မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့

မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့

မိသားစု – ဘဝလက်တွဲဖော်ကို ရွေးချယ်ခြင်း

မိမိအတွက် သင့်တော်သည့်လူမှန်ကို တွေ့လိုက်ရချိန်၌ စိတ်လှုပ်ရှား ကာ ကြက်သီးမွှေးညင်းထလျက် တုန်လှုပ်သွားမည်လား။ လူမှန်ကိုတွေ့ရန် မည်မျှခက်ခက်ခဲခဲ ရှာဖွေရမည်နည်း။ မိမိအတွက် ဘုရားအလိုတော်ရှိသော သူသည် မည်သို့သောသူဖြစ်မည်နည်း။ လူမှန်၊ သင့်တော်သည်ဟု မိမိက ထင်မှတ်သော်လည်း မိဘနှင့်မိတ်ဆွေများက ထိုသူကို သဘောမကျလျှင် မည်သို့ပြုရအံ့နည်း။ ခရစ်တော်ကို ယုံကြည်သူချင်းမဟုတ်လျှင် မည်သည့် အတိုင်း အတာထိ ခြားနားမှုဖြစ်နိုင်ပါသနည်း။ လူတစ်စုံတစ်ယောက်ကို အိမ်ထောင်ဖက် အဖြစ် စိတ်ချလက်ချမမှတ်ယူနိုင်သေးသော်လည်း ထိုသူကိုတိုး၍တိုး၍ စိတ်ဝင်စား နိုင်ပါသလား။ အိမ်ထောင်ပြုလိုသောဆန္ဒရှိပါသော်လည်း မိမိကိုအရေးတယူ ဂရုပြုသူမရှိ ဖြစ်နေပါသလား။