၁၉၃၈ ခုနှစ်မှစ Radio Bible Class တစ်ဖြစ်လဲ နေ့စဥ်ခွန်အားသာသနာ့လုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာထံသို့ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်နှင့် စာစောင် များကို အဖိုးအခမယူဘဲ၊ တာဝန်အရမဟုတ်ဘဲ ကမ်းလှမ်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံသောမိတ်ဆွေများ၊ စာဖတ်သူများအား ငွေကြေးနှင့် စပ်လျဉ်း၍ ဝန်တာမဖြစ်စေရေးဟူသည့် ခံယူချက်ကို ကျွန်ုပ်တို့ ယခုထိတိုင် ခံယူကျင့်သုံးဆဲဖြစ်ပါသည်။ ထိုခံယူချက်ကြောင့် လူများစွာတို့က ကျွန်ုပ်တို့၏လုပ်ငန်းကို ကြီးမားတောင့်တင်းသော အဖွဲ့အစည်းကြီးတစ်ခုခု၊ ဂိုဏ်းဂဏတစ်ပါးပါးက ထောက်ပံ့သည်၊ အာမခံပေးသည်ဟု ထင်မှတ်ကြလည်း ကိစ္စမရှိပါ။ ဂိုဏ်းဂဏ မခွဲခြားသော ကျွန်ုပ်တို့၏လုပ်ငန်းကို ထောင်ပေါင်းများစွာသော လူတစ်ဦးချင်းနှင့်ဖြစ်စေ၊ မိသားစုများဖြစ်စေ၊ အသင်းတော်များနှင့်ဖြစ်စေ အံ့သြစရာကောင်းလောက်အောင် နှစ်ပေါင်း ၇၀ မက ထူးထူးခြားခြား လက်တွဲအမှုဆောင်ခွင့်ရခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိပါသည်။

အင်တာနက်အသုံးပြုသူများအတွက် နေ့စဥ်ခွန်အား ဝက်ဘ်ဆိုက်ကို ဖွင့်လှစ်ကာ နားဆင်စရာ၊ ကြည်ရှုစရာ၊ ဖတ်စရာ၊ မှတ်စရာများကို ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ဤဝက်ဘ်ဆိုက်မှတဆင့် အလှူငွေနည်းများမဆို တတ်အားသရွေ့ ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ ထုတ်လွှင့်သည့်အရာများကို လိုချင်သူတိုင်းရယူနိုင်အောင် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်ကာမိအောင်လည်း ရည်ရွယ်ပါသည်။ အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့၏တာဝန်ကို ပြီးမြောက်စေရေးသာ အဓိကပါ။