ယေရှုကြွလာခြင်းကို စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း

🎄သခင်ယေရှုကြွလာခြင်းကို စောင့်စား ပြင်ဆင်ခြင်း🕊

🎄သခင်ယေရှုသည် ကျွန်ုပ်တို့အား အနာဂတ်အတွက် မျှော်လင့်ချက်ပေးရန် ကြွလာခဲ့သည်။
ထို့အပြင် ကျွန်ုပ်တို့၏လိုအပ်ချက်တိုင်းကို ယခုပင် ဖြည့်ဆည်းပေးရန်အတွက် ကြွလာတော်မူသည်။

🎄“သခင်ယေရှုကြွလာခြင်းကို စောင့်စားပြင်ဆင်ခြင်း

-ခရစ်စမတ်ကာလ၏ မျှော်လင့်ခြင်း🌻၊ ငြိမ်သက်ခြင်း🕊၊ ဝမ်းမြောက်ခြင်း 😇နှင့် ချစ်ခြင်းမေတ္တာ💝” စာအုပ်ငယ်တွင်၊

စာရေးဆရာကြီး J.R. Hudberg (ဂျေ အာ ဟက်ဘာ့)သည်
ခရစ္စမတ်ပွဲကျင်းပရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍
ဆန်းသစ်သောထိုးထွင်း သိမြင်မှုကို ဖော်ပြထားပါသည်။

🎄သခင်ယေရှုကြောင့်သာလျှင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများကြားတွင် မျှော်လင့်ချက်ရှိနိုင်ခြင်း၊
စုံစမ်းစစ်ဆေးမှုများအလယ်တွင် ငြိမ်သက်ခြင်း၊ ရွှင်လန်းမှုမရှိသောအချိန်များတွင် ရွှင်လန်းမှုနှင့်
ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာ မခံစားရသော အချိန်များတွင်လည်း ချစ်ခြင်းမေတ္တာကို ရရှိနိုင်ပါသည်။

လောက၏ကယ်တင်ရှင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းလက်ဆောင်ပေးသည့်အပြင်၊ ယခုပင်
ကျွန်ုပ်တို့လိုအပ်သမျှအားလုံးကိုလည်း ပေးစွမ်းပါသည်။

🎄🎄🌲🌲
ဤခရစ်စမတ်အခါသမယတွင် ဗက်လင်မြို့ရှိ မြင်းဇောင်းတစ်ခုတွင် မွေးဖွားခဲ့သော
ထာဝရမျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စူးစမ်းရှာဖွေနိုင်သလို
ကျွန်ုပ်တို့ တစ်ယောက်ချင်း၏နှလုံးသားထဲမှာ တွေ့မြင်နိုင်ရန် စူးစမ်းရှာဖွေကြည့်ကြပါစို့။