လ - ဖေ‌ဖော်ဝါရီ 2026

နှိမ့်ချစွာ သခင်ယေရှုနောက်လိုက်ခြင်း

ကျွန်ုပ်တို့၏အိမ်အနီးတွင် ကျော်ကြားသည့် ဥယျာဥ်တစ်ခုရှိပြီး၊ ကျွန်ုပ်တို့စောင့်ရှောက်ထားသည့် သူငယ်လေးနှင့်အတူ ကျွန်ုပ်တို့မကြာခဏ ထိုနေရာသို့ လမ်းလျှောက်ထွက်ကြသည်။ သူအကြိုက်ဆုံးနေရာမှာ ကလေးကစားကွင်း ဖြစ်ပြီး၊ ဝင်ပေါက်တံခါးငယ်လေးမှာ သူပြေးဝင်နိုင်လောက်အောင် ကျယ်သည်။ သို့သော် ကျွန်ုပ်တို့အတွက်မူ လေးဘက်ထောက်၍ ငုံ့ဝင်ရသည်။ သူ့ကို လိုက်ဖမ်းရန် ကျွန်တော်က ဒူးထောက်ကာ ကိုယ်ကိုတွန့်လိမ်ပြီး ထိုတံခါးလေးမှ ဝင်သော အခါ သူရယ်တော့သည်။

ထိုဝင်ပေါက်တံခါးလေးက မဿဲ ၁၈ မှ သခင်ယေရှု ရည်ရွယ်ချက်နှင့် ပေးသောသင်ခန်းစာကို သတိရစေသည်။ ကိုယ်တော်သည် သူငယ်တစ်ဦးကိုခေါ်ပြီး ကောင်းကင်နိုင်ငံတော်သို့ မည်သူဝင်ရောက်ရမည်ကို ရှင်းပြခဲ့သည် (:၂)။ သခင်ခရစ်ဝောာ်၏ခေတ်က ကလေးသူငယ်ဖြစ်ခြင်းသည် အရေးမပါခြင်း၊ လျစ်လျူရှုခံရခြင်းကို အထင်းသားပြနေသည့်ဥပမာဖြစ်သည်။ လူသားတို့၏အသိမှတ်ပြုခံလိုစိတ်၊ တန်ခိုးအာဏာနှင့် လွှမ်းမိုးမှုကို ရှာဖွေလိုခြင်းကို မီးမောင်းထိုးဖော်ပြရန် ဤဥပမာကို သခင်ယေရှု အသုံးပြုခဲ့သည်။

စင်စစ် သခင်ယေရှုသည် တပည့်တော်များအား တစ်ဖန် ကလေးသူငယ် ဖြစ်ရန်…

ကြွယ်ဝသောချစ်ခြင်းမေတ္တာ

ကျွန်မဆယ်ကျော်သက်အရွယ်က မှတ်မှတ်ရရဖြစ်ခဲ့သည့်အရာတစ်ခုမှာ နွေရာသီစခန်းချသင်တန်း နောက်ဆုံးညတွင် အဖွဲ့၌ တစ်ယောက်တည်း အပြင်လူကဲ့သို့ခံစားခဲ့ရပြီး၊ အဖွဲ့ထဲမှတစ်ယောက်က ကျွန်မကိုသရော်သောအခါ ကျွန်မနာကျင်ခံစားရသည်။ သို့နှင့် စခန်းချတဲသို့ပြန်ပြေးသွားပြီး၊ အဖွဲ့ခေါင်းဆောင်က လာကြည့်သောအခါ ကျွန်မအိပ်ချင်ဟန်ဆောင်နေခဲ့သည်။ နောက်တစ်နေ့တွင် ၎င်းကိစ္စကို သူစကားမစအောင် ကျွန်မရှောင်ခဲ့သည်။

နောက်ပိုင်းမှ တမန်တော် ရှင်ပေါလုရေးသော “သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြု‌တော်မူမည်ဟု ငါသဘောကျ၏” (ဖိ ၁:၆)၊ ဟူသည့်ကျမ်းပိုဒ်ကို ကိုးကားပြီး ကျွန်မထံစာရေးကာ၊ ကျွန်မကို ဘုရားသခင်အမှန်ဂရုပြုကြောင်း သိနားလည်အောင် ထောက်မခဲ့သည်။ တမန်‌တော်ကြီး၏စကားများက ကျွန်မကို တည့်တည့်ပြောနေသည်ဟု ကျွန်မခံစားရသည်။

ဆယ်စုနှစ်တစ်ခုနီးပါး သူပျိုး‌ထောင်ခဲ့သော ဖိလိပ္ပိအသင်းတော်သို့ ရှင်ပေါလု စာရေးကာ၊ ဘုရားသခင်နှင့် အချင်းချင်းတို့အပေါ်ထားသော ချစ်ခြင်းမေတ္တာကို “ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုး”(:၉)အပေါ် အခြေပြုရန် တိုက်တွန်းခဲ့သည်။ ဘုရားသခင်သည် သူတို့ကို “သခင်ယေရှုခရစ်အားဖြင့်... ဖြောင့်မတ်ခြင်းအကျင့်နှင့်ပြည့်စုံ”(:၁၁)စေလျက် သူတို့အတွင်း၌၊…