၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ ပီနန်မြို့ရှိ အိမ်တစ်အိမ်တွင် လူငယ်တစ်ဦးသည် သူ့ကွန်ပျူတာမှန်သားပြင်ရှေ့ ကီးဘုတ်ပေါ် မှောက်လျက်သေဆုံးနေသည့် ဝမ်းနည်းစရာ သတင်းကို သတင်းစာများ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

သူသည် ဆိုက်ဘာကဖေး၌ ၁၅ နာရီကျော် ဂိမ်းကစားနေရာမှ နှလုံးဖောက်ပြန်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကွန်ပျူတာဂိမ်း စွဲလမ်းမှုက သူ့ကို သေဆုံးစေခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

စွဲလမ်းမှုသည် ကမ္ဘာ့အတိုင်းအတာနှင့်ဖြစ်နေသည့်ပြဿနာ ဖြစ်ပြီး လူတို့၏စွဲလမ်းမှုများစွာ ရှိနေကြသည်။ လောင်းကစားမှုကို စွဲလမ်းမိခြင်းကြောင့် ရှိသမျှဆုံးရှုံးပြီး ဘဝပျက်ရသည့် အမျိုးသမီး၊ မူးယစ်ဆေးဝါးကို အလွန်အကျွံ စွဲလမ်းမိ၍ လုယက်မှုကျူးလွန် သည်အထိ မိမိအဆင့်အတန်းကို နိမ့်ကျစေခဲ့သည့် အမျိုးသား၊ အရက်စွဲလမ်းမှုကို မည်သို့မျှ မထိန်းချုပ်နိုင်၍ မိမိဘဝနှင့် မိသားစုကို ပျက်စီးစေခဲ့သည့် အမျိုးသမီး၊ အင်တာနက်မှ ကာမဂုဏ်လှုံ့ဆော်စေသည့် ဓာတ်ပုံများကိုစွဲလမ်းမိ၍ မိမိနိုးနေချိန် အများစုကို ထိုပုံများကြည့်ပြီး အချိန်ကုန်စေခဲ့ရုံမက မိမိ ကျန်းမာရေးနှင့် ပုံမှန်ဘဝကို ပျက်စီးစေခဲ့သည့် လိင်စိတ်လွန်ကဲသူ စသည်ဖြင့် စွဲလမ်းမှုအမျိုးမျိုးကို တွေ့ရပါသည်။

ဤစာမူများတွင် စွဲလမ်းမှုဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့ ဘဝတစ်ခုလုံးအပေါ် မည်သို့သောအကျိုးသက်ရောက်မှု ရှိစေသနည်း။ ကျွန်ုပ်တို့အားလုံးအတွက် အဘယ်ကြောင့် မျှော်လင့်ချက် ရှိနေသနည်း စသည်တို့ကို ဆင်ခြင်စဉ်းစားမိအောင် ဆရာဝန်နှင့် သမ္မာကျမ်းစာ သင်ကြားပေးသူဖြစ်သည့် ရောဘတ် ဆော်လမွန် (Robert Solomon) က ကူညီပေးထားပါသည်။

နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း