လ - မေ 2014

နှင်းကဲ့သို့ဖြူစင်စေသော

နှင်းတဖွဲဖွဲကျသော နေ့တစ်နေ့တွင် ကျွန်မသားငယ်ကို ကျောင်းမှသွားကြိုပြီး အိမ်ပြန် လာသည်။ ဝါဂွမ်းပမာနှင်းများက တစတစနှင့် လျှင်မြန်စွာကျလာသည်။ မကြာမီ ကားလမ်းပိတ် ကုန်သည်။ ကားထဲမှနေ၍ နှင်းကြောင့် ပြောင်းလဲ သွားသောမြင်ကွင်းကို ကြည့်မိသည်။ အမဲရောင် မြေသားက အဖြူရောင်သို့ ပြောင်းသွားသည်။ အဆောက်အအုံများ၏အစွန်း ထောင့်နေရာများ၊ ကားများ၊ သစ်ပင်များ၌ နှင်းများဖုံးလွှမ်းသွားသည်။
နှင်းများက အရာအားလုံးကို ဖုံးလွှမ်း သွားသကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော်က ကျွန်မတို့၏ အပြစ်များကို ဖုံးပေးသည့် ဝိညာဉ်ရေးရာ သမ္မာတရားကို ကျွန်မ သတိရမိ သည်။ သို့သော် ကျေးဇူးတော်က အပြစ်ကို ဖုံးပစ်သည်သာမက ဖျောက်ပစ်ပေးသည်။ ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင်က ဣသရေလလူတို့အား “လာကြ၊ တရား စီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့် မည်” (ဟေရှာ ၁း၁၈)ဟု မိန့်တော်မူသည်။ ဘုရားသခင်သည်…

ဂျော်ဒင်၏ အသက်တာခရီး

ဂျော်ဒင် ကာစတိုရာ သည် မွေးရာပါ မျက်မမြင်ဖြစ်သော်လည်း ပြီးပြည့်စုံသောဘဝကို သူမခံစားရအောင် ထိုအားနည်းချက်က မဟန့်တား နိုင်ပါ။ Can You See How I See? ဆိုသည့် သတင်းမှတ်တမ်းရုပ်ရှင်က သူ့ဘဝဇာတ်ကြောင်း ကို ရိုက်ကူးထားသည်။ သူမသည် ကျောင်းတွင် ပညာထူးချွန်သူဖြစ်ပြီး အခြားသူ၏ အကူအညီ အနည်းငယ်ဖြင့် ပျော်ရွှင်စွာ စက်ဘီးစီးနိုင်သည်။ နှင်းလျှောစီးနိုင်သည်။ သူမ၏အမြင်အာရုံနှင့် ပတ်သက်၍ ဂျော်ဒင် ဤသို့ပြောပါသည်။ “ကျွန်မရဲ့ မျက်မမြင်ဘဝကို ပြန်ပေးလို့ရတယ်ဆိုရင်တောင် ကျွန်မ ပြန်ပေးမှာမဟုတ်ဘူး၊ ဘုရားသခင်ဟာ ကျွန်မတို့ အယောက်စီတိုင်းကို သူ့ရည်ရွယ်ချက် အတိုင်း ဖန်ဆင်းထားတယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မမျက်စိကွယ်ခြင်းဟာလည်း ကျွန်မဘဝမှာ ရင်ဆိုင်ရမဲ့အမှုတစ်စိတ်တစ်ဒေသဖြစ်မယ်လို့ ထင်ပါတယ်”။ ယခုတွင် သူမသည် ကွန်ပျူတာသိပ္ပံတက္ကသိုလ်ကျောင်းသူဖြစ်ပြီး၊ သူ့အိပ်မက်မှာ မျက်မမြင်များ အတွက် အထောက်အကူပြုမည့် ကွန်ပျူတာဆော့ဖ်ဝဲကို တီထွင်ရန်ဖြစ်သည်။
ဤဘဝကို…

အခိုးခံရသောရတနာကို ပြန်ရှာဖွေခြင်း

J.R.R Tolkien ရေးသည့် The Habbit စာအုပ်တွင် လူပုလေးများသည် သူတို့ထံမှ ကြောက်စရာနဂါးကြီး စမော့ဂ် ခိုးယူသွားသောရတနာကို ပြန်လည်လုယူရန် စုရုံးခဲ့သည်။ အန္တရာယ်များ၍ ပြင်းထန်သော တိုက်ပွဲဖြစ်လည်း ဒုတိယခေါင်းဆောင်  ဘာလင် က ခေါင်းဆောင်ကြီး သောရင် အပေါ်အကြွင်းမဲ့  စိတ်ချ အားကိုးမှုရှိကြောင်းပြခဲ့သည်။ `ကျုပ် ရှေ့ကသွားတဲ့ သူတစ်ယောက်နောက်ကိုဘဲ လိုက်မယ်၊ ဘုရင်လို့ ကျုပ်ခေါ်နိုင်တဲ့သူ တစ်ယောက်ဘဲ ရှိတယ်´ ဟုဆိုခဲ့သည်။အန္တရာယ် ကြီးသော်လည်း ခေါင်းဆောင်အပေါ် ယုံကြည် စိတ်ချမှုက ထမ်းဆောင်ရမည့် တာဝန်အတွက် အားတစ်ရပ် ဖြစ်ခဲ့သည်။
သခင်ယေရှု ဤလောက၌ ကျင်လည်စဉ် ရန်သူစာတန်လက်မှ အဖိုးတန် ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်မည့် နိုင်ငံတော်နှင့်ယှဉ်သောအမှုတော်၌ ပါဝင်မည့် သူများကို စုစည်းခဲ့သည်။ ၄င်းတို့ကို ခေါ်ယူရာ၌ `ငါ့နောက်သို့ လိုက်ကြလော့´ (၄း၉)ဟုသာ မိန့်ကြားသည်။ ၄င်းတို့ အတွက်…

အခက်အခဲကျရှုံးမှုများ

စီးပွားပျက်ကပ်ဆိုက်ပြီးနောက်ပိုင်း နှစ်အတန်ကြာသည့်တိုင် စတော့ဈေးကွက်၌ရင်းနှီး မြှုပ်နှံသူများ၏ယုံကြည်မှုပြန်ရရန် အလွန်ရုန်းကန် ခဲ့ရသည်။ ၁၉၅၂ ခုနှစ်တွင် `ဟယ်ရီ မာကိုဝစ်´သည် ရင်းနှီးမြှုပ်နှံသူများအား အခြားသောကုမ္ပဏီများ နှင့်အလုပ်ရုံစက်ရုံများတွင် ရှယ်ယာဝင်ရန် အကြံပြု ခဲ့သည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ၎င်းတို့ အတွက် မရေရာသောအခြေအနေတွင် အထောက် အကူ ဖြစ်စေကြောင်း သီအိုရီကို တင်ပြထုတ်ဖော် ခဲ့သည်။ မာကိုဝစ်နှင့် သူ့အပေါင်းအပါနှစ်ဦးတို့မှာ ထိုသီအိုရီကို ဖော်ထုတ်နိုင်ခြင်းအတွက် ၁၉၉၀ တွင် စီးပွားရေးသိပ္ပံ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။
ထိုကဲ့သို့ ထိပ်ထိပ်လန့်လန့်နှင့် ရင်းနှီးမြှုပ်နှံရသူများနည်းတူ ခရစ်တော် နောက်လိုက် ကျွန်ုပ်တို့သည်လည်း ဘဝ၌ အခက်အခဲအရှုံးများနှင့် ရင်ဆိုင်ရပြီးနောက်  မှင်သက်လျက် ကျရှုံးမှုများကို မည်သို့ပြန်တည်ဆောက်ရမည်ကိုမသိ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေကြောင်း ကိုယ့်ကိုယ်ကိုသိသည်။ ရှေ့ဆက်ရမည့် ဘဝအသက် ရှင်သန်မှုတွင် အတိတ်မှအရှုံးကို ပြန်ကုစားရန် မဟာအကြံတစ်ခုခု၊ လုပ်ရှားမှုတစ်ခုခု ထွက်ပေါ်လာချိန်…

မင်္ဂလာရှိသော သတိမေ့လျော့ခြင်း

ကျွန်မရုံးခန်းက အောက်ထပ်မှာရှိပြီး ပစ္စည်းတစ်ခုခုယူရန် အပေါ်ထပ်သို့ မကြာခဏ တက်ရသည်။ သို့သော် အပေါ်ရောက်မှ ဘာလာယူလဲ မသိတော့ဘဲ မေ့သွားသည်။ သုတေသီပညာရှင် ဂေဘရယ် ရက်ဗဲန်စကီး က ထိုလက္ခဏာအတွက် ဖြေရှင်းချက်ထုတ်ခဲ့သည်။ သူမက တံခါးပေါက်များသည် `အဖြစ်အပျက် ကိစ္စတစ်ခုခု၏ အကန့်အသတ်ဘောင်´ အဖြစ်ရှိ နေကြောင်း အဆိုပြုခဲ့သည်။
လက်တွေ့စမ်းသပ်စစ်ဆေးမှု ၃ ကြိမ် ပြုလုပ်ပြီးနောက် တံခါးဖွင့်လိုက်ကြောင်း အသိက မှတ်ထားသော အချက်အလက်ကို ပိတ်လိုက်ပြီဟု ဦးနှောက်သို့သတင်းပေးသည် ဟူသောသီအိုရီကို အဆိုပြုဖော်ထုတ်ခဲ့သည်။ ထိုကြောင့် အပေါ်ထပ် သို့ရောက်ပြီးမှ မေ့သွားသောအရာကို ပြန် စဉ်းစားရခြင်းကို ကျွန်မစိတ်အနှောက်အယှက်ဖြစ်ရသည်။ သို့သော် သတိမေ့ခြင်းသည် ကောင်းကြီးတစ်ပါးလည်းဖြစ်သည်။ ညအချိန်တံခါးပိတ်ပြီး အိပ်စက်အနားယူသောအခါ ထိုနေ့အတွက်စိတ်သောကပူပန်မှုများကို ပိတ်ပြီးမေ့လျော့သွားသောကြောင့် မင်္ဂလာ တစ်ပါး ဖြစ်သည်။
သခင်ယေရှုက သူ့ကိုယ်သူ `တံခါးဝ´ (ယော ၁၀း…

နှစ်သိမ့်သက်သာမှုပေးရန် စေစားခံရခြင်း

ဂျေး မူဗနေးနှင့် ပေါလ် ဒီအင်ဂျင်လီစ် တို့ရေးသားသည့် Dear Mrs.Kennedy စာအုပ်၌ အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရပြီး နောက်တစ်ပတ်အတွင်း သူ့ဇနီး ဂျက်ကလင်း ထံသို့ ကမ္ဘာအရပ်ရပ်မှပေးပို့သော စာများစွာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ စာအချို့မှာ အစိုးရအရာရှိများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ ရင်းနှီးသောမိတ်ဆွေများထံမှ ဖြစ်ပြီး၊ စာအချို့မှာ အစိုးရအရာရှိများ၊ ရင်းနှီးသောမိတ်ဆွေများထံမှ ဖြစ်ပြီး၊ စာအချို့မှာ ‘မဒမ် ကနေဒီ၊ ဝါရှင်တန်မြို့’ ‘  အမေရိကနိုင်ငံ၏သမ္မတကတော်’ စသည်ဖြင့် ပြည်သူများပေးပို့သည့် စာများဖြစ်သည်။ ထို စာအားလုံးသည် သူမ၏ဆုံးရှုံးမှုကြီးအတွက် ဝမ်းနည်းမှုကို ဖော်ပြသော စာများဖြစ်သည်။
အခြားသူများဝေဒနာခံစားရနေချိန်တွင် ကျွန်ုပ်တို့ ကူညီလိုပါသည်။ ဤ အခြေအနေတွင် ရှင်ပေါလုက “ငါ့တို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်ကို “သနားခြင်းကရုဏာ၏အဖ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်”ဟု သရုပ်ဖော်ထား ကြောင်း  သတိချပ်ပါ။ ကောင်းကင်ဘုံရှင်အဖသည်  မစအားပေးမှုနှင့်ဝေဒနာကို ငြိမ်းစေ သော အနှိုင်းမဲ့ကရုဏာ၊…

မိမိကိုယ်ကို ချင့်ချိန်ပါ

မကြာမီက ကျွန်တော့်ခန္ဓာ မမာမကျမ်း ဖြစ်ခဲ့သည်။ ဘယ်ဖက်လက်မောင်းနှင့် ပခုံး ယောင်ရမ်းပြီး လက်ဖမိုးနှင့်လက်မတွင် အလွန် နာကျင်သည့် အဖုအပိန့်များပေါက်သဖြင့် နေ့တိုင်း အသက်ရှင်ရသည်မှာ ပင်ပန်းလှသည်။ နောက်ဆုံး မခံနိုင်သည့်အဆုံး ဆရာဝန်သွားပြမှ ရေယုန်ကဲ့သို့သော ရောဂါဖြစ်နေကြောင်း သိရ သည်။ ဆရာဝန်က ဆေးပေးပြီး ရက်သတ္တပတ် အတော်ကြာမှ သက်သာမည်ဟု ပြောခဲ့သည်။
ယင်းရောဂါကြောင့် အချိန်စာရင်း သစ်နှင့် ကျွန်တော် လှုပ်ရှားရသည်။ ကျွန်တော် အားပြည့်စေရန်  မနက်ခင်းနှင့်နေ့လည်ခင်းများတွင် တစ်ရေးတမော အိပ်စက်ရန်လိုအပ်သည်။ ရောဂါ မသက်သာမချင်း မိမိကိုယ်ကို ချင့်ချိန်ရပါတော့ သည်။
သခင်ယေရှုသည် တပည့်တော်များကို အမှုတော်ထမ်းရန် စေလွှတ်တော်မူရာ၊ တပည့်တော်များမှာ ၄င်းတို့ပြုရသောအမှုများကြောင့် စိတ်လှုပ်ရှားလျက် အနားယူ စားသောက်ရန်ကိုပင် မေ့လျော့နေသည်။ ထိုကြောင့် သူတို့ပြန်လာသောအခါ သခင်က “လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြ”ဟု မိန့်တော်မူသည် (မာ…

လိုက်ဖက်ဆီလျော်သောနာမည်

အရှေ့တောင်အာရှရှိ အင်ဒိုနီးရှားနိုင်ငံ သည် ကျွန်းဟုအဓိပ္ပာယ်ရသော ဂရိစာလုံးနှစ်လုံးကို ပေါင်းစပ်အမည်ပေးထားခြင်း ဖြစ်သည်။ ထိုနာမည် နှင့်လည်းလိုက်ဖက်လှအောင် အင်ဒိုနီးရှားနိုင်ငံ သည် စတုရန်းမိုင်ပေါင်း ၇၅၀,၀၀၀ ရှိသော ကျွန်းပေါင်း ၁၇,၅၀၀ ဖြင့်ဖွဲ့စည်းထားသည်။ ကျွန်းနိုင်ငံတစ်နိုင်ငံအတွက် အင်ဒိုနီးရှားဟူသော နာမည်သည် လိုက်ဖက်လှသည်။ ကျမ်းစာထဲရှိ လူများကိုလည်း ၎င်းတို့၏ပင်ကိုစရိုက်နှင့် လိုက်ဖက် သောနာမည်များအား သူတို့မွေးဖွားချိန် (သို့) မွေးဖွားပြီးနောက်တွင် မှည့်ခေါ်ကြကြောင်း တွေရှိ ရသည်။ ‘သက်သာစေသောသူ’ ဟုအမည်ရသော ဘာနဗသည် သူတွေ့ကြုံရသူတိုင်းကို သက်သာ စေသည်။ ‘လှည့်ဖျားသူ’ ဟုအဓိပ္ပာယ်ရသော ယာကုပ်သည်လည်း သူ့တစ်ကိုယ်ရည် စိတ်ချမ်းသာပြည့်စုံရန်အတွက် လူများကို ချုပ်ကိုင်ချယ်လှယ်ခဲ့သည်။ သူဖြစ်ချင်သည့် အခြေအနေများကို ဖန်တီးခဲ့သည်။
တစ်ဖန် သခင်ယေရှု၏နာမည်လောက် လိုက်ဖက်သော အခြားအမည် မရှိပါ။ မာရိမွေးဖွားမည့် ကလေးအကြောင်း ကောင်းကင်တမန်က ယောသပ်အားပြောကြားရာ၌ ‘ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ…

မိမိနှင့် တန်တာထက်မက ကိုယ်တော်ပေး၏

တစ်ခါတစ်ရံ ကျွန်တော့်ကို `နေကောင်းလား၊ ဘယ်လိုနေလဲ´ဟု မေးလျှင် `ကိုယ်နဲ့တန်တာထက်   ပိုလို့တောင်ကောင်းပါ့ဗျား´ ဟု ဖြေမိသည်။ ထိုအခါ မိတ်ဆွေတစ်ဦးက `ဂျိုးရာ ကောင်းတဲ့အရာအများကြီး မင်းနဲ့ တန်ပါ တယ်´ ဟု အဓိပ္ပာယ်ပါပါ ပြောခဲ့သည်ကိုလည်း မှတ်မိပါသေးသည်။ `မဟုတ်ပါဘူးကွာ´ ဟု ကျွန်တော် ပြန်ပြောလိုက်သေးသည်။ စင်စစ် ကျွန်တော်နှင့်တန်သည့် ဘုရားသခင်၏စီရင်ခြင်း အကြောင်းကို စဉ်းစားမိပါသည်။
ဘဝရှင်သန်လှုပ်ရှားနေစဉ် မိမိသည် အပြစ်ရှိကြောင်းကို ကျွန်ုပ်တို့အလွယ်တကူ မေ့သွားတတ်သည်။ မိမိကိုယ်ကို ထင်သင့်သည် ထက် ပိုအထင်ကြီးခြင်းက ဘုရား၏ကရုဏာ ကျေးဇူးအတွက် ကျေးဇူးတင်သည့် စိတ်ကိုမှေးမှိန်သွားစေပါသည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် ပေးဆပ်ခဲ့ရသည့် အဖိုးအခ/ တန်ဖိုးကို လျော့သွားစေသည်။
လက်တွေ့ဘဝအသက်တာကို ဆန်းစစ်ရန် အချိန်တန်ပြီ။ ဆာလံဆရာ သတိပေးသကဲ့သို့ ဘုရားသခင်သည် `ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါ့တို့၌ပြုတော် မမူတတ်၊ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်´…

နားထောင်ပေးခြင်း

ဂျွိုက်စ် အဂ္ဂါ ရေးသားသည့် Listening to Others စာအုပ်တွင် နားထောင်ပေးတတ်ရန် အတွက် သင်ယူခြင်းသည် အရေးကြီးကြောင်းနှင့် ခက်ခဲသောအခြေအနေအတွင်း ထိရောက်စွာ တုံ့ပြန်တတ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ သူမ၏ အတွေ့အကြုံအရ ရောဂါဝေဒနာ ခံစားနေရ သူများအား သူတို့ ပြောပြသမျှ နားထောင်ပေးခြင်း ကြောင့် ၄င်းတို့ အထူးကျေးဇူးတင်ရှိကြောင်း ပြောပြ သည်။ “ကျွန်မအနေနှင့် ဘာမှလုပ်မပေးရပါ။ သူတို့စကား နားထောင်ပေးရုံသာ ဖြစ်သည်”ဟု ရေးသားခဲ့သည်။ နားထောင်ပေးခြင်းသည် အကူအညီ လိုအပ်နေသူများအတွက် အထိရောက် ဆုံးသောအရာ ဖြစ်သည်ဟု ကျွန်မ ကောက်ချက်ချမိပါသည်။
သူ့မိတ်ဆွေများသူ့ကို ထိုသို့နားထောင်ပေးရန် ယောဘမျှော်လင့်ခဲ့သည်။ မိတ်ဆွေများက ယောဘသည် ပြင်းစွာသောဆင်းရဲခြင်း ဝေဒနာခံစားနေရကြောင်း သူတို့ တွေ့သောကြောင့် ခုနှစ်ရက်ပတ်လုံး မြေပေါ်ထိုင်ပြီး တိတ်ဆိတ်စွာနေခဲ့သည်။ ထို့နောက် ယောဘစပြီး စကားပြောလည်း သူတို့နားမထောင်၊ သူ့ကို…