စာရေးသူ

အားလုံးမြင်နိုင်ရန်
Elisa Morgan

အဲလီစာမော်ဂန်

အဲလီစာမော်ဂန် (Elisa Morgan)သည် The NIV Mom's Devotional Bible၊ The Beauty of Broken၊ Hello၊ Beauty Full၊ She Did What She Could၊ နှင့် The Prayer Coin စသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း ၂၅ အုပ်ကျော်မျှ ရေးသားခဲ့သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ MOPS (Mothers of Preschoolers) အဖွဲ့အစည်းတွင် CEO အဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ခဲ့သည်။ သူမသည် Our Daily Bread Ministries အတွက် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာစဥ်များကို ရေးသားသည်သာမက Discover the Word - နေ့စဥ် ရေဒီယိုအစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အနေနှင့်သော်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မှစ၍ God Hears Her – podcast အစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အဖြစ်သော်လည်းကောင်း ဆက်ကပ်ဆောင်ရွက်လျက်ရှိသည်။ အဲလီစာသည် Evan (vice-president of Online Learning for Our Daily Bread Ministries) နှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် အရွယ်ရောက် သားသမီးနှစ်ဦးနှင့် မြေးများရှိပြီး အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒဲန်ဗာမြို့ (Denver)တွင် နေထိုင်လျက် ရှိသည်။ သူမအား Really (elisamorgan.com) blog အင်တာနက်စာမျက်နှာတွင် ဆက်သွယ်နိုင်ပြီး Facebook နှင့် Instagram (@elisamorganauthor) နှင့် Twitter (@elisa_morgan) တို့တွင် follow လုပ်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အဲလီစာမော်ဂန်

ကိုးကွယ်ထိုက်သောအရှင်

ဧပြီလ နေ့လယ်ခင်းတစ်ခုတွင် မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်ကာ နေကြတ်မည့်ဒေသများကို ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းမျဉ်းကွေးတစ်လျှောက်တွင် ဖြစ်တောင့်ဖြစ်ခဲ အလုံးစုံနေကြတ်ခြင်းကို ကိုယ်တိုင်ကြည့်ရှုရန် လူသန်းပေါင်းများစွာတို့စုရုံးခဲ့ကြသည်။ ကျောင်းများက ကလေးများကို ပြန်လွှတ်ပေးခဲ့ပြီး၊ မြို့ငယ်လေးများ‌တွင် ရောက်ရှိလာသည့် ခရီးသွားများဖြင့် ပိုမိုစည်ကားခဲ့သည်။ အံ့ဩဖွယ်နေကြတ်ခြင်းကို ကြည့်ရှုရန် လူတို့သည်အကာအကွယ်မျက်မှန်တပ်ကာ ကုလားထိုင်များချပြီး ထိုင်စောင့်နေခဲ့ကြသည်။ ရုပ်မြင်သံကြား အဖွဲ့ဝင်များက “လုံးဝ အမှောင်ကျ”သည်ထိ ရေတွက်မှုကို မှတ်တမ်းတင်နေစဉ် လူအုပ်ကြီးက “အို ဘုရားသခင်”ဟူသည့် စကားစုကို ထပ်ခါတလဲလဲ ရေရွတ်သံမှလွဲ၍ တိတ်ဆိတ်နေခဲ့သည်။

ကျွန်မ အံ့ဩမိသည်။ ထိုသူတို့သည် ထိုအချိန်အတွင်း ထိုစကားစုကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို အတိအကျမသိသော်လည်း သေမျိုးဖြစ်သော လူသားများအနေဖြင့် ထိုရှားပါးအံ့ဖွယ်နေကြတ်ခြင်းကိုကြည့်ပြီး သူတို့အသိအမှတ်ပြုရန်၊ ကျေးဇူးတင်ရန်၊ ကိုးကွယ်ရန် တစ်စုံတစ်ဦးကို လိုအပ်နေသလားဟု ကျွန်မ သံသယဝင်မိသည်။ အထက်သို့မျှော်ကြည့်လျှင် ကျွန်မတို့၏တုံ့ပြန်မှုမှာ ဒါဝိဒ် ရေးသားခဲ့သည့်အတိုင်း “မိုးကောင်းကင်သည်…

သေလွန်သောနှလုံးသားများအတွက် အသက်သစ်

သစ်ပင်အချို့တွင် သစ်သားအနှစ်သည် အဓိကထောက်ပံ့မှုတိုင်ဖြစ်သည့် အတွက်၊ အပြင်ဘက်အလွှာများ မပျက်စီးသရွေ့ ၎င်းသည် သေဆုံးသော်လည်း ဆွေးမြေ့ခြင်း (သို့) ခိုင်ခံ့မှုအား လျော့နည်းသွားခြင်းမရှိပါ။ လစ်နင်ဟု ခေါ်သော ဓာတုကော်ဖြင့် အမျှင်များကို ချည်နှောင်ဖွဲ့စည်းထားသော သစ်သားအနှစ်သည် သံမဏိကဲ့သို့ ခိုင်ခံ့နိုင်သည်။ သစ်ပင်တစ်ပင်၏ ဖွဲ့စည်းပုံအတွင်းရှိ ဤအစိတ်အပိုင်းသည် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်ပါသည်။

ပေါလုက “အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏” ဟု ဆိုကာ၊ ကောလောသဲမြို့သားများအား ရှင်ထမြောက်သောအသက်တာဖြင့် ရှင်သန်ရန် အားပေးခဲ့စဥ်၊ ကယ်တင်ခြင်းခံရသူများ မည်သို့ပြောင်းလဲသွားကြောင်းကို ဖော်ပြရန် သစ်သားအနှစ်၏ဥပမာကို အသုံးပြုခဲ့သည်(ကော ၃:၃)။ ပေါလုက ကျွန်ုပ်တို့ကို “သေပြီးသား”ဟု ရည်ညွှန်းခြင်းသည် စိတ်ပျက်စရာဖြစ်သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းရှုထောင့်မှကြည့်လျှင် ထိုဖော်ပြချက်ထဲမှ မျှော်လင့်ချက်ကို ကျွန်ုပ်တို့ နားလည်နိုင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သေနေသောနှလုံးသားကို ပြောင်းလဲပေးပြီး၊ ရှင်ပြန်ထမြောက်သော…

အစိမ်းရောင်မုန့်ချိုများနှင့် ဘုရား၏ဖြည့်ဆည်းပံ့ပိုးမှု

ကျွန်မတို့နှင့်လာအိပ်သည့်မြေးကို သိပ်နေချိန်တွင် သူ့ကျမ်းစာမှတ်ထားသည့်နေရာကို ဖွင့်လိုက်ရာ၊ ဆာလံ ၂၃ ဖြစ်ပြီး၊ “ဒါကို သားတို့ဖတ်ပြီးပြီ”ဟု သူပြောသည်။ “နောက်ထပ်အသစ်တစ်ခုခု ဘွားတို့ထပ်သိနိုင်တယ်”ဟု ကျွန်မပြောသဖြင့် သူက “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ အစိမ်းရောင်မုန့်များ၌ ငါ့ကိုအိပ်စေတော်မူ၏”ဟု ရွတ်ပြခဲ့သည်။ အစိမ်းရောင်မုန့် (pastries)မဟုတ်ဘဲ၊ ကျက်စားရာနေရာ(pastures)ဖြစ်ကြောင်း ကျွန်မရှင်းပြခဲ့သည်။ ညနေက ကိတ်မုန့်ဆိုင်၌ မုန့်ပဲသရေစာများကို သူရွေးချယ်ခဲ့သေးသည်။ သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကိတ်မုန့်ဆိုင်ဆိုသည်မှာ သူ့အတွက် အနားယူရာနှင့် ပျော်ရွှင်စရာနေရာပင်။

ဆာလံ ၂၃ ကို ၎င်း၏နက်နဲသောဖွင့်ပြချက်နှင့်လွဲသွားသည်ထိ ကျွန်မတို့နှင့်ရင်းနှီးလွန်းသည်။ သိုးထိန်းခြင်းနှင့် အကျွမ်းတဝင်ရှိသည့် ဒါဝိဒ်မင်းက သာယာလှပသလို (:၅-၆)၊ စိန်ခေါ်မှုများနှင့်ပြည့်သည့်(:၄) တစ်ဘဝစာ ဘုရား သခင်၏ထောက်ပံ့မှုကို သရုပ်ဖော်ပြရာ၊ ကောင်းမြတ်သောဘုရားရှင်သည် ကျွန်မတို့ကို သူ၏မျက်မှောက်တော်၌ ပါဝင်စေသော၊ ပြန်လည်အားပြည့်လန်းဆန်းစေသော၊ ရှေ့ဆက်ကြုံလာမည့်အရာများအတွက် ပြင်ဆင်ပေးသောနေရာများသို့ ပို့ဆောင်ပေးကြောင်း ထောက်ပြသည်။ “စိမ်းလန်းသော…

ဘုရားသခင်ပေးသော အဖြေများ

“သမီးကို မွေးခဲ့တဲ့အမေရဲ့နာမည်က ဘာလဲ”။ ၇ နှစ်အရွယ် သမီးလေး၏ ရိုးသားသော မေးခွန်းသည် ကျွန်မ၏နှလုံးသားကို ကြေကွဲစေသည်။ သူမကိုမွေးစားစဥ်က သူမမိဘများ၏အရပ်၊ ကိုယ်အလေးချိန်၊ အသက်၊ ဆံပင် အရောင်နှင့် မျက်လုံးအရောင်များကိုသာ သိခွင့်ရသည်။ ကျွန်မမည်သို့ဖြေရမည်နည်း။ မဖြစ်နိုင်သောမေးခွန်းဟု ခံစားရသည်။ ကျွန်မအသက်ရှူသွင်းပြီး “ဘုရားသခင်၊ ကျွန်မ ဘာပြောရမလဲ”ဟု ဆုတောင်းလိုက်သည်။ ကျွန်မနှုတ်မှ “သူ့နာမည်ကို သမီးဘယ်လိုပေးချင်လဲ”ဟူသည့် စကားတစ်ခွန်းထွက်သွားသည်။ သူမက ကျွန်မကို ပြုံးပြပြီး “Madeline(မက်ဒယ်လင်း)”ဟု ပြောရာ၊ “ဒါဆို မက်ဒယ်လင်းပဲပေါ့”ဟု ကျွန်မ ပြန်ဖြေလိုက်သည်။ ကျွန်မ၌ အဖြေမရှိသောအချိန် ဘုရားသခင်က အဖြေပေးခဲ့သည်ဟု ယုံကြည်ပါသည်။

ယေရှုသေဆုံးပြီး နောက်ပိုင်းနှစ်များတွင် ယေရှု၏နောက်လိုက်များသည် မဖြစ်နိုင်သော အခြေအနေများ၌ ဘုရားသခင်၏အဖြေကို လိုအပ်သည့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရနိုင်သည်။ ယောဟန် ၁၄ တွင် ယေရှုက သူတို့ကိုမစွန့်ပစ်ဘဲ အကူအညီပေးရန်…

ကောင်းသောသိုးထိန်း၏စကားကို နားထောင်ခြင်း

ဖုန်းမှတစ်ဆင့် ငွေလွှဲငွေထုတ်လုပ်ဆောင်သည့် ကျွန်မ၏အွန်လိုင်းဘဏ်အက်ပ်ကိုဖွင့်ကြည့်ရာ ကျွန်မ မထုတ်ဘဲ ဒေါ်လာ ၅၀၀ ကျော် ငွေထုတ်သည့် လုပ်ဆောင်မှုနှစ်ခုကို တွေ့လိုက်ရသည်။ ထိတ်လန့်စွာနှင့် ဘဏ်သို့ဖုန်းဆက်ရာ၊ ကျွန်မ၏အထောက်အထားများ အခိုးခံရသည်ကို တွေ့ရှိခဲ့သည်။ ဘဏ်၏အကူအညီဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိသော်လည်း နောင်တွင် ထိုသို့သောခိုးယူမှုများကို သတိရှိရန် အတွေ့အကြုံက သင်ပေးခဲ့သည်။

ယော ၁၀:၁၀ တွင် ယေရှုက “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏”ဟုသတိပေးထားသည်။ ဥပုသ်နေ့တွင် လူနာများအား ကုသ ပေးခြင်း (၉:၁၃-၁၅)ကို ဆန့်ကျင်သည့် ဘာသာရေးခေါင်းဆောင်များအား သခင်ယေရှုက ပြင်းထန်စွာ အပြစ်တင်ဆုံးမလျက် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းဟူသည့် ထိုသူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ခဲ့သည်။ ကျွန်မတို့၏ဝိညာဉ်ရေးရန်သူစာတန်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ကျွန်မတို့နားလည် လက်ခံခြင်း၊ ယေရှု၏သေခြင်းက ယူဆောင်လာသည့် လွတ်မြောက်ခြင်းတို့ကို ခိုးယူရန် ကြံစည်နေသည်။ ထိုကျမ်းပိုဒ်၏ အစပိုင်းတွင်…

ဂရုပြုစောင်မခြင်းနှင့် ပွဲတော်မင်္ဂလာ

ကျွန်မလက်မောင်းရိုးကျိုးသွားစဥ် သူငယ်ချင်း Rex(ရက်စ်)က လှပသော ငွေရောင်ဇွန်းနှင့်အတူ အေးခဲထားသည့် စွတ်ပြုတ်ဗူးကို ပို့ပေးခဲ့ရာ၊ ကျွန်မ အံ့အားသင့်ခဲ့ရပြီး၊ ဟင်းရည်ကုန်သွားသည့်တိုင် ဇွန်းကို အကြာကြီးသိမ်းထားမိသည်။ ကျွန်မ လက်မောင်း ပြန်ကောင်းသွားပြီး၊ ချစ်သော ရက်စ်လည်း ကွယ်လွန်သွားပြီ ဖြစ်သော်လည်း သူ၏ချစ်ခြင်းမေတ္တာပြယုဂ်သည် ကျွန်မအပေါ်ထားသည့် ဘုရားသခင်၏မေတ္တာတော်ကို ဆက်လက်ဖော်ပြနေပါသည်။ ထိုဇွန်းကို ကိုင်လိုက်တိုင်း၊ ကျွန်မသူငယ်ချင်းမှ တစ်ဆင့် ခံစားရသော ဘုရားသခင်၏မေတ္တာအတွက် ကျေးဇူးတင်မိသည်။

ပွဲတော်မင်္ဂလာခံယူရာ၌ သခင်၏တုနှိုင်းမရသောချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အောက်မေ့ရန် မစသည့် မြင်တွေ့ရသည့် လက်ဆောင်တစ်ခုကို သခင်ယေရှု ပေးခဲ့သည်(လု ၂၂:၁၉)။ ယေရှုသည် မုန့်ကိုဖဲ့ပြီး၊ “ဤမုန့်ကား၊ သင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့”ဟုဆိုခဲ့ခြင်းကို (၁ ကော ၁၁:၂၄) တမန်တော်ပေါလုက ကောရိန္သုမြို့သားများအား ပြန်သတိပေးသည်။ ထို့နောက် ခရစ်တော်က “ဤခွက်ကား ငါ၏အသွေး၌ တည်သော…

အမည်မသိ အမျိုးသမီးများ

Shelia(ရှီလာ)သည် ပိုးသတ်သန့်စင်ဆေးဖြင့် စားပွဲများကို သုတ်ပြီးနောက်၊ တစ်ခါသုံးပန်းကန်ခွက်ယောက် အမှိုက်များနှင့် ပြည့်နေသော အမှိုက်အိတ်ကို ငုံ့၍ ချည်လိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ၊ ဘုရားကျောင်း၏ဘက်စုံသုံးအခန်းကို လှည့်ကြည့်လိုက်သည်။ ၎င်းအခန်း၌ ပြုလုပ်မည့်နောက်အစီအစဥ်အတွက် လုပ်အားပေး သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အဆင်သင့်သုံးနိုင်ကြောင်း သေချာအောင် စစ်လိုက်ရင်း၊ သူမစိတ်၌“တစ်ယောက်ယောက်က ငါ့ကို သတိထားမိမှာလား”ဟု အတွေးတစ်စဝင်လာခဲ့သည်။

ဘုရားသခင်နိုင်ငံတော်အတွက် ကျွန်မတို့၏နေ့စဉ်ပါဝင်မှုများကို လူတို့တန်ဖိုးထားမထား တွေးတောရန် လွယ်လှသည်။ သန့်ရှင်းရေး၊ စာရင်းဇယားများ တွက်ချက်ပေးခြင်း၊ ကျမ်းစာသင်တန်းကို ဦးဆောင်ခြင်း၊ ငွေကြေးပါဝင်လှူဒါန်းခြင်း မည်သည့်အလုပ်ဖြစ်ပါစေ၊ မိမိပါဝင်အစေခံမှုကို လူတို့မမြင်၊ လူရှေ့ နာမည်တပ်ပြီး အချီးအမွမ်းမခံရသူ လူများစွာရှိပါသည်။

ရှင်လုကာ ၈:၁-၂ တွင်၊ သခင်ယေရှုအမှုတော်ဆောင်ချိန်တွင် သစ္စာစောင့်သိသော အမျိုးသမီးများ၏အစေခံမှုကို သမိုင်းဆရာလုကာက မှတ်တမ်းတင်ရာ၌ နတ်ဆိုးဘေးနှင့် အနာရောဂါဘေးများမှ ကင်းလွတ်သော မာဂဒလမာရိ၊ ဟေရုဒ်မင်း၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္န၊ ရှုရှန္န ဟူသည့် အမျိုးသမီးသုံးဦးတို့ကို…

လမ်းလျှောက်ရင်း ဆုတောင်း

ကျွန်မအကျဉ်းအကြပ်နှင့်တွေ့ပြီ။ ကျွန်မရေးနေသော ဝတ်ပြုကိုးကွယ်ခြင်း စာမူလေး တစ်ဝက်တစ်ပျက်တွင် ကျွန်မ၏စိတ်ကူးစိတ်သန်းများ ခမ်းခြောက်သွား၍၊ “ကိုယ်တော် ကျွန်မဘာဆက်လုပ်ရမလဲ”ဟု ဆုတောင်းလိုက်သည်။ ထိုနောက် လမ်းလျှောက်ခြင်းအားဖြင့် မိမိ၏တီထွင်ကြံဆနိုင်မှုစွမ်းရည် ၆၀% ပို၍ထွက်ပေါ်လာကြောင်း လေ့လာတွေ့ရှိချက်တစ်ခုကို သတိရမိလိုက်သဖြင့်၊ အိမ်အနောက်ဘက်ရှိ လူသွားလမ်းကျဥ်းလေးသို့ ဆင်းသွားပြီး လမ်းလျှောက်ကာ ဘုရားသခင်နှင့် ဆက်စကားပြောနေသည်။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် လန်းဆန်းလာပြီး၊ ကွန်ပြူတာရှေ့ပြန်ထိုင်ကာ ကျွန်မ၏ စာမူလေးကိုအပြီးသတ်နိုင်တော့သည်။

၄ ရာ ၄:၁၈-၃၅ တွင် ရှုနင်မြို့သူမိန်းမက သူမ၏သား သေဆုံးသွားသဖြင့် အကူအညီတောင်းခံရာ၊ ဧလိရှဲနှင့်သူ၏ကျွန် ဂေဟာဇိတို့၏ တုံ့ပြန်ကယ်တင်ပေးခဲ့သည့်အကြောင်းကို ဖတ်ရှုရသည်(၄:၂၀-၃၅)။ ဧလိရှဲညွှန်ကြားသည့်အတိုင်း (:၂၉)၊ ဂေဟာဇိသည် သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကို တင်လိုက်သည် (:၃၁)။ ဧလိရှဲက ဆုတောင်းသည်။ ထို့နောက် သူငယ်၏အပေါ်မှာ အိပ်ချလိုက်သည်။ နောက်ဆုံးတွင် “ဧလိရှဲသည် အခန်းထဲမှာ စင်္ကြံသွားပြီးလျှင် ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှန်သဖြင့်…

ယေရှုကဲ့သို့ဖြစ်ပါ

ဂျက်လေယာဉ်က သေးသဖြင့် အရပ်မြင့်မြင့် ခရီးသည်တစ်ဦးက ကိုယ်ကိုကြုံ့ထားရာမှ ဆန့်ပြီး မတ်တပ်ရပ်လိုက်ပုံရသည်။ ထိုအခါ “ယေရှုနှင့်တူပါ” ဟူသည့် ထင်ရှားပေါ်နေသော သူ့စာအုပ်၏ခေါင်းစဉ်ကို ကျွန်မသတိပြုမိသည်။ မိနစ်အနည်းငယ်အကြာတွင် ထိုလူက အခြားသူများကို တွန်းဖယ်ကာ တွန်းလှည်းပေါ်မှ သူ့အိတ်ကို ဆွဲယူလိုက်ပြန်သည်။ ယေရှုကဲ့သို့ဖြစ်ပါသလား။ သူသည် ခရစ်တော်ကို သိသော “ညီအစ်ကို”အစစ် ဟုတ်မဟုတ် မသိသော်လည်း၊ ယေရှုကို လွဲမှားစွာကိုယ်စားပြုသော၊ တစ်ကိုယ်ကောင်းဆန်သော ဤအပြုအမူကြောင့် ကျွန်မစိတ်ပျက်သွားမိသည်။

စက်လှေကားပေါ်တွင် ထိုလူကို ထပ်တွေ့ပြီး၊ စာအုပ်အဖုံးကို မြင်နေရဆဲပင်။ ထိုစကားလုံးများက “အီလိုင်ဇာ၊ ယေရှုကဲ့သို့ဖြစ်ပါ။ မစီရင်ပါနဲ့”ဟု ကျွန်မနှလုံးသားကို လာထိသည်။ ကျွန်မ၏ဖြစ်တည်မှုသည် သခင်ယေရှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ထုတ်ပြနေသလားဟု တွေးမိသည်။

ယေရှုကဲ့သို့ ဖြစ်လာခြင်းဆိုသည်မှာ ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ သခင်၏အလိုတော်ကို ကျွန်မတို့ဝန်ခံလိုက်နာသည့်အခါတွင် သူ၏သဘော သဘာဝကို ကျွန်မတို့အတွင်း၌ တဖြည်းဖြည်း တိုးတက်စေသည့် ဖြစ်စဉ်ဖြစ်သည်။ ရှင်ပေါလုက…

အချိုရည်ဗူးခွံအလွတ်

မူကြိုအရွယ် ကလေးမိခင်များအတွက် အမှုတော်လုပ်ငန်းကို ကျွန်မဦးဆောင်ခဲ့စဉ်တွင်၊ မိခင်များ ရင်ဆိုင်ရသော အဆုံးမရှိသည့် တာဝန်များကိုဖော်ပြရန် ကလေးသေးခံလဲပေးခြင်း၊ နှာခေါင်းသုတ်ပေးခြင်း၊ အရုပ်များကောက်သိမ်းခြင်း စသည်ဖြင့် တင်စားချက်ပုံရိပ်များကို ရှာဖွေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ မျက်စိရှေ့ရှိ သောက်ပြီးသား ပိန်ရှုံ့နေသည့်အချိုရည်ဗူးခွံအလွတ်ကို တွေ့ခဲ့သည်။ မိခင်များသည် ပိန်ရှုံ့နေသည့် ဤဗူးခွံအလွတ်များကဲ့သို့ ခံစားနေကောင်းခံစားရနိုင်သည်။ ထိုအမှုတော်လုပ်ငန်းသည် မိခင်များအား သူတို့ကို ပြည့်ဝစေသူ -အသက်ရှင်သော ရေအရင်းအမြစ်ဖြစ်သည့် ယေရှုထံသို့ ပို့ဆောင်ပေးခဲ့သည်။

ယောဟန် ၇ တွင်၊ ဣသရေလလူမျိုးများအား တောကန္တာရတွင် ဘုရား သခင်၏ပို့ဆောင်မှုကို အောက်မေ့သော သကေနေပွဲသို့ သခင်ယေရှုသွားခဲ့သည် (:၁၀)။ ထိုပွဲတွင် ရေသွန်းခြင်းအခမ်းအနားပါဝင်ပြီး၊ အစိုဓာတ်သာလျှင် သီးပွင့်စေနိုင်ကြောင်းနှင့် မေရှိယဆောင်ကြဉ်းလာမည့် ဝိညာဉ်ရေးရာရေ၏ နိမိတ်အရိပ်ကို ဖော်ပြသည်။ သခင်ယေရှုသည် ထိုပွဲတော်၏စောင့်စား မျှော်လင့်ချက်ကို ပြည့်စုံစေသည်—“ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း…