srw map

ဘုရားသခင်၏နှုတ်ကပတ်တော်ကို တိုး၍ နက်နဲစွာ နားလည်လိုသည့် ယုံကြည်သူများအတွက် နှုတ်ကပတ်တော်သမ္မာကျမ်းစာအတွင်း စွန့်စားဖြတ်သန်းခြင်း (ဓမ္မသစ်ကျမ်း)ကို မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေထားပါသည်။ စစ်ပြန်တစ်ဖြစ်လဲသင်းအုပ်ဆရာ ရေးစီစတက်မန်းမှ ဓမ္မသစ်ကျမ်းရှိ စာစောင်များ၏ရည်ရွယ်ချက်နှင့် သင်ခန်းစာများကို ရှင်းလင်းတိကျစွာ တင်ဆက်ထားပါသည်။ ၎င်းတွင် အဖိုးမဖြတ်နိုင်သောဆရာကြီး၏အသိပညာဗဟုသုတနှင့် ကျမ်းစာကို လက်တွေ့ လိုက်လျှောက်နာခံရန် ဝေမျှချက်များပါဝင်သည်။ ထိုစာအုပ်သည် ကျမ်းစာကျောင်းသား ကျောင်းသူများအတွက် အလွန်အသုံးဝင်မည်၊ အကျိုးရှိမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ၎င်းတို့ ဝယ်ယူနိုင်အောင်လည်း ကျမ်းစာကျောင်းအတွက် အထူးစျေးနှုန်း ဖြင့် ရောင်းချနိုင်အောင်လည်း စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။ မိမိအတွက်ဖြစ်စေ၊ မိမိချစ်ခင်ရသူများအတွက်ဖြစ်စေ ဝယ်ယူလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။



ပေးလှူနိုင်သည့်နည်းလမ်း


ဆက်သွယ်ရန်