ရွံရှာဖွယ်ရာမှ သန့်ရှင်းခြင်းသို့
နေ့လယ်စာစားချိန်၌ ကလေးတစ်ဦးအနေဖြင့် ကျွန်မသမီးလေးသည် ဆွစ်ဒိန်ခဲဖြင့် ကစားရသည်ကိုနှစ်သက်၏။ မျက်နှာဖုံးအလား သူမ၏မျက်နှာပေါ် အဝါရောင် ဖျော့ဖျော့ စတုရန်းပုံဒိန်ခဲပြားကို ကပ်ပြီး၊ သူမ၏တောက်ပနေသောမျက်လုံးစိမ်း များဖြင့် ဒိန်ခဲ၌ရှိသော အပေါက်နှစ်ခုမှ ချောင်းကြည့်၍ “မေမေ ကြည့်ပါဦး”ဟု ပြောသည်။ ငယ်ရွယ်သောမိခင်တစ်ဦးအနေဖြင့်၊ ကျွန်မ၏ အားထုတ်မှုများနှင့်ပတ်သက်သော ကျွန်မ၏ခံစားချက်များကို ထိုဆွစ်ဒိန်ခဲမျက်နှာဖုံးက ပေါင်းစုဖော်ပြနေခဲ့သည်။ မေတ္တာတရားအပြည့် စိတ်ရင်းမှန်ဖြင့် ပေးကမ်းခဲ့သော်လည်း အတော်လေး မပြည့်မစုံဖြစ်ခဲ့သည်။ သန့်ရှင်းခြင်းမရှိဘဲ ရွံရှာဖွယ်ဖြစ်ခဲ့သည်။
ဘုရားသခင်အတွက် သီးသန့်ဖယ်ထားသောအသက်တာ၊ သခင်ယေရှုနှင့် တူသော သွင်ပြင်လက္ခဏာရှိသော သန့်ရှင်းသောအသက်တာဖြင့် ကျွန်မတို့ အသက်ရှင်လို လှပါဘိ။ သို့သော် တစ်နေ့ပြီးတစ်နေ့ သန့်ရှင်းခြင်းကို လက်လှမ်းမမီနိုင်ဘဲ၊ ၎င်းအစား ကျွန်မတို့၏ “ရွံရှာဖွယ်ရာအဖြစ်”၌သာ ရှိနေပါသည်။
၂ တိ ၁:၆-၇ ၌ ပေါလုသည် သူ၏သားတပည့် တိမောသေထံသို့ စာရေး၍၊ ကိုယ်တော်၏သန့်ရှင်းသော ခေါ်တော်မူခြင်းနှင့်အညီ နေထိုင်ရန် တိုက်တွန်းခဲ့သည်။…