အမျိုးအစား  |  Uncategorized

ဒေါင်းမျိုး

ဥဒေါင်းငှက်အထီးများသည် သက်တံ့ရောင်နှင့် စိမ်းပြာရောင် အမွေးအတောင်များရှိပြီး အတောင်အဖျားတွင် ရွှေရောင်၊ အနီရောင်၊ အပြာရောင်များကွန့်မြူးလျက်၊ ရှည်လျားသော ၀တ်ရုံပမာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသော သတ္တ၀ါမျိုးဖြစ်သည်။ ၎င်းတို့သည် သိသိသာသာ လှပသည့်ငှက်များဖြစ်သော်လည်း ၎င်းတို့၏ ခြေထောက်မှာ အရုပ်ဆိုးလှသည်။
ရိုးရိုးသားသား ၀န်ခံရလျှင် ကျွန်ုပ်တို့အများစုတွင်လည်း ရုပ်ပိုင်းဆိုင်ရာအားနည်းချက် ကိုယ်စီရှိကြပြီး၊ ၎င်းသည်ဘ၀တစ်လျှောက်လုံး ရှိခဲ့သောအားနည်းချက်(သို့) မကြာမီကမှသိရှိ ရသောအချက် ဖြစ်ကောင်းဖြစ်မည်။ ရှင်ပေါလုက သူ၏အားနည်းချက်သည် သူ့ကို နှိမ့်ချစေသော “ကိုယ်၌စူးသောဆူး” (၂ကော ၁၂း၇-၉) ဟုဖော်ပြခဲ့သည်။ ဘုရားသခင်ကို ပို၍ အစေခံနိုင်မည် အထင်နှင့် ထိုဆူးကိုဖယ်ရှားပေးရန် သခင်ဘုရားထံ သူသုံးကြိမ်တိုင်ဆုတောင်းခဲ့သည်။ သို့သော် သခင်က သူ့အား “ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ် ၌ စုံလင်တတ်သည်။” ဟု အသေအချာမိန့်တော်မူသည်တွင် ရှင်ပေါလုက “ထို့ကြောင့် ခရစ်တော် ၏ တန်ခိုးတော်သည်…

မိတ်ဆွေစက်ဝိုင်း

အော်တစ်စမ် အထီးကျန် စိတ်ဝေဒနာသည် ကျောင်းသားများသည် ဖယ်ကြဉ်ခံရသည်၊ လျစ်လျူရှုခံရသည်ဟု ခံစားရသည်။ ၎င်းတို့သည် စည်ကားသည့်စားသောက်ဆိုင်တွင် များသော အားဖြင့် တစ်ယောက်တည်း စားသောက်လေ့ရှိကြသည်။ အကြောင်းမှာ အခြားကျောင်သားများ က သူတို့ကို မည်သို့ဆက်ဆံရမည်ကို မသိခြင်း(သို့) သူတို့ကို သာမန်ဂရုမစိုက်ဘဲ နေလိုက်ခြင်း ကြောင့် ဖြစ်သည်။ ထိုကြောင့် စကားပြောကာ ဝေဒနာကို ကုသပေးသည့် ကျွမ်းကျင်ပညာရှင် ဘာဘရာ ပယ်လယ်လစ် က ဝေဒနာရှင် ကျောင်းသားများနှင့် ဝေဒနာသည်မဟုတ်သည့် ရွယ်တူ ကျောင်းသားများကို နေ့လည်စာအတူ စားရန်၊ လူမှုရေးလုပ်ငန်းများတွင် အတူပါဝင်ရန် တွဲဖက်ပေး သည့် “မိတ်ဆွေစက်ဝိုင်း” ဆိုသည့် အစီအစဉ်ကို အစပြုပေးခဲ့သည်။ ဤကဲ့သို့ပြုလုပ်ပေးခြင်းဖြင့် အထူးဂရုစိုက်မှုလိုအပ်သော ကျောင်းသားများနှင့် ၎င်းတို့ကို မိတ်ဆွေဖွဲ့ခြင်း၊ နားလည်စာနာခြင်း ဖြင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ပြီး ပြောင်းလဲလာကြသည်။
ထည့်ဝင်ရေတွက်ခံရခြင်း အပါအ၀င် ဖြစ်ခြင်းသည် ခရစ်တော်၏…

အဖြေမရ

အဖြေမရသေးသော ဆုတောင်းချက်များနှင့်ပတ်သက်၍ နားလည်နိုင်အောင် ကျွန်ုပ် တော်တော် ကြိုးစားရသည်။ သင်လည်းသဘောပေါက်မည်ပင်။ ဆေးစွဲနေသောသူငယ်ချင်း အတွက်၊ မိမိချစ်သောသူ၏ ကယ်တင်ခြင်းအတွက်၊ ရောဂါသည်ကလေးပြန်နေကောင်းရန်၊ ပေါင်းသင်းဆက်ဆံရေး ပြန်ကောင်းလာရန် စသည်ဖြင့် ဆုတောင်းပြီး၊ ထိုဆုတောင်းများသည် ဘုရားအလိုတော်ရှိသည်ဟု သင်တွေးမိမည်။ နှစ်ပေါင်းများစွာ ဆုတောင်းသော်လည်း ဘာအဖြေ မှမရ၊ ဘာရလဒ်မှလည်း မမြင်ရပါ။
ထိုအခါ ဘုရားသခင်သည် တန်ခိုးနှင့်ပြည့်ပြီး ယခုတောင်းလျှောက်ချက်သည် ကောင်း သောကိစ္စများဖြစ်ကြောင်း ကိုယ်တော့်ကို သင်သတိပေးရင်း၊ ဆုတောင်းရင်း၊ သင်စောင့်စားသည်။ ထို့နောက် ဘုရားသခင်က ဆုတောင်းသံကို မကြားဘူး၊ ထင်သလောက် တန်ခိုးမရှိတာ ဖြစ်မယ် စသည်ဖြင့် သံသယ၀င်မည်။ ထို့ကြောင့် ရက်ပေါင်းလပေါင်းများစွာ သင်ဆုမတောင်းဘဲ နေမိမည်။ ထိုသို့ သံသယ၀င်မိ၍ အပြစ်ရှိသည်ဟု သင်ခံစားရပြီး၊ မိမိလိုအပ်ချက်များကို သူ့ထံယူဆောင် လာရန် ကိုယ်တော်အလိုရှိကြောင်း ပြန်အမှတ်ရကာ တဖန် သခင့်ထံဆုတောင်းတော့သည်။
လုကာ…

အဆင်ပြေသော အသက်တာလမ်းညွှန်

မိဘများက သားသမီးများပျော်ရွှင်အောင် အလွန်ကြိုးစားပြီး လုပ်ဆောင်ပေးနေပါသလား။ ဤသို့ ကြိုးစားခြင်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေသလား။ ဤမေးခွန်းများက “မပျော်ရွှင်သော အရွယ်ရောက်လူငယ်များ” အကြောင်း ရေးသားသူ စာရေးဆရာမ လိုရီဂေါ့လိုင်း နှင့် တွေ့ဆုံမေးမြန်းရာ၌ အဖွင့်ပဏာမ မေးခွန်းများဖြစ်ပါသည်။ သားသမီးများကို ၀မ်းနည်းခြင်း၊ ရှုံးနိမ့်ခြင်းများ ခံစားရရန် အခွင့်မပေးသော မိဘသည် သားသမီးများကို လောကအကြောင်း မှားယွင်းသောအမြင်ပေးနေခြင်းဖြစ်ပြီး၊ လက်တွေ့တွင် ကြမ်းတမ်းခက်ခဲသော အရွယ်ရောက် လူငယ်များ၏ဘ၀ကို ရင်ဆိုင်ရန် ခက်ခဲခြင်းတွေအတွက် ကြိုတင်၍ မပြင်ဆင်ပေးပါ။ ထိုကြောင့် ထိုလူငယ်များ၏စိတ်၌ ဗလာနတ္တိခံစားမှုနှင့် သောကဝေဒနာများသာရှိသည်ဟု ကောက်ချက်ချခဲ့ သည်။
ခရစ်ယာန်အချို့က ဘုရားသခင်ကို ဒုက္ခအမျိုးမျိုးမှ ကွယ်ကာစောင့်ရှောက်ပေးသော မိဘ သဖွယ်မှတ်ယူကြသည်။ ဘုရားသခင်က ထိုကဲ့သို့သော အဖ(မိဘ) မဟုတ်ပါ။ ဘုရားသခင်သည် သူ့သားသမီးများအား ဒုက္ခများကိုလည်း ခံစားစေလိုသည့် အဖဖြစ်သည် (၁ သက် ၃း၃)။…

ကောင်းကင်နိုင်ငံသို့ ရောက်ရန် လမ်းညွှန်

ဘုရားကျောင်းမှပြုလုပ်သော ၄-၅တန်းအရွယ်ကလေးများအတွက် ကျမ်းစာသင်တန်းတွင် သင်တန်းသား(၂၅)ယောက်စလုံးကို နောက်ဆုံးနေ့၌ လက်ဆောင်ပေးရန် ကျွန်တော်ဆုံးဖြတ် ထားသည်။ သို့သော် ထိုလက်ဆောင်ကိုလိုချင်ပါက ကောင်းကင်နိုင်ငံသို့ မည်သို့ရောက်နိုင်သည် ဆိုသည့် မေးခွန်းကို ဖြေဆိုရမည်ဖြစ်သည်။
(၉-၁၀)နှစ်အရွယ် ကလေးများထံမှ ကြားရသောအဖြေများက အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ကလေးအများစုက သခင်ယေရှုခရစ်တော်ကို ယုံကြည်မှသာ ကယ်တင်ခြင်းရမည် ကို ရှင်းလင်းစွာသိရှိကြသည်။ သို့သော်ကလေးအချို့ကမူ မသိသေးကြောင်းလည်း တွေ့ရသည်။ ကလေးတစ်ဦးက “လိမ်လိမ်မာမာနေပြီး ဘုရားကျောင်းကိုသွားရမည်” ဟုပြောသည်။ နောက်တစ်ဦး က “ဘုရားသခင်ထံဆုတောင်းရမည်။” ဟုပြောသည်။ အခြားတစ်ဦးကတော့ “သူငယ်ချင်းတွေ အပေါ်ကောင်းပြီး မိဘစကားကိုနားထောင်ရင် ကယ်တင်ခြင်းခံရမယ်” ဟုဆိုသည်။ ထိုကလေးများ၏အသိ နားလည်ထားမှုကို ဖြည်းဖြည်းချင်း ပြန်၍တည့်မတ်ပေးကာ၊ ကျွန်ုပ်တို့အပြစ်များအတွက် လက်ဝါးကားတိုင်၌ အသေခံပြီး ရှင်ပြန်ထမြောက်သော သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်ရကြောင်း အဓိကအချက်ကို ပြန်ရှင်းပြပြောပြသည်။ ထိုကလေးများသည် ဧ၀ံဂေလိတရားကို နားမလည်သည့်…

ထိန်းချုပ်မရသော မျှော်လင့်မထားသည့် အရာများ

ဘ၀၌ အံ့သြဖွယ်ကိစ္စများက အပြည့်ပါ။ အချို့ကိစ္စများက မိမိမမျှော်လင့် လက်မခံချင် သော ဘ၀လမ်းကြောင်းသို့ ဦးတည်သွားသည်။ လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်အဖေသည် အပြစ်မရှိဘဲအလုပ်ထုတ်ခံရရာ၊မိသားစုတစ်ခုလုံးခံစားရသည့်ပူပန်ထိတ်လန့် ခြောက်ခြားမှုကို
ယခုထိတိုင်မှတ်မိနေဆဲပါ။ ကျွေးမွေးရမည့်ကလေးတစ်ပြုံကြီးရှိသည့် မိသားစု၌ အလုပ်ပြုတ်ခြင်း သည် စိတ်ရှုတ်ဖွယ်ထိုးနှက်ချက် ဖြစ်သည်။ သို့ရာတွင် အလုပ်ပြုတ်ခြင်းသည် အဖေ့အနေဖြင့် ဘာမှမတတ်နိုင်သော၊ မျှော်လင့်မထားသောကိစ္စပါ။ သို့သော် အနာဂတ်အတွက် ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ကြောင်းကို သူသိသည်၊
ဘုရားသခင်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့ဘ၀တွင် ထိန်းချုပ်မရသော၊ မိမိ မျှော်လင့်မထားသော ကိစ္စများရှိကြောင်း ကျွန်ုပ်တို့ဝန်ခံရမည်။ ထိုသို့ ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့ ကိုမစရန် (ရှင်ယာကုပ် ၄း၁၃-၁၅) တွင် အကြံကောင်းပေးထားသည်။ “ယနေ့ နက်ဖြန် ဤ မည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ ဟုဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို…

သာ၍ကောင်းသောနေရာ

ကျွန်မသူငယ်ချင်း မာစီသည် သူ့ယောက္ခမ ကွယ်လွန်သွားချိန်မှစ၍ ယောက္ခမအကြိုက် နာနတ်သီးဖျော်ရည်ကို မပြုလုပ်တော့ပါ။ တစ်နေ့တွင် သူ့သားငယ်က ဘာကြောင့် ထိုဖျော်ရည်ကို မဖျော်တော့တာလဲဟု မေးရာ သူမမှ “ဒီဖျော်ရည်ကို ဖျော်ရင် ဘိုးဘိုးကို သတိရပြီး မေမေ စိတ် မကောင်းဖြစ်ရတယ်။ဘိုးဘိုးက ဒီဖျော်ရည်ကို အရမ်းကြိုက်တယ်လေ” ဟု ပြန်ဖြေလိုက်သည်။ ထိုအခါ သားငယ်က ၀မ်းမြောက်သော အသံဖြင့် “ကောင်းကင်ဘုံထက်တော့ ပိုကြိုက်မှာ မဟုတ်ဘူး” ဟု ပြန်ပြောလိုက်သည်။
သားငယ်လေး၌ မှန်ကန်သော အတွေးရှိသည်။ ကောင်းကင်ဘုံသည် သာ၍ ကောင်းသော နေရာဖြစ်သည်။ ထိုအချက်ကို သတိရလျှင် လောက၌ နေထိုင်စဉ် ချစ်ခင်သူများစွန့်ခွာသွားချိန်၌ ခံစားရသည့် ၀မ်းနည်းမှုကို သက်သာစေပါသည်။ ကောင်းကင်ဘုံ၌ နေထိုင်နေသော မိတ်ဆွေများနှင့် မိသားစုဝင်များသည် ပို၍ပျော်ရွှင်ကြသည်။ အဘယ်ကြောင့်ဆိုသော် (ဗျာ ၂၁း၃-၄) ၌ ကောင်းကင်ဘုံသည် ဘုရားသခင်၏အိမ်တော်ဖြစ်၍…

ဒီတစ်ခါတည်းပါ

ကျွန်တော်ငယ်စဉ်က ကြိုးဖြင့် ထိန်းရသည့် လက်တွန်းလှည်းကလေးကို စီးပြီးဆော့ကစား လေ့ရှိသည်။ တစ်ကြိမ်တွင် “လမ်းပေါ်ကကားတွေကို အမြဲသတိထားပါ” ဟူသောမိဘ၏ သတိပေးချက်က ခေါင်းထဲသို့ဝင်လာသော်လည်း “ ဒီတစ်ခေါက်လောက်နဲ့တော့ ကိစ္စမရှိနိုင်ပါဘူး လေ” ဟု ကျွန်တော်တွေးကာ သတိမေ့သွားသဖြင့် ကားတစ်စီးမှာ ကျွန်တော့်ကို မတိုက်မိအောင် ရုတ်တရက် ဘရိတ်အုပ်ရ၍ ကားတာယာပွတ်သံကို ကျွန်တော်ကြားလိုက်ရပါတော့သည်။ “မိဘ စကား နားမထောင်ခြင်းက ကျွန်တော့်အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်” ဟု ဆင်ခြင်မိသည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏ပညတ်ကို သိသော်လည်း ပညတ်ကို ချိုးဖေါက်သော ပုဂ္ဂိုလ်များ၏ သင်ခန်းစာယူစရာ ဥပမာများစွာရှိသည်။ ကလေးဘ၀ကတည်းကပင် ဒါဝိဒ်သည် သိုးကျောင်းနေစဉ် ဘုရား၏ပညတ်တော်များကို နှလုံးသွင်းဆင်ခြင်အောက်မေ့သည်။ “သူ့မယား မပြစ်မှားရ” ဟူသော သတ္တမမြောက် ပညတ်တော်ကို သူသိလျက်နှင့် လှပသော အမျိုးသမီး ရေချိုးနေခြင်းကိုမြင်ပြီး၊ သူ့အာဏာဖြင့် ဥရိယ၏မယားကို ကိုယ်အဘို့သိမ်းပိုက်ခဲ့သည်။ ဤအပြစ်၏ နောက်ဆက်တွဲ…

အတွင်းစိတ်ထားမှန်ကန်စေ

ယောန၀တ္တုကို ကျွန်ုပ်သဘောကျသည်။ ၎င်းဝတ္တု၌ အဖြစ်အပျက်များနှင့် အရေးကြီးသော ဘ၀သင်ခန်းစာများ အပြည့်ပါရှိသည်။ ထာဝရဘုရားသခင်၏ အလိုတော်ကို ခေါင်းမာစွာဖြင့် ငြင်းပယ်ပြီး၊ နောက်မှ ယောနသည် နိနဝေမြို့သားတို့ ပြောင်းလဲရန် ဟောပြောသည်။ သူ၏ ဟောပြောမှု အောင်မြင်ခဲ့သည်။ လူအပေါင်းတို့ နောင်တရပြီး ဘုရားသခင်ထံ လှည့်ပြန်လာသည်။ ဘုရားသခင်ကလည်း လူများအပေါ်သွန်းလောင်းသည့် သူ့အမျက်ဒေါသကို ပယ်ရှားလိုက်သည်။ ၎င်းကို ယောန ၀မ်းမြောက်ဝမ်းသာဖြစ်မည်ဟု သင်ထင်မည်။ သို့သော်လည်း ၀မ်းမြောက်ရမည့် အစား ဘုရားသခင်သည် အလွန်ကရုဏာကြီးလွန်းသည်ကို ယောန စိတ်ဆိုးခဲ့သည်။ အဘယ်ကြောင့်နည်း။ မှန်သောနေရာတွင်ရှိပြီး မှန်သောအရာကိုပြုကာ ယောနသည် ဘုရားသခင် ၏ အမိန့်ကို နာခံလိုက်လျှောက်ခဲ့ငြားလည်း သူ့အတွင်းစိတ်က ဆိုးဆိုးဝါးဝါး လွဲချော်နေသည်။
ကျွန်ုပ်တို့လည်း သတိမထားပါလျှင် ယောန နည်းတူ အပေါ်ယံဝိညာဉ်ရေးက အခြေအနေ ကောင်းသော်လည်း အတွင်း၌ ဘုရားသခင်နှင့်ဝေးနေလိမ့်မည်။ ကိုယ်တော်က ကျွန်ုပ်တို့၏…

မဆင်မခြင်ပြောသောစကား

ဘုရားကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့သော ဂီတအထူးအစီအစဉ်သို့ နေရာကောင်းရရှိရန် ကျွန်တော်တို့ ဇနီးမောင်နှံ စောစောရောက်သွားသည်။ ကျွန်တော်တို့နောက်တွင် ထိုင်နေသော လူနှစ်ဦး၏ စောဒကတတ်နေသံကို ကြားရသည်။ သူတို့ကို မပျော်ရွှင်စေသော အရာများစွာထဲမှ သင်းအုပ်လုပ်ငန်း၊ ဦးဆောင်မှု၊ တေးဂီတ၊ ဦးစားပေး သာသနာလုပ်ငန်းများကို သူတို့ဝေဖန်ပြောဆိုနေကြသည်။ သူတို့သည် သူတို့ကြားတွင် ရှိနေသော ဧည့်သည် ကျွန်တော်တို့နှစ်ယောက်ကိုပင် သတိမမူ၊ ဧည့်သည်ရှိနေသည်ကိုပင် မေ့လျော့ နေသည်။
သူတို့၏ အမှတ်တမဲ့ ပြောဆိုကြသော အရာများကြောင့် အကယ်၍ ကျွန်တော်မှာ ဘုရားကျောင်းသစ်ကို ရှာဖွေနေသူဖြစ်လျှင် ကျွန်ုပ်တို့တပ်လှန်သွားမည်ပင်။ ကျွန်တော်တို့က သခင်ဘုရားကို ရှာဖွေနေသူများဖြစ်ပါက သူတို့၏ထင်မြင်ယူဆချက်များက ကျွန်တော်တို့ကို တွန်းထုတ်နေသလို ဖြစ်နေလျှင် ပိုဆိုးပါသည်။ သူတို့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြောဆိုခြင်း သည် သူတို့၏စိတ်နေစိတ်ထားကို ဖော်ပြရုံသာမက သုံးလိုက်သော စကားလုံးများ၏ဒဏ်ကို ခံရ သူများအပေါ် စာနာမှုမရှိကြောင်း ဖော်ပြနေသည်။
သာ၍…