အပြန်အလှန်ရက်ရောမှု
Melanie(မယ်လနီ)သည် မကြာခဏ ခေါင်းကိုက်ဝေဒနာကို စတင်ခံစားရပြီး၊ သူမ၏ဦးနှောက်ဂလင်းတွင် ကင်ဆာမဟုတ်သော အကျိတ်တစ်ခုရှိကြောင်း ဆရာဝန်များက တွေ့ရှိခဲ့သည်။ အကျိတ်သည် ဇီးသီးအရွယ်ခန့်ရှိပြီး ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်၊ နောက် ၂၀၀၆ ခုနှစ်တွင် အကျိတ်ထပ်တည်လာ၍ ထပ်မံ ခွဲစိတ်ဖယ်ရှားခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ် ထပ်ဖြစ်လာသောအခါ မယ်လနီသည် ဓာတ်ရောင်ခြည်ကုသမှုကို ခံယူခဲ့ရာ၊ ထိုကုထုံးကြောင့် သူမ၏ဆံပင်များ ကျွတ်ခဲ့သည်။ သူမ၏အသက်၂၇နှစ်အရွယ် သားဖြစ်သူ Matt (မက်ထ်)သည် ဆံပင်အရှည်ထားပြီး၊ သူ့ဆံပင်နှင့် မိခင်အတွက် ဆံပင်အတုပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
မက်ထ်၏ကိုယ်ကျိုးမငဲ့သောနှစ်သက်ဖွယ်လုပ်ရပ်က လူတစ်ဦး၏စွမ်းရည်နှင့် စွမ်းအားအရင်းအမြစ်များသည် အခြားသူတစ်ဦး (သို့) လူတစ်စု၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံကို သရုပ်ပြနေသည်။ ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်သို့ပေးပို့သောစာတွင် ထိုကဲ့သို့အပြန်အလှန်ရက်ရောမှု၏လှပမှုကို မီးမောင်းထိုးပြခဲ့သည်။ ဖိလိပ္ပိမြို့ရှိယုံကြည်သူများသည် သူ၏“ဆင်းရဲဒုက္ခ”ကို မျှဝေခံယူခဲ့ကြပြီး၊ “သူ”လိုအပ်နေချိန်များတွင် တစ်ကြိမ်ထက်မက အကူအညီများ ပေးပို့ခဲ့ကြသည် (ဖိ…
ဘုရားမျက်နှာကိုရှာခြင်း
ဆောင်းဦးရာသီတိုင်းတွင် အိုရီဂွန်ပြည်နယ် အနောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီး အမှတ် ၁၈ တစ်လျှောက် ကားမောင်းသူများအား လမ်းဘေးဝဲယာရှိ သစ်ပင်များဖုံးလွှမ်းနေသောတောင်စောင်းမှ ကြည်နူးဖွယ်ကောင်းသော အံ့ဖွယ် ဧရာမအပြုံးမျက်နှာတစ်ခုက ကြိုဆိုနေသည်။ ထိုပြုံးရွှင်သောမျက်နှာကို Larch ထင်ရှူးပင်များ အဝါရောင်ပြောင်းသွားသော ဆောင်းဦးရာသီတွင်သာ မြင်နိုင်သည်။ အဝါရောင်နောက်ခံတွင် အစိမ်းရင့်ရောင် ထင်းရှူးပင်များက မျက်လုံးနှင့် ပါးစပ်ပုံပေါ်နေပါသည်။ သစ်ကုမ္ပဏီတစ်ခုသည် ၎င်းတို့ခုတ်ခဲ့သော သစ်ပင်များနေရာ၌ အစားထိုးသည့်အနေဖြင့် ၂၀၁၁ ခုနှစ်က အချင်း ပေ ၃၀၀ ရှိမျက်နှာပုံအဝိုင်းအတိုင်း သစ်ပင်များ ပြန် စိုက်ပျိုးခဲ့သည်။
ပရောဖက်ဟေရှာယက ကျွန်ုပ်တို့အား ဘုရားသခင်ကို ခြောက်ကပ်သောနေရာများ၌ အသက်ပေးစွမ်းသောအရှင်အဖြစ် သိကျွမ်းရန် ဖိတ်ခေါ်သည်။ သုံ့ပန်းဘဝတွင် ရှိနေသည့် ဣသရေလလူမျိုးတို့အား ဘုရားသခင်သည် “မြစ်များကို စီးဆင်းစေသည်”၊ “ကန္တာရကို ရေကန်များအဖြစ် ပြောင်းလဲနိုင်သည်” ပြီးနောက် “ကန္တာရတွင် အာရဇ်ပင်နှင့် အကာရှပင်” စိုက်ပျိုးနိုင်ကြောင်း သူသတိပေးခဲ့သည်…
ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ
၂၀၁၉ ခုနှစ် ဧပြီလတွင် မြို့ဂုဏ်ဆောင် အလယ်ခေတ် ဝတ်ပြုကျောင်းတော်ကြီး နော့ထရာဒမ်ဒါပါရီ (Notre-Dame de Paris)တွင် မီးလောင်မှုဖြစ်ပွားပြီး၊ ခေါင်ချွန်းနှင့် ဝက်သစ်ချသစ်သားယက်မဖြင့် ပိုးထားသည့် ခဲခေါင်မိုးတို့ ပျက်စီးသွားသည်။ ချက်ချင်းဆိုသလိုပင် ဘုရားကျောင်းကို ပြန်လည်ပြုပြင်ရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းမှလှူဒါန်းမှုများ တဖွဲဖွဲဝင်လာပြီး၊ လက်သမားဆရာများက တူညီသောအဆောက်အအုံ နည်းပညာများနှင့် မူလတည်ဆောက်ပုံတွင် အသုံးပြုသည့် သစ်သားနှင့် ကျောက်အမျိုးအစားများကို အသုံးပြု၍ ပြန်လည်ပြုပြင်ခဲ့သည်။
ဘီစီ ၅၈၆ တွင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဝိုင်းထားပြီး ဘုရားသခင်၏ဗိမာန်တော်ကို မီးရှို့ရန် သူ၏တပ်များကို ညွှန်ကြားခဲ့၍ ဗိမာန်တော်ပျက်စီးသွားသည်(၄ရာ ၂၅:၉)။ ဗာဗုလုန်တွင် ဆယ်စုနှစ်များစွာ ဖမ်းဆီးကျွန်ပြုခံရပြီးနောက် ယေရုရှလင်မြို့သို့ ပြန်လာသောအခါ လူအပေါင်းတို့သည် “ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ၊ မိမိဆန္ဒရှိသည့်အတိုင်း လှူဒါန်း”(ဧဇ ၂:၆၈)ခဲ့ကြသည်။
ရှေးဦးစွာ ယဇ်ပလ္လင်ကိုပြန်တည်ပြီးနောက်၊ သူတို့သည် “ပန်းရန်သမားနှင့် လက်သမားတို့အား ငွေကိုပေး”ပြီး၊…
ခရစ်တော်အတွက် အလင်းဖြစ်ခြင်း
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ ကျောင်းများသည် ကျန်းမာရေးနှင့် လုံခြုံရေးအရ ကျောင်းသူကျောင်းသားများကို အိမ်၌သာ နေစေသောကြောင့် အဆောက်အအုံနှင့် ကစားကွင်းများတွင် လူသူကင်းမဲ့နေခဲ့သည်။ ဤရောဂါကြောင့် လူများစွာတို့သည် ကြီးမားသောဒုက္ခများကို ကြုံတွေ့ခဲ့ရကြသော်လည်း၊ ဆရာ/ဆရာမများက နည်းလမ်းများစွာဖြင့် သူတို့၏တပည့်များကို သတိတရ ရှိကြောင်းနှင့် ခက်ခဲသောကာလအတွင်း စိတ်ဓာတ်မကျရန် တိုက်တွန်းအားပေးခဲ့သည်။ သို့နှင့် ကျောင်းများစွာတွင် လူမရှိသည့် ကစားကွင်း၌ ညစဥ် မီးထွန်းပေးသည့် “အလင်းဖြစ်စေပါ”ဟူသော စိန်ခေါ်မှု အစီအစဉ်ကို စတင်ခဲ့ကြသည်။
သခင်ယေရှု ဤလောကတွင် အသက်ရှင်စဥ် သူ့နောက်တော်လိုက်သူများအား “သင်တို့အလင်းကို လူများ၏ရှေ့တွင် ထွန်းစေ”ဟုမိန့်မှာလျက်(မ ၅:၁၆)၊ “အလင်းဖြစ်စေပါ”စိန်ခေါ်မှုကို ပြုလုပ်ခဲ့သည်။ ဤမိန့်မှာချက်တွင် အားပေးစောင်မမှု (သို့) စိတ်ခွန်အားပေးမှုထက် ပိုမြင့်မားသော ရည်ရွယ်ချက်ရှိသည်။ ကျွန်မတို့အား ပေးထားသည့် အလင်းကို လင်းစေခြင်းဖြင့် စောင့်ကြည့်နေသည့် လောကီသားတို့အား ဘုရားသခင်သည် မည်သူဖြစ်ကြောင်း သိမြင်စေပါသည်။ ကျွန်မတို့၏စကားနှင့်…
သေးငယ်သောအစပြုမှုများ
၁၈၄၈ ခုနှစ်တွင် အင်ဂျင်နီယာ ချားလ်စ်အလစ်ထ်ဂျူနီယာ (Charles Ellet Jr.)သည် နိုင်ယာဂရာရေတံခွန် ချောက်နက်ကိုဖြတ်၍ ပထမဆုံးတံတား မည်သို့စတင်တည်ဆောက်ရမည်ကို စဉ်းစားမရဖြစ်ခဲ့သည်။ မြစ်ကို ဖြတ်၍ သံကြိုးမည်သို့ချရမည်နည်း။ စိတ်ကူးယဉ်အိပ်မက်၏လှုံ့ဆော်မှုကြောင့် ချားလ်စ်သည် စွန်လွှတ်ပြိုင်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ဆယ်ကျော်သက် ဟိုမန်ဝေါ့လ်ရှ်(Homan Walsh)၏စွန်သည် မြစ်တစ်ဘက်ကမ်း ကနေဒါနိုင်ငံ၌ ဆင်းသက်သွားခြင်းကြောင့် ၅ ဒေါ်လာ အနိုင်ရရှိခဲ့သည်။ ဟိုမန်၏စွန်ကြိုးကို သစ်တစ်ပင်တွင် ချိတ်ကာ၊ မြစ်ကိုဖြတ်ပြီး ပေါ့သောကြိုးတစ်ချောင်းကို နောက်ပြန် ဆွဲခဲ့သည်။ ထိုနောက် လေးသောကြိုး၊ ထို့နောက် ပို၍လေးသောဝိုင်ယာကြိုးများ တစ်ဆင့်ပြီးတစ်ဆင့် နေရာချနိုင်ခဲ့သည်။ ဤအရာသည် နိုင်ယာဂရာရေတံခွန်ကြိုးတံတားတည်ဆောက်ခြင်း၏ သေးငယ်သောအစပြုခြင်း ဖြစ်သည်။
တံတားတည်ဆောက်ရာ၌ ကြုံရသည့်စိန်ခေါ်မှုများနှင့် မင်္ဂလာမရှိသော အစပြုခြင်းများက ဗာဗုလုန်ကျွန်ခံရာ ဘဝမှ ပြန်လွတ်လာပြီးနောက် ဘုရားသခင်၏ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်သူများ ရင်ဆိုင်ခဲ့သည့် အရာများကို ထင်ဟပ်ဖော်ပြနေသည်။…
ယနေ့- အလွန်တန်ဖိုးရှိသောနေ့
ဗီယက်နမ်လူမျိုး ပစ္စည်းစုဆောင်းသူ ဖမ်း(Pham)သည် ဥရောပနိုင်ငံရှိ ဘုရားကျောင်းများမှ နာရီအလုံး ၂၀ ကျော်ကို စုဆောင်းထိန်းသိမ်းခဲ့သည်။ ဘုရားကျောင်း၏နာရီနေရာတွင် အများစုကို လျှပ်စစ်နာရီများဖြင့် အစားထိုးခဲ့သည်။ ၎င်းတို့အနက် ၁၇၅၀ ခုနှစ် ရေးထိုးထားသည့် အီတလီနိုင်ငံထုတ် နာရီတစ်လုံးပါဝင်ပြီး၊ ၎င်းသည် အချိန်မှန်ကန်တိကျဆဲဖြစ်သည်။ နာရီများကို နဂိုအတိုင်းရှိအောင် ထိန်းသိမ်းရခြင်းကို ဖမ်းနှစ်သက်သည်။ သူက ဤနာရီများက အချိန်သည် အလွန်တန်ဖိုးရှိကြောင်းနှင့် အချိန်တစ်ခုစီကို မဖြုန်းတီးဘဲ အကျိုးရှိစွာ အသုံးချရန် သတိပေးနေသည်ဟု ဆိုသည်။
ရှင်ယာကုပ်အခန်းကြီး(၄)၌ ကျမ်းရေးသူက စာရှုသူများအား “ သင်တို့အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏”(ယာ ၄:၁၄)ဟု သတိပေးကာ အချိန်၏တန်ဖိုးကို သိမှတ်ရန် အားပေးထားသည်။ အခန်းငယ် ၁၃ ၌ ရှင်ယာကုပ်က ဘုရားသခင်နှင့် မတိုင်ပင်ဘဲ “ယနေ့၊ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌…
ဘုရားသခင်ပေးအပ်သော ဆုကျေးဇူး
ဂန္တဝင်တေးရေး ဂီတစာဆို လူဗစ်ဗန်ဘီသိုဗင်(Ludwig van Beethoven)သည် သမိုင်းတွင် အကျော်ကြားဆုံး ဂီတပညာရှင်များအနက်တစ်ဦးဖြစ်သည်။ သူသည် ၁၈၂၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ နှစ်ပေါင်း ၂၀၀ နီးပါး ကြာခဲ့သော်လည်း၊ သူ၏ သီချင်းများကို ယနေ့တိုင် အများဆုံး တီးမှုတ်ဖျော်ဖြေကြဆဲဖြစ်သည်။ သို့သော် ဘီသိုဗင်၏မျိုးရိုးဗီဇ(DNA)ကို လေ့လာကြည့်ရာတွင်၊ ကျွန်ုပ်တို့ထင်ထားသလို သူ၌မွေးရာပါအရည်အချင်းများ ရှိမနေကြောင်း တွေ့ရှိရသည်။ စည်းချက် ညီအောင်ထိန်းညှိနိုင်သောဂီတပါရမီစွမ်းရည်ရှိသည့် လူပေါင်း ၁၄,၅၀၀ ၏ မျိုးဗီဇနှင့် ဘီသိုဗင်၏မျိုးဗီဇ(ဂီတကျွမ်းကျင်မှုအစိတ်အပိုင်းတစ်ခုတည်း)ကို နှိုင်းယှဉ်သောအခါ၊ ဘီသိုဗင်၏အဆင့်မှာ အံ့ဩလောက်စွာ နည်းနေပါသည်။
ဘီသိုဗင်၌(သူ့စွမ်းရည်ကို ဖွံ့ဖြိုးစေသည့်)ဂီတနှင့်ပတ်သက်သည့် အခွင့်အလမ်းများနှင့် အတွေ့အကြုံများစွာရှိခဲ့သည်။ မွေးရာပါ ပါရမီရှိခြင်းထက်၊ မိမိပါရမီကို တိုးတက်အောင် လုပ်ဆောင်နိုင်သည့် အခွင့်အရေးရှိခြင်းထက် မိမိ၌ရှိသည့် ဆုကျေးဇူးများကိုပေးအပ်သူမှာ ဘုရားသခင်ဖြစ်ပြီး၊ အစွမ်းရှိသမျှနှင့် အစေခံကာ ကိုယ်တော်အား ဘုန်းထင်ရှားစေရပါမည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ဗေဇလေလနှင့် အဟောလျဘတို့အား တဲတော်တည်ဆောက်ရာတွင်…
များစွာသောလူအစုအဝေး
၂၀၁၀ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၊ ကိတ်ထောင်းမြို့တွင် သခင်ယေရှုကို ယုံကြည်သူ ၄၀၀၀ နီးပါး စုဝေးခဲ့ကြသည်။ နိုင်ငံပေါင်း ၁၉၈ နိုင်ငံမှ ကိုယ်စားလှယ် များ ပါဝင်သည့် ထိုညီလာခံပွဲသည် သခင်ယေရှုလောကသို့ ကြွလာခဲ့ချိန်မှစ၍ အနှစ် ၂၀၀၀ အတွင်း ခရစ်ယာန်အသင်းတော်၏ ကိုယ်စားလှယ်အများဆုံး တွေ့ဆုံပွဲဟု သတ်မှတ်နိုင်သည်။
ယုံကြည်သူများ အားလုံးအတူတကွရှိမည့် “ကိုယ်စားလှယ်” မလိုအပ်သော စုဝေးပွဲနေ့ ရောက်လာဦးမည်။ ဘုရားသခင်ထံမှရရှိသော ရူပါရုံတစ်ခုတွင် ယောဟန်က “ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသူငယ် ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏ (ဗျာ ၇:၉-၁၀)…
အလုံးစုံတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်
၂၀၂၁ ခုနှစ်တွင် စတားထရက်ခ်(Star Trek)ရုပ်ရှင်မှ သရုပ်ဆောင် ဝီလီယမ်ရှထ်နာ(William Shatner)သည် ဒုံးပျံဖြင့် အာကာသခရီးစဉ် သွားရောက်ခွင့်ရခဲ့၍ ပျော်ရွှင်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ခရီးစဉ်ကို ပြန်တွေးကြည့်သောအခါ သူ့အတွေ့အကြုံနှင့်စပ်လျဥ်း၍ သူမျှော်လင့်ထားသမျှသော အရာအားလုံး မှားနေသည်ဟု ပြောခဲ့သည်။ ကျယ်ပြောလှသောအာကာသကြီးသည် သက်ရှိအားလုံးနှင့် နက်နဲသောဆက်စပ်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သော်လည်း ဝမ်းနည်းပူဆွေးမှုကိုသာ ခံစားခဲ့ရသည်။ အေးစက်ပြီး ဟင်းလင်းပြင်ဖြစ်သော အာကာသ၏အမှောင်ထုက ကမ္ဘာမြေကြီး၏ အလှတရားနှင့်ပျက်စီးလွယ်မှုကို အသစ်တဖန် ရှင်းလင်းစွာ သိစေခဲ့သည်။
အာကာသတွင်းသို့ စွန့်စားသွားရောက်သောအတွေ့အကြုံမျိုးကို လူအနည်းငယ်သာ ကိုယ်တွေ့ကြုံကြရသည်။ စကြဝဠာရှိဘုရားသခင်၏ဖန်ဆင်းခြင်းအကြောင်း သမ္မာကျမ်းစာပါဖြစ်စဉ်က ဖန်ဆင်းခြင်းကို ကိုယ်တော်၏အမြင်ဖြင့် မြင်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ ဘုရားသခင်၏ပထမဦးဆုံးမှတ်တမ်းဝင်လုပ်ဆောင်ချက်များမှာ အစီအစဥ်အရ “အဆင်းသဏ္ဌာန် မရှိ၊ လွှတ်လပ်လဟာဖြစ်သောမြေကြီး”မှ “ကောင်းကင်နှင့်မြေကြီး”ကို ဖန်ဆင်းခဲ့ပြီး၊ ၎င်းသည် “အလင်းနှင့်မှောင်မိုက်ကို (ပိုင်းခြား)”ရန် ဖြစ်သည် (က ၁:၁-၂, ၄)။ ကျန်သောဖန်ဆင်းခြင်းဖြစ်စဉ်တွင်…
ယုံကြည်ကိုးစားထိုက်သောခိုလှုံရာ ဘုရားသခင်
ကျွန်မသမီး၏တန်ဖိုးအရှိဆုံး ကလေးဘဝအမှတ်တရများထဲမှတစ်ခုမှာ သူမဖခင်က သူမကို လေ့ကျင့်ရေးဘီးမပါဘဲ စက်ဘီးစီးသင်ချိန်များဖြစ်သည်။ တစ်ကြိမ်တွင် သူ့ဖခင်က စက်ဘီး၏နောက်ဘီး၌ ရပ်ပြီး သမီးနှင့်အတူ စက်ဘီးလက်ကိုင်နှစ်ဘက်ကိုကိုင်ကာ ကုန်းဆင်းပြေသည့် ဆင်ခြေလျှောမှ ညင်သာစွာ ဆင်းခဲ့ကြသည်။ ထိုအခိုက်အတန့်၌ သူမသည် အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့သော်လည်း ဖခင်မှာမူ အလွန်သဘောကျကာ ရယ်မောခဲ့သည်ကို သူမသတိရသည်။ ထိုအချိန်က အလွန်တိုတောင်းသော်လည်း ဖခင်သည် သူမ၏ခံစားချက်ကို မျှဝေခံစားပေးခဲ့သည်။ ယခုတွင် ဖခင်နှင့်သူမ၏ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောတိုင်း ထိုအကြောင်းက အမြဲပါသည်။ ထိုအချိန်မျိုးတွင် သူမ၏ အမှတ်တရများနှင့်ပတ်သက်၍ အရာအားလုံး သူ့အလိုလို အဆင်ပြေသွားမှာ အဖေသိနေခြင်းကို သမီးစိတ်ချရန် ဖခင်က ကြင်နာစွာ အားပေးခဲ့သည်။
ထိုအကြောင်းအရာသည် ဘဝ၌ ကျွန်မတို့ ကြောက်ရွံ့ထိတ်လန့်သည့်အခိုက်အတန့်များတွင် ဖြစ်တတ်သည့်သဘောကိုပြသည့် သာဓကတစ်ခုပင်ဖြစ်သည်။ အပေါ်စီးအမြင်၌ “တောင်ကုန်း”က ကြီးမားပြီး ထိတ်လန့်စရာပါ။ အန္တရာယ်ဖြစ်နိုင်ခြေများသည်ဟု ထင်စရာရှိသည်။ သို့သော် သမ္မာကျမ်းစာ၌ “ထာဝရဘုရားသည်…