ယောသပ်
ဘဝ၏ စိန်ခေါ်မှုများကို ကျော်လွှားအောင်နိုင်ခဲ့ခြင်း
“ဘောလုံးပွဲ ငါးပွဲကို ဆက်တိုက်ရှုံးရတာက ဆိုးလှပြီ၊ ဒါထက် စိတ်ပျက် ဖို့ ကောင်းတာက ကျွန်တော်တို့ဟာ အမှားတစ်ခုကို ထပ်ခါထပ်ခါ မှားကြတယ်၊ အဲဒီအမှားကနေ ဘာသင်ခန်းစာမှ မယူလိုက်နိုင်တာက ပိုဆိုးတယ်ဗျာ”ဟု နည်းပြတစ်ဦးက ညည်းဖူးသည်။
နာကြည်းစွာခံစားရသော ဆုံးရှုံးမှုများကို ကစားကွင်းပြင်ပ ဘဝ အသက်တာ့လည်း ကြုံတွေ့ရတတ်သည်၊ ဆုံးရှုံးမှုအတွက် နာကြည်း ရခြင်းထက် ထိုအရှုံးမှ ဘာသင်ခန်းစာမှ မရလိုက်ခြင်းက ဝမ်းနည်းဖွယ် အခံရအခက်ဆုံးဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်တတ်လာသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် လုပ်ဆောင် နေကြောင်း အမှန်ယုံကြည်လျှင် ခက်ခဲသော၊ နာကျင်သော၊ မျက်ရည် လွှမ်းသော အတွေ့အကြုံများကို အခွင့်ပေးလျက် ဘဝစာသင်ခန်း၌ သင်ယူရန် အရေးကြီးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပေ၏။
ဓမ္မဟောင်းကျမ်းမှ ယောသပ်သည် အလွန်ခဲယဉ်းသော အခြေအနေများမှ ကြောက်မက်ဖွယ် အန္တရာယ်၊ ပြဿနာများကို ကျော်လွှား အနိုင်ယူခဲ့သည်။ အောင်မြင်ရေးနည်းလမ်းများကို ရရှိသင်ယူခဲ့သည်။ ယောသပ် ခံစားတွေ့ကြုံခဲ့ရသည်များကို လေ့လာပြီးသောအခါ တစ်စုံတစ်ခုသော သင်ရန်စာ ရကြပါစေဟု ဆုတောင်းအပ်ပါသည်၊
Bill Crowder