ဖခင်အတွက် အကြံပြုချက်များ

 သင်၏မင်္ဂလာဆောင်ဓာတ်ပုံများကို
 သင့်ကလေးများအား ပြသပြီး သင်နှင့်
 သင့်ဇနီးတွေ့ခဲ့ပုံကို ပြောပြပေးပါ။

ပထမဦးဆုံးမိသားစု

ယောကျ်ားတစ်ဦး၊မိန်းမတစ်ဦး၊ တစ်သက်တာ

ကမ္ဘာဦးကျမ်း ၂:၁၈-၂၄

ဘုရားသခင်သည် ကမ္ဘာမြေကြီး၊ တိရစ္ဆာန်များနှင့် လူသားကို ဖန်ဆင်းပြီးနောက်၊ ကိုယ်တော်က ကြည့်ရှုပြီး “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်” ဟု အာဒံအား မိန့်တော်မူ၏။

ဘုရားသခင်သည် မည်သည့်အရာကို ဆက်လုပ်မည်ဟုထင်ပါသလဲ။

ဘုရားသခင်သည် အထောက်အမကို ချက်ချင်း မဖန်ဆင်းခဲ့ပေ။ ၎င်းအစား၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို အာဒံထံသို့ ခေါ်ဆောင်ခဲ့ပြီး၊ အာဒံသည် ၎င်းတို့အား အမည်မှည့်ပေးခြင်းအခွင့်ကို ရခဲ့သည်။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏၊ ထို့ကြောင့် အာဒံသည် ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့နှင့် မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကို့လည်းကောင်း အမည်မှည့်ခေါ်လေ၏။

အာဒံသည် တိရိစ္ဆာန်များကို အမည်မှည့်နေစဉ်တွင် သူသည် တိရိစ္ဆာန်များနှင့် လုံးဝကွဲပြားကြောင်း သဘောပေါက်ခဲ့သည်။ သူသည်ကိုယ်တော်၏ အထူးဖန်တီးမှုတစ်ခုဖြစ်ပြီး၊ အာဒံနှင့်တူသောသူ မည်သူမျှမရှိပေ။ ထို့နောက် ဘုရားသခင်သည် အာဒံကို အိပ်မောကျစေပြီး သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူကာ အထောက်အမပြုမည့်သူကို ဖန်ဆင်းခဲ့သည်။

သူမကို “ယောကျ်ား” ထဲမှထုတ်ယူသောကြောင့် အာဒံသည် ဤအထောက်အမကို “မိန်းမ” ဟု မှည့်လေ၏။ သူတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။ အာဒံနှင့် ဧဝတို့သည် ပထမဦးဆုံးအိမ်ထောင်ကျသော ဇနီးမောင်နှံဖြစ်ခဲ့သည်။

ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ ဇနီးမယားနှင့်ပေါင်းဖက်ရ၏။

ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးအိမ်ထောင်ပြုပြီး တစ်သက်လုံးအတူနေဖို့ ကတိပြုကြသည်မှာ ဘုရားသခင်၏စိတ်ကူးဖြစ်သည်။

 

<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>