
ရှင်ပေတရုသြဝါဒစာ ပထမစောင်နှင့် အသက်တာခရီးသွားဖြတ်သန်းခြင်း
ဆင်းရဲဒုက္ခဝေဒနာ ခံစားရချိန်တွင် ဘယ်အတွက်ကြောင့် လူတိုင်းက သခင်ယေရှုနောက်တော်သို့ လိုက်ပါလျှောက်လှမ်းလိုကြပါသလဲ။ သင်၏အလုပ်အကိုင်၊ လုပ်ငန်းဖြစ်စေ သင့်အသက်ကိုတောင်မှ ဆုံးရှုံးပျက်စီးရတော့မည့်အချိန်များတွင် ယုံကြည်ခြင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်းသည်လည်း အဓိပ္ပာယ်ရှိပါရဲ့လား။ ဤမေးခွန်းများကို တမန်တော်ရှင်ပေတရုက သူ၏ဩဝါဒစာ ပထမစောင်တွင် ဖြေရှင်းဖော်ပြထားပါသည်။ ရှင်ပေတရုဩဝါဒစာနှင့်အတူ အသက်တာခရီးသွားဖြတ်သန်းပြီး ဘုရားသခင်၏ကျေးဇူးတော်နှင့် သူ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေမည့် အကြံအစည်တော်များအားဖြင့် ကျွန်ုပ်တို့အား စိတ်လှုပ်ရှားစေ့ဆော်မှုများဖြစ်ပေါ်လာစေတော်မူပါ။ ဘုရားသခင်၏သားတော် သခင်ယေရှုကဲ့သို့ ဖြောင့်မတ်တည်ကြည်စွာ တစိုက်မတ်မတ် အားသွန်ခွန်စိုက် လုပ်ဆောင်အသက်ရှင်ခြင်းဖွေရှာကာ နာကျင်နေမှုများ၊ ပျက်စီးယိုယွင်းနေသော လောကီကမ္ဘာကြီးအတွင်း သခင်ယေရှုနှင့်အတူလျှောက်လှမ်းပြီး သင်၏ပြဿနာ ဖြေရှင်းမှုများကို ခွန်အားဖြည့်လိုက်ပါ။
ကျွန်ုပ်တို့၏ နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းမှ တင်ဆက်လိုက်သော ဤဝတ်ပြုကိုးကွယ်မှုဆိုင်ရာ စာစဉ်စုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းစာ တစ်အုပ်ချင်းစီ လေ့လာသင်ခန်းစာယူပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လိုသူများအတွက် အထောက်အကူဖြစ်စေရန် ကူညီထောက်ပံ့ပေးထားပါသည်။ နေ့စဉ်ထိုးထွင်းသိမြင်လာမှုများသည် ခရစ်ယာန်များအတွက် တန်ဘိုးရှိသော၊ အသက်တာပြောင်းလဲခြင်းကို ဖြစ်ပေါ်စေမည့် သမ္မာကျမ်းစာ၏ ဉာဏ်အမြော်အမြင်များကို ရှာဖွေတွေ့ရှိပြီး ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ လျှောက်လှမ်းနိုင်ဖို့ရန်ဆီသို့ ဉီးတည်နှိုးဆွပေးနိုင်စေရန် အထောက်အကူဖြစ်စေပါလိမ့်မည်။ ကိုယ်ပိုင်တစ်ကိုယ်ရေ ဝတ်ပြုကိုးကွယ်ခြင်းများအတွက် ပြီးပြည့်စုံသည့် စာစဉ်လည်းဖြစ်ပါသည်။
စာရေးသူ၏ဝေမျှချက်
စာရေးသူအကြောင်း သိကောင်းစရာ
ဒေးဗစ်ဘတ်(ဂျ်)သည် သင်းအုပ်ဓမ္မဆရာဖြစ်ပြီး ဆစ်ဒ်နီသာသနာပြုခြင်းနှင့် ဓမ္မပညာကောလိပ် ကျောင်းတွင် ဓမ္မသစ်ကျမ်းကို သင်ကြားသူဖြစ်ပါသည်။ သူ၏ဓမ္မပညာဆိုင်ရာ စိတ်ပါဝင်စားမှုမှာ တမန်တော်ရှင်ပေတရု၏ အသက်တာနှင့် ဓမ္မဆိုင်ရာအတွေးအမြင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုကို ယုံကြည်လက်ခံအသိအမှတ်ပြုစေရန် ရှင်ပေတရုက ထောက်ပံ့ကူညီပေးသည့် နည်းလမ်းများဖြစ်ပါသည်။ သူသည် "2 Peter: Faith in a Sceptical World" (ရှင်ပေတရုဩဝါဒစာဒုတိယစောင် - သံသယကမ္ဘာလောကီတွင်းမှ ယုံကြည်ခြင်း) နှင့် "First-Century Guides to Life and Death: Epictetus, Philo and Peter" (ပထမရာစုနှစ်အတွင်း အသက်ရှင်ခြင်းနှင့် သေခြင်းတရားလမ်းညွှန် - ဧပိကုရုတပည့်များ၊ သတောအိတ် ပညာရှိများနှင့် ပေတရု) စာအုပ်များအပါအဝင် စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေထားပါသည်။
နမူနာဖတ်ရန် စာအုပ်
အွန်လိုင်း၌ ဖတ်ရှုနိုင်ပါသည်။ အခြားသူများနှင့် မျှဝေနိုင်ပါသည်။
ဖတ်ရှုရန် အောက်ပါ link သို့သွားရောက်မှာယူပါ။