ဖခင်အတွက် အကြံပြုချက်များ
“ကိုယ့်မျက်လုံးဖြင့် စူးစမ်းခြင်း” ဂိမ်းကို ကစားပါ။
သင်မြင်နိုင်သောအရာတစ်ခုကို ရွေးပါ၊
ဥပမာ-ပန်းသီးတစ်လုံးကို ရွေးပြီး “A” ဖြင့်စသောအရာတစ်ခုကို
မိမိမျက်လုံးဖြင့် စူးစမ်းရှာဖွေရမည်ဟု ပြောလိုက်ပါ။
သင့်ကလေးသည် ၎င်းစကားလုံးကို လှည့်ပတ်ကြည့်ရှုပြီး
ခန့်မှန်းရပါမည်။
ပထမဦးဆုံးမိသားစု
သင်၏မျက်စိနှင့် နှလုံးကို အထူးစောင့်ရှောက်ပါ
ကမ္ဘာဦးကျမ်း ၆:၁-၈
အာဒံသာမက ကာဣနလည်း အပြစ်ရှိခဲ့သည်။ ထို့ပြင်၊ သူတို့၏သားသမီးများလည်း ဒုစရိုက်ကို ဆက်၍ ပြုလုပ်ကြသည်။
အမျိုးသားများသည် သူတို့ပတ်ဝန်းကျင်၌ရှိသော အဆင်းလှသည်ဟုထင်ရသောသူကို လက်ထပ်ကြ၏။ သူတို့သည် ဘုရားသခင်ကိုယုံကြည်သော သို့မဟုတ် ဘဝတွင် တန်ဖိုးထားသောအရာများ တူညီသောဇနီးမယားများကို မရွေးချယ်ခဲ့ကြပေ။ သူတို့သည် ဘုရားသခင်အမြင်ဖြင့် မှန်သောအရာကို ရွေးရမည့်အစား မိမိတို့အမြင်ဖြင့် မိမိတို့ကြိုက်နှစ်သက်သောအရာကိုသာ ရွေးချယ်ခဲ့ကြသည်။
လူတိုင်းသည် မိမိတို့ကြိုက်သောအရာကိုပဲ ပြုလုပ်ကြသောကြောင့် လောကကြီးသည် နေထိုင်ရန် အလွန်ဆိုးရွားသောနေရာ ဖြစ်လာခဲ့သည်။ သူတို့သည် ဘုရားသခင်၏အမိန့်တော်ကို ဂရုမစိုက်သောကြောင့် တိုက်ပွဲများနှင့် သတ်ဖြတ်မှုများ အမြောက်အမြားဖြစ်လာခဲ့သည်။
ထိုစဥ်အခါ. . .
လူသားသည် မိမိတို့လိုချင်သောအရာများကို မိမိမျက်စိအမြင်ဖြင့် မြင်ခွင့်ပေးကြသည်။
လူသားသည် မိမိတို့လိုချင်သောအရာ၊ လုပ်ချင်သောအရာများကိုသာ မိမိတို့နှလုံးသားကို တွေးတောခွင့်ပေးကြသည်။
ကမ္ဘာကြီးသည် အကြမ်းဖက်မှုများနှင့် ပြည့်နှက်လာခဲ့သည်။
ကမ္ဘာကြီးသည် ကြောက်စရာကောင်းသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘာကြီးသည် မှန်ကန်သောအကျင့်ကို ကျင့်သောသူတို့အဖို့ အနိုင်ကျင့်ခံရမည့်နေရာ ဖြစ်လာခဲ့သည်။
ဘုရားသခင်သည် ဆိုးသွမ်းသောသူများကို ကြည့်ပြီး အလွန်စိတ်ပူပန်ခဲ့သည်။
ဘုရားသခင်သည် မြေကြီးပေါ်မှာ လူသားများကို ဖန်ဆင်းခဲ့သည့်အတွက် ဝမ်းနည်းခဲ့ရသည်။
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
