လ - မေ 2023

ထာဝရရှင်သန်နေသည့် အသက်တာ

“သေခြင်းတရားကို မကြောက်ပါနဲ့ ဝင်နီ၊ မရှင်သန်တဲ့ဘဝကိုသာ ကြောက်ပါ” ဟု Angus Tuck (အဲန်းဂက်စ် တပ်ခ်)က ပြောသည်။ ၎င်းသည် ဝတ္ထုမှရုပ်ရှင်အဖြစ်ရိုက်ကူးထားသော ‘Tuck Everlasting’ (ထာဝရရှင်သန်နေသော တပ်ခ်) ဇာတ်ကားမှ ကိုးကားချက်ဖြစ်ပြီး၊ မည်သည့်အခါမျှ မသေနိုင်သော ဇာတ်ကောင်ပြောသည့် စကားဖြစ်ခြင်းကြောင့် ပိုစိတ်ဝင်စားစရာဖြစ်ခဲ့သည်။ တပ်ခ် မိသားစုသည် မသေနိုင်ဘဲ အမြဲရှင်သန်သည်။ ဝင်နီ နှင့်ချစ်ကျွမ်းဝင်သော ငယ်ရွယ်သူ ဂျက်စီတပ်ခ် သည် သူမနှင့်ထာဝရအတူနေထိုင်သွားနိုင်ရေး မသေနိုင်သောအသက်ကို ရှာဖွေရန် သူမအား တောင်းဆိုခဲ့သည်။ သို့သော် ပညာရှိ အဲန်းဂတ်စ်က ထာဝရအသက်ရှင်သန်ခြင်း သက်သက်ဖြင့် သူတို့၏လိုအင်ဆန္ဒများ မပြည့်ဝနိုင်ကြောင်းကို သူနားလည်သည်။

ခေတ်ယဉ်ကျေးမှုက ကျွန်ုပ်တို့သည် ငယ်ရွယ်ကျန်းမာပြီး အစဥ်ခွန်အားနှင့်ပြည့်နေမည်ဆိုပါက အမှန်ပျော်ရွှင်ရမည်ဟုဆိုသည်။ သို့သော် ထိုအ‌ခြေအနေ၌ လိုအင်ဆန္ဒပြည့်ဝမှုကို တွေ့ရှိနိုင်သည် မဟုတ်ပါ။ သခင်ယေရှုသည် ကားစင်တင်ခြင်း မခံရမီ သူ၏တပည့်တော်များနှင့်…

ယုံကြည်ခြင်းမျိုးစေ့များ

လွန်ခဲ့သည့်နွေဦးကာလက ကျွန်မတို့၏မြက်ခင်းပြင်ကို မြေမဆွပေးမီ တစ်ညတွင် ပြင်းထန်သောလေမုန်တိုင်းကျရောက်ပြီး၊ လေတစ်ဝှေ့၌ မေပယ်ပင်မှ အစေ့များ ဖွားကနဲ လွင့်စင်ကျကုန်သည်။ ထို့နောက် ကျစ်လစ်သောမြေပြင်မှ မြေဆီလွှာကို မြေဆွစက်ဖြင့် ကုတ်လိုက်သည်အခါ ခြံဝင်းအတွင်း ရာနှင့်ချီသော မေပယ်စေ့များကို စိုက်ပြီးသားဖြစ်သွားသည်။ တိုတောင်းသော ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျွန်မတို့၏ခြံဝင်းရှိ မြက်ခင်းပြင်သည် မေပယ်တောကြီး ဖြစ်သွားသည်။

နေရာမှား၍ ပေါက်နေသောအပင်အရွက်လေးများကို စိတ်ရှုပ်ရှုပ်ဖြင့် လေ့လာသုံးသပ်စဉ်၊ အပင်တစ်ပင်တည်းမှ အသစ်သော၊ များစွာသောအပင်များ လှိုင်လှိုင်ရှင်သန်ပွားများလာသည်ဟူသည့် အတွေးတစ်စ ကျွန်မ၏စိတ်ထဲ၌ဖြစ်ပေါ်လာသည်။ ထိုနမူနာပုံစံငယ် အပင်တစ်ပင်စီက လူသားတစ်ဦးမျှသာဖြစ်သည့် ကျွန်မသည် သခင်ခရစ်တော်၌ရှိသော အသစ်သောအသက်တာကို အခြားသူများနှင့် မျှဝေနိုင်သည့် သရုပ်သဏ္ဌာန်ကို မြင်စေပါသည်။ ကျွန်မတို့၏အသက်တာ လမ်းခရီးတွင် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအကြောင်းကို ဖော်ပြရန် (၁ ပေ ၃:၁၅) ကျွန်မတို့ တစ်ဦးချင်းစီ၌ မရေတွက်နိုင်သည့် အခွင့်အရေးများစွာ ရှိပါသည်။

သခင်ယေရှုအား မျှော်လင့်လျက် “ဖြောင့်မတ်ခြင်းတရားကြောင့်…