srw map

“နေ့စဉ်ခွန်အား”စာအုပ်အပြင် လူတို့၏မတူညီသောလိုအပ်မှုများနှင့် ဆီလျော်ကိုက်ညီသည့် အကြောင်းအရာခေါင်းစဉ်များကို အခြေပြုလျက် ဧဝံဂေလိသတင်းကောင်း ဝေမျှနိုင်မည့် ဧဝံဂေလိအထောက်အကူပြုစာစောင်များကိုလည်းကျွန်ုပ်တို့ထုတ်ဝေပါသေးသည်။ ဥပမာအနေဖြင့် လူငယ်များကြားမြင့်တက်လာသည့် မူးယစ်ဆေးစွဲပြဿနာအတွက် စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း ဟူသည့် “လေ့လာမှတ်သားဖွယ်စာစဉ်”စာအုပ်ငယ်လေးကို မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ ဤစာအုပ်ကို လူတစ်ဦးချင်း၊ အသင်းတော်နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့အစည်းများသို့ ပေးကမ်းရန် ရည်ရွယ်စီစဉ်ထားပါသည်။

မြန်မာဘာသာ အွန်လိုင်းစာအုပ်ကို ဖတ်ရန် (သို့) အခြားသူများနှင့်ဝေမျှရန် ဤနေရာတွင် နှိပ်ပါ။



အင်္ဂလိပ်ဘာသာ အွန်လိုင်းစာအုပ်ကို ဖတ်ရန် (သို့) အခြားသူများနှင့်ဝေမျှရန် ဤနေရာတွင် နှိပ်ပါ။

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။



ပေးလှူနိုင်သည့်နည်းလမ်း


ဆက်သွယ်ရန်