ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့်
အသေခံတော်မူသည်ဖြစ်၍ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်
ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။”
(ရောမသြဝါဒစာ ၅:၈)
ညသန်းခေါင်အချိန်၊ အရုဏ်မလင်းခင်အချိန် ဒီလို အိပ်မပျော်တဲ့အချိန်တွေမှာ
လေလွင့်အတွေးတွေ နှောင့်ယှက်မှုမရှိဘဲ တိတ်ဆိတ်ငြိမ်သက်တဲ့အတွေးတွေနဲ့
အလေးအနက်စဉ်းစားမိတယ်။
ဒီကမ္ဘာပေါ်မှာ ဘယ်လိုလူက ကိုယ့်အတွက် အသက်ပေးချစ်နိုင်မလဲ ဆိုတဲ့အတွေး။
အနီးစပ်ဆုံးစဉ်းစားမိတာက သားသမီးတွေအတွက်ဆို အသက်စွန့်ဖို့ဝန်မလေးကြတဲ့
မိဘအချို့ရဲ့မေတ္တာ။ မေတ္တာဟာ တန်ခိုးကြီးပါတယ်။…..