စာရေးသူ

အားလုံးမြင်နိုင်ရန်
Elisa Morgan

အဲလီစာမော်ဂန်

အဲလီစာမော်ဂန် (Elisa Morgan)သည် The NIV Mom's Devotional Bible၊ The Beauty of Broken၊ Hello၊ Beauty Full၊ She Did What She Could၊ နှင့် The Prayer Coin စသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း ၂၅ အုပ်ကျော်မျှ ရေးသားခဲ့သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ MOPS (Mothers of Preschoolers) အဖွဲ့အစည်းတွင် CEO အဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ခဲ့သည်။ သူမသည် Our Daily Bread Ministries အတွက် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာစဥ်များကို ရေးသားသည်သာမက Discover the Word - နေ့စဥ် ရေဒီယိုအစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အနေနှင့်သော်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မှစ၍ God Hears Her – podcast အစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အဖြစ်သော်လည်းကောင်း ဆက်ကပ်ဆောင်ရွက်လျက်ရှိသည်။ အဲလီစာသည် Evan (vice-president of Online Learning for Our Daily Bread Ministries) နှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် အရွယ်ရောက် သားသမီးနှစ်ဦးနှင့် မြေးများရှိပြီး အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒဲန်ဗာမြို့ (Denver)တွင် နေထိုင်လျက် ရှိသည်။ သူမအား Really (elisamorgan.com) blog အင်တာနက်စာမျက်နှာတွင် ဆက်သွယ်နိုင်ပြီး Facebook နှင့် Instagram (@elisamorganauthor) နှင့် Twitter (@elisa_morgan) တို့တွင် follow လုပ်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အဲလီစာမော်ဂန်

အခြားသူကိုချစ်ခြင်းဖြင့် ဘုရားသခင်အား ချစ်ခြင်း

Alba (အယ်လ်ဘာ) မိသားစုတွင် ဖြစ်တောင့်ဖြစ်ခဲ ရုပ်တူအမွှာကလေး နှစ်တွဲကို (၁၃) လခြားကာ မွေးဖွားခဲ့သည်။ သူတို့၏မိဘဝတ္တရားများနှင့် အလုပ်အကိုင်ကြား အဆင်ပြေအောင် မိတ်ဆွေများနှင့် မိသားစုဝင်များက ဝင်ရောက်မစကူညီပေးခဲ့ကြသည်။ မိဘဖြစ်သူတို့အလုပ်လုပ်ပြီး ကျန်းမာရေးအာမခံအတွက် ပေးဆောင်နိုင်ရန် နှစ်ဘက်အဘိုးအဘွားများက နေ့ဘက်တွင် အမွှာကလေး တစ်တွဲစီကို စောင့်ရှောက်ပေးခဲ့သည်။ ကုမ္ပဏီတစ်ခုက တစ်နှစ်စာ ကလေးအနှီးပိတ်စများကို ပေးခဲ့သည်။ ထိုဇနီးမောင်နှံ၏ လုပ်ဖော်ကိုင်ဖက်များက သူတို့၏ဖျားနာခွင့်ရက်များကို သူတို့အား ပေးလှူခဲ့သည်။ “လူမှုအသိုင်းအဝိုင်းရဲ့ ကူညီမှုမရှိဘဲနဲ့ ကျွန်ုပ်တို့အဆင်ပြေမှာ မဟုတ်ဘူး”ဟု သူတို့‌ ထောက်ခံပြောပြသည်။ ထိုမိဘများအား တွေ့ဆုံမေးမြန်းမှုအား တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တွင် တွဲဘက်အစီအစဉ်တင်ဆက်သူက သူမ၏ မိုက်ခရိုဖုန်းကို ဖယ်ကာ တောက်တောက်ပြေးအရွယ် ကလေးတစ်ဦးနောက်သို့ ပြေးလိုက်သွားခြင်းဖြင့် လူမှုအသိုင်းအဝိုင်း၏ ကူညီမစမှုကို ဆက်လက်ပြသခဲ့သည်။

အခြားသူတို့ကို အစေခံခြင်းသည် ဘုရားသခင်အား အစေခံခြင်းဖြစ်ကြောင်း ရှင်မဿဲခရစ်ဝင် ၂၅:၃၁-၄၆ တွင် သခင်ယေရှုက…

လမ်းဆုံလမ်းခွ၌ရှိသော ဘုရားသခင်

ရက်အတန်ကြာဖျားနာပြီးနောက် ကိုယ်ပူချိန်တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ကျွန်မ၏ ခင်ပွန်းသည် အရေးပေါ်ကုသပြုစုမှုခံရန် လိုအပ်လာသည်။ ဆေးရုံကလည်း သူ့ကို ချက်ချင်းဆေးရုံတက်ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် တိုးတက်မှုရှိလာသော်လည်း ဆေးရုံမှဆင်းနိုင်သည့်အခြေအနေတော့ မရှိသေးပါ။ ခင်ပွန်းနှင့်အတူ ရှိနေပေးရမည်လား (သို့) လူများစွာနှင့် လုပ်ဆောင်ရမည့် စီမံချက်များစွာပါဝင်သည့် အရေးကြီးအလုပ်နှင့် ခရီးထွက်ရမည်လားဟု ရွေးချယ်ရန် ကျွန်မအခက်တွေ့ခဲ့ရပါသည်။ ကျွန်မ၏ခင်ပွန်းကတော့ သူနေကောင်းသွားမှာပါဟု အခိုင်အမာပြောပြီး အလုပ်ကို သွားလုပ်ရန်သာပြောသော်လည်း သူနှင့်အလုပ်ကြားတွင် ကျွန်မဗျာများစိတ်ပူပန်ခဲ့ရပါသည်။

ဘုရားလူများသည်လည်း ဘဝအတွက်ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ကိုယ်တော်၏အကူအညီလိုအပ်ပါသည်။ သို့သော် ဘုရားသခင် ဖော်ပြညွန်ကြားချက်များကို လူတို့စိတ်မစွဲ၊ မလိုက်နာခြင်းက ဆိုးလှသည်။ ထို့ကြောင့် သခင်၏ပညတ်တော်များကို လိုက်နာခြင်းအားဖြင့် “အသက်”ကို ရွေးချယ်ရန် မောရှေက လူတို့အား မေတ္တာရပ်ခံခဲ့သည် (တရား ၃၀:၁၉)။ နောက်ပိုင်းတွင် ထိန်းကြောင်းရန်ခက်ခဲသော ဘုရားသခင်၏လူတို့အား ကိုယ်တော်၏လမ်း၌ လျှောက်လှမ်း လိုက်နာရန် ပရောဖက် ယေရမိက တိုက်တွန်းသွေးဆောင်ခဲ့သည်။ “လမ်းနားမှာ…

အသင်းတော်ဖြစ်စေပါ

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၊ ဒေ့ဗ့် (Dave) နှင့် ခါလာ (Carla) တို့သည် အသင်းတော်အိမ်တစ်ခုကို လပေါင်းများစွာ ရှာဖွေခဲ့ကြသည်။ လူချင်းတွေ့ဆုံမှုကို ကန့်သတ်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရသည့်အတွက် ပို၍ပင်ခက်ခဲပါသည်။ ယုံကြည်သူများနှင့် လူချင်းတွေ့ပြီး မိတ်သဟာယဖွဲ့နိုင်ရန် သူတို့တောင့်တခဲ့သည်။ “ဘုရားကျောင်းတစ်ခုကိုရှာရတာ ခက်ခဲတယ်”ဟု ခါလာ က ကျွန်မထံ အီးမေးလ် ပို့သည်။ ကျွန်မအတွင်း၌လည်း အသင်းတော်မိသားစုနှင့် ပြန်လည်ဆုံစည်း မိတ်သဟာယဖွဲ့လိုသောဆန္ဒ ထွက်ပေါ်လာပါသည်။ ကျွန်မလည်း “အသင်းတော်ဖြစ်ဖို့ ခက်ခဲတယ်လေ”ဟု ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မတို့၏အသင်းတော်သည် အနီးနားပတ်ဝန်းကျင်များတွင် အစားအသောက်များဝေငှခြင်း၊ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်းများပြုလုပ်ပေးခြင်း၊ အသင်းသားတိုင်းကို ဖုန်းဆက်ပြီး နှုတ်ဖြင့် စောင်မလျက် ဆုတောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကျွန်မခင်ပွန်းနှင့်ကျွန်မတို့လည်း ပါဝင်ခဲ့ပြီး ကျွန်ုပ်တို့၏ပြောင်းလဲနေသောကမ္ဘာကြီးတွင် “အသင်းတော် ဖြစ်ဖို့” တခြားဘာတွေလုပ်နိုင်မလဲဟု စဥ်းစားတွေးမိခဲ့သည်။
ဟေဗြဲသြဝါဒစာ ၁၀:၂၅ တွင် ကျမ်းရေးသူက “လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို…

ဘုရားသခင်၌ ခွန်အားစုဆောင်းခြင်း

Grainger McKoy (ဂရိန်းဂျာမက်ခွိုင်)သည် ငှက်များ၏တင့်တယ်မှု၊ အားနည်းချက် နှင့် စွမ်းအားများကို လေ့လာပြီး ငှက်ရုပ်များကို ထုဆစ်သော အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏လက်ရာများမှတစ်ခုကို ‘Recovery’ (ပြန်လည်ကောင်းမွန်လာခြင်း) ဟု အမည်ပေးထားပြီး၊ အမြီးချွန်သောဘဲတစ်ကောင်၏ ညာဘက်တောင်ပံကို ဒေါင်လိုက်အနေအထားဖြင့် မြင့်မားစွာ ဆန့်ထားပုံကို ပြသထားသည်။ အောက်ဘက်ရှိ ကဗျည်းပြားပေါ်တွင် “၎င်းသည် ပျံသန်းမှု၌ ငှက်၏အကြီးမားဆုံး အားနည်းချက်အခိုက်အတန့် ဖြစ်သော်လည်း ရှေ့ဆက်ခရီးအတွက် ခွန်အားစုစည်းသောအချိန်လည်း ဖြစ်သည်”ဟု ရေးသားထားသည်။ ဂရိန်းဂျာက “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟူသည့် ကျမ်းပိုဒ်ကိုလည်း ထည့်သွင်းထားသည်။

အထက်ပါစကားများကို တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်သို့ရေးသားခဲ့သည်။ ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုဖြင့် ထိခိုက်ခံစားရသောအချိန်ကို ကြံ့ကြံ့ခံကာ ပေါလုက “ငါ့ကိုယ်၌ဆူးသောစူး” (:၇)ဟု ဖော်ပြလျက် ထိုဆူးကို ဖယ်ရှားပေးရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။…

အနားယူခွင့်

ကျွန်မနှင့်ကျွန်မသူငယ်ချင်း Soozi (စူဇီ)တို့ ပင်လယ်ကျောက်ဆောင်ကြီးပေါ်ထိုင်ကာ ပင်လယ်လှိုင်းတွန့်များကို ကြည့်ခဲ့ကြသည်။ မုခ်ခုံးအသွင် ပင်လယ်လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ကျောက်ဆောင်နံရံသို့ လာရောက်ရိုက်ခတ်သည်ကို ကြည့်ရင်း စူဇီက “ငါပင်လယ်ကြီးကို ချစ်တယ်။ သူကအမြဲလှုပ်နေတော့ ငါရွေ့စရာမလိုဘူး” ဟု ပြောခဲ့သည်။

ကျွန်ုပ်တို့ထဲမှ အချို့က အလုပ်မှခေတ္တအနားယူရန် “ခွင့်ပြုချက်”လိုကြောင်း ခံစားရခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ကျွန်ုပ်တို့၏ ကောင်းမြတ်သောဘုရားရှင် ပေးသည့်အရာပင်။ ‌ခြောက်ရက်လုံး ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖြစ်တည်စေကာ အလင်း၊ မြေကြီး၊ အပင်၊ တိရစ္ဆာန်နှင့် လူသားတို့အား ဖန်ဆင်းခဲ့သည်။ ထို့နောက် ခုနှစ်ရက်မြောက်တွင် ကိုယ်တော်အနားယူခဲ့သည် (က ၁:၃၁-၂:၂)။ သန့်ရှင်းရာဥပုသ်နေ့ကို ငြိမ်ဝပ်ရာနေ့အဖြစ် အောက်မေ့ရန် ပညတ်ချက်အပါအဝင် (ထွက် ၂၀:၈-၁၁) ဘုရားသခင်ကို ချီးမြှောက်ရိုသေလျက် ကောင်းစွာဘဝရှင်သန်ရန် ပညတ်တော် (၁၀) ပါး၌ စည်းမျဥ်း များချမှတ်ပေးခဲ့သည် (:၃-၁၇)။…

ပန်းရောင်ကုတ်အင်္ကျီ

ဘရန်ဒါသည် စျေးဆိုင်တန်း၏ထွက်ပေါက်သို့ ဦးတည်သွားနေစဥ် သူ့အမြင်အာရုံ၌ မှန်ပြခန်းမှ စိတ်လှုပ်ရှားဖွယ် ပန်းရောင်လေးကို ဖြတ်ကနဲ တွေ့လိုက်ရသည်။ သူမ ရပ်လိုက်ပြီး အညှို့ခံရသည့်ပမာ ပန်းရောင်ချည်သား ကုတ်အင်္ကျီကို စွဲမက်စွာကြည့်ရင်း “အို ဟိုလီ အရမ်းကြိုက်မှာပဲ” ဟု တွေးမိသည်။ သူမ၏လုပ်ဖော်ဆောင်ဖက် သူငယ်ချင်းဟိုလီမှာ တစ်ကိုယ်တော်မိခင်ဖြစ်ပြီး ငွေကြေး မပြေလည်ရှာပါ။ ဟိုလီ၌ အနွေးထည်လိုအပ်နေကြောင်း ဘရန်ဒါသိပြီး၊ တစ်ချိန်တည်းမှာပင် သူ့သူငယ်ချင်းသည် သူ့လိုအပ်မှုအတွက်ပင် ငွေသုံးမည်မဟုတ်ကြောင်း တပ်အပ်သိနေပြန်သည်။ ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ဘရန်ဒါသည် ပြုံးလျက် သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး ကုတ်အင်္ကျီကိုဝယ်ပြီး ဟိုလီ၏အိမ်သို့ ပါဆယ်ဖြင့်ပို့ပေးရန် စီစဥ်ကာ သူ့နာမည်ကို မဖော်ပြဘဲ “မင်းက အရမ်းအချစ်ခံရတယ်ကွယ်” ဟူသည့် စာတိုလေးပါ ရေးပေးခဲ့သည်။ သူ့ကားဆီသို့ ပြန်လာသည့် ဘရန်ဒါ၏ခြေလှမ်းများက မြူးကြွလှသည်။

ဝမ်းမြောက်ခြင်းသည် ဘုရားသခင်က အသာတို့ထိနှိုးဆော်မှုဖြင့် ပေးကမ်းခြင်း၏ ဘေးထွက်အကျိုးကျေးဇူးဖြစ်သည်။ ပေးကမ်းခြင်းနှင့်စပ်လျဥ်း၍ ကောရိန္သုမြို့သားတို့အား…

အသင့်စားအစာဖြင့်ခွန်အားပေးမှု

မာရီယာသည် သူမ၏အသင့်စားနေ့လယ်စာကို သယ်ပြီး စားပွဲလွတ်တစ်ခုသို့ သွားလိုက်သည်။ သူမ ဘာဂါကိုကိုက်ရင်း စားပွဲခပ်လှမ်းလှမ်းတွင် ထိုင်နေသော လူငယ်တစ်ယောက်ဆီသို့ သူမ၏မျက်လုံးများ အာရုံစိုက်မိသွားသည်။ သူ့အဝတ် အစားများက ညစ်ပတ်နေပြီး၊ ဆံပင်ဖရိုဖရဲနှင့် စက္ကူခွက် အလွတ်တစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူဗိုက်ဆာနေ‌ကြောင်း အတပ်ပြောနိုင်ပါသည်။ သူမ မည်သို့ကူညီနိုင်မည်နည်း။ ငွေသားပေးခြင်းက မသင့်လျော်၊ စားစရာ တစ်နပ်စာဝယ်ပြီး လက်ဆောင်ပေးလျှင် သူရှက်နေမည်လား။

ထိုအခိုက် ရုသ၏ ဇာတ်လမ်းကို မာရီယာ သတိရသွားသည်။ မြေပိုင်ရှင် သူဌေးကြီး ဗောဇသည် ဆင်းရဲနွမ်းပါးသော ရွှေ့ပြောင်းလာသူ မုဆိုးမအား သူ့လယ်ကွက်၌ ကောက်သင်းကောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗောဇသည် သူ၏လူတို့အား “ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ့အဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏” (ရု ၂:၁၅-၁၆)။ အမျိုးသမီးများ၏ အသက်ရှင်ရပ်တည်နိုင်ရေးသည် အမျိုးသားများနှင့်ပတ်သက်ဆက်နွယ်မှုအပေါ်…

နံရံရှိ အပေါက်တစ်ပေါက်

တစ်စုံတစ်ရာက ကျွန်မ၏ပန်းများကို ကိုက်စားနေပါပြီ။ ထိုသို့ ကိုက်စားခြင်း မခံရမီ ပန်းပွင့်များသည် ဦးမော့ကာ မော်ကြွား ပွင့်လန်းနေခဲ့သည်။ ယခုမူ အပွင့်မဲ့ ရိုးတံများအဖြစ်သာ ကျန်ခဲ့သည်။ ကျွန်မ၏ခြံဝင်းပတ်လည်တွင် လိုက်ရှာကြည့်ရာ ယုန်ဝင်ပေါက်တစ်ခုကို သစ်သားခြံစည်းရိုး၌ တွေ့ရှိခဲ့သည်။ ယုန်လေးများသည် ချစ်စရာကောင်းသော်လည်း ထိုအနှောင့်အယှက်ပေးနိုင်သည့် တိရိစ္ဆာန်လေးများသည် မိနစ်ပိုင်းအတွင်း ပန်းခြံတစ်ခုလုံးကို ကုန်သွားစေနိုင်ပါသည်။

ကျွန်မ၏အသက်တာ၌လည်း ဘုရားသခင်၏စရိုက်လက္ခဏာပန်းများ မပွင့်နိုင်အောင် ဖျက်ဆီးနိုင်သည့် “ကျူးကျော်သူများ” ရှိနေပြီလားဟု ဆင်ခြင်မိသည်။ “ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏”ဟု သုတ္တံကျမ်း ၁၅:၂၈ က ဆိုသည်။ ရှေးခေတ်ကာလများတွင် မြို့ရိုးသည် ကျူးကျော်သူတို့ရန်မှ မြို့ကိုကာကွယ်ပေးသည်။ မြို့ရိုးရှိ သေးငယ်သောအပေါက်တစ်ပေါက်ပင်လျှင် တစ်မြို့လုံးအတိုက်ခံရနိုင်သည့် အားနည်းချက်ဖြစ်နိုင်သည်။

သုတ္တံကျမ်းအခန်းကြီးများစွာတွင် မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်းအကြောင်း ဖော်ပြထားသည်။ “ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့” ဟု သုတ္တံဆရာက ဆိုသည် (၂၅:၁၆)။…

ရွှေငါးလေး မွန်စထရို

လေစီစကော့သည် သူ့မြို့ရှိ အိမ်မွေးတိရစ္ဆာန်ဆိုင်တွင် သနားစရာကောင်းသော ငါးလေးတစ်ကောင်ကို ကန်အောက်ခြေတွင် ရုတ်တရက်တွေ့လိုက်သည်။ ငါးလေး၏အကြေးခွံများမှာ မည်းနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရှိနေ သည်။ အသက် (၁၀)နှစ် ရှိပြီဖြစ်သော ထိုငါးလေးကို လေစီ ကယ်တင်ခဲ့ပြီး “Pinocchio” (ပင်နိုချီယို) ပုံပြင်လေးထဲမှ ဝေလငါးကို အစွဲပြုကာ “မွန်စထရို”ဟုနာမည်ပေးလျက် ၎င်းကို “ဆေးကု”ကန်လေး၌ ထည့်ထားပြီး နေ့စဉ်ရေလဲပေး သည်။ မွန်စထရို၏အခြေအနေက တဖြည်းဖြည်းတိုးတက်လာပြီး ရေကူးနိုင်ကာ အရွယ်အစားလည်း ကြီးလာသည်။ သူ၏အမည်းရောင် အကြေးခွံများသည်လည်း ရွှေရောင်သို့ ပြောင်းလဲသွားသည်။ လေစီ၏ ကောင်းစွာဂရုစိုက်မှုနှင့်အတူ မွန်စထရိုသည် အသစ်ပြုပြင်ခြင်းသို့ ရောက်ခဲ့ရသည်။

ရှင်လုကာခရစ်ဝင် ၁၀ တွင် သေလုမြောပါး အရိုက်ခံရပြီး လုယက်ခံရသော ခရီးသွား တစ်ယောက်အကြောင်းကို သခင်ယေရှု ပြောပြသည်။ ယဇ်ပရောဟိတ်နှင့် လေဝိလူသည် ထိုသူ၏ဒုက္ခကို လျစ်လျူရှူ၍ ကျော်သွားကြသည်။ သို့သော်…

ချစ်ကြောင်းပြောသောအစားအစာ

​ကျွန်မသွားရောက်ခဲ့သည့် မွေးနေ့ပွဲတွင် အိမ်ရှင်မက အိမ်အပြင်အဆင်၊ လက်ဆောင်များ၊ အကောင်းဆုံးအစားအစာ၌ “သူ့အကြိုက်” ဆိုသည့်အချက်လေး ပေါ်လွင်နေအောင် ဖန်တီးစီစဥ်ထားသည်။ မွေးနေ့ရှင်ကလေးမလေးက အမဲသားကင်နှင့်အရွက်သုပ်၊ အဖြူရောင်ချောကလက်နှင့်ရတ်စ်ဘယ်ရီသီး ကိတ်မုန့်ကို ကြိုက် နှစ်သက်သဖြင့်၊ မိခင်က အမဲသားကင်နှင့်ဟင်းနုနယ်ကို ပြင်ဆင်ထားပြီး အကြိုက်ဆုံးကိတ်မုန့်ကို မှာပေးထားသည်။ သူ့အကြိုက်ဆုံးအစားအစာများက “သမီးကို ချစ်တယ်” ဟူ၍ အဓိပ္ပာယ် ပေါ်လွင်နေသည်။

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ သစ္စာတော်နှင့်ပြည့်စုံခြင်းအတွက် ဂုဏ်ပြုချီးမွမ်းခြင်းနှင့်တွဲပြီး စားသောက်ပွဲများကျင်းပကြသဖြင့် စားသောက်ပွဲကြီးများနှင့် ပွဲတော်များအကြောင်း ဖော်ပြထားသည်။ စားသောက်ပွဲကျင်းပခြင်းသည် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်သော ဣသရေလလူမျိုးတို့၏အလေ့အထ ဖြစ်သည်။ ပသခါပွဲတော်ကို (၇)ရက် (သို့) (၈)ရက် ကျင်းပပြီး၊ လဆန်းပွဲတော်ကို တစ်လတစ်ကြိမ် ကျင်းပသည် (တော ၂၈:၁၁-၃၁)။ ဆာလံကျမ်း ၂၃:၅ တွင် သူ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံသည့် စားကောင်းသောက်ဖွယ် အလျှံပယ်နှင့် စားသောက်ပွဲကို ဘုရားရှင်ပြင်ဆင်ပေးကြောင်း…