
ဖန်ဆင်းခြင်းအားဖြင့် ဖွင့်ပြသည်
မေလခေါင်းစဥ် | ဖန်ဆင်းခြင်း
ဓမ္မသီချင်း ၁၉၀၁ “ခမည်းတော်ကမ္ဘာကျူး”တွင် သင်းအုပ်နှင့် ကဗျာဆရာဖြစ်သူ မော့ထ်ဘီဘက်ခေါ့က သူမကြာခဏ လမ်းလျှောက်ထွက်တိုင်း ခံစားမွေ့လျော်ခဲ့သည့် အံ့မခန်းသောမြင်ကွင်းရှုခင်းများ၏ဖမ်းစားမှုကို ရေးဖွဲ့ခဲ့သည်။ ကောင်းကင်၊ ပင်လယ်၊ ဖန်ဆင်းခြင်းသတ္တဝါ ..... ဘုရားသခင်၏တည်ရှိမှုမျက်မှောက်တော်ကို ခံစားရခြင်းကို ဖွဲ့နွဲ့လျက်…
ဘုရားသခင်၏ပြည့်စုံသောသတ်မှတ်ချက်
၁၉၆၀ နှစ်များတွင် အမေရိကန်ပြည်ထောင်စု အစိုးရရုံးအချို့တွင် အသုံးပြုသည့် မင်ကလောင်တံ(ink pen)များကို သတ်မှတ်စံချိန်မီစွာ ကုမ္ပဏီက မထုတ်လုပ်ပေးနိုင်သဖြင့် “General Services Administration (အထွေထွေစီမံအုပ်ချုပ်ရေးဌာန)”က “NIB(National Industries for the Blind) (မျက်မမြင်လုပ်သားများစီမံခန့်ခွဲရေးဌာန)”အား ဘောပင် သန်း ၇၀ ထုတ်လုပ်ပေးရန် အလုပ်အပ်ခဲ့သည်။ NIB သည် ဘောပင်များကို မထုတ်လုပ်ဖူးသော်လည်း ထိုစိန်ခေါ်ချက်ကို လက်ခံပြီး၊ ၁၉၆၇ မှစ၍ မျက်မမြင် စက်ရုံအလုပ်သမားများသည် စစ်မှုထမ်းများ တွင်ကျယ်စွာ အသုံးပြုသော ထိုစာရေးကရိယာကို သတ်မှတ်စံချိန်အတိုင်း ထုတ်လုပ်ပေးခဲ့သည်။ ထိုဘောပင်များကို ပြောင်းပြန်ထား၍ ရေးသားနိုင်သည်၊ မင်ရည်ကို တစ်မိုင်အရှည်ထိ အသုံးပြုနိုင်ပြီး ပြင်းထန်သော အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မပျက်စီးပါ။
လူသားတစ်ယောက်စီသည် ဘုရားသခင်၏ပြည့်စုံသော သတ်မှတ်ချက်များဖြင့် ဖန်ဆင်းခြင်းခံရကြောင်း “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ ... လူယောကျ်ား…
