ဖခင်အတွက် အကြံပြုချက်များ

 သင့်ကလေးများ လိုက်နာရန်ခက်ခဲသော 
 စည်းကမ်းချက်များကို မေးကြည့်ပါ။ 
 ဤစည်းကမ်းများက သူတို့အကျိုးအတွက် 
 ဘယ်လိုအဓိပ္ပာယ်ရှိကြောင်းကို ပြောပြပေးပါ။ 

ပထမဦးဆုံးမိသားစု

အပြစ်ဝင်ရောက်လာခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၇

ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ အရသာကောင်းမွန်သော သီးပင်များဖြင့် ဥယျာဉ်ကိုစိုက်ပျိုးထားပြီး၊ အရသာရှိစွာ စားသောက်ခွင့်ပေးထားသည်။ ဥယျာဉ်အလယ်၌မူအထူးဖြစ်သော အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်နှစ်ပင်ကို ထားတော်မူ၏။

ပထမအပင်သည် အသက်ကိုပေးသော်လည်း၊ ဒုတိယအပင်သည် သေစေ၏။ ဘုရားသခင်က အာဒံနှင့်ဧဝတို့ကို အကောင်းအဆိုးသိကျွမ်းရာအပင်၏ အသီးကိုမစားရန် စားလျှင် မုချသေရလိမ့်မည်ဟု ပညတ်ထားတော်မူ၏။ သို့သော် ဥယျာဉ်၌ ရှိသမျှသောအခြားအပင်များ၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။

စုံစမ်းနှောင့်ယှက်ခြင်းဝင်သောနေ့တွင် မြွေက ဧဝကို “မည်သည့်အပင်၏အသီးကိုမျှ မစားရ ဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော” ဟု မေးလေ၏။ ဧဝက “ဥယျာဉ်ထဲရှိအပင်တို့၏ အသီးကို ငါတို့စားခွင့်ရှိ၏။ ဥယျာဉ်အလယ်ရှိအပင်၏ အသီးကိုမူ မစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်” ဟု ဆိုလေ၏။ ဧဝသည် ဘုရားသခင်၏ မိန့်တော်မူချက်ကို မေ့သွားခဲ့ပါသလား။ မဟုတ်ပါဘူး၊ ဘုရားသခင် ပြောခဲ့သောအရာကို ဧဝက မှတ်မိပေမယ့် ကိုယ်တော်၏ ပညတ်တရားများထဲသို့ အပိုထည့်ပြီး ပြောခဲ့ခြင်းဖြစ်သည်။

မြွေက ဧဝကို “သင်တို့သည် မုချသေရမည်မဟုတ်။ သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကို သိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏” ဟု ဆွဲဆောင်ပြောဆိုလေ၏။

ဧဝသည် အကောင်းအဆိုးသိကျွမ်းရာအပင်ကို စိုက်ကြည့်၏။ အသီးသည် စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး သူမသည် ၎င်းကိုအရမ်းကြိုက်နှစ်သက်လေ၏။ ထို့ပြင်၊ ဘုရားသခင်သည် စစ်မှန်သောဘုရင်ဖြစ်သောကြောင့် သူမသည် ဘုရားသခင်ကဲ့သို့ “ဘုရင်ငယ်” လည်းဖြစ်ချင် ခဲ့သည်။ ဧဝသည် အသီးကိုသာလိုချင်၍ ဘုရားသခင်၏မိန့်တော်မူချက်ကို ဂရုမစိုက်နိုင်ခဲ့ပေ။

ထို့ကြောင့် အသီးကိုဆွတ်ယူ၍ စားလေ၏။ အာဒံအား အသီးကိုပေး၍ အာဒံလည်း စားလေ၏။ ထိုအခါ၊ ထိုသူနှစ်ဦးလုံး၏ မျက်စိများပွင့်လင်းပြီး၊ အဝတ်အချည်းစည်းဖြစ်သည်ကို သိသွားသဖြင့်၊ ရှက်ကြောက်၍ သဖန်းရွက်များကို ပူးတွဲချုပ်ပြီး ဖုံးကွယ်ရန် ပြုလုပ်ကြ၏။

ဘုရားသခင်သည် ဘုရင်ဖြစ်ကြောင်းကို ယုံကြည်ရမည့်အစား “ဘုရင်ငယ်” ဖြစ်ချင်သောကြောင့် အပြစ်ဖြစ်ခဲ့သည်။

အာဒံနှင့်ဧဝသည် ဘုရားသခင်၏အမိန့်တော်ကို မနာခံခြင်းကြောင့် အပြစ်ဖြစ်ခဲ့ရသည်။

 

<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>