ခရစ်တော်၌ ကြီးထွားရန် အတူတကွစုရုံးခြင်း
ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တယ်ရေးပင်လယ်အော်(Monterey Bay)၌ အဖြူရောင် လင်းပိုင် ၁၅ ကောင်သည် အခြားလင်းပိုင် အကောင်ရေ ၂,၀၀၀ ကျော်ခန့်နှင့်အတူ အစာ ပေါကြွယ်သော စားကျက်နေရာ၌ အတူနေထိုင်သည်ကို စက်လှေဦးစီးမှူး တစ်ဦးမှ တွေ့ ရှိခဲ့သည်။ အရွယ်အစားမျိုးစုံသော လင်းပိုင်အကြီးအငယ်တို့သည် အတူစားသောက်လျက်၊ သားစားသတ္တဝါများကို ကာကွယ်မောင်းထုတ်ရန် အတူစုရုံးနေထိုင်ကျက်စား ကြသည်။ ထိုမျှများပြားပြီး အမျိုးအစားစုံလင်သည့် လင်းပိုင်မျိုးစုံတို့ ထိုစားကျက်၌ အတူယှဉ်တွဲရှိနေခြင်းကို မြင်ရခဲသည်။
ယုံကြည်ခြင်းသမိုင်းတွင် ဖြစ်တောင့်ဖြစ်ခဲ ကွဲပြားသည့်လူမျိုးများ အတူတကွ စုရုံးရှိနေခြင်းကို သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ ပင်တေကုတ္တေပွဲနေ့ကို ကျင်းပနေစဥ် “လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင် ကောင်းကင်မှလာ၍ (တပည့်တော်တို့)နေထိုင်သောအိမ်ကို ဖြည့်လေ၏”(:၂)။ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ ထိုကာလအခါ၊ ... ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌…