လွတ်သွားသောအစာတစ်နပ်
ကျွန်တော့်အတွက် အစားအစာသည် လိုသည်ထက်ပိုအရေးကြီးပြီး အံ့ဖွယ်လောက စည်းစိမ်တစ်ပါးဖြစ်သည်။ အလွန်ဗိုက်ဆာနေ ချိန်ဆိုလျှင် စားချင်စဖွယ်ပြင်ဆင်ထားသည့် ထမင်းပွဲ၌ ထိုင်လိုက်ရလျှင် ကျေနပ်ပါဘိ။ ထို့ကြောင့် ရေတွင်းအနီး ရှမာရိအမျိုးသမီးနှင့် စကားပြောနေသည့်ယေရှုထံ တပည့်တော်များ ဗိုက်ဆာဆာနှင့် ရောက်လာသည့် မြင်ကွင်းကို ကျွန်တော်မြင်ယောင်မိသည်။ တပည့်တော် များက “အရှင်၊ အစာသုံး ဆောင်ပါ” ဟုဆိုလျှင် ယေရှုက “သင်တို့မသိ သောစားစရာသည် ငါ၌ရှိသည်” ဟုပြန်ဖြေခဲ့ သည်။
တပည့်တော်များသည် ၄င်းတို့မမြင်ရ သည့်အစာကြောင့်အတွေးများပြီး ခေါင်းရှုပ်သွားမလား။ ထိုရေတွင်း၌ ထူးထူး ခြားခြား ဘာဖြစ်ပျက်နေသည်ကို သူတို့နားမလည်၊ ကောင်းကင်ဘုံအဖက သူ့ကို ကမ္ဘာမြေသို့စေလွှတ်ကာ အလိုတော်ဆောင်စေခြင်း၊ သူ၏အမှုတော်ပြီးစီးစေခြင်း အမှုသည် ယေရှုအတွက် အရေးကြီးဆုံးဖြစ်သည်။ သူသာပေးနိုင်သည့် ရှမာရိ…
