မေလခေါင်းစဥ် | ဖန်ဆင်းခြင်း

ဓမ္မသီချင်း ၁၉၀၁ “ခမည်းတော်ကမ္ဘာကျူး”တွင် သင်းအုပ်နှင့် ကဗျာဆရာဖြစ်သူ မော့ထ်ဘီဘက်ခေါ့က သူမကြာခဏ လမ်းလျှောက်ထွက်တိုင်း ခံစားမွေ့လျော်ခဲ့သည့် အံ့မခန်းသောမြင်ကွင်းရှုခင်းများ၏ဖမ်းစားမှုကို ရေးဖွဲ့ခဲ့သည်။ ကောင်းကင်၊ ပင်လယ်၊ ဖန်ဆင်းခြင်းသတ္တဝါ ….. ဘုရားသခင်၏တည်ရှိမှုမျက်မှောက်တော်ကို ခံစားရခြင်းကို ဖွဲ့နွဲ့လျက် “ခပ်သိမ်းနေရာ သံတော်ကြား” ဟု စပ်ဆိုခဲ့သည်။

ဖန်ဆင်းခြင်းအရာများ၌ ကြားနိုင်သည့်အသံများ မရှိသော်လည်း ကိုယ်တော်၏ လက်ရာတော်များသည် “ကောင်းကင်မြေကြီး သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ”သည့် (တ ၁၄:၁၅) ဘုရားသခင်အကြောင်းကို သိနိုင်သော အရေးပါ သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ဘုန်းအသရေသက်သေများနည်းတူ (ဆာ ၁၉:၁)၊ ဘုရားသခင် မည်သူဖြစ်သည်- ကိုယ်တော်၏ “ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ” (ရော ၁:၂၀)တို့ကို တွေ့ရသည်။

လေ၏ပြင်းအားသို့ မြည်ဟီးသော ရေစီးသံများကို လေ့လာစောင့်ကြည့်လျှင် ဖန်ဆင်းခြင်းအရာများသည် ဘုရား၏ တန်ခိုးတော်ကို ပြသနေသည်။ ယောဘဝတ္တု ၃၈ ၌ အချိန်ကာလကို မိန့်မှာကြားခြင်း(:၁၂-၁၃)၊ ရာသီဥတုကို ညွှန်ကြားခြင်း(:၂၂-၃၀)၊ စကြဝဠာကို ကြီးကြပ်ခြင်း (:၃၁-၃၃)၊ သက်ရှိသတ္တဝါများကို ထောက်မကျွေးမွေးခြင်း(:၃၉-၄၁) စသည့်အမှုအရာများက ဘုရားသခင်၏ တန်ခိုးတော်သက်သေပင်ဖြစ်သည်။

ဘုရားသခင်၏ကောင်းချီးများစွာကို ကျွန်ုပ်တို့ ခံစားရသည့်နည်းလမ်းတစ်ခုမှာ ဖန်ဆင်းခြင်းအားဖြင့် ဖြစ်သည်။ ဖန်ဆင်းထားသော အရာများအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အစာရေစာများ(က ၁:၂၉-၃၀)၊ ကျွန်ုပ်တို့ရပ်တည်နိုင်ရေးထောက်ပံ့ပေးသည့် အခြားလိုအပ်သော အရာများကို ပေးသနားသည်(မ ၆:၂၅-၃၃)။ ဖန်ဆင်းထားသောအရာများက ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများ ပံ့ပိုးပေးသည်သာမက “စိမ်းလန်းသောအရပ်နှင့် သာယာသောမြစ်နား”၌ ခံစားရသည့် ငြိမ်သက်ခြင်းက(ဆာ ၂၃:၁-၃) ကျွန်ုပ်တို့၏ စိတ်ဝိညာဥ်ကို ပြန်လည်တည်ဆောက်ပေးသည့် ဘုရားသခင်၏
နည်းလမ်း တစ်ခုလည်းဖြစ်သည်။

ဤနည်းလမ်းများသာမက ဖန်ဆင်းခြင်းအရာများသည် ကိုယ်တော်၏သဘောတော်၊ ဂုဏ်တော်၊ မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို အစဥ်မပြတ် စောင်မကြည့်ရှုတော်မူခြင်းကို ဖော်ပြနေသည့် ဖန်ဆင်းရှင်ဘုရားသခင်ကို မြင်နိုင်၊ ထိတွေ့နိုင်သည့်သက်သေများပင် ဖြစ်တော့သည်။

နေ့စဉ်ခွန်အားစာရေးသူ | Lisa M. Samra

<<ယခင်လစာမူ ပြန်ဖတ်ရန်