လ - မတ် 2014

သောက်ရေသန့်ဗူး

အမေရိကန် ပြည်ထောင်စုနိုင်ငံတွင် သောက်ရေသန့်ဗူးများကို အသုံးပြုသည်မှာ နှစ်ပေါင်း အတော်ကြာပြီဖြစ်သည်။ လူအများစုမှာ ပိုက်ခေါင်းများနှင့် သောက်ရေသန့်စင်များမှ ရေကို အခမဲ့ လွယ်ကူစွာရရှိနိုင်သော်လည်း ရေဗူးများကို ဝယ်ယူအသုံးပြုဆဲဖြစ်သည်။ ကုန်ကျမှုမရှိဘဲ ရယူ နိုင်သောအရာတခုအတွက် ပိုက်ဆံပေးချေရခြင်းက ကျွန်မအတွက် အဓိပ္ပာယ်မရှိပါ။ သို့သော်လည်း လူအချို့က ပိုက်ဆံပေးဝယ်ရသောပစ္စည်းသည် အခမဲ့ရသောအရာထက်ပို၍ ကောင်းမွန်သည်ဟု ထင်မှတ်ယူကြသည်။
ဤအချက်ကို ဝိညာဉ်ရေးရာအသက် တာတွင်လည်း တခါတရံ တွေ့ရှိရသည်။ ကယ်တင် ခြင်းသည် လက်ဆောင်ဖြစ်သည်ကို အချို့က ငြင်း ဆန်ကြသည်။ ကယ်တင်ခြင်းရရှိရန် သူတို့ တခုခု လုပ်ချင်ကြသည်။ ပြဿနာမှာ ကြိုးစားအားထုတ် ခြင်းဖြင့် မည်သူမျှ မရရှိနိုင်ကြခြင်းဖြစ်သည်။ ကယ်တင်ခြင်း၏ အဖိုးအခမှာ စုံလင်ခြင်းဖြစ်ပြီး (မဿဲ ၁၉း၂၁)၊ သခင်ယေရှုတပါးတည်း သာလျှင် အဖိုးအခကို ပေးနိုင်သည် (ရော ၅း၁၈)။ ရေငတ်သောသူအား “အသက်စမ်းရေ ကို…

နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏

အင်္ဂလိပ်စကားလုံး (meek) (စိတ်နူးညံ့ သိမ်မွေ့ခြင်း) သည် (week) အားနည်းခြင်းဟူသည့် စကားလုံးနှင့် ကာရန်ညီပြီး လူများက ထိုစကားလုံး နှစ်လုံးကို နှစ်ပေါင်းများစွာ ယှဉ်တွဲသုံးခဲ့ကြသည်။ ကျော်ကြားသောအဘိဓာန်တစ်ခုက (meek) စိတ်နူးညံ့သိမ်မွေ့ခြင်း၏ အနက်ပွားကို `ကျိုးနွံ နှိမ့်ချ ဝန်ခံခြင်း၊ အာဏာပြခြင်းကို အလွယ်တကူနာခံခြင်း၊ စိတ်ပျော့ခြင်း၊ စိတ်အားငယ်ခြင်း´ဟု ဖွင့်ဆိုထား သည်။ ထို့ကြောင့် “စိတ်နူးညံ့သိမ်မွေ့သောသူတို့ သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့ သည် ပြည်တော်ကို အမွေခံရကြလတ္တံ”  (မဿဲ ၅း၅) ဟူသောစကားကို သခင်ယေရှု ဘာကြောင့် ပြောသနည်းဟု လူတို့ မေးခွန်းထုတ်ကြသည်။
ဂရိပညာရှင် W. E. Vine က သမ္မာကျမ်းစာမှ ဖော်ပြထားသော စိတ်နူးညံ့ သိမ်မွေ့ခြင်းဆိုသည်မှာ “ဘုရား၏ဆုံးမခြင်းကို ငြင်းခုံခြင်း၊ ငြင်းဆန်ခြင်းမရှိဘဲ ကောင်း သည်ဟု လက်ခံသည့်” ဘုရားသခင်အပေါ်…

ပို၍ ကောင်းသောကမ္ဘာ

ချာလီဘရောင်း သရုပ်ဆောင်ထား သော ကျွန်ုပ်အနှစ်သက်ဆုံး Peanuts ကာတွန်း တစ်ခုတွင် မိမိကိုယ်ကို ယုံကြည်မှု အမြဲရှိသော လူစီ က “ကျွန်မရှိနေတဲ့အတွက် ကမ္ဘာကြီးက ဘယ်လိုလုပ် ပိုဆိုးလာနိုင်ပါမလဲ။ ကျွန်မမွေးလာပြီး ကတည်းက ကမ္ဘာကြီးက သိသိသာသာ တိုးတက် လာတယ်”ဟု ကြွေးကြော်သည်။
သူ့ကိုယ်သူအထင်ကြီးမြှောက်စား သည့် လူစီ၏ ယူဆချက်က မဖြစ်နိုင်သော်လည်း စိတ်ဝင်စားစရာကောင်းသောအချက်တစ်ချက်ကို သူမထောက် ပြနေသည်။ ဘုရားသခင် ကျွန်ုပ်တို့ကို ထားရှိသော ဤလောကတွင် သခင်ယေရှု၏မေတ္တာ ကို ဖော်ပြခြင်းဖြင့် ကမ္ဘာကြီးကိုပို၍ ကောင်းသော နေရာဖြစ်သွားအောင် ကျွန်ုပ်တို့ ကြိုးစားပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
ညှင်းပန်းခြင်းခံရသော ယုံကြည်သူများ ထံ ရှင်ပေတရု စာရေးသားရာ၌ သင်တို့၏ ကောင်း သော အကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း “သူတို့ ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြရန်”…

စောင့်ခြင်း

ဘုရားသခင်ကို ကျောခိုင်း စွန့်သွား သော သားမက် ဂျွန်အတွက် ပူပန်လျက်  ဟယ်ရီသည် နှစ်ပေါင်းအတော်ကြာမျှ တစ်နေ့ပြီးတစ်နေ့ ဘုရား သခင်ထံ ဆုတောင်းခဲ့သည်။ သို့သော် ဟယ်ရီ သေဆုံးသွားပြီး လအနည်းငယ်အကြာမှ ဂျွန် ဘုရားသခင်ထံ ပြန်လည်ဦးလှည့်လာခဲ့သည်။ သူ့ယောက္ခမ မားရှာ က ဟယ်ရီ သူ့အတွက် နေ့တိုင်း ဆုတောင်းပေးခဲ့ကြောင်းပြောပြရာ ဂျွန်က “ကျွန်တော် စောင့်တာကြာသွားတယ်”ဟု ပြော သည်။ သို့သော်  မားရှာ က “ဟယ်ရီ လောကမှာ အသက်ရှင်တုံးက တောင်းခဲ့တဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးဆဲပဲ”ဟု ဝမ်းမြောက် ဝမ်းသာစွာဖြင့် ဝေငှခဲ့သည်။
ဟယ်ရီ၏ အဖြစ်အပျက်က ဆုတောင်း ၍ စောင့်နေရသူများအတွက် အားတက်စရာဖြစ်သည်။ “ဆုတောင်းပဌာနာပြုခြင်းအမှုကို အမြဲပြုရန်”နှင့် သည်းခံရန် သမ္မာကျမ်းစာက ပြောထားသည် (ရောမ ၁၂း၁၂)။
ဆာလံ ၁၃၀…

အသက်ဆက်စေသောအရာ

အသက် ၁၆ နှစ် အရွယ်တွင် မောရစ် ဖရန့် (၁၉၀၈-၁၉၈၀) သည် မျက်စိ နှစ်ဖက်လုံး အမြင်အာရုံဆုံးရှုံးခဲ့သည်။ နှစ်ပေါင်း အတော်ကြာပြီးနောက်တွင် သူဆွစ်ဇာလန်သို့ ခရီးသွားခဲ့ပြီး ထိုနေရာတွင် ‘ခွေးကြီး ဘတ်ဒီ’ နှင့် စတင်တွေ့ဆုံခဲ့သည်။ သို့နှင့် လမ်းပြခွေး သင်တန်းကျောင်း ပေါ်ပေါက်လာအောင် သူပါဝင် လုပ်ဆောင်ရန် ‘ဘတ်ဒီကြီး’ သူ့ကိုလှုံ့ဆော်ခဲ့သည်။
ဘတ်ဒီ၏ လမ်းပြဦးဆောင်ခြင်းဖြင့် လူသွားလူလာများသော လမ်းဘေးစင်္ကြများနှင့် လမ်းဆုံလမ်းခွများကို ဖရန့် အလွယ်တကူသိရှိပြီး သွားလာနိုင်သည်။ သူ့လမ်းပြခွေး၏ အကူအညီ အကြောင်း ဖော်ပြရာ၌ ဖရန့် က “ဂုဏ်ပြုထိုက်ပါ တယ်။ ဘတ်ဒီနဲ့သူ့ကိုချည်ထားတဲ့သားရေကြိုး လေးတစ်ချောင်းက ကျွန်တော့်ကို အသက်ဆက်စေ တယ်” ဟု ပြောသည်။ ဘတ်ဒီသည် မောရစ် ဖရန့် အား သူ့အနီးဝန်းကျင်လောကထဲသို့ ဝင်ရောက်ရန် အခွင့်အရေးသစ်ကို ပေးခဲ့သည်။
ဘုရားသခင်၏…

ပရမ်းပတာမဖြစ်ဘဲ

ကျွန်မ လေ့လာတွေ့ရှိသမျှ၌ အစီအစဉ် တကျဖြစ်ခြင်းသည် အလိုအလျောက်ဖြစ်မလာ ကြောင်း လက်မခံ၍မရ၊ လက်ခံရသည်။  ရုံးအလုပ် အကြောင်းစဉ်းစားလိုက်လျှင် ပရမ်းပတာဖြစ်မှုက လျင်မြန်စွာဖြစ်ပျက်ပြီး ၎င်းကို အစီအစဉ်တကျပြန် ဖြစ်အောင် အချိန်များစွာ ယူရသည်ကို သြချမိပါ၏။ အစီအစဉ်တကျဖြစ်ရန်အတွက် ကြားဝင်ဖြေရှင်း ရန်လိုပြီး ၎င်းက အလိုအလျောက်ဖြစ်မလာပါ။
ပရမ်းပတာမဖြစ်စေဘဲ အစီအစဉ် တကျဖြစ်စေသော ဘုရားသခင်၏အခန်းကဏ္ဍမှာ ကျမ်းစာမှ ထင်ရှားသောအဓိကအချက် ဖြစ်နေ ခြင်းကို ကျွန်မ မအံ့သြပြီ။ ဣသရေလနိုင်ငံ တည် ထောင်ရာ၌ ကိုယ်တော်က အစီအစဉ်တကျပြုလုပ် ခဲ့သည် (ထွး၇-၁၄)။ ဘုရားသခင်က ဟေဗြဲလူ တို့အား အီဂျစ်ပြည်မှကယ်ထုတ်ရန် အချိန်ကျရောက်ကြောင်း မိန့်ကြားရာ၊ ဖာရော ဘုရင်က ကန့်ကွက်ခဲ့သည်။ နိုင်ငံ့စီးပွားရေးမှာ ဟေဗြဲအလုပ်သမားများအပေါ် မူတည် နေသဖြင့် သူတို့ကို လက်မလွတ်ချင်ပါ။ ဖာရောဘုရင်၏သဘောထားပြောင်းလဲရန် အတွက် အံ့ဖွယ်နိမိတ်လက္ခဏာ ၁၀…

မည်သူသည် ဗဟိုဖြစ်သနည်း

ကျွန်မသည် စကြာဝဠာ၏ ဗဟိုချက် မဟုတ်ကြောင်းဟူသည့်အချက်ကို မကြာမီက ကျွန်မ သိရှိလိုက်ရသည်။ ကမ္ဘာကြီးက ကျွန်ုပ်ကို ဗဟိုပြု၍ လည်ပတ်မနေပါ။ ကျွန်မ၏အလို ကျွန်မ သဘောအတိုင်း ဖြစ်ပျက်ရွေ့ရှားမနေပါ။
ကျွန်ုပ်တို့က ထိုကဲ့သို့ဖြစ်စေချင်သည့် တိုင် ဘဝက ကိုယ့်အလိုဆန္ဒအတိုင်းဖြစ်ပျက် မနေ ပါ။ အရာခပ်သိမ်းသည် ဘုရားသခင်၌သာ ဗဟိုပြု သည်။ ဆာလံ ၃၃ တွင် ဖန်ဆင်းထားသော အရာ အားလုံးက ကိုယ်တော်၏ထိန်းချုပ်မှုအောက်၌    ကိုယ်တော့်အလိုအတိုင်းဖြစ်ပျက်ကြောင်း ကျွန်ုပ်တို့ ဖတ်ရသည် (း၆-၉)။ သမုဒ္ဒရာ၏ နယ်နိမိတ်အပိုင်း အခြားကို ကိုယ်တော်သတ်မှတ်၍ လုံခြုံရာအရပ်တို့ ၌ သိုထားတော်မူသည်။ သဘာဝလောကကြီး၌ အရာခပ်သိမ်းသည် ကိုယ်တော် ချမှတ် သော နိယာမများအတိုင်း ဖြစ်ပျက်လျက်ရှိသည်။
တိုင်းနိုင်ငံများသည်လည်း ဘုရားသခင်ကိုသာ ဗဟိုပြုရသည်။ မည်သည့် အကြံအစည်နှင့်အစီအမံကမျှ ဘုရားသခင်ကို မဆန့်ကျင်နိုင်။ ဘုရားသခင်၏ အကြံအစည်…

နူးညံ့သောသက်သေခံ

လွန်ခဲ့သောနှစ်ပေါင်းများစွာက ၃၈ ပေ မြင့်သော တံတားပေါ်မှ ပြုတ်ကျသဖြင့် အသက် အန္တရာယ်နှင့် ရင်ဆိုင်ရပြီး ကျွန်တော်ဆေးရုံ တက်ခဲ့ရသည်။ ဆေးရုံတွင် နံဘေးကုတင်မှ လူနာ၏ဇနီးက  “ရှင်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ ယောက်ျား ပြောပြတယ်” “ဘုရားက ရှင့်ကို အသုံးပြုချင်လို့ အသက်ဆက်ရှင်စေခဲ့တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ရှင့်အတွက် ကျွန်မတို့ ဆုတောင်းပေးနေခဲ့တယ်´ ဟု ပြောလာသည်။
ကျွန်တော်အံ့အားသင့်ခဲ့သည်။ ဘုရား ကျောင်းကို ပုံမှန်တက်ပြီး ကျွန်တော်ကြီးပြင်းလာခဲ့ သော်လည်း ကျွန်တော့်အသက်တာတွင် ဘုရား သခင် ပါဝင်ပတ်သက်လိမ့်မည်ဟု စိုးစဉ်းမျှ မတွေးမိခဲ့ပါ။ သူမ၏စကားများက ကျွန်တော်ကြားဖူး သော်လည်း မသိသေးသည့် ကယ်တင်ရှင်ကို ညွှန်ပြခဲ့ပြီး ၎င်းသည် သခင်ခရစ်တော်ထံ ကျွန်ုပ်၏ အသက်တာဆက်ကပ်ခြင်း၏အစပင် ဖြစ်သည်။ လူစိမ်းတစ်ဦးကို သူမသိသေး သော စစ်မှန်သော မေတ္တာရှင်ဘုရားအကြောင်း ပြောပြရန် ဂရုတစိုက်နှင့် ကြင်နာနူးညံ့…

စည်းလုံးမှုကို တိုးပွားဖော်ဆောင်ခြင်း

သုတ္တံ ၆း၁၆-၁၉ မှ အသုံးအနှုန်းက ပြတ်သားသည်။ ထာဝရဘုရား မုန်းတော်မူသော အရာ ခုနှစ်ပါးကို ဖော်ပြရာတွင် “အပေါင်းအဖော်ချင်း ရန်တွေ့ခြင်းငှာ ပြုတတ်သောသူ´လည်း စာရင်း ထဲတွင် ပါဝင်သည်။ ဤအပြစ်ကို ထည့်သွင်း ဖော်ပြရသည့် အကြောင်းရင်းမှာ ၎င်းသည် ခရစ်တော်၏နောက်လိုက်များကြား၌ ထားရှိရမည့် သခင်အလိုရှိသော စည်းလုံးမှုကို ပျက်စေသော ကြောင့် ဖြစ်သည် (ယော ၁၇း၂၁-၂၂)။
ရန်တွေ့ခြင်းကို ဖြစ်စေသူများသည် ကွဲပြားခြင်းကို ဖန်တီးရန် မူလက ရည်ရွယ်ချက် မရှိခဲ့ရိုးအမှန်ပါ။ ၎င်းတို့အာရုံတွင် သူတို့၏လိုအင် များ (သို့) သူတို့နှင့်သက်ဆိုင်သောအဖွဲ့အုပ်စု၏ ဖိအားပေးမှုများနှင့်သာ လွှမ်းမိုးနေခြင်းဖြစ်မည် (ယာ ၄း၁-၁၀)။ လောတ၏နွားကျောင်းသားများနှင့် အာဗြဟံ၏နွားကျောင်းသားများ၏ ရန်ပွဲ (က ၁၃း၁-၁၈)၊ တပည့်တော်များက မည်သူသာ၍ကြီးမြတ်သနည်းဟု အငြင်းပွားမှု (လုကာ ၉း၄၆)၊ ကောရိန်သုအသင်းတော်မှ သဘောထားကွဲနေသည့် အုပ်စုများကလည်း ဝိညာဉ်တော်အားဖြင့်…

မကြာမီလာမည်

ဖျော်ဖြေရေးပွဲ၊ အားကစားပွဲများမတိုင်မီ နောက်ဆုံးပေါ် နည်းပညာသုံးပစ္စည်းများ မရောင်းချ မီကပင်  “မကြာမီလာမည်” ဆိုသည့် ကြော်ငြာက အရင်လာသည်။ လပေါင်းများစွာ လိုသေးသော် လည်း ရောက်ရှိလာမည့်ပွဲနှင့်  ပစ္စည်းသစ်များကို မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်သည်။
ဗျာဒိတ်ကျမ်းကို ဖတ်သောအခါတွင် “မကြာမီလာမည်”ဆိုသည့်အချက်က ကျမ်းတစ်ခု လုံး၌ စိမ့်ဝင်လွှမ်းမိုးထားကြောင်း ကျွန်တော် ခံစားရ သည်။ မကြာမမြင့်မီ အနာဂတ်ကာလတစ်နေ့တွင် ယေရှုခရစ်တော်သည် ကမ္ဘာပေါ်သို့ ပြန်ကြွလာ လိမ့်မည်”ဟု ပြောခြင်းထက်  ကျမ်းစာစောင်၌ “ကာလမကြာမမြင့်မှီ ဖြစ်ရမည် အမှုအရာ များဟူမူကား” (၁း၁) “ကာလအချိန်ရောက်လုနီးပြီ” (ငယ် ၃) စသည့် စကားစုများနှင့် ပြည့်နေသည်။ နောက်ဆုံးအခန်းကြီးတွင် သခင်ဘုရားက “ငါသည် အလျင်အမြန်လာမည်” (ဗျာ ၂၂း၇၊ ၁၂း၂၀)ဟု သုံးကြိမ်ပြောထားသည်။ အခြားဘာသာပြန်ဆိုမှုများတွင် ဤ စကားစုကို “ငါမကြာမီလာမည်”၊…