ချစ်သောစာဖတ်သူမိတ်ဆွေများသို့၊

ဘုရားသခင်နှင့်လျှောက်လှမ်းသော သင့်အသက်တာ မည်သည့်အမှတ်၌ ရှိသနည်း။

ဘဝ၏ မည့်သည့်အပိုင်းအခြားတွင်ရောက်ရောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို လမ်းပြပေးနိုင်သည်။ ခွန်အားပေး ခိုင်ခံ့စေနိုင်သည်။ အားပေးမစနိုင်သည်။ လှုံ့ဆော်မှုပေးနိုင်သည်။ သို့သော် မတူညီသော လူအသီးသီးတို့အား ကွဲပြားသည့် လိုအပ်မှုနှင့်အလျောက် နည်းလမ်းအဖုံဖုံဖြင့် နှုတ်ကပတ်တော်က စကားပြောပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကပင် “နေ့စဉ်ခွန်အား” စာအုပ်အပြင် အသက်အရွယ်အသီးသီးတို့အတွက် ရည်ရွယ်ထားသည့် စာအုပ်စာစောင်အသစ်များထုတ်ဝေရန် ကျွန်ုပ်တို့ ဦးစားပေးလုပ်ဆောင်နေခဲ့ပါသည်။ ထို့အတွက်ကြောင့် ၂၀၂၀ ခုနှစ်တွင် လူကြီး၊ လူငယ်၊ ကျောင်းသား၊ အလုပ်သမား၊ စူးစမ်းရှာဖွေသူများ၊ ခေါင်းဆောင်များ စသည်ဖြင့် အလွှာစုံမှ လူတန်းစားအသီးသီးတို့အတွက် အမှုဆောင်ခြင်းကို ကျွန်ုပ်တို့ တိုး၍လုပ်ဆောင်လိုပါသည်။

လူတစ်ဦးချင်းစီတို့သည် ဘုရားသခင်နှင့် သာ၍နီးစေရန်အလို့ငှာ ဤစာစောင်များကို ဘုရားသခင်အသုံးပြုတော်မူခြင်း အတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ သင်လည်းအတူချီးမွမ်းပါ။

ခရစ်တော်၌
Tan Meng Poo
Senior Vice President,
Asia Pacific Our Daily Bread Ministries

သက္ကရာဇ် ၂၀၂၀ တွင်

ကလေး၊ ဆယ်ကျော်သက်၊ မိသားစု၊ အလုပ်လုပ်ကိုင်သူ လူရွယ်လူလတ်ပိုင်းများ၊ မိဘနှင့် အငြိမ်းစား ဝန်ထမ်း စသည့် လူတန်းစား ပေါင်းစုံတို့၏ ဝိညာဉ်ရေးအတွက် ဖြည့်ဆည်းလုပ်ဆောင်ပေးလိုသည့် စေတနာစိတ်ဖြင့် လာမည်နှစ်တွင် အသက်အရွယ်တိုင်းအတွက် စာအုပ်စာပေများကို ဆက်လက် ထုတ်လုပ်မည်ဖြစ်ပါသည်။

ကလေးသူငယ်များအတွက်

ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်များ၊ ရုပ်ပုံများပါဝင်သောစာအုပ်များ၊ မိသားစုအတွင်း ရင်းနှီးကျွမ်းဝင်စေမည့် အထောက်အကူပြုစာအုပ်များကို တိုး၍ ထုတ်ဝေမည်ဖြစ်သည်။

ဆယ်ကျော်သက်နှင့် လူငယ်များအတွက်

လူငယ်လူရွယ်များအတွက် ဆီလျော်သင့်လျော်သည့် ၎င်းတို့အတွက်လည်း အဓိပ္ပာယ်ရှိစေမည့် အကြောင်းအရာ ခေါင်းစဉ်များကို အွန်လိုင်းတွင်းတိုး၍ တင်ပေးမည်ဖြစ်သည်။ ဘဝအသက်တာအကြောင်း၊ ခရစ်ယာန်ဘာသာ တရားတော်အကြောင်းနှင့် စပ်လျဉ်း၍ နားမလည်နိုင်သော မေးခွန်းများကိုလည်း တင်ဆင်ဖြေကြား ပေးသွားမည်ဖြစ်သည်။

လူလတ်ပိုင်းများအတွက်

လူအသီးသီးတို့အား ဘုရားသခင်နှင့်သာ၍ နီးစေရေး အလို့ငှာ ဆွဲခေါ်ရန်၊ နှုတ်ကပတ်တော်ကို တိုး၍ နက်နဲစွာ တူးဖော်လေ့လာရန်၊ အခြားသူများနှင့် ဧဝံဂေလိတရား ဝေမျှရန် စသည်တို့အတွက် အထောက်အကူပြုမည့် စာအုပ်စာပေများကို တိုး၍ ထုတ်ဝေမည်ဖြစ်သည်။

သက်ကြွယ်များအတွက်

နေ့စဉ်ခွန်အားဆိုဒ်ကြီးစာအုပ်နှင့် အသက်အရွယ်ကြီးရင့်သူ နောက်တော်လိုက်များအတွက် သခင်ယေရှုနှင့်အတူ ပန်းတုံးတိုင်သို့ အရောက်ပြေးနိုင်အောင် အားပေးမစမည့် စာအုပ်စာပေများကိုလည်း ထုတ်ဝေပါဦးမည်။

ကျွန်ုပ်တို့အတူတကွ ဆုတောင်းကြပါစို့။

အသက်အရွယ်မရွေး လူတိုင်းထံသို့ ကမ်းလှမ်းအရောက်သွားနိုင်ရေးသည် ဘုရားသခင်၏ မစခွန်အားပေးမှုနှင့်အတူ သင်၏ပံ့ပိုးပါဝင်မှုအားဖြင့် သာလုပ်ဆောင်နိုင်မည့် အမှုဖြစ်သည်။ ဆုတောင်းခြင်း၊ လူအင်အားဖြင့် ပါဝင်ခြင်း၊ ငွေကြေးအားဖြင့် ထောက်ပံ့ခြင်း၊ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးပေးမှုနှင့် လမ်းပြမှုတို့ကို ကျွန်ုပ်တို့ လိုအပ်ပါသည်။ ဤအမှုတော်တာဝန်ကို ကျွန်ုပ်တို့နှင့်အတူ ထမ်းဆောင်ရန် သင့်ကို ဘုရားရှင် စေလွှတ်ပေးခြင်း အတွက်လည်း ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။

အောက်ပါအချက်များအတွက် ကျွန်ုပ်တို့နှင့်အတူတကွ ဆုတောင်းကြပါစို့။

  • အသက်အရွယ်မရွေး လူတိုင်းဆီသို့ အရောက်လှမ်းသွားနိုင်ရေး ပံ့ပိုးပေးမည့်သူများ၊ ပူးပေါင်းလုပ်ဆောင်မည့်သူများကို တိုး၍ ဘုရားရှင် ပို့ဆောင်ပေးရန်။
  • နှုတ်ကပတ်တော်ကို လူအပေါင်းတို့ ခံယူနိုင်ပါမည့်အကြောင်း ၎င်းတို့၏မျက်လုံး၊ နား၊ စိတ်နှလုံးကို ဘုရားရှင် ဖွင့်ပေးတော်မူမည့်အကြောင်း ဆုတောင်းရန်။
  • အသက်တာကို ပြောင်းလဲစေသော သမ္မာကျမ်းစာ၏ဉာဏ်ပညာတော်ကို ဝေမျှနိုင်ရေး အခွင့်အလမ်းတံခါးများ ဘုရားရှင်ဖွင့်ပေးပါမည့်အကြောင်း ဆုတောင်းရန်။

ကျွန်ုပ်တို့၏ အထောက်အပံ့ရံပုံငွေ

ကျွန်ုပ်တို့အား အဖွဲ့အစည်းတစ်ခုခု၊ ဂိုဏ်းဂဏအသင်းတော်တစ်ပါးပါးမှ အရံသင့်ငွေရင်း ရံပုံငွေ မတည်ပေးခြင်း၊ အမြဲအထောက်အပံ့ရရန် ငွေပင်ငွေရင်း ပစ္စည်းတစ်စုံတစ်ရာ စောင်ထားခြင်းများ မရှိပါ။ နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းသို့ ပေးလှူပါဝင်မှုအသီးသီး အတွက် ကျေးဇူးတင်ပါသည်။ နိုင်ငံအသီးသီး၌ လုပ်ဆောင်နေသည့် အမှုတော်လုပ်ငန်း များကို အနည်းငယ်သော အလှူငွေပင်ဖြစ်လင့်ကစား ဒေသခံယုံကြည်သူများက ပါဝင် ပေးလှူလျက် အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာ၏ ပညာတော်ကို အခြားသူတို့ထံသို့ မျှဝေပေးနိုင်ခဲ့ပါသည်။ အာရှပစိဖိတ်ဒေသတစ်ခွင်၌ အသက်တာကို ပြောင်းလဲစေသော သမ္မာကျမ်းစာမှ ပညာတော်ကို လူတိုင်းနားလည်စေရေး၊ လူတိုင်း ရရှိစေရေး အမှုတော်တာဝန်အတွက် သင်လည်းပူးပေါင်းပါဝင်ပါ။

ပိုမိုသိရှိလိုပါက ourdailybread.org/donate သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။