စာရေးသူ

အားလုံးမြင်နိုင်ရန်
Kirsten Holmberg

ခရစ်တန် ဟိုးဘတ်

ခရစ်တန်ဟိုးဘတ် သည် စာရေးဆရာ၊ ဟောပြောပို့ချသူ၊ မိတ်ဆွေ၊ မိခင်၊ ဇနီးတစ်ဦးနှင့် ခရစ်တော်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ အခန်းကဏ္ဍစုံလှသည့် သူ၏ ဖြစ်တည်မှုအနေအထားက မယုံနိုင်စရာဖြစ်သော်လည်း သူသည် ၀မ်းမြောက် ကြည်နူးစွာဖြင့် ကဏ္ဍတစ်ခုစီတိုင်းကို ထမ်းဆောင်ပါသည်။ သူ့ဖခင်မှာ သူ့အသက် ၉ နှစ်အရွယ်တွင် ဆုံးပါးသွားပြီး၊ ထိုအချိန်က ထိုအဖြစ်ဆိုးကို သူ့အား ကြုံတွေ့စေသည့် ဘုရားသခင်ကို ရှောင်ကြဉ်ရန် သူဆုံးဖြတ်ခဲ့သည်။ ၁၃ နှစ် နီးပါးမျှ အမျက်ဒေါသ၊ ၀မ်းနည်းကြေကွဲမှုများဖြင့် ဘ၀ရှင်သန်ခဲ့ပြီး သခင်ယေရှု ခရစ်တော်ထံ ၀န်ချအပ်နှံခြင်းဖြင့်သာ သူ၏ ဝေဒနာများ ပျောက်ကင်း ခဲ့ကြောင်း တွေ့ရှိခံစားခဲ့ရသည်။ ၁၉၉၅ တွင် ကိုလိုရာဒို ပြည်နယ် ဘောလ်ဒါဒေသတွင် မိုက် နှင့် လက်ထပ်ခဲ့သည်။ လက်ရှိတွင် အိုင်ဒါဟို ပြည်နယ်၊ ဘွိုက်စ် ဒေသတွင် နေထိုင်လျက် မိသားစုကို ပျိုးထောင်လျက်ရှိသည်။ သူ၏ အဖိုးတန်ရှားပါး အားလပ်ချိန် များမှာ စာဖတ်ခြင်း၊ ပြေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မိတ်ဆွေနှင့် ကော်ဖီသောက်ရင်း အချိန်ပေးခြင်း စသည့်အမှုများဖြင့် ပြည့်နေ ပါသည်။

စာမူ/ အကြောင်းအရာ များ ခရစ်တန် ဟိုးဘတ်

ဝေဖန်မှုကို ဆိတ်သုဉ်းစေခြင်း

နှစ်ပတ်လည် လူထုလှုပ်ရှားမှုအစီအစဉ် ဖြစ်မြောက်ရေးအတွက် အဖွဲ့လေးတစ်ဖွဲ့ နှင့်အတူ ကျွန်ုပ်လုပ်ဆောင်သည်။ ထိုအစီအစဉ်အောင်မြင်ရန်အတွက် ကျွန်ုပ်တို့ ၁၁ လမျှ အချိန်ယူ အသေးစိတ် စီစဉ်ပူးပေါင်းလုပ်ဆောင်ရသည်။ နေ့ရက်နှင့်နေရာကို ရွေးချယ် ရသည်။ လက်မှတ်ဈေးနှုန်းများ သတ်မှတ်ရသည်။ အစားအသောက် လှည့်လည် ရောင်းချမည့် ကိစ္စမှအစ အသံပိုင်းဆိုင်ရာ စက်မှုကျွမ်းကျင် ပညာရှင်အထိ ကိစ္စအားလုံးကို ရွေးချယ်လုပ်ဆောင်ရသည်။ လှုပ်ရှားမှုအစီအစဉ် နီးကပ်လာသည့်နှင့်အမျှ ပြည်သူတို့၏ စုံစမ်းမေးမြန်းမှုများကို ဖြေပေးရသည်၊ ညွှန်ကြားချက် လမ်းညွှန်ချက်များကို ပြင်ဆင်ပေးရသည်။ ထို့နောက်တွင် တုံ့ပြန်ဝေဖန်မှုများကို စစ်တမ်းကောက်ရာ တုံ့ပြန်မှုအချို့က ကောင်းသည်။ အချို့မှာမူ မကြားဝံ့စရာပင်။ အစည်းအဝေး တက်ရောက်သူများထံမှ စိတ်ဝင်စားမှုရှိသည့်အကြောင်း ကြားရသလို ရပ်ရွာလူထု၏ဝေဖန်မှုများကိုလည်း ကျွန်ုပ်တို့ အဖွဲ့ ကြားရသည်။ တုံ့ပြန်မှုအဆိုးများက စိတ်ဓာတ်ကျစေပြီး ရံဖန်ရံခါ အရှုံးပေးလိုက်အောင် သွေးဆောင်သည်။

နေဟမိဦးဆောင်သည့် ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်ရေးအဖွဲ့ ကိုလည်း…

ဘယ်သူမှ ငါ့ကို မချစ်

ကလေးငယ်တစ်ဦး ဖြစ်သဖြင့် အထီးကျန်မှု၊ ငြင်းပယ်မှုများကို ခံစားရသောအခါ (သို့)အားငယ်စိတ်များ ၀င်လာသည့်အခါများတွင် ကျွန်မ၏မိခင်က ထင်ရှားသောသီချင်း ဖြစ်သည့် ‘‘ဘယ်သူမှ ငါ့ကို မချစ်ဘူး၊... လူတိုင်း ငါ့ကိုမုန်းတယ်၊... အင်း ...ပိုးကောင် တွေကို သွားစားလိုက်တာပဲကောင်းမယ်...။’’ ဆိုသည့်သီချင်းကို ဆိုကာ ကျွန်မပျော်ရွှင် လာအောင် လုပ်ပေးသည်။ စိတ်ဓာတ်ကျနေသည့် ကျွန်မ မျက်နှာတွင် အပြုံးပန်းများ ပွင့်လာသောအခါ ကျွန်မအမှန် တကယ် ခံစားခဲ့ရသည့် ကျေးဇူးတရားများအတွက် ကျေးဇူး သိတတ်ရန်နှင့် ထူးခြားသော ပေါင်းသင်းဆက်ဆံရေးများကို မြင်တွေ့လာစေရန် အမေက မစကူညီပေးခဲ့သည်။

မည်သူမျှ ဂရုမစိုက်ဟု ဒါဝိဒ် ခံစားရကြောင်းကို ကျွန်မဖတ်ရှုရသောအခါ ထိုသီချင်းကို ကြားယောင်မိသည်။ ဒါဝိဒ်၏နာကျင်မှုက ချဲ့ကားအပိုပြောထားခြင်း မဟုတ်ပါ။ ကျွန်မဘ၀တွင်လည်း အထီးကျန်ခံစားခဲ့ရသည့်အချိန်များ ရှိခဲ့ပြီး ဒါဝိဒ်တွင်လည်း စွန့်ပစ်ခြင်းခံရသည်ဟု ခံစားရသည့် အကြောင်းအရင်းများရှိသည်။ သူ့ကိုသတ်ရန် ကြံစည်နေ သည့်…

အမြင်ပြောင်းလဲခြင်း

ကျွန်မ၏ကျွန်မနေထိုင်ရာမြို့လေးသည် နှစ်ပေါင်းသုံးဆယ်အတွင်း အဆိုးရွားဆုံးသော ဆောင်းရာသီ အအေးဒဏ်ကို ခံရသည်။ အဆက်မပြတ်ကျနေသောနှင်းထုကြီးကို ကော်ထုတ်ရသောကြောင့် ကျွန်မ၏ကြွက်သားများ နာကျင်လာသည်။ ကြိုးစား၍ ကော်ထုတ်သော်လည်း အကျိုးမရှိသောကြောင့် ဖိနပ်ကိုချွတ်ပြီး အိမ်ထဲသို့ဝင်လိုက်ရာ ပူနွေးသောမီးဖိုနှင့် ပတ်ပတ်လည်တွင် မီးလှုံနေသော ကျွန်မ၏ကလေးများက ကြိုဆိုလျက်ရှိသည်။ အိမ်တွင်းမှအပြင်သို့ လှမ်းကြည့်သောအခါ ကျွန်မ၏အမြင်များ လုံးဝပြောင်းလဲ သွားသည်။ နှင်းများကို ဖယ်ရှင်းရန် စိတ်မကူးတော့ဘဲ နှင်းဖြူဖြူများ ဖုံးအုပ်နေသော သစ်ကိုင်းများနှင့် မြေပြင်၏အလှကိုသာ တွေ့ရှိခံစားလိုတော့သည်။

ထိုအဖြစ်အပျက်နှင့်ဆင်တူသော်လည်း ပို၍ပင် စိတ်ထိခိုက်ဖွယ်  ဆာလံဆရာအာသပ်၏ စိတ်ပြောင်းလဲမှုကို ဆာလံ ၇၃ တွင် ဖတ်ရှုရသည်။ ကမ္ဘာကြီးတွင် မဖြစ်သင့်သောအမှုကိစ္စများ ဖြစ်ပျက်နေသည်ကို သူဝမ်းနည်း စွာဖြင့် ကြုံတွေ့ခံစားခဲ့ရသည်။ ကောင်းမွန်စွာနေထိုင် အသက်ရှင်သူများက ချီးမြှောက် ဂုဏ်ပြုခြင်းမခံရဘဲ မကောင်းမှုဖြင့် အသက်ရှင်နေသူများက ကောင်းစားနေသည်ကို သူတွေ့ရသည် (း၁၃)။ ဘုရားသခင်၏သန့်ရှင်းရာဌာနထဲသို့ ဝင်ရသောအခါမှသာလျှင် သူ၏အမြင်ပြောင်းလဲ သွားပြီး…

ချီးမွမ်းရန် အကြောင်းအရင်း

ကျွန်မ အသက် ၁၃ နှစ်အရွယ်က ကျောင်း၌ အဓိက ဘာသာရပ် ၄ ခု အပြင် အခြေခံ အိမ်တွင်းမှု၊ စီးပွားရေး၊ အနုပညာ၊ သံစုံသီချင်းအဖွဲ့နှင့် လက်သမားအတတ်ပညာ (အိမ်ဆောက်ရန် သစ်သားများပုံဖော်ခြင်း-woodworking) စသည့် ဘာသာရပ်များကိုပါ သင်ယူရမည်ဖြစ်သည်။ သံစုံသီချင်းသင်တန်း၏ ပထမဆုံးရက်တွင် နည်းပြက ကျွန်မတို့ တစ်ယောက်ချင်းစီကို စန္ဒရားအနီးသို့ခေါ်၍ အသံစစ်ပြီး နေရာချသည်။ ကျွန်မအလှည့်၌ ဆရာတီးသော တီးလုံးကို အကြိမ်ကြိမ် ဆိုပြခဲ့သော်လည်း ကျွန်မကို နေရာမချဘဲ ကျွန်မကို တိုင်ပင်ဆွေးနွေးသည့်အခန်းသို့ ပို့ပြီး အခြား သင်တန်းတစ်ခုကို ရွေးချယ်ရန် တိုင်ပင်စေပါသည်။ ထိုအချိန်မှစ၍ ကျွန်မသိလိုက်သည်မှာ ကျွန်မအသံသည် သီချင်းသံကြား၌ မကြားသင့်သောအသံဖြစ်သောကြောင့် ဘယ်သောအခါမှ သီချင်းမဆိုသင့်ကြောင်းပေတည်း။

ထိုအတွေးက ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် စွဲနေခဲ့သည်။ ထို့နောက် လူလတ်ပိုင်းအရွယ်တွင် ဆာလံ ၉၈ ကို ဖတ်မိသည်။ ဆာလံဆရာက…

ကျွန်ုပ်တို့ကြားလိုသောအကြောင်းအရာ

ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အလျှောက် မိမိ၏သဘောထားနှင့်တိုက်ဆိုင်တူညီပြီး မိမိအမြင်အယူအဆကို ထောက်ခံမည့် သတင်းအချက်အလက်များကိုသာ ရှာကြံ
ကြသည်။ လေ့လာသုံးသပ်ချက်များအရ ကျွန်ုပ်တို့၏ယူဆချက်များကို ပံ့ပိုးပေးသည့် သတင်းအချက်အလက်များကိုသာ နှစ်ဆတိုး ရှာဖွေစုဆောင်းကြသည်ဟု ဆိုထား သည်။
မိမိ၏တွေးခေါ်ယူဆချက်များကို နက်နဲစွာ ကိုင်စွဲသောအခါ မိမိနှင့်ဆန့်ကျင်သည့် အတွေးအခေါ်အယူအဆနှင့် ၎င်း၏ စိန်ခေါ်ချက်များကို ကျွန်ုပ်တို့ လက်မခံ၊ ရှောင်ကြဉ်ကြသည်။

ဣသရေလနိုင်ငံကို အုပ်စိုးသော အာဟပ်မင်း လက်ထက်တွင် ထိုကဲ့သို့သောအဖြစ်အပျက်ရှိခဲ့သည်။အာဟပ်မင်းသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီသင့် မသင့် ယုဒရှင်ဘုရင်ယောရှဖတ်နှင့် ဆွေးနွေးတိုင်ပင်သည်။ အာဟပ်မင်းသည် သူကြားလိုသည့်စကားကိုပြောမည့် သူ့စိတ်ကြိုက် ပရောဖက် ၄၀၀ ကို ပင့်ဖိတ်ပြီး သူ၏ဆုံးဖြတ်ချက်အတွက် အကြံပြုစေရာ ၎င်းတို့က စစ်ချီရန် အကြံပြုကြသည်။ “ထာဝရဘုရားသခင်သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်” ဟု လျှောက်ကြသည် (၆ ရာ ၁၈း၅)။ ထိုပရောဖက် များတွင်ဘုရားသခင်ရွေးချယ်သော…

သို့သော်လည်း...

အဆိုးမြင်တတ်သောသဘောသို့ယိမ်းပါလျက် ဘ၀အသက်တာ၏ အခြေအနေများ မည်သို့ ဖြစ်ပျက်တွေ့ကြုံရမည်ကို အနုတ်လက္ခဏာဖြင့် လျှင်မြန်စွာ ကျွန်မသုံးသပ် ကောက်ချက်ချတတ်သည်။ အလုပ်တစ်ခုကို ဆက်မလုပ်ဘဲ အားစိုက်ထုတ်မှုကို ရပ်လိုက်ပါက အခြားအလုပ်များလည်း ဖြစ်မြောက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း လွယ်လင့်တကူ လက်ခံယုံကြည်မိသည်။ မဆီမဆိုင် ကျွန်မ ခြေချောင်းလေးများကိုပင် ကုန်းထိရန် တတ်နိုင်တော့မည် မဟုတ်ဟု တွေးမိသည်။ ကျွန်မသည် မည်သည့် အလုပ်ကိုမျှ မှန်ကန်စွာ မလုပ်နိုင်သော စိတ်ပျက်စရာ မိခင်တစ်ဦးပါလား။ ကဏ္ဍတစ်ခု၌ ရှုံးနိမ့်ခြင်းက ကျွန်မ၏အခြားသောခံစားမှု များစွာကိုပါ မလိုလားအပ်ဘဲ ထိခိုက်လာသည်။

ဘုရားသခင် ပရောဖက်ဟဗက္ကုတ်အား ဖော်ပြခဲ့သော အရာအပေါ် သူမည်သို့ တုံ့ပြန်ခဲ့မည်ကို ကျွန်မအနေဖြင့် အလွယ်တကူ မြင်ယောင်ကြည့်နိုင်သည်။ အနာဂတ်၌ ကြာရှည်၍ ခက်ခဲကြမ်းတမ်းသောနှစ်များကို ဘုရားသခင်၏ လူမျိုးတော်တို့ ရင်ဆိုင်ရမည်ကို သိရှိခဲ့ပြီးနောက် သူအလွန်ကြီးစွာ စိတ်ပင်ပန်းအားလျော့ ခဲ့ရသည်။ အသီးအနှံမရှိ၊ အသားငါးမရှိ၊ နှစ်သိမ့်သက်သာစေမည့်သူမရှိ၊…

တိုက်ရိုက်ညွှန်ကြားချက်

ကျွန်မ၏ဒုတိယသမီးသည် သူ့အစ်မ၏အိမ်ခန်း၌ အစ်မ၏ခုတင်ပေါ်တွင်မှ အလွန် အိပ်ချင်သည်။ ထို့ကြောင့် သူ့ကို ညစဉ်အစ်မအိပ်ယာထဲသိပ်ရင်း ‘‘ကိုယ့်အိပ်ယာ ထဲမှာဘဲ အိပ်နော်၊ နားမထောင်ရင် သမီးကို ပုခက်ထဲပြန်သိပ်ရလိမ့်မယ်’’ ဟု တင်းတင်းကြပ်ကြပ်သတိပေးသည်။ သို့သော်လည်း ညစဉ် အခန်းအပြင်ဘက် ရောက်နေသည်ကို တွေ့ရပြီး စိတ်ပျက်စရာ သမီးလေးကို ပုခက်ထဲ ပြန်သိပ်ခဲ့ရသည်။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးမှ ကျွန်မပြန်သိရသည်မှာ သူ့အစ်မက သူ့အခန်းဖော် ညီမလေးကို မလိုချင်၊ ထို့ကြောင့် သမီးငယ်ကို ‘‘အမေခေါ်နေတယ်’’ ဟု တတွင်တွင် ပြောသဖြင့် သမီးငယ်က အစ်မစကားအတိုင်း ကျွန်မကို ထွက်ရှာခြင်းဖြစ်သည်။ ရလဒ်က သူ့ပုခက်ထဲ ပြန်အိပ်ရခြင်းဖြစ်သည်။

မှားယွင်းသောအသံကို နားထောင်မိခြင်း၏ အကျိုးဆက်ကို လူတိုင်းခံယူရသည်။ သူ့ကိုယ်စား မိန့်ကြားရန် လူတစ်ဦးကို ဗေသလမြို့သို့ ဘုရားသခင် စေလွှတ်ခဲ့ရာ သူ့ကို ဘာမှမစားမသောက်ရန်၊ လာရာလမ်းအတိုင်း မပြန်ရန် သေချာစွာ…

ဒဏ်စီရင်ခြင်း အထက်ရှိ ကရုဏာတော်

ကျွန်မ၏ကလေးများ စကားများရန်ဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး အပြစ်ပေးရန် ကျွန်မထံ လာရောက် တိုင်တန်းကြသောအခါ နေရာသီးသန့်ခွဲပြီး သူတို့၏ပြဿနာကို နားထောင် ပေးသည်။ ထိုနောက်တွင် မောင်နှမနှစ်ဦးစလုံးတွင် အပြစ်ရှိကြောင်း တွေ့ရှိရပြီး သင့်လျော်မျှတသည့် အပြစ်ဒဏ်ခံရမည်ဟု ပြောရာ၊ တစ်ဦးကို အလျင်အမြန် အပြစ်ဒဏ် ပေးရန် နှစ်ဦးစလုံး အကြံပြုကြသည်။ သို့သော် သူတို့ ပေးစေလိုသည့် အပြစ်ဒဏ်ကို သူတို့အပေါ် အပြန်အလှန် ပေးလိုက်သဖြင့် သူတို့အံ့သြသွားကြသည်။ အပြစ်ဒဏ် စီရင်ချက်သည် အခြားသူတစ်ဦးအတွက် ရည်ရွယ်ခဲ့စဉ်က မျှတသည်ဟု ထင်ရသော်လည်း မိမိကိုယ်တိုင်ခံရသည့်အခါ ‘‘မမျှတ၊မတရား’’ဟု ကလေးများ ၀မ်းနည်းကြေကွဲကြသည်။

ကျွန်မ၏ ကလေးများအဖြစ်က ရှင်ယာကုပ်သြ၀ါဒစာ အခန်းကြီး ၂ အငယ် ၁၃ တွင် ဘုရားသခင် သတိပေးထားသည့် ‘‘ကရုဏာမရှိဘဲ တရားစီရင်ခြင်း’’ကို သတိရစေသည်။ ချမ်းသာသူကို မျက်နှာသာပေးခြင်း၊ မိမိကိုယ်ကို ရှေ့တန်းတင်ခြင်းထက် အခြားသူကို…

ရှေ့ပြေးအဖွဲ့

ကျွန်မ မိတ်ဆွေတစ်ဦးသည် လက်ရှိ သူနေထိုင်နေသည့် ဇာတိမြို့မှ မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးကွာသည့် မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေသည်။ သူတို့ဇနီးမောင်နှံသည် ပြောင်းရွှေ့မည့်ကိစ္စကို တာဝန်ခွဲဝေယူကြသည်။ ခင်ပွန်းသည်က မြို့ပေါ်၌ နေထိုင်မည့်ကိစ္စကိုစီစဉ်ပြီး သူက အိမ်၌ပစ္စည်းများ သိမ်းဆည်းထုတ်ပိုးသည်။ သူက နေရာသစ်၊ အိမ်သစ်၏အနေအထားကို ကြိုတင်သွားကြည့်ခြင်းလည်းမရှိ၊ အိမ်ရှာသည့်ကိစ္စ၌လည်း မပါခဲ့ဘဲ ပြောင်းရွေ့ရန် သတ္တိရှိသည့် သူ့ကို ကျွန်မအံ့သြမိသည်။ အဘယ်ကြောင့် စိတ်ချလက်ချ ရှိနေနိုင်သည်ကို မေးမြန်းကြည့်ရာ၊ သူအနေနှင့် စိုးရိမ်စိတ် ရှိကြောင်း ၀န်ခံပြီး အိမ်ထောင်သက်တစ်လျှောက်လုံးတွင် ခင်ပွန်းသည်က သူ့အကြိုက်၊ သူ့လိုအပ်ရာကို ကောင်းစွာ သိရှိပြီး ဖြည့်ဆည်းပေးခြင်းကြောင့် ခင်ပွန်းသည်ကို သူစိတ်ချနိုင်ခြင်းဖြစ်ကြောင်း ပြောပြသည်။

အထက်ခန်းတွင် သခင်ယေရှုသည် သူအပ်နှံခံရမည့်အကြောင်းနှင့် အသေခံ ရမည့်အကြောင်းများကို တပည့်တော်တို့အား ပြောပြသည်။ ၎င်းသည် သခင်ယေရှု၏ လောက အသက်တာ အမှောင်ကျသည့် အချိန်နာရီဖြစ်ပြီး တပည့်တော်တို့၏…

အထဲမှာ ဘာရှိလဲ

ကျွန်မသူငယ်ချင်း အဲမလီ ၏သမီးလက်ထဲ၌ ကိုင်ထားသည့် မိန်းကလေးအရုပ်လေးမှာ ကျွန်မတို့ငယ်စဉ်က ကစားခဲ့သည့် အ၀တ်နှင့်ချုပ်ထားသည့် အရုပ်မျိုးလေးဖြစ်၍ ကျွန်မက အမြတ်တနိုးနှင့်ချီးမွမ်းလိုက်ရာ သူက ‘‘အရုပ်ထဲမှာ ဘာရှိလဲ သိချင်လား’’ ဟု မေးသဖြင့် ရုတ်တရက် သိချင်ဇောဖြင့် ‘‘အင်း’’ ဟု ပြန်ဖြေလိုက်သည်။ အရုပ်ထဲမှာဘာရှိပါလိမ့်ဟု ကျွန်မအလွန်သိချင်သည်။ အရုပ်ကို မှောက်ခုံထား၍ ကျောဘက်မှဇစ်ကို အဲမလီ ဖွင့်လိုက်ပြီး အရုပ်ကိုယ်ထည်အတွင်းမှ ရတနာလေးကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ထိုရတနာမှာ သူကလေးဘ၀တစ်လျှောက် အဲမလီ နှစ်သက်စွာ ဆော့ကစားခဲ့သည့် လွန်ခဲ့သော အနှစ် ၂၀ ခန့်က အရုပ်အဟောင်းလေး ဖြစ်ပါသည်။  တန်ဖိုးနှင့် ဆွဲဆောင်မှုကိုပေးမည့် အတွင်းမှအရုပ်လေး မရှိပါက အပြင်မှအရုပ်သည်  အခွံသာဖြစ်လိမ့်မည်။

သခင်ယေရှု၏ လူ့ဇာတိခံခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ရတနာဘဏ္ဍာအဖြစ် ရှင်ပေါလု ဖော်ပြထားပြီး ၎င်းကို ဘုရားလူများ၏မတည်မြဲသောခန္ဓာ၌ သိုထားသည်။…