Principles (Unicode)

 

ကျွနု်ပ်တို့၏အခြေခံသဘောတရားများ

သမ္မာကျမ်းစာကို အခြေပြုသည်။

  • ကျွန်ုပ်တို့၏ ယုံကြည်မှု၊ ခံယူရမည့်လမ်းညွှန်ချက်၊ မူဝါဒများနှင့် လက်တွေ့ကျင့်ဆောင် ရမည့်အရာများနှင့်စပ်လျဉ်း၍ သမ္မာကျမ်းကိုသာ စံ အဖြစ်သာထားရှိပါသည် (၂ တိ ၃း၆)။
  • ယုံကြည်ခြင်းနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ဝန်ခံချက်ကို စွဲလန်းအသက်ရှင်ပါသည် (၂ တိ ၁း၁၃)။
  • သွန်သင်ခြင်းခံရသည့် သြဝါဒတရားများကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ဖော်ပြ၍အသက်ရှင် ပါသည် (တ ၂၀း၂၇)။

 

အရည်အချင်းပြည့်မှီသော ဦးဆောင်မှု

  • အရည်အချင်းပြည့်မှီသော ဦးဆောင်မှု
  • အကျင့်စရိုက်၊ စိတ်ထားကောင်းမွန်ထင်ရှားပေါ်လွင်ပြီး အရည်အချင်းပြည့်ဝသော အစေခံ ခေါင်းဆောင်များကို ရွေးချယ်ပါသည် (ထွ ၁၈း၂၁၊ ၁တိ ၃း၁-၁၃)။
  • သခင်ယေရှုခရစ်တော်နှင့်ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲ့နေထိုင်ပါသည်။ “သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏” ဟု သခင်ခရစ်တော် ပြော စရာ မဖြစ်စေရပါ (ဗျာ ၂း၄)။
  • မိမိ၏ကိုယ်ပိုင်အစွမ်း၊ ခွန်အားနှင့်မဟုတ်ဘဲ သခင်ခရစ်တော်၏ ဉာဏ်ပညာတော်၊ ခွန်အား ဖြင့်သာ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါသည်(ဂလာ ၂း၂၀၊ ၃း၃)။
  • မိမိ၏လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပြင်ပမည်သည့်နေရာတွင်ဖြစ်စေ၊ ဘုရားသခင်၏လူဖြစ် ကြောင်း ခွဲခြားသိနိုင်အောင် ကျင့်ကြံပြုမူသမျှ တသမတ်တည်းဖြစ်စေပါသည် (၁ ပေ ၁း၁၄-၁၅)။
  • ဘုရားကို အစဉ်ယုံကြည်ကိုးစား၍ ဖြောင့်မှန်ရာကို အမြဲကျင့်ဆောင်ပါသည် (၁ ပေ ၃း၁၆)။

 

မိမိအစေခံသူများအတွက် အလေးထားခြင်း

  • ကိုယ်၌သူတစ်ပါးပြုစေလိုသည့်အတိုင်း ကိုယ်နှင့်စပ်ဆိုင်သောသူအတွက် မနှောင့်နှေးဘဲ လက်တွေ့ကျကျ အလေးထားဆောင်ရွက်ပေးပါသည် (၂ ကော ၄း၅၊ ၁၅)။

 

ချစ်ခြင်းမေတ္တာဖြင့် ဖြောင့်မှန်ရာကိုဆိုပါသည်။ မလိုအပ်ဘဲ ရန်တွေ့ငြင်းခုံမှုမျိုးကို ရှောင်ရှားပါ သည် (၂ တိ ၂း၂၄)။

  • မိမိ၏အလုပ်၊ အားထုတ်မှုများနှင့်စပ်လျဉ်း၍ တုံ့ပြန်လာသူများနှင့် ရိုးသားပွင့်လင်းရင်းနှီး စွာ ဆက်ဆံသည့်အကျင့်ကောင်းကို ပြုစုပျိုးထောင်ပါသည်။
  • ဈေးသည်များ၊ ဧည့်သည်များ၊ အိမ်နီးနားချင်းများ၊ ရပ်ကွက်အသိုင်းအဝိုင်း၊ အစိုးရရုံး အာဏာပိုင်များနှင့် ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ခွဲခြား ချန်လှပ် ရှောင်ဖယ်မှုမရှိဘဲ အခြေအနေ အရပ်ရပ်ကို လျင်မြန်စွာ ရိပ်မိသိရှိပြီး ပိုင်းခြားနားလည်မှုရှိပါ (ရော ၃း၇-၈)။

 

လုပ်ဖော်ဆောင်ဖက်များအတွက် အလေးထားခြင်း

  • ကျွန်ုပ်တို့နှင့်အတူတကွ အလုပ်လုပ်ကိုင်နေသူများ၏တန်ဖိုး၊ တစ်ဦးစီ၏အရေးပါမှု၊ ၎င်းတို့၏အရေး စိတ်ဝင်စားမှုကို အသိအမှတ်ပြုပါသည်(ဖိ ၂း၁-၄)။

 

ဝန်ဆောင်မှု၏ဂုဏ်အင်္ဂါလက္ခဏာ

  • ငွေကြေးသုံးစွဲနိုင်မှုအတိုင်းအတာအပေါ်မူတည်၍ လုပ်ငန်းများကို တိုး၍ဖြစ်စေ၊ လျော့၍ ဖြစ်စေ လုပ်ဆောင်ပါသည်။ အကြွေးယူခြင်းကို လုံးဝရှောင်ရှားပါသည် (ရော ၁၃း၈)။
  • နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းကို ဖျက်သိမ်းရန် (သို့) ဝန်ထမ်းတစ်ဦးဦးကို နှုတ်ထွက်စေရန် လိုအပ်လာသောအခါ လူမှုရေးအရငှဲ့ညှာစာနာထောက်ထားသည့်သဘောဖြင့် ဆုံးဖြတ်ခြင်းမပြုပါ။ (ဖိ ၁း၁၉-၂၆)။

 

မိမိကိုယ်ကို ချီးမြှင့်ခြင်းကို ရှောင်ရှားသည် (သု ၂ရး၂)။

 

အခြားသောသာသနာပြုလုပ်ငန်းများနှင့် ဆက်နွယ်မှု

  • အခြားသောပုဂ္ဂိုလ်တစ်ဦးချင်းစီအားဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းများအားဖြင့်ဖြစ်စေ၊ ဘုရားရှင် ပြုသောအမှုများကို အသိအမှတ်ပြု လေးစားပါသည် (၁ ကော ၁း၁၀-၁၃)။
  • ကျွန်ုပ်တို့၏ရည်ရွယ်ချက်ကို အပေးအယူဖြစ်စေမည့်အရာ၊လုပ်ငန်းထိရောက်မှုကို လျော့ပါး အားနည်းစေသောမည်သည့်အကြောင်းအရာကိုမဆို ရှောင်ရှားပါသည် (၂ ကော ၆း၁၄)။
  • အသင်းတော်များအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော၊ အထောက်အကူဖြစ်စေ သော သာသနာအဖွဲ့အဖြစ် သာသနာလုပ်ငန်းကို လုပ်ဆောင်ပါသည် (ဧ ၄း၁-၇)။