ဖခင်အတွက် အကြံပြုချက်များ

“ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို
အိမ်အကွယ်အကာနှင့်အခြားအရာများဖြင့် ကောင်းချီးပေးခဲ့သနည်း”
ဟု ဝတ်ပြုကိုးကွယ်ခြင်းအစ၌မေးပါ။
 တစ်စုံတစ်ဦး သို့မဟုတ် လူတစ်စုကို
ကောင်းချီးပေးမည့် အစီအစဉ်တစ်ခုအကြောင်း
အဆုံး၌ သင့်မိသားစုကို ဆွေးနွေးခိုင်းပါ။

ပထမဦးဆုံးမိသားစု

မိမိကောင်းချီးရရှိခြင်းဖြင့် အခြားသူအားကောင်းချီးဖြစ်စေဖို့

ကမ္ဘာဦးကျမ်း ၁၂:၁-၅

နောဧ၏သားများဖြစ်သော ရှေမ၊ ဟာမ၊ ယာဖက်တို့သည် အိမ်ထောင်ကျပြီးနောက် သားသမီးများ ထွန်းကားခဲ့ကြသည်။ ရှေမတွင် သားသမီးများစွာရှိပြီး၊ အာဗြံအမည်ရှိသောသူသည် သူ၏သားစဉ်မြေးဆက်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။

တစ်နေ့တွင် ဘုရားသခင်က “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့” ဟု အာဗြံအား မိန့်တော်မူ၏။ ထာဝရဘုရားက အာဗြံကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သူ့ကိုကောင်းချီးပေး၍ သူ၏အမည်နာမကို ကြီးမြတ်စေလိမ့်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ကိုယ်တော်က အာဗြံကိုကောင်းချီးပေးသောသူတို့ကို ကောင်းချီးပေး၍ အာဗြံကိုကျိန်ဆဲသောသူကို ကျိန်ဆဲမည်ဟု ကတိပေးခဲ့သည်။ မြေကြီးပေါ်ရှိလူအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးခံစားရလိမ့်မည်။

အာဗြံသည် မယားစာရဲ၊ တူလောတနှင့် ဥစ္စာရှိသမျှတို့ကို ယူ၍ ခါနာန်ပြည်သို့ ထွက်ခွာခြင်းဖြင့် ဘုရားစကားကို နာခံခဲ့သည်။

ဘုရားသခင်သည် အာဗြံအား ကောင်းချီးပေးခြင်းဖြင့် မြေကြီးပေါ်ရှိလူတိုင်းအတွက်လည်း ကောင်းချီးမင်္ဂလာဖြစ်စေခဲ့သည်။

ဘုရားသခင်က အခြားသူများကိုလည်း ကောင်းချီးဖြစ်စေရန်အတွက် ကျွန်ုပ်တို့ကို ကောင်းချီးပေးခြင်းဖြစ်သည်။

 

<<<စာမူအဟောင်းသို့