srw map

အင်္ဂလိပ်ဘာသာဖြင့် Our Daily Bread ဖတ်ရှုသူအများစုသည် အသက် ၆၀ အထက် သက်ကြွယ်ပိုင်းများဖြစ်လေရာ၊ လက်ရှိစာအုပ်အရွယ်အစားကိုဖတ်ရှုရာ၌ အခက်အခဲတွေ့ကြုံနေရ ပါသည်။ သက်ကြွယ်စာဖတ်သူများသည် နှုတ်ကပတ်တော်မှခွန်အားနှင့် အားပေးမစမှုကို နေ့စဉ် ဆက်လက်ခံယူနိုင်ရေးအတွက် စာအုပ်ဆိုဒ်ကို ဆိုဒ်ကြီးသို့ ပြောင်းလဲထုတ်ဝေလိုပါသည်။ ထိုသို့ပြောင်းလဲထုတ်ဝေခြင်းကြောင့် ပုံနှိပ်ခနှင့် ဖြန့်ဝေပေးပို့သည့် ကုန်ကျစရိတ်များ ပိုမိုများလာ မည်ဖြစ်သည်။ သို့သော် အသက်တာကိုပြောင်းလဲစေသည့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်သူမျှမလွတ်ဘဲ ရရှိစေရေး ထိုစာအုပ်ကို ထုတ်ဝေနိုင်အောင် ဘုရားသခင်မစတော်မူမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။



ပေးလှူနိုင်သည့်နည်းလမ်း


ဆက်သွယ်ရန်