သီရိလင်္ကာနိုင်ငံအတွက် အောက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပေးပါ -

(၁) ဤကြမ္မာဆိုးမှ ပြည်သူပြည်သားများ ထွက်မြောက်နိုင်ရန် ကူမနိုင်မည့်အကြောင်း နိုင်ငံ့ခေါင်းဆောင်များ ပညာရှိသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက်။

(၂) ငွေကြေးဖောင်းပွမှုဒဏ်ကို အဆိုးဆုံး ခံစားပေးဆပ်နေကြရပြီး စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြသော အလယ်အလတ်တန်းအလွှာနှင့် ဆင်းရဲသောသူများအတွက်။

(၃) လူတိုင်းသည် ကပ်ဆိုး၏ အကျိုးဆက်ကို ခံစားနေကြရသည်။ သို့သော်လူအများ၌ အရေးပေါ်လိုအပ်ချက်များ ရှိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ပြဿာနာများကို ကိုင်တွယ်ဖြေရှင်းနေစဥ် လိုအပ်သူတို့ကိုမည်ကဲ့သို့ အကောင်းဆုံးကူညီနိုင်မည်ကို မိမိသိရှိရန်အတွက်။

(၄) များစွာသော အဆင်မပြေမှုများနှင့် ခက်ခဲမှုများကြားတွင် ဘုရားသခင်၏ငြိမ်သက်ခြင်းကို သိရှိတွေ့ကြုံခံစားရရန် ရုန်းကန်ရလျှက်ရှိသော ခရစ်ယာန်များအတွက်။

(၅) ခရစ်ယာန်များကြားတွင် ကွဲပြားသောအမြင်အမျိုးမျိုး ရှိကြသည်။ ဤအခြေအနေပေါ်တွင် မိမိတို့၏အမြတ်ဒေါသကို တရားဥပဒေဘောင်အတွင်း၌ မည်ကဲ့သို့အကောင်းဆုံး ဖော်ပြရမည်ကို မေးမြန်းလျှက်ရှိသော ခရစ်ယာန်များအား လမ်းပြညွှန်ကြားမှု ရရှိရန်အတွက်။

(၆) ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော လူငယ်လူရွယ်များ မျှော်လင့်ချက် ဆုံးရှုံးကြပြီး၊ နိုင်ငံအတွင်းမှထွက်ခွာရန် ကြိုးစားလျှက် ရှိနေကြ၍ ထိုလူငယ်များကို အကြံဥာဏ်ပေးရန် လိုအပ်သောဥာဏ်ပညာ ရရှိရန်အတွက်။