျောင်းတတ်သည်။ ဧ၀ံဂေလိတရားကြားရသည်။ ရိပ်သာရှိ အလုပ်သမားများက သူတို့ကို ကောင်းစွာကြည့်ရှုကြောင်းခံစားကြရသည်။ ဤသို့ဖြင့်တစ်နေ့သောအခါတွင် ဂျိမ်းစ်က သူ့အသက်တာကို ခရစ်တော်ထံအပ်နှံလိုက်သည်။ ဘုရားသခင်က သူ့ကိုရှာဖွေနေသည်ဟု…

ဘယ်လောက်ဝေးဝေး ဘယ်အချိန်ဖြစ်ဖြစ်

ကျွန်တော်သည် နီပေါနိုင်ငံမှ သင်းအုပ်တစ်ဦးနှင့် နှစ်ပေါင်းများစွာ စာအဆက်အသွယ်ရှိပြီး သူသည် သူ့အသင်းသားများနှင့် ဝေးလံသော ဟိမ၀န္တာဒေသများသို့ သွားရောက်တရားဟောပြော ကာ အသင်းတော်များကို အစပြုတည်ထောင်သူဖြစ်သည်။ မကြာမီက သူလှည့်လည်တရား ဟောမည့် တစ်ပတ်တာ အစီအစဉ်ပေးပို့ပြီး ဆုတောင်းပေးရန် ပြောသည်။
သူ၏အစီအစဉ်မှာ တစ်ပတ်လုံးလုံး မော်တော်ဆိုင်ကယ်ဖြင့် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ခရီးနှင်ကာ မြို့အတော်များများ၌ တရားဟော၍ ဝေစာများဝေမည်ဖြစ်သည်။
ထိုမိတ်ဆွေသွားမည့် တောင်ပေါ်ခရီးစဉ်ကို စဉ်းစားရင်း စာရေး၍ မည်သို့ စီမံသနည်းဟု ကျွန်တော်မေးမိသည်။ “တောင်ပေါ်မှာ အသင်းသားများနှင့် အတူလမ်းလျှောက်ရတာ သိပ်ပျော်စရာ ကောင်းတယ်။ သူတို့မှာ ဆိုင်ကယ်မရှိဘူးလေ။ ဒါကြောင့် ကျွန်တော်တို့အားလုံး လမ်းလျှောက်ကြတယ်။ တကယ်ကောင်းချီးဖြစ်တဲ့အချိန်ပါဘဲ။ သွားရမယ်နေရာ အများကြီးကျန် သေးတယ်” ဟုစာပြန်ခဲ့သည်။ “ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩ၀ါဒပေးလျက် နိုင်ငံတော်နှင့် ယှဉ်သော ဧ၀ံဂေလိတရားကို ဟောလျက်…

ရန်သူ၏ လှည့်ဖျားခြင်းများ

ဘီစီ ၁၆ ရာစု က တရုတ်ဗိုလ်ချုပ် ဆွန်ဇု ရေးသားခဲ့သော “The Art of War” `စစ်ဆင်ရေး´ စာအုပ်သည် စစ်ရေးအယူအဆနှင့် ပတ်သက်၍ ရာစုနှစ်ပေါင်းများစွာ လမ်းညွှန် ဖြစ်သည်။ သို့သော်လည်း အမျိုးသား အမျိုးသမီးမြောက်များစွာတို့က အခြားသော ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အားကစားဏ္ဍများအတွက်ပါ ကျယ်ပြန့်စွာ အသုံးချကြသည်။ ဗိုလ်ချုပ် ဆွန်ဇု ၏ စစ်ရေးအကြောင်း ရေးသားထားချက်မှာ ခရစ်တော်၏ နောက်လိုက်များ အနေဖြင့် မိမိတို့၏ ၀ိညာဉ်ရန်သူ၏ဗျူဟာကို နားလည်အောင်မစသည်။ “စစ်ရေးစစ်ရာအားလုံး သည် လှည့်ဖျားမှုများ၌ အခြေပြုသည်။ ထို့ကြောင့် တိုက်ခိုက်နိုင်ငြားလည်း မတတ်နိုင်သည့်ပုံ ပေါ်နေရမည်။ တပ်အင်အားကို အသုံးပြုသည့်အခါ ငြိမ်နေသည့်ပုံ ပေါ်နေရမည်။ အနီးသို့ ချဉ်းကပ် ရောက်လာချိန်၌ ရန်သူ့အမြင်၌ အဝေး၌ရှိနေပုံ ပေါ်နေရမည်။ အဝေး၌ရှိလျှင် အနီး၌ရှိနေသည်ဟု…