ဖခင်အတွက် အကြံပြုချက်များ
သင်၏အိမ်တစ်ဝိုက်တွင်ရှိသော အရာများထဲမှ
ရဲတိုက်တစ်ခုကို တည်ဆောက်ပါ။
မည်သူက အမြင့်ဆုံးရဲတိုက်ကို
တည်ဆောက်နိုင်မလဲဆိုတာ ကြည့်လိုက်ပါ။
ပထမဦးဆုံးမိသားစု
မာနထောင်လွှားခြင်းကို သတိရှိစွာ ရှောင်ရှားရန်
ကမ္ဘာဦးကျမ်း ၁၀:၁-၁၁:၉
ရေလွှမ်းမိုးပြီးနောက် ဘုရားသခင်သည် နောဧနှင့် သူ၏မိသားစုမှတစ်ဆင့် လူသားမျိုးနွယ်ကို ပြန်လည်စတင်ခဲ့သည်။ နောဧ၏သားများဖြစ်သော ရှေမ၊ ဟာမ၊ ယာဖက်တို့မှ လူသားမျိုးနွယ်သည် တစ်ဖန်စတင်ခဲ့ပြီးတော့ ထပ်၍ ပြန့်ပွားလာကြသည်။ ထိုအချိန် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဘာသာစကားတစ်မျိုးတည်းသာ ရှိခဲ့ပြီး လူသားတိုင်း အချင်းချင်း နားလည်ကြသည်။
လူများသည် အရှေ့အရပ်သို့ ရွေ့ပြောင်းသွားသောအခါ ကြီးမားကျယ်ပြန့်သော လွင်ပြင်ကို တွေ့ခဲ့သည်။ သူတို့သည် အုတ်ဖြင့် သူတို့အတွက်မြို့ကိုတည်ဆောက်ပြီး မိုးကောင်းကင်အထိ မြင့်သောရဲတိုက်
တစ်ခုကို တည်ဆောက်ခြင်းဖြင့် သူတို့နာမည်ကျော်စောအောင် ကြံစည်ခဲ့သည်။ သူတို့၏မူလတာဝန်ဖြစ်သော ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်ရမည့်အခြေခံတာဝန်ကို မေ့လျော့ကာ မိမိတို့၏ မာန်မာနကိုသာ တက်မက်မောခဲ့ကြသည်။ ဘုရားသခင် မည်သို့ထင်မြင်ပြီး ခံစားရမည်ကို ဂရုမစိုက်ကြပေ။ သူတို့သည် ဘုရားသခင်၏အကူအညီဖြင့် ကမ္ဘာမြေကြီးကို အုပ်ချုပ်မည့်အစား၊ ၎င်းတို့၏ကိုယ်ပိုင်အစွမ်းသတ္တိနှင့် ဉာဏ်ပညာကိုပြသရန် စိတ်အားထက်သန်ခဲ့ကြသည်။ ၎င်းသည် မာန်မာနပေတည်း။
သို့ရာတွင် ဘုရားသခင်သည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကို ကြည့်ရှုရန် ဆင်းသက်ခဲ့သည်။ ကိုယ်တော်က “သူတို့အားလုံးသည် ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ လာကြ၊ ငါတို့သည် ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့” ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ လူသားများသည် မတူညီသောဘာသာစကားများကို စတင်ပြောဆိုကြပြီး အချင်းချင်း နားမလည်ဖြစ်ခဲ့ကြသည်။ ဘုရားသခင်သည် သူတို့ကို မြေကြီးတပြင်လုံးသို့ ကွဲလွင့်စေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဆောက်တော့ပေ။ ထိုနေရာကို ဘေဘီလုံ ဟုခေါ်ခဲ့သည်။ ၄င်းသည် ဟေဗြဲစကားလုံးဖြစ်သော “ရှုပ်ထွေးသည်” နှင့် တူသောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့ မာန်မာန သည်ဘုရားသခင်ကို မလိုအပ်ဘူးဟု ထင်စေတတ်ပြီး ဘုရားသခင်ကို စိန်ခေါ်ရန်ပင် ကျွန်ုပ်တို့အား တွန်းပို့နိုင်သည်။ ကျွန်ုပ်တို့သည် အဘယ်မျှလောက် မှားယွင်းနေပါသနည်း။
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
