whatmatters

ကျွန်ုပ်တို့၏ နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းသည် အရာခပ်သိမ်းတို့အထက်တွင် ထာဝရအရှင် ဘုရားသခင်ကိုသာ အားထားယုံကြည်လျက် ဘုရားရှင်၏ ဉာဏ်ပညာတော်နှင့် တန်ခိုးစွမ်းပကားကို အမှီပြုကာ အမှုတော်လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူပါသည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေရန် အခွင့်အရေး ကျွန်ုပ်တို့အား ပေးအပ်ထားသည်ဟု အသိအမှတ်ပြုပြီး ကျွန်ုပ်တို့၌ အပ်နှံထားသော အရင်းအမြစ်များ၏ သစ္စာစောင့်ထိန်းသော ဘဏ္ဍာစိုးများဖြစ်နေရန် ကျွန်ုပ်တို့ ဝန်ခံအပ်နှံထားပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အခြေခံသဘောတရားများ

သမ္မကျမ်းစာအခြေခံ

  • နှုတ်ကပတ်တော်သမ္မာကျမ်းစာကို ညွှန်ကြားချက်၊ မူဝါဒနှင့် ကျင့်သုံးမှုအားလုံးတို့အား၊ ကျွန်ုပ်တို့ တန်ဘိုးဖြတ် ချင့်တွက်ရမည့်စံအဖြစ် ဂုဏ်ပြုချီးမြှင့်ပါသည်။ (၂ တိ ၃း၁၆)
  • ကျွန်ုပ်တို့၏ ယုံကြည်မှု ထုတ်ပြန်ချက်အပေါ် ဆက်လက် ဖြောင့်မှန်နေမည်။ (၂ တိ ၁း၁၃)
  • အယူဝါဒဆိုင်ရာ အသားပေးမှုကို အဘက်ဘက်တွင် အရည်အချင်းပြည့်ဝသော ချဉ်းကပ်မှုဖြင့် ထင်ဟပ်ဆင်ခြင်သည်။

အစေခံခေါင်းဆောင်မှု

  • ထင်ရှားမြင်သာသော စွမ်းရည်နှင့် ကိုယ်ကျင့်သိက္ခာရှိသည့် အစေခံခေါင်းဆောင်များကို ရွေးချယ်သည်။ (ထွက် ၁၈း၂၁၊ ၁ တိ ၃း၁-၁၃).

ဝိညာဉ်ရေးရာ ဂတိပြုမှု

  • သခင်ယေရှုခရစ်တော်နှင့် နီးကပ်သော မိတ်သဟာယ၌ ဆက်တည်နေသည်။ “သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏” (ဗျာ ၂း၄)ဟု ပြောရန်၊ သခင့်အား ဆင်ခြေမပေးပါ။
  • နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်း၏ အလုပ်တာဝန်များကို ကျွန်ုပ်တို့ဖာသာ ကျွန်ုပ်တို့လုပ်ဆောင်ခြင်းထက် သခင်ဘုရား၏ ဉာဏ်ပညာတော်နှင့် တန်ခိုးစွမ်းပကား၌သာ လုပ်ဆောင်သည်။ (ဂလာ ၂း၂၀၊ ၃း၃)
  • သခင်ဘုရား၏လူများအဖြစ် အလုပ်၌ဖြစ်စေ၊ အလုပ်ချိန်ပြင်ပ၌ဖြစ်စေ၊ မတူ ကွဲပြားသော တသမတ်တည်းဖြစ်သည့် အမူအကျင့်ကို ပြသသည်။ (၁ ပေ ၁း၁၄-၁၅)
  • အစဉ် ဘုရားရှင်ကို ကိုးစားပြီး၊ မှန်ရာကို လုပ်သည်။ ( ၁ပေ ၃း၁၆)

ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသူများအတွက် ဝန်တာ

  • – ကျွန်ုပ်တို့ ကိုယ်တိုင်အတွက် လိုလားသော ပုဂ္ဂိုလ်ရေးရာ၊ ချက်ချင်းလက်ငင်း၊ လက်တွေ့ ကရုပြုလုပ်ဆောင်မှုမျိုးကို ဖြည့်ဆည်းသည်။ (၂ကော ၄း၅၊ ၁၅)
  • – မှန်သည်ကို မေတ္တာနှင့်ပြောသည်။ မလိုအပ်သော စိတ်အနှောင့်အယှက်ဖြစ်စေမှုများကို ရှောင်ရှားသည်။ (၂ တိ ၂း၂၄)
  • – ကျွန်ုပ်တို့၏ကြိုးပမ်းမှုများအပေါ် တုံ့ပြန်သူများနှင့် ပွင့်လင်းရိုးသားသောဆက်ဆံရေးကို ထူထောင်သည်။ (၂ ကော ၄း၂)
  • – အခြားဆက်ဆံရေးအားလုံးနှင့် လွှမ်းမိုးမှုနယ်ပယ်များအပေါ် သတိရှိ အာရုံခံစားသော်လည်း၊ ပစ္စည်းရောင်းသူများ၊ ဧည့်သည်များ၊ အိမ်နီးနားချင်းများ၊ ဝန်းကျင်ရပ်ကွက်၊ အာဏာပိုင်အစိုးရဟူ၍ အကန့်အသတ်မထားရှိပါ။ (ရောမ ၁၃း၇-၈

လုပ်ဖော်ကိုင်ဖက်များအတွက် ဝန်တာ

  • ကျွန်ုပ်တို့နှင့်အတူ အမှုတော်ဆောင်နေသူများ၏ တစ်ဦးချင်း အရေးပါတန်ဖိုးရှိမှုနှင့် ပုဂ္ဂလိက အကျိုးစီးပွားကို အသိအမှတ်ပြုလက်ခံသည်။ (ဖိ ၂း၁-၄)

ဝန်ဆောင်မှုဆိုင်ရာအရည်အသွေး

  • – ကျွန်ုပ်တို့၏သတင်းစကားကို မြှင့်တင်အားဖြည့် ဂုဏ်တက်စေမည့် တင်ဆက်ခြင်းနှင့် လုပ်ဆောင်ချက်၏ အရည်အသွေးအတွက် ကြိုးပမ်းသည်။ (၁ ကော ၁၀း၃၁)
  • – ကျွန်ုပ်တို့ကို အပ်ပေးထားသော အရင်းအမြစ်မှန်သမျှ၏ သစ္စာရှိသော သဏ္ဍာစိုးကောင်းဖြစ်မည် (၁ကော ၄း၂)

ဝန်ဆောင်မှုဆိုင်ရာ ကျင့်ဝတ်သိက္ခာ

  • – ဘဏ္ဍာများရရှိနိုင်မှုအလျောက် ပြင်ပသို့ ရောက်ရှိဆက်သွယ်ခြင်းကို တိုးမြှင့်(သို့)လျှော့ချသည်။
  • – အကြွေးတင်ခြင်းကို ရှောင်ရှားသည်။ (ရောမ ၁၃း၈)
  • – အဖွဲ့အစည်းဆိုင်ရာ ဆက်လက်ရပ်တည်မှုသည် ဆုံးဖြတ်ချက်များအတွက် လွှမ်းမိုးခြယ်လှယ်သော စေ့ဆော်မှု၊ မည်သည့်အခါမျှ မဖြစ်စေရ။ (ဖိ ၁း၁၉-၂၆)
  • – မိမိကိုယ်မိမိ ဂုဏ်ယူချီးမွမ်းခြင်းကို ရှောင်ရှားသည်။ (သုတ္တံ ၂ရး၂)

အခြားအမှုတော်လုပ်ငန်းများနှင့် ဆက်သွယ်ဆက်ဆံခြင်း

  • – အခြားတစ်ဦးချင်း(သို့) အဖွဲ့အစည်းများအားဖြင့် သခင်ဘုရား၏ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုလေးစားသည်။ (၁ကော ၁း၁၀-၁၃)
  • – ကျွန်ုပ်တို့၏ဦးတည်ချက်ကို အလျှော့ပေး(သို့) ကျွနု်ပ်တို့၏ ထိရောက်အကျိုးရှိမှုကို အားနည်းစေသော၊ မည်သည့် ဆက်သွယ်နှီးနွယ်မှုကိုမဆို ရှောင်ရှားသည်။ (၂ ကော ၆း၁၄)
  • – ဒေသန္တရ အသင်းတော်ကို ပံ့ပိုးပြီး၊ ပြည့်စုံစေသည့်နည်းဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းများအား ဦးစီးဦးရွက်ပြုသည်။ (ဧ ၄း၁-၇)