ဖခင်အတွက် အကြံပြုချက်များ

 သင်၏မိသားစုံထံမှ 
 သူတို့ဒေါသထွက်ခဲ့သောအချိန်နှင့် 
 သူတို့မည်ကဲ့သို့ ပြုမူခဲ့သည်ကို 
 ဝေမျှခိုင်းပါ။

ပထမဦးဆုံးမိသားစု

အမြတ်ဒေါသက သင့်ကို မထိန်းချုပ်စေပါနှင့်။

ကမ္ဘာဦးကျမ်း ၄:၁-၈

အာဒံနှင့်ဧဝသည် ဥယျာဉ်မှထွက်သွားပြီးနောက်၊ ဧဝသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားလေး နှစ်ဦးဖြစ်သော ကာဣနနှင့် သူ့ညီ အာဗေလတို့ကို မွေးဖွားခဲ့သည်။

ကာဣနသည် မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်ပြီး၊ အာဗေလသည် သိုးထိန်းဖြစ်၏။ အချိန်အတော်ကြာပြီးနောက်၊ ညီအစ်ကိုနှစ်ဦးသည် သူတို့၏ပူဇော်သက္ကာများကို ဘုရားသခင်ထံ ယူဆောင်လာကြသည်။ အာဗေလသည် သိုးအုပ်ထဲမှ သားဦးသိုးများနှင့် သိုးတို့၏အဆီများကို ယူဆောင်လာသောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ယူဆောင်လာ၏။

အာဗေလသည် ယဇ်ကိုယူဆောင်လာသောအခါ စစ်မှန်သောနှလုံးသားဖြင့် ဘုရားသခင်ထံသို့ လာခဲ့သည်။ သို့သော် ကာဣနသည် မိမိပူဇော်သက္ကာကို ပေးသောအခါ၊ စစ်မှန်သောနှလုံးသားဖြင့် ဘုရားသခင်ထံသို့ မလာခဲ့ပေ။ ဘုရားသခင်သည် အာဗေလ၏ပူဇော်သက္ကာကို ပို၍နှစ်သက်သောကြောင့် ကာဣနသည် အလွန်ဒေါသထွက်ခဲ့သည်။

ဘုရားက ကာဣနသည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော ဟု မိန့်တော်မူ၏။

ဘုရားသခင်က ကာဣနကို “ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်” ဟု သတိပေးခဲ့သည်။

သို့သော် ကာဣနသည် နားမထောင်ဘဲ၊ သူသည် သူ၏ဒေါသစိတ်များကို ကြီးထွားသည်ထက် ကြီးထွားစေဖို့ကို ခွင့်ပြုခဲ့သည်။

တစ်နေ့တွင် ကာဣနက အာဗေလကို “လယ်ထဲ အတူတူသွားကြစို့” ဟု ဆိုလေ၏။ လယ်၌ရှိစဉ်၊ ကာဣနသည် သူ့ညီအရင်းကို တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည်။

ကာဣနသည် ဘုရားသခင်က သူ့ကို မနှစ်သက်ဘဲ၊ အာဗေလကို နှစ်သက်သော်ကြောင့် စိတ်ဆိုးခဲ့သည်။ ဒေါသထွက်သောကြောင့် သူ့ညီကို နာကျင်အောင်လုပ်လို့ရသည်ဟု သူခံစားခဲ့သည်။

သင့်ခံစားချက်များကို ရိုးသားစွာဖွင့်ပြောပါ။ သင်၏အမြတ်ဒေါသက သင့်အား မထိန်းချုပ်စေပါနှင့်။

ပြီးလျှင် မှန်ကန်သောနည်းလမ်းဖြင့် တုံ့ပြန်ရန် ရွေးချယ်ပါ။

 

<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>