ဧပြီလခေါင်းစဥ် | ဧဝံဂေလိတရား
ယုံကြည်သူများသည် နိုင်ငံနှစ်နိုင်ငံ၏နိုင်ငံသားများအဖြစ် နေထိုင်ရှင်သန်နေကြပါသည်။ ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားဖြစ်သော်လည်း လတ်တလောတွင် ဤလောကတွင်လည်း လောကနိုင်ငံသားများဖြစ်နေပါသည်။ လက်ရှိ ကျွန်ုပ်တို့၏အခြေအနေကို အချို့က “တစ်ကျွန်းတစ်နိုင်ငံသား”ဟုခေါ်ဆို သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အဓိကနိုင်ငံသားမှာ ဤလောက၏နိုင်ငံသားမဟုတ်သောကြောင့်ပါ။
သို့သော်လည်း ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကြောင့် ဤလောက၌ ရှင်သန်ရစဥ် ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားမှ ကင်းလွတ်ခွင့်မရဘဲ၊ ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကို ဤလောက၌ ကျွန်ုပ်တို့မည်သို့ရှင်သန်ပြမည်နည်း။
ခေါင်းဆောင်များအတွက် ဆုတောင်းပေးပါ။ “ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း အမျိုးမျိုးတို့ကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှာ ငါတိုက်တွန်းသွေးဆောင်၏”(၁ တိ ၂:၁-၂)။
အုပ်ချုပ်သူအစိုးရမင်းတို့အား ဝန်ခံပါ။ “အစိုးရသော မင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ၊ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း”(ရော ၁၃:၁)။
“ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြလော့” (မ ၂၂:၂၁)။
ဂုဏ်အသရေရှိသောအသက်တာဖြင့် ရှင်သန်ပါ။ “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့”(၁ ပေ ၂:၁၇)။
တိုင်းပြည်အသီးသီး၏ နိုင်ငံသားအဖြစ်ရှင်သန်လျက် သခင်ယေရှုကဲ့သို့ အသက်ရှင်ရာ၌ စိန်ခေါ်မှုများကိုလည်း ကျွန်ုပ်တို့ ကြုံရပါသည်။ မရှိဆင်းရဲသူကို စောင်မခြင်း၊ အားနည်းသူကိုမစခြင်း၊ ဖိနှိပ်ခံရသူအတွက် တရားမျှတမှုကို တောင်းဆိုပေးခြင်း စသည်စိန်ခေါ်မှုများကြားတွင် သခင်၏နှလုံးသားကို ကျွန်ုပ်တို့ထင်ဟပ်ဖော်ပြရပါမည်။
မည်သို့ဆိုစေကာမူ ကျွန်ုပ်တို့၏ပထမဦးစားပေး အစဥ်အမြဲ သစ္စာခံမှုမှာ ကယ်တင်ရှင်နှင့် သူ၏နိုင်ငံတော်အတွက် ဖြစ်ရပါမည်။ ကျွန်ုပ်တို့သည် “လူ၏စကားထက် ဘုရား သခင်၏စကားတော်ကိုနားထောင်သင့်”ပေ၏”(တ ၅:၂၉)။
နေ့စဉ်ခွန်အားစာရေးသူ | Bill Crowder