သက်သေမခံရသည့်အချိန်
ကျွန်တော်နေထိုင်သည့် နယူးအင်္ဂလန်တွင် ဘေ့ဘောလ်အားကစားကို ဘာသာရေး လိုက်စားသည့်ပမာ လူတို့လိုက်စားသည်။ အလုပ်ခွင်၌ ဘောစတွန် ရက်ဒ်ဆော့ အသင်း အကြောင်း မပြောရ၊ ပြောလျှင် ဥပဒေကို ဆန့်ကျင်ခြင်းဟု ဆိုစေဦးတော့၊ ၎င်းတို့၏ ပရိသတ်များက သူတို့၏အသင်းကို အလွန်ချစ်သဖြင့် နှုတ်မပိတ်နိုင်ကြပါ။
သို့နှင့် ကျွန်ုပ်စိတ်နှလုံးထဲ၌ မေးခွန်းတစ်ခု ပေါ်လာပါသည်။ ခရစ်ယာန်တစ်ဦးက ဘုရား သခင်အကြောင်း မပြောသင့်သော အချိန်များရှိပါသလားဟု တွေးမိသည်။ မိမိ၏ယုံကြည်ခြင်းကို စိန်ခေါ်လာသောအခါ ရံဖန်ရံခါ တိတ်ဆိတ်စွာနေခြင်းက အကောင်းဆုံးတုန့်ပြန်မှု ဖြစ်သည်။ ကာယာဖ နှင့် ရင်ဆိုင်ရသည့် ပြင်းထန်သောအခြေအနေ၌ ပထမတွင် သခင်ယေရှုက နှုတ်ဆိတ်ခြင်းကို ရွေးချယ်ခဲ့သည်(မ ၂၆း၆၃)။ ကာယာဖ က အမှန်တရားကို စိတ်ဝင်စားမှုမရှိ ကြောင်း သခင်သိသည် (း၅၉)။ အခြားသူတစ်ဦး၏ စိတ်နှလုံးကို ကျွန်ုပ်တို့ အစဉ်နားမလည်နိုင် သဖြင့် အခြေအနေတစ်ခုစီ၌ ကျွန်ုပ်တို့သည်…
အပြင်ပန်းက ဆွဲဆောင်၊ အတွင်း၌ အဆိပ်ဖြစ်ခြင်း
ဩစတြေးလျလူမျိုးတစ်ဦး၏ လေ့လာချက်တစ်ခုအရ ရိုးရိုးစီးကရက်ဗူးများသည် ဆယ်ကျော်သက်များအတွက် သောက်ချင်စရာမကောင်း၊ ဆွဲဆောင်မှုနည်းသည် ဟုဆိုသည်။ ထိုကြောင့် ဩစတြေးလျအစိုးရက ကျန်းမားရေးသတိပေးချက်နှင့် ရောဂါဖြစ်နေသော အဆုတ်ပုံကို စီးကရက်ဗူး၌ ဖေါ်ပြထုတ်လုပ်ရန် ဆေးလိပ်ကုမ္ပဏီများအား ဥပဒေထုတ်ပြန်သည်။ စင်စစ် စီးကရက်၊ ဆေးလိပ်ကြောင့် အသေအပျောက်များရှိခဲ့သဖြင့် ထိုဥပဒေက ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူဦးရေကို လျော့ကျစေမည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ အပြင်ပန်းတွင် ဆွဲဆောင်မှုရှိပြီး အတွင်း၌ အဆိပ်ပါရှိခြင်းက စီးကရက်ဘူးတစ်ခုတည်း မဟုတ်ပါ။
ဓမ္မဟောင်းကျမ်းပါ သုတံ္တကျမ်းမှ ကျွန်ုပ်တို့အား မိမိ၏ ရွေးချယ်မှုများအတွက် ရေရှည်အကျိုးဆက်ရလဒ်ကို သေချာစွာစဉ်းစားရန် တိုက်တွန်းထားသည်။ “အဆုံး၌ကား” (သု ၂း၎၊ ၂၅း၈၊ ၂၉း၂၁) ဟူသည့် ထပ်ခါတလဲလဲ ဖော်ပြသော စကားစုက သတိပေးစကားဖြစ်ပြီး၊ နိဂုံး အဆုံးကို မျှော်ကြည့်ကာ မိမိအား ဆွဲဆောင်နေသည့်အရာမှာ အကြွင်းမဲ့ ၀မ်းမြောက်ခြင်းလား၊ ၀မ်းနည်းခြင်းလား၊ ဂုဏ်အသရေလား၊ အကျိုးနည်းစရာလား၊ သေခြင်းလား၊…
ကောင်းသော စပ်ဆိုင်သူ
၂၀၁၁ ခုနှစ် ဇွန်လက မြောက်ဒါကိုတာပြည်နယ် မီနော့မြို့တွင် ရေလွှမ်းမိုးမှုဘေးဒဏ် ခံရစဉ် အကူအညီ လိုအပ်နေသူများကို အနီးဝန်းကျင်မှ လူများက စောင်မကူညီခဲ့ကြသည်။ တစ်နာရီခန့်သွားရသည့် အရပ်ဒေသမှ လူများက မည်သူမျှမစေခိုင်းဘဲ အကူအညီပေးရန် ရောက်ရှိလာကြသည်။ အချို့က အိမ်ယာဆုံးရှုံးသူများ လိုအပ်သည့်ပစ္စည်းများကို ငှါးရမ်း ပေးသည်။ အချို့က မိမိတို့၏ ကားဂိုဒေါင်များကို ယာယီပစ္စည်းသိုလှောင်ရန် အသုံးပြုခွင့် ပေးကြသည်။ မြောက်ဒါကိုတာပြည်နယ်ရှိ လူများသည် ကောင်းသော စပ်ဆိုင်သူ၏ အဓိပ္ပါယ်ကို ဖော်ကျူးနေသည်။
ခရစ်တော်၏နောက်လိုက်များ အနေဖြင့် ကောင်းသောစပ်ဆိုင်သူဖြစ်ခြင်း —“အခြားသူများ အား မေတ္တာပြခြင်း” က အလိုအလျောက်ဖြစ်နေသင့်သည်(မ ၂၂း၃၉၊ ယော ၁၃း၃၅၊ ၁ယော ၄း၇-၁၁)။ သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ရုပ်ရှင်ဆန်ဆန် ကြီးကြီးကျယ်ကျယ် ကူညီရန် အခွင့် အရေး ကျွန်ုပ်တို့တွင် မရှိသော်လည်း ကျွန်ုပ်တို့ အနီးဝန်းကျင်၌ ရှိသော လူများအား…
မှန်ကန်စွာ ဆုံးဖြတ်ပါ
နိုင်ငံပိုင်သတင်းမဂ္ဂဇင်းများမှ ကျွန်မတို့မြို့ကို ပျောက်ကွယ်တော့မည့်မြို့ ၁၀ မြို့ အနက်မှ တစ်ခုအဖြစ် အွန်လိုင်းတွင် စာရင်းပြုစုဖော်ပြသဖြင့် မြို့နေလူထု က ဆတ်ဆတ်ခါအောင် နာကြ သည်။ မခံမရပ်နိုင်စွာဒေါ သဖြစ်ကာ ဖော်ပြချက်များမမှန်ကန်ကြောင်း မြို့သူမြို့သားများက ဆန့်ကျင်ဘက်အထောက်အထားများကို စာရင်းပြုစုတင်ပြကြသည်။ မြို့ခံတစ်ဦးက တစ်ဖက်သတ် ကောက်ချက်ချမှုကို မဟုတ်မမှန်ကြောင်းပြရန် ကြိုးပမ်းသည်။ မြို့လယ်ခေါင်တွင် လှည့်လည်ကာ မြို့၏ရှင်သန်တတ်ကြွမှု ပြယုဂ်ကိုဖော်ပြသည့် ဗွီဒီယိုတွင်ပါဝင်ရန် မြို့သူမြို့သားများကို စည်းရုံး သည်။ ထိုဗွီဒီယိုသည် နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိခဲ့ပြီး သတင်းတိုက်မှ ၎င်းတို့မှားကြောင်း ၀န်ခံခဲ့သည်။ သို့သော် “သုတေသန” ပြုသည့်အဖွဲ့က အခြေပြုစံသတ်မှတ်ချက် အနည်းငယ်သာ ရှိသော်လည်း နိဂုံးကောက်ချက်ချရန် စောင့်ကြည့်နေဆဲဖြစ်သည်။
၎င်းတို့၏ မဆင်မခြင် နိဂုံးဆွဲယူဖော်ပြချက်ကို လက်သင့်မခံနိုင်သော်လည်း ၎င်းတို့က မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုကြ၍ ကျွန်မ အနည်းငယ်အံ့ဩလျက် သတင်းအချက်အလက် အချို့ပေါ် အခြေခံပြီး မှားယွင်းစွာတလွဲကောက်ချက်ချခြင်းမှာ…
ရင်မှာသိုထားပြီ
ကျွန်ုပ်မွေးဖွားချိန်၌ ကျွန်ုပ်၏အဘိုး အာဘြံ ဇက် ဟက်စ် မှာ မျက်စိမမြင်တော့ပါ။ သူ့လက်ရာ လှပသော သစ်သားပန်းပွတ်ပစ္စည်းများကြောင့် သူကိုလူသိများပြီး၊ ကျမ်းပိုဒ် မြောက်များစွာကို အလွတ်ရွတ်ဆိုနိုင်သူအဖြစ်လည်း သိကြသည်။ သူနှင့်သူ့သူငယ်ချင်း “အယ်လီ” သည် ကျမ်းပိုဒ်များကို မကြာခဏ အပြန်အလှန် ရွတ်ဆိုဝေငှလေ့ရှိသည်။ အပြိုင်အဆိုင် ရွတ်ဆိုကြရာ၌ “အယ်လီ” က ကျမ်းညွှန်းရွှေကျမ်းချက်များကို ပိုရပြီး အဖိုးက ကျမ်းပိုဒ်များကို ပိုရသည်။
ယခုတွင် “မျက်စိမမြင်သောအဖိုး” ကို ကျွန်တော်တို့ မကြာမကြာသတိရမိသည်။ သူ့မျက်စိမမြင်တော့သည့် အချိန်မှစ၍ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်သည့် အလေ့အကျင့်က သူ့အတွက် အသက်သွေးကြောဖြစ်လာသည်။ ဘုရားသခင်၏ စကားတော်ကို အလွတ်ကျက်မှတ် ခြင်းက အဘယ်ကြောင့် အရေးကြီးပါသနည်း။
ဘုရားသခင်၏ စကားတော်များကို နှလုံးသားထဲတွင် ကျက်မှတ်သိုထားခြင်းဖြင့် ဘုရားသခင်ကိုနာခံနိုင်ကြောင်း ဆာလံ ၁၁၉ က လမ်းညွှန်သည်။ ပထမဦးစွာ စိတ်နှလုံး၌…
ကောင်းကင်ဘုံရှင်အဖ
သခင်ယေရှု ကျွန်ုပ်တို့အား ဆုတောင်းနည်းသင်ကြားပေးရာတွင် “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” ဟူ၍ အစပြုထားသည်(လု ၁၁း၂)။ ၎င်းသည် ဘုရားသခင်ကို ဖခင်အဖြစ်ရည်ညွှန်းသည့် ကျမ်းချက်များထဲမှတစ်ခုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့သဘောတော်ကို သိစေချင်ရာ၌ ဖခင်၏သဘော သဘာဝအားဖြင့် အလေးပေးဖော်ပြခြင်း ကြောင့် စိတ်ဝင်စားစရာကောင်းသလို မှတ်သားဖွယ်ရာလည်းကောင်းသည်။
ဘုရာသခင်ကို ခမည်းတော်အနေဖြင့် သူ့အကြောင်း ဘာများသိထားသနည်း။ သခင် ယေရှု၏ ပဌနာတော်အရ ကောင်းကင်ဘုံရှိအဖသည် ကျွန်ုပ်တို့ လိုအပ်ချိန်တွင်ရှိနေပြီး၊ ကျွန်ုပ် တို့ကို ဂရုစိုက်ပြီး ကူညီမစနေသည်မှာလည်း ထင်ရှားသည်။ ကျွန်ုပ်တို့အားခွင့်လွတ်ပြီး မကောင်း သော အမှုအရာမှလည်း ကွယ်ကာပေးသည် (း၂-၄)။
ဘုန်းတော်မ၀င်စားသေးသည့် ဖခင်များအတွက် ၎င်းသည် အံ့ဖွယ်စံနမူနာပါ။ ဤ စကြ၀ဠာတွင် စုံလင်သော အဖဘုရားတစ်ဦးတည်းရှိပြီး၊ အားနည်းသောဖခင်များကို ဦးဆောင် လမ်းပြလျက်ရှိသည်။ ကျွန်ုပ်ဓမ္မဆရာဖြစ်စက ကျွန်ုပ်၏ကလေးများသည် ကျွန်ုပ်ရေးသားသော စာအုပ်များ၊ ကျွန်ုပ်ရရှိသည့်…
အံ့ဩဖွယ် ဖန်ဆင်းထားသည်
ကျွန်ုပ်ငယ်စဉ်က “ဘာဖြစ်လို့ ဒီလောက်တုံးရတာလဲ”ဟု အပြောခံရလျှင် ပို၍ အလုပ် ကောင်းကောင်းလုပ်မည်ဟု ယူဆကာ ကျွန်ုပ်နှင့်ရင်းနှီးသူတစ်ဦးက ကျွန်ုပ်ကို ထိုသို့မကြာခဏ ပြောလေ့ရှိသည်။ ထိုကဲ့သို့ အပြောခံရခြင်းက ကျွန်ုပ်ဘ၀၌ လွှမ်းမိုးခဲ့ပုံများ၊ ဆယ်ကျော်သက် အရွယ်ရောက်သော် တစ်နေ့တွင် အနောက်မှ “ငတုံး” ဟုကြားလိုက်ရ၍ ကျွန်ုပ်ကို ပြောသည့် အထင်ဖြင့် အမြန်လှည့်ကြည့်မိတော့သည်။
ထို့နောက် ခရစ်တော်အား သခင်နှင့်ကယ်တင်ရှင်အဖြစ် သိကျွမ်းလာသောအခါ၊ ဘုရား သခင်သည် ကျွန်ုပ်အား သူ၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပြီး(က ၁း၂၇)၊ ကျွန်ုပ်သည် ငတုံးမဟုတ်ဘဲ “ကြောက်မက်ဖွယ်သော ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံကြောင်း နားလည် လာသည်” (ဆာ ၁၃၉း၁၄)။ ဘုရားသခင်သည် သူဖန်ဆင်းသမျှအားလုံး “အလွန်ကောင်းသည်” (က ၁း ၃၁) ဟု မိန့်တော်မူပြီး ကျွန်ုပ်တို့အား “စေ့စပ်စွာ ပြုပြင်မူကြောင်း” (ဆာ ၁၃၉း၁၅) ဆာလံ…
ပျောက်ဆုံးခြင်းနှင့် ပြန်တွေ့ခြင်း
မကြာသေးမီက ကျွန်ုပ်၏ အကြွေးဝယ်ခွင့် ကဒ်(credit card) ကို ရှာမတွေ့၍ ကျွန်ုပ် အပူတပြင်းပြန်ရှာဖွေရသည်။ ထိုကဒ်ပျောက်ဆုံးခြင်းက အသေးအဖွဲကိစ္စမဟုတ်ပါ။ ၎င်းကို ပြန်မတွေ့မချင်း၊ အသစ်ပြန်မလုပ်မချင်း အော်တိုငွေပေးချေခြင်း၊ နေ့စဉ်ပစ္စည်းဝယ်ခြင်း ကိစ္စများ အဆင်မပြေဖြစ်လိမ့်မည်။ သည့်အပြင် တစ်စုံတစ်ယောက်က ၎င်းကို ကောက်ရပြီး၊ ပစ္စည်းများကို ၀ယ်ယူလျှင် ... မတွေးဝံပြီ။ ကွန်ပြူတာစားပွဲအောက်၌ ကျွန်ုပ်၏ဇနီးက ကဒ်ကို ပြန်တွေ့မှ စိတ်သက်သာရာရတော့သည်။
ရှင်လုကာ ၁၅း၈-၁၀ တွင် သခင်ခရစ်တော်က တစ်နေ့တာ လုပ်အားခနှင့် ညီမျှသော အဖိုးတန်ဒင်္ဂါးပြား ပျောက်ဆုံးခြင်းအကြောင်းကို ပြောထားသည်။ ဒင်္ဂါးပြားပျောက်သွားသော အမျိုးသမီးသည် စိုးရိမ်ပူပန်စွာဖြင့် ဆီမီးထွန်းကာ တစ်အိမ်လုံးကို လှန်လှောလှည်းကျင်းပြီး ဒင်္ဂါးပြားကိုတွေ့သည့်တိုင် သေချာစွာ ရှာဖွေသည်။ ထို့နောက် သူ့သူငယ်ချင်းများအား “ပျောက်သော (ငွေ) ကို ငါတွေ့ပြီ။ ငါနှင့်အတူ ၀မ်းမြောက်ကြလော့” (း၉) ဟုပြောဆို၏။…
ခြင်္သေ့တစ်ဖြစ်လဲ သိုးသူငယ်
ဗျာဒိတ်ကျမ်း အခန်းကြီး ၅ တွင် တမန်တော်ရှင်ယောဟန်သည် ယုဒအမျိုးခြင်္သေ့ သခင် ယေရှု အား (း၅) နှင့် အသေသတ်ပြီးသကဲ့သို့ သိုးသူငယ် (း၆) အဖြစ်သရုပ်ဖော်ထားသည်။ ထို သရုပ်ဖော်ချက်ကို ညွှန်းလျက် တရားဟောဆရာ ချားလ်စ် စပါဂျင်က “ကျွန်ုပ်တို့၏ မြင့်မြတ်သော သခင်သည် ဘုန်းထင်ရှားရာတွင် အဘယ်ကြောင့် ဒဏ်ရာဒဏ်ချက်များကို ခံယူခဲ့ပါသနည်း။” ဟု မေးပြီး၊ “သခင်ယေရှု၏ဒဏ်ချက်များက သူ၏ ဘုန်းအသရေပင်ဖြစ်သည်” ဟု ဖြေလိုက်သည်။
အများအားဖြင့် သိုးသည် တန်းခိုးနှင့် အောင်မြင်မှု သင်္ကေတမဟုတ်ပါ။ လူအများစုက ခွန်းအားအစွမ်းကို ပုံဆောင်သော သင်္ကေတများကို ပို၍နှစ်သက်ကြသည်။ သို့သော် သခင်သည် ဆင်းရဲနွမ်းပါးသော လက်သမားတစ်ဦး၏အိမ်၌ လူ့ဇာတိခံရန် ရွေးချယ်ခဲ့သည်။ လှည့်လည် သွားလာကာ တရားဟောဆရာအဖြစ် ဘ၀ရှင်သန်ခဲ့ပြီး “အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသူငယ်ကဲ့သို့” (ဟေရှာ ၅၃း၇)…
အကောင်းဆုံးသောဆရာ
အနာဂတ်အတွက် ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ လူငယ်များနှင့်စကားပြောရာ၊ “ကျွန်တော်တို့ ရင့်ကျက်ဖို့အတွက် ဘုရားတရားမရှိတဲ့ အခြေအနေ၊ ဘုရားတရားမရှိတဲ့သူတွေနဲ့ တွေ့ကြုံ သင်ခန်းစာယူနိုင်ဖို့ လောကကြီးထဲသွားရမယ်” ဟု ပြောသံကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်။ ထိုအယူအဆက မရင့်ကျက်သေးသော ခရစ်ယာန်တော်တော်များများကို လွမ်းမိုးထားပြီး တဖြည်းဖြည်းနှင့် ၎င်းတို့ကို ဘုရားနှင့်ဝေးသွားစေသည်။ ကျွန်ုပ်တို့သည် လောကထဲတွင် အမှန်ရှိ နေပါသည် (ယော ၁၇း၁၅)။ ခရစ်ယာန်အသိုင်းအ၀န်းမဟုတ်သော (ကျောင်း၊ အလုပ်ခွင်၊ အိမ်အနီးဝန်းကျင်) အခြေအနေများကြားများတွင် ရှင်သန်နေရသည်။ ထိုကဲ့သို့သော အခြေအနေ များကြားတွင် ရှိနေရ၍ ဘုရားတရားမရှိသော အတွေးအခေါ်အယူအဆများကို နားယောင် လက်မခံမိအောင် သတိပြုရန်လိုသည်။ ဆာ ၁း၁ မှ ဘုရားသခင်၏ နည်းလမ်း၊ အကြံပြုချက်ကို လိုက်နာခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးအလျင်အမြန် ရင့်ကျက်လာလိမ့်မည်။
(၁) “မတရားသောသူတို့၏ တိုက်တွန်းအကြံပေးချက်” က မိမိ၏ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များကို မထိန်းချုပ်စေနှင့်။ (၂)…