ပိုင်ခွင့်နှင့် ခွင့်ပြုချက်များ

 

ခွင့်ပြုချက်/မူပိုင်ရှိသည့်စာအုပ်များ

ODB Ministries, Discovery House Publishers, (မှ ထုတ်ဝေသည့် မူပိုင်စာအုပ်များကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ) အသုံးပြုလိုပါက Rights and Permissions Department (ပိုင်ခွင့်နှင့်ခွင့်ပြုချက်ဌာန)သို့ဆက်သွယ်ပေးပါ။ Discovery House Publishers သည် Day of Discovery ၏အောက်ပါ ပိုင်ခွင့်များနှင့် the Oswald Chambers Publications Association, Ltd. ၏ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း၌ အပါအ၀င်ဖြစ်သည်။ သို့သော် ခွင့်ပြုချက်၊ ပြန်ပုံနှိပ်ခြင်း၊ ဘာသာပြန်ခြင်း၊ တက္ကသိုလ်အတွက်သုံးခြင်း၊ ကုသိုလ်ဖြစ်ပုံနှိပ်နှင့် အီလက်ထရောနစ်၊ အသံသွင်းခြင်းတို့အတွက် မကန့်သတ်ထားပါ။ မူပိုင်ရှိသည့်စာအုပ်များကို ပြန်လည်ပုံနှိပ် ထုတ်ဝေရရှိရေးနှင့် စပ်လျဉ်း၍ (စာ သို့ အီးမေးလ်ဖြင့်) စာဖြင့် ဆက်သွယ်ရေးသားတောင်းလျှောက်ရမည်။ စာ၌ အောက်ပါအချက်များပါဝင်ရမည်။

  • စာအုပ်/စာအုပ်ငယ်/စာမူ/ အသံသွင်းကာဖြန့်ချိသည့်ပစ္စည်း/ဗီဒီယို၏အမည်
  • စာရေးသူ/သရုပ်ဖော်သူ၏ အမည်အပြည့်အစုံ (အထက်ပါအချက်၌ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သူ)
  • မူပိုင်ရှိသည့် စာအုပ်/ပစ္စည်းမှ သင်အသုံးပြုလိုသည့်အချက် အတိအကျဖော်ပြရန်၊
  • ထိုစာအုပ်/ပစ္စည်းကို သင်အသုံးပြုမည့်နည်းလမ်း – ကျေးဇူးပြု၍ တတ်နိုင်သမျှ တိကျစွာ ဖော်ပြ ပေးပါ။ (ဥပမာ – စီးပွားရေးကြော်ငြာ၊ စီးပွားရေးအရ မဟုတ်သော ကြော်ငြာ၊ ကိုယ်ပိုင်အသုံးပြုရန်၊ ပညာရေးအထောက်အကူပြု (သို့) စာသင်ခန်း၌ ဝေပေးရန်၊ သတင်းလွှာ၊ ကြော်ငြာသင်ပုန်း၌ ဖော်ပြရန် စသည်ဖြင့်)

 

အကူသဘော ထောက်ပံ့မှုရယူလိုခြင်း/ဘာသာပြန်ခွင့်

အကူသဘောထောက်ပံ့မှုရယူလိုခြင်း/ဘာသာပြန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ စုံစမ်းလျှောက်ထား ရာ၌ (စာ သို့ အီးမေးလ်) စာဖြင့် ဆက်သွယ်ရေးသား လျှောက်ထားရမည်။ Rights and Permissions Department သို့ အောက်ပါအချက်အလက်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းပါ။

  • နိုင်ငံခြား မူပိုင်ခွင့် (ကျွန်ုပ်တို့၏ စာအုပ်စာစောင်များကို အင်္ဂလိပ်ဘာသာအပြင် အခြားဘာသာဖြင့် ဘာသာပြန်ပိုင်ခွင့်)
  • အခန်းဆက် ထုတ်ဝေခွင့်
  • စာအုပ်အသင်းနှင့်ဆိုင်သည့် မူပိုင်ခွင့်
  • အီလက်ထရောနစ်/ပရိသတ်ကို အပြန်အလှန်အကျိုးပြုပိုင်ခွင့်

 

အောက်ပါ လိပ်စာသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရန်

Permissions Department

Our Daily Bread Ministries/ Discovery House Publishers

P.O Box. 3566

Grand Rapids, M1 49501

616-956-5741 Fax

Permissionsdept@odb.org