ဖေဖော်ဝါရီလခေါင်းစဥ် | တောင်ပေါ်ဒေသနာ

တောင်ပေါ်ဒေသနာတွင် သခင်ယေရှုက သူ၏နိုင်ငံတော်၌ ရှင်သန်ရမည့် အသက်တာနှင့်စပ်လျဉ်း၍ အခြေခံအတွေးအမြင်ကို ဖော်ပြထားသည်။ ၎င်းသည် လောက၌ရှင်သန်သည့်အသက်တာနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ဓမ္မပညာရှင်များက သခင်၏သွန်သင်ချက်ကို အကြွင်းမဲ့ပြောင်းလဲသော နိုင်ငံတော်အတွက် မှောက်လှန်သူ ဘုရင်မင်း၏တင်ပြချက်ဟု ရည်ညွှန်းဖော်ပြကြသည်။

သို့သော် ကျွန်ုပ်တို့ကမ္ဘာမြေက မှောက်လှန်နေသည်။ တန်ဖိုးဖြတ်ခြင်းစနစ်နှင့် မိမိကိုဝန်းရံထားသောထုံးတမ်းဓလေ့များ၏ အတွေးအခေါ်များက ကမ္ဘာကြီးကို ဖြစ်သင့်တာနှင့် ဆန့်ကျင်ဘက်ဖြစ်စေသည်။

ကျွန်ုပ်တို့၏ယိုယွင်းနေသည့် ရှုထောင့် အမြင်များကို အရေးတကြီးပြုပြင်ရန် လိုအပ် နေပြီး၊ တောင်ပေါ်ဒေသနာ (မ ၅:၃-၁၂) ဟုထင်ရှားသည့် သခင်ယေရှု၏သွန်သင်မှုအစ မင်္ဂလာတရား၏အဖွင့်က ကျွန်ုပ်တို့၏ အတွေးအမြင်နှင့်တန်ဖိုးများကို စိန်ခေါ်လာ၍ တုန်လှုပ်အံ့သြဖွယ်ဖြစ်သည်။ မင်္ဂလာရှိသူဟု သခင်ယေရှုခေါ်ဆိုသူကို လောကမှ မိုက်မဲသူဟု ခေါ်ဆိုလိမ့်မည်။ စိတ်နှလုံးနှိမ့်ချသူ၊ စိတ်မသာညည်းတွားသူ၊ ညှဉ်းဆဲနှိပ်စက်ခံရသူတို့အား မင်္ဂလာရှိသူဟု မည်သူခေါ်မည်နည်း။ ယေရှုရှင်ခေါ်ပါသည်။

သခင်ယေရှု၏ သွန်သင်မှုအစ မင်္ဂလာတရား၏အဖွင့်က ကျွန်ုပ်တို့၏ အတွေးအမြင်နှင့်တန်ဖိုးများကို စိန်ခေါ်လာ၍ တုန်လှုပ်အံ့သြဖွယ်ဖြစ်သည်။

စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။
ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတံ့။
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရကြလတံ့။
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့ သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။

သခင်ယေရှု၏မင်္ဂလာတရား သွန်သင်ချက်များက မင်းကြီးနှင့် မင်းကြီး၏ နိုင်ငံတော်ရှိ နိုင်ငံသားတို့နှင့် ဆက်သွယ်ပေးမည့်လမ်းကြောင်းကို ဖောက်ပေးခြင်းမဟုတ်ဘဲ၊ မှန်သောတစ်ဆူတည်းသော ဘုရင်မင်း၏လွှမ်းမိုးမှုအောက်၌ အသက်ရှင်နေသူများကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်မသာညည်းတွားသူများက ညည်းတွားခြင်းကြောင့် မင်္ဂလာရှိသည်မဟုတ် (:၄)၊ သူတို့၏ညည်းတွားမှုအပေါ် ဘုရားသခင်က နှစ်သိမ့်သက်သာစေခြင်းဖြင့် တုံ့ပြန်မည်ဖြစ်သောကြောင့် သူတို့မင်္ဂလာရှိခြင်းဖြစ်သည်။ ၎င်းသည် ပြောင်းလဲမှုမျှသာမဟုတ်ဘဲ မျှော်လင့်ခြင်းနှင့် စောင့်စားခြင်းလည်းဖြစ်သည်။ စိတ်မသာညည်းတွားမှုကြားတွင် ဘုရားသခင်သည် သက်သာငြိမ်သက်ခြင်း၏အရှင် ဖြစ်ကြောင်း သူတို့သိကြသည်။

သခင်ယေရှု၏ တည့်မတ်မှန်ကန်သောနိုင်ငံတော်၌ မည်သည့်အရာကို ကျွန်ုပ်တို့ ကြုံတွေရင်ဆိုင်ရသည်ဖြစ်စေ သခင်၏တုံ့ပြန်မှုက ကျွန်ုပ်တို့ကို သယ်ပိုးဖြတ်ကျော်သွားရန် လိုအပ်သည်ထက် သာလွန်မည်ဖြစ်ကြောင်း အာမခံသည်။ ကျွန်ုပ်တို့၏မင်္ဂလာရှိခြင်းသည် ဘဝလောကဓံအခြေအနေများမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ၊ သူ့လူများကို ဂရုပြုစောင်မသော ဘုရင်မင်း၏သစ္စာတည်ကြည်မှုမှ ထွက်ပေါ်လာကြောင်း ကျွန်ုပ်တို့သိမြင်လာသောအခါ ကျွန်ုပ်တို့သည် ဘဝအသက်တာကို ပုံမှန်တည့်မတ်မှန်ကန်စွာ စတင်ရှင်သန်နိုင်ပေသည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်