ဇွန်လခေါင်းစဥ် | စေတနာသဒ္ဓါစိတ်
အသက် ၆၉ နှစ်အရွယ် ဘရဲန်ဒါဂျုန်းစ်သည် အသဲအလှူရှင်ကို တစ်နှစ်ကျော်မျှ စောင့်ဆိုင်းခဲ့ရသည်။ စောင့်ဆိုင်းရချိန်အတွင်း အချိန်မီ အသဲအစားထိုးကုသမှု မခံ ယူရမှာကို သူစိုးရိမ်ခဲ့သည်။ နောက်ဆုံး သူ့အရှေ့၌ လူတစ်ယောက်သာရှိတော့ကြောင်း သတင်းကို လက်ခံ ရရှိခဲ့သည်။ သူဝမ်းမြောက်သော်လည်း အသက် ၂၃ နှစ်သာရှိသေး သည့် အခြားအမျိုးသမီးတစ်ဦးမှာ အသည်းအသန်ဖြစ်ပြီး အသက်ရှင်ခွင့် နာရီပိုင်း သာ ကျန်ကြောင်း သူသိလိုက်ရသည်။ သူ့ဆုံးဖြတ်ချက်က သူ့အတွက်မည်သို့ဖြစ်သွားနိုင်သည်ကို မသိဘဲ သူ့နေရာ၌ ထိုအမျိုးသမီးကို ဘရဲန်ဒါအစားထိုးခဲ့သည်။ “ဒီကလေးမလေးကို အသက်ဆုံးစေပြီး ကျွန်မဖြင့် အသက်ရှင်နိုင်မယ်မထင်ဘူး”ဟု သူဆို ခဲ့သည်။ ဆေးရုံမှ ဘရဲန်ဒါအတွက် နောက်ထပ်အလှူရှင်တစ်ဦး ရှာတွေ့ခဲ့၍ အမျိုးသမီးနှစ်ဦးစလုံးမှာ သူတို့လိုအပ်မှုများ ပြည့်စုံခဲ့တော့သည်။
ပေါ်ပေါ်ထင်ထင် မိမိကိုယ်ကျိုးစွန့်လျက်ပေးသောအလှူ၊ မိုက်မဲသောပေးကမ်းမှု ဖြစ်ပုံပေါ်နေသည့်အလှူ စသည့်ပေးလှူမှုများကို တွေ့တိုင်း ကျွန်ုပ်တို့အံ့ဩကြသည်။ ထို့ကြောင့် သခင်ယေရှုသည် သူ့ကို သတ်သည့်လူများအတွက် သူ့အသက်ကို ပေးခဲ့ခြင်း၊ ကျွန်ုပ်တို့အနေဖြင့် ပြန်ပေးဆပ်စရာဘာမှမရှိလည်း ကြွယ်ဝသောခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့အပေါ်သွန်းလောင်းပေးခဲ့ခြင်းအကြောင်း- သခင်၏ အလွန်တရာရက်ရောသည့် စေတနာသဒ္ဓါစိတ်အကြောင်း အနှိုင်းမဲ့ဇာတ်လမ်းက ကျွန်ုပ်တို့ကို အံ့ဩထိတ်လန့်စေ ပါသည်။ ထိုမျှလောက်ကြီးမားသော နှလုံးသားပြည့်ဝမှုကို ကျွန်ုပ်တို့နားမလည်နိုင်ပါ။
ပိုဆိုးသည်မှာ သခင်ယေရှုက ကျွန်ုပ်တို့ကို သူ့နောက်တော်လိုက်ရန်၊ သူ့နည်းတူ ရှင်သန်ရန် အထပ်ထပ်အားပေးသံကို ကြားရခြင်းက ပိုစိတ်ရှုပ်ရပါသည်။ သမ္မာကျမ်းစာ တစ်လျှောက်လုံးတွင် သခင်ယေရှုနည်းတူ အခြားသူအတွက် နှိမ့်ချလျက် ကိုယ်ကျိုးစွန့်ရန် (ဖိ ၂:၁-၁၁)၊ သခင်ယေရှုနည်းတူ စေတနာစိတ်ယိုဖိတ်ရက်ရောမှုဖြင့် မေတ္တာပြရန် (ယော ၁၅:၉-၁၇)ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ ကျွန်ုပ်တို့အနေဖြင့် အချိန်မရှိသည့်ကြားမှ အချိန်ပေးရန်၊ ငွေကြေးအဆင်မပြေလည်း ပေးကမ်းရန် လိုအပ်ကောင်း လိုအပ်မည်။ မိမိဖြစ်သင့်ရှိသင့်သည့် မိမိ၏ဂုဏ်သိက္ခာ (သို့) မျှော်မှန်းချက်တို့ကို စွန့်ရခြင်းမျိုး ဖြစ်ကောင်းဖြစ်မည်။ ရှိသမျှအားကို စုစည်းပြီး သခင်ယေရှုနောက်တော်လိုက်သည့်အခါတိုင်း မိမိသည် အလွန်ရက်ရောသောစေတနာသဒ္ဓါစိတ်ဖြင့် ဘဝ ရှင်သန်နေကြောင်း ကျွန်ုပ်တို့တွေ့မြင်လာပေမည်။
နေ့စဉ်ခွန်အားစာရေးသူ | Winn Collier