စာရေးသူ။ ။ မစ်ရှဲလ်အွန်း(Michele Ong)၊ သြစတြေးလျ | ဘာသာပြန်သူ။ ။ ငြိမ်းသော်ထူး
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Calm Your Farm and Carry On with Life

တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့နေပြီဆိုသည့်သတင်းကို ပထမဆုံးကြားလိုက်ရပြီနောက် ကျွန်မနှင့် ကျွန်မ၏သူငယ်ချင်းများသည် ကျွန်မတို့အနှစ်အသက်ဆုံး စားသောက်ဆိုင်များကို မသွားတော့ပါ။ အဲဒီအချိန်တွင် သြစတြေးလျ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးသော်လည်း အစိုးရအာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ရှိမရှိ သတိထားစောင့်ကြည့်မှု ပြုလုပ်နေပြီဖြစ်သည်။ သို့သော် မည့်သည့်နေရာမှကူးစက်မည်ကို မသိနိုင်သည့်အတွက် ဘေးကင်းလုံခြုံရန် လူစည်ကားရာ စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများကို မသွားဘဲနေခြင်းက အကောင်းဆုံး ဖြစ်မည်ဟု ကျွန်မတို့ ယူဆခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ကြောက်ရွံ့မှုကြောင့် အပြေးအလွှားအလုအယက် ဈေးဝယ်မှုများ များပြားလာချိန်တွင် သြစတြေးလျတွင်မူ အခြေအနေများ အတော်အသင့် တည်ငြိမ်လျက် ရှိနေခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် သြစတြေးလျကို ရောက်ရှိလာခဲ့လျှင်လည်း အထက်ပါအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကျွန်မ မတွေးထားခဲ့မိပါ။ အခက်ခဲဆုံးသော အချိန်ကာလများတွင် သြစတြေးလျနိုင် ငံသားများ၏ လိုက်လျောညီထွေ ရှင်သန်နေထိုင်နိုင်ကြသည့် စိတ်ဓာတ်ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်ပြီး ကျွန်မတို့အနေနှင့် ပုံမှန်သက်သောင့်သက်သာကျော်လွှားနိုင်မည်ဟု ယူဆခဲ့သည်။

သို့သော် ကျွန်မအတွေးမှားခဲ့ပါသည်။ ရက်သတ္တပတ် နှစ်ပတ်အကြာအထိ လူများသည့်နေရာသို့မသွားဘဲ သီးသန့်နေထိုင်ရန်နှင့် အိမ်သာသုံးစက္ကူအပါအဝင် အိမ်သုံးပစ္စည်းများကို ဝယ်ယူဖြည့်တင်းထားရန် ကွင်းစ်လန်းတက္ကသိုလ်မှ ရောဂါပိုးမွှားဗေဒပညာရှင်နှင့် တွဲဖက်ပါမောက္ခ ဖြစ်သူ အီယန်မက်ကေးက လူထုအား အကြံပေးချက်ထွက်ပေါ်လာပြီးနောက် အရာအားလုံး အဆိုးဖက်သို့ဦးတည်သွားခဲ့ပြီဟု ကျွန်မယုံကြည်မိသည်။ ကြောက်လန့်တကြားနှင့် အလုအယက်ဈေးဝယ်မှုများမပြုလုပ်ရန်လည်း သူက အလေးထားပြောကြားခဲ့သည်။

အကြောင်းမလှသည်ကတော့ သူသတိပေးထားသည့်အတိုင်း ဖြစ်လာခဲ့ပြီး များမကြာမီ အိမ်သာသုံးစက္ကူများ၊ လက်သန့်စင်ဆေးရည်များ၊ လက်သန့်စင်ပုဝါများ စူပါမားကက်များတွင် ပြတ်လပ်သည်အထိ ဖြစ်ပွားခဲ့သည်။ သြစတြေးလျနိုင်ငံသာများ အိမ်သာသုံးစက္ကူအား အလုအယက်ဝယ်ယူကြသည့်အတွက် အိမ်သာသုံး စက္ကူများ ပြတ်လတ်သွားသည့်သတင်းသည် သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာပေါ်တွင် ဟိုးလေး တကျော် ဖြစ်ခဲ့သည်။ ကျွန်မနှင့် ကျွန်မညီမကတော့ အိမ်နားက စူပါမားက်တွင် ကျန်နေသေးသည့် အိမ်သာသုံးစက္ကူထုပ် သုံးထုပ်ထဲမှ တစ်ထုပ်ကို အချိန်မီ ဝယ်ယူနိုင်ခဲ့သည်။

COVID-19 အား ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာပြီးသည့်နောက်တွင် အခြေအနေများ အင်မတန်အရေးတကြီးအနေအထားသို့ ရောက်ရှိသွားပြီး နိုင်ငံများတွင် ပိုမိုတင်းကြပ်သည့် လုံခြုံရေး စည်းမျဉ်းများချမှတ်ပြီး အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ ပေါ်ပေါက်လာခဲ့ကာ လူများအကြား စိုးရိမ်ကြောက်ရွံ့မှု ဒုတိယလှိုင်း ဝင်ရောက်ရိုက်ခတ်လာခဲ့သည်။ ကျွန်မ ဒီစာမူရေးသည့်အချိန်တွင် သြစတြေးလျ၌ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ အတည်ပြုလူနာ ၃၇၅ ဦး၊ ရောဂါမှ ပြန်လည် သက်သာလာသူ ၂၇ ဦးနှင့် သေဆုံးသူ ၅ ဦး ရှိနေပြီဖြစ်သည်။ ကျောင်းများ၊ ဈေးဆိုင်များ ပိတ်လိုက်ခြင်းနှင့် အတူ အသွားအလာကန့်သတ် ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောက်ရွံ့သည့်အတွက် တာရှည်ခံ အစားအစာများဖြစ်သည့် ပါစတာခေါက်ဆွဲ၊ တူနာငါးသေတ္တာဘူးများ၊ ဂျုံ စသည့် အစားအစာများကို စူပါမားကက်များတွင် ပြတ်လပ်သွားသည်အထိ ဝယ်ယူမှုများ ဖြစ်ပေါ်လာခဲ့သည်။

COVID-19 အား ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာပြီးသည့်နောက်တွင် အခြေအနေများ အင်မတန်အရေးတကြီးအနေအထားသို့ ရောက်ရှိသွားပြီး နိုင်ငံများတွင် ပိုမိုတင်းကြပ်သည့် လုံခြုံရေး စည်းမျဉ်းများချမှတ်ပြီး အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ ပေါ်ပေါက်လာခဲ့ကာ လူများအကြား စိုးရိမ်ကြောက်ရွံ့မှု ဒုတိယလှိုင်း ဝင်ရောက်ရိုက်ခတ်လာခဲ့သည်။

ဝက်နံရိုးဟင်းချက်ရန်အတွက် စူပါမားကက်နှစ်ခုကို သွားပြီးနောက် ဝက်နံရိုးရှာမတွေ့သည့်အခါ “ကျွန်မ ညီမက ဆိုင်တွေမှာ ဘာမှမကျန်တော့ဘူး” ဟု မက်ဆေ့ပို့သည်။ လက်တွေအခြေအနေမှာ ဤမျှလောက် အထိ ကသောင်းကနင်း ဖြစ်သွားခဲ့သည်။

အသက်ရှင်သန်ရေးအသိစိတ်လှုံ့ဆော်မှုကြောင့် တနင်္လာနေ့မနက်တွင် ပထမဆုံးအနေဖြင့် စူပါမားကက်သို့ ကျွန်မ အပြေးသွားခဲ့သည်။ မနက် ၇ နာရီနှင့် မိနစ် ၂၀ သာရှိသေးသော်လည်း လူများစွာ မိမိတို့တွန်းလှည်း များကိုကိုင်ပြီး ပျားပန်းခတ်မျှ ဈေးဝယ်နေကြပြီဖြစ်သည်။ တစ်ပတ်စာအတွက် အသားများနှင့် သစ်သီးများ ကို ဝယ်ယူဖြည့်တင်းဖို့ရန်အတွက် ဘာမှမကျန်တော့သည့် ပစ္စည်းများထားရာစင်များတစ်လျှောက် ကျွန်မ၏ တွန်းလှည်းကိုတွန်းပြီး သွားရသည်မှာ ထူးထူးဆန်းဆန်းဖြစ်နေပါသည်။ A Quiet Place ဆိုသည့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှ မင်းသမီး အမ်မလီဘလန့်အဖြစ် ကိုယ့်ကိုယ်ကို ကျွန်မ ခံစားမိသည်။ ထိုဇာတ်ဝင်ခန်းတွင် မြို့နေလူများ မိမိတို့မြို့အား စွန့်ခွာထွက်ပြေးရာလမ်းတွင် စတိုးဆိုင်တစ်ခု၌ ပစ္စည်းများကို ဝင်ရောက်လုယက်ယူဆောင်သွားပြီး ထိုစတိုးဆိုင်သို့ အမ်မလီဘလန့်နှင့် သူမ၏မိသားစုသည် အမှတ်မထင်ရောက်ရှိသွားသည့်အခါ ဘီစကစ်ခြောက်များနှင့် စားသုံးရန်သိပ်မသင့်တော်သော ပစ္စည်းများ သာကျန်ခဲ့သည်။

ယနေ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်သည် ကျွန်မ၏ဈေးဝယ်မည့်အစီအစဉ်ကို ထိခိုက်စေသည်သာမကဘဲ အလုပ်အစည်းအဝေးမှသည် သူငယ်ချင်း၏မင်္ဂလာဆောင်အထိ လာမည့်လများတွင် သွားရောက်မည့် နိုင်ငံရပ်ခြား ခရီးစဉ်အားလုံးကို ရပ်တန့်စေခဲ့ပါသည်။ အီစတာအားလပ်ရက်တွင် မိခင်နိုင်ငံဖြစ်သည့် နယူးဇီလန်သို့ပြန်မည့်ခရီးစဉ်မှာလည်း နှစ်နိုင်ငံအစိုးရ၏ ခရီးသွားလာမှုကန့်သတ်ချက်အသစ်များကြောင့် ရွှေ့ဆိုင်းလိုက်ရပြီဖြစ်သည်။ နိုင်ငံသားဖြစ်စေ၊ နိုင်ငံတွင်းနေထိုင်သူဖြစ်စေ နိုင်ငံတကာခရီးစဉ်များမှ ပြန်လာသူများကို ၁၄ ရက် ကန့်သတ်စောင့်ကြည့်ရန် နယူးဇီလန်က ပထမဆုံး ကြေညာခဲ့ပြီး သြစတြေးလျမှ လည်း ထိုအတိုင်းလုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် သြစတြေးလျအစိုးရသည် နိုင်ငံသားများအား ခရီးသွားလာခြင်းမပြုရန်နှင့် နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများကိုလည်း အမြန်ဆုံးပြန်လာရန် နှိုးဆော်ထားပါသည်။

သြစတြေးလျနိုင်ငံသည် ယခုနှစ်အစောပိုင်းက တောမီးလောင်ကျွမ်းမှုအကြီးအကျယ်ဖြစ်ပွားခြင်းကို ကြုံတွေ့ခဲ့ရသည်။ ခက်ခဲကြမ်းတမ်းသော နှစ်သစ်အစပိုင်း ဖြတ်သန်းခဲ့ရပြီးနောက် ပြန်လည် ရုန်းထလာသည့် သြစတြေးလျနိုင်ငံသား အများစုအတွက် ကိုရိုနာဗိုင်းရပ်သည် နောက်ထပ် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာပါသည်။

ကြားနေရသည့်သတင်းများနှင့် စူပါမားကက်များ၏ ကုန်ပစ္စည်းထားရာစင်များ မြန်မြန်ဆန်ဆန် ဗလာနတ္ထိဖြစ်လာနေခြင်းက စိုးရိမ်းစရာ အတော်ကောင်းသည့် အခြေအနေမျိုးဖြစ်နိုင်ပါသည်။ စိုးရိမ်ကြောက်ရွံ့မှုကြောင့် အပြေးအလွှားအလုအယက်ဈေးဝယ်ပြီး မိမိအတွက် မလိုအပ်သည့်ပစ္စည်းများ ဝယ်ယူသိုလှောင်ထားမိသည်မျိုး အလွယ်တကူပြုလုပ်မိနိုင်ပါသည်။ ကျွန်မ စူပါမားကက်တွင် ဈေးဝယ်စဉ်က လူတစ်ဦးမှာ လက်ထဲတွင် ပစ္စည်းများကို အလုံအလောက် ဝယ်ယူထားပြီးဖြစ်သော်လည်း ပစ္စည်းများထားရာ တစ်နေရာမှ တစ်နေရာသို့သွားပြီး ပစ္စည်းများစွာကို ဝယ်ယူဖြည့်တင်းနေကြောင်း သူ၏မိတ်ဆွေအား ဖုန်းမှတဆင့်ပြောနေသည်ကို ကြားခဲ့ရသည်။

အကယ်၍ ကျွန်မတို့အနေဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး နှုတ်ကပတ်တော်က ဘာပြောနေလဲဆိုသည် တွေးတောဆင်ခြင်မည်ဆိုလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ ကူးစက်မြန်ကပ်ရောဂါနှင့်ပတ်သက်ပြီး မည်သို့တုံ့ပြန်ရမည်ကို သမ္မာကျမ်းစာတွင် ရှင်းလင်းတိကျစွာ ဖော်ပြ မထားသော်လည်း ယခုကဲ့သို့အခြေအနေမျိုးတွင် တုံ့ပြန်ဆောင်ရွက်ရန် အသုံးဝင်သည့်နည်လမ်းများရှိ နေပါသည်။ စိန်ခေါ်မှုများသည့် ယခုကဲ့သို့ အခြေအနေမျိုးတွင် စိတ်တည်ငြိမ်ရှင်းလင်းစွာနေထိုင်နိုင်ရန် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ဖော်ပြပေးလိုပါသည်။

အကယ်၍ ကျွန်မတို့အနေဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး နှုတ်ကပတ်တော်က ဘာပြောနေလဲဆိုသည် တွေးတောဆင်ခြင်မည်ဆိုလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။

၁။ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် အစိုးရ၏လမ်းညွှန်ချက်များကို လိုက်နာပါ။

ယခုလိုအခြေအနေမျိုးတွင် အာဏာပိုင်များနှင့် သူတို့၏ ဆုံးဖြတ်ဆောင်ရွက်ချက်များအပေါ် ရှုတ်ချရန်လွယ် ကူပါသည်။ သို့သော် အစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ နိုင်ငံသားများ ကို အကာအကွယ်ပေးနိုင်ရန် အကောင်းဆုံးလုပ်ဆောင်လျက်ရှိသည်။ ကျွန်မတို့အပေါ်တွင် ဘုရားသခင် ခွဲခန့်မှတ်သားထားသော နိုင်ငံ့ခေါင်းဆောင်များအုပ်စိုးခြင်းကို နာခံရန် နှုတ်ကပတ်တော်က ပြောထားပါသည် (ရောမဩဝါဒစာ ၁၃:၁-၂)။ ထို့ကြောင့် အာဏာပိုင်များ၏ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို လိုက်နာခြင်းသည် အကျိုးကြီးပါသည်။

ထို့ကြောင့် ကျွန်မတို့ ကျန်းကျန်းမာမာနှင့် ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး အစိုးရက ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်အကြံပြုချက်အားလုံးကို အကောင်းဆုံး လိုက်နာကြပါစို့။

၂။ ခြားနားသည့်နည်းလမ်းဖြင့် လူမှုဆက်ဆံရေးကို ဆက်လက်ပြုလုပ်ပါ။

လူဦးရေး ၅၀၀ ထက်ပိုပြီး စုဝေးခြင်းမပြုရန်ကြေငြာချက်ကို ပြီးခဲ့သည့် ရက်အနည်းငယ်တွင် အစိုးရက ထုတ်ပြန်ခဲ့ပြီး ပွဲလမ်းသဘင်အခမ်းအနားများကျင်းပခြင်းအပေါ် ထိခိုက်မှုရှိခဲ့သည်။ ကျွန်မ၏ အသင်းတော် ကလည်း လူစုလူဝေးနှင့် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်အားလုံးကို ဧပြီလအထိ ရပ်ဆိုင်းကြောင်း တနင်္ဂနေ့တွင် ကြေညာခဲ့သည်။ သို့ရာတွင် ယခုလိုအချိန်မျိုးသည် ကျွန်မတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမို တိုက်တွန်းအားပေး ကူညီမစမှု ပြုလုပ်ရမည့် အချိန်ဖြစ်သည်။

ကန့်သတ်မှုအမျိုးမျိုးရှိနေသော်လည်း ယခုအချိန်သည် ကျွန်မတို့၌ရှိသည့် နည်းပညာများကို အသုံးချပြီး ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုမှုများပြုလုပ်ကာ အွန်လိုင်းပေါ်ကနေ ဆက်လက်တွေ့ဆုံမှုများပြုလုပ်ပြီး တစ်ဦးနှင့်တစ်ဦး အားပေးတိုက်တွန်း ကူညီမစမှုများ ပြုလုပ်ရန်အချိန်ကောင်းဖြစ်သည် (ဟေဗြဲဩဝါဒစာ ၁၀:၂၄-၂၅)။

၃။ စိုးရိမ်ကြောက်ရွံ့မှုများကြား အသက်ဆက်လက်ရှင်သန်ပါ။

စိုးရိမ်ကြောက်ရွံ့မှုက ကျွန်မတို့၏ စိတ်နှလုံးကို ကြီးမာသည့် ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပြီး “တစ်ဦးတည်း သီးသန့်ခွဲခြားနေထိုင်ခြင်း”၊ “အသွားအလာကန့်သတ်ပြီး ပိတ်ဆို့လိုက်ခြင်း”၊ “လူစုလူဝေးကိုရှောင်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း” စသည့် စကားလုံးများကို သတင်းမီဒီယာများ၊ နေ့စဉ်စကားဝိုင်း များတွင် ကြားနေရသည့်အချိန်အခါမျိုး၌ ဘယ်မှမသွားဘဲ မိမိတို့အိမ်တွင်သာ အခန်းတံခါးပိတ် နေထိုင်လိုက်ခြင်းက တစ်ခုတည်းသော အကောင်းဆုံးလုပ်ဆောင်နိုင်သည့်အရာ ဖြစ်ပုံပေါ်နေပါသည်။ ကျွန်မ၏ ရေကူးအသင်းသည် ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သည့်အတွက် အခြားသောအစီအစဉ်များ ဖျက်သိမ်းခဲ့ရသော်လည်း ရေကူးရန်အခွင့်အလမ်း ဆက်ပြီးရှိနေသေးသည်ဆိုသည့်အသိက ကျွန်မအတွက် စိတ်သက်သာရာရစေပါသည်။

ဗြိတိန်စာရေးဆရာ စီအက်စ်လူးဝစ်က “တကယ်လို့ အနုမြူဗုံးတစ်လုံးကြောင့် ကျွန်တော်တို့အားလုံး သေကြေပျက်စီးရတော့မယ်ဆိုရင် အဲဒီဗုံး ကျွန်တော်တို့ဆီရောက်လာတဲ့အခါ ဗုံးအကြောင်းစဉ်းစားပြီး သိုးလေးတွေလို ကြောက်လန့်တကြားနဲ့ ပူးပူးကပ်ကပ်တိုးဝှေ့ပုန်းအောင်းမနေကြဘဲ ဆုတောင်းခြင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်း၊ သင်ကြားခြင်း၊ စာဖတ်ခြင်း၊ တေးသီချင်းနားထောင်ခြင်း၊ ကလေးငယ်တွေကို ရေချိုးပေးခြင်း၊ တင်းနစ်ကစားခြင်း၊ မိတ်ဆွေများနှင့် စကားစမြည်ပြောခြင်း၊ မြားပစ်ဂိမ်းကစားခြင်းစတဲ့ လူသားတွေလုပ်ဆောင်တဲ့ အဓိပ္ပါယ်ရှိတဲ့အလုပ်တွေကို လုပ်ဆောင်နေလျက်သား ဖြစ်နေပါစေ” ရေးခဲ့ပါသည်။ “အနုမြူဗုံး”အစား “ကိုရိုနာဗိုင်းရပ်စ်”ဟု အစာထိုးပြီး ထိုစာအား ယခု ပြန်လည်ဖတ်ကြည့်ပါ။

တွေ့ဆုံရန်ချိန်းဆိုထားသည့်အစီအစဉ်များကို မြန်မြန်ဆန်ဆန်ဖျက်သိမ်းပစ်လိုက်ရန် ဖြစ်နိုင်ခြေများသည့်အနေထားတွင် (အထူးသဖြင့် သင်သည် ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးဖြင့်သာ သီးသီးသန့်သန့် နေတတ်သူဖြစ်လျှင်) စီအက်စ်လူးဝစ်၏ စာသားများကို စဉ်းစားပြီး ဆက်လက်ရှင်သန်နေထိုင်ပါ။ သတိပြုရန်လိုအပ်သည့်အချက်များနှင့် ကျန်းမာရေးဆိုင်ရာ သန့်ရှင်းရေးအလေ့အကျင့်များကို လိုက်နာဆောင်ရွက်ပါ။ သို့သော် မိတ်ဆွေတစ်ဦးနှင့် နေ့လည်စာစားရန်၊ သူ့အိမ်သို့သွားပြီး စကားစမြည်ပြောရန် သို့မဟုတ်၊ သင်အနှစ်သက်ဆုံး အားကစားတစ်ခုခုလုပ်ရန် မကြောက်ပါနှင့်။

တွေ့ဆုံရန်ချိန်းဆိုထားသည့်အစီအစဉ်များကို မြန်မြန်ဆန်ဆန်ဖျက်သိမ်းပစ်လိုက်ရန် ဖြစ်နိုင်ခြေများသည့